Showing posts with label 2005. Show all posts
Showing posts with label 2005. Show all posts

Charlie and the Chocolate Factory (2005)

ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်း သူ့ချောကလက်တွေကိုနှစ်သက်ခဲ့ကြတယ်။ 

ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ်အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်။

ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကို
သူလျှိုထည့်ပြီး ခိုးခဲ့ကြပါတယ်။

ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ကြေညာခဲ့ပါတယ်..။

ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲထင်ခဲ့ကြပါတယ်။

စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်...

စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ...

.
မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ..လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။

ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီးဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံံအောက်မှာ ထည့်သွင်းထားပါတယ်။

၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။

တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ၅စောင်ကို မရမက ရှာနေတဲ့အချိန်..မြို့အပြင် အိမ်အစုတ်ကလေးကချာလီဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုကတော့ရင်ခုန်စွာနဲ့ပဲ ဘယ်သူရသွားတယ်ဆိုတဲ့သတင်းတွေကို စောင့်မျှော်နေခဲ့ရတယ်..။

မထင်မှတ်ပဲ ရွှေရောင် လက်မှတ်တစ်ခုကို ရလိုက်တဲ့ ချာလီကလေးဟာ....ဝန်ကာရဲ့စက်ရုံထဲ တခြားကလေး လေးယောက်နဲအတူ ဝင်ခွင့်ရခဲ့တယ်။

ဝီလီဝန်ကာရဲ့ ချောကလက်စက်ရုံထဲမှာ ဘာတွေဖြစ်ဦးမလဲအထူးဆု ဆိုတာရော ဘာလဲ။ဘယ်သူ ရမှာလဲ။..

ဒါတွေကိုစက်ရုံထဲ ဝင်ခွင့်ရတဲ့ ကလေး၅ယောက်နဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ပါ။

File Size : (1.2 GB) and (2.1 GB)

Quality : Blu-Ray 720p and Blu-Ray 1080p 5.1CH

Duration…01:55:00

Genre : Adventure, Comedy, Family

Download Link



..... Thank For Watching ......




 

Yamato (2005)

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ်။ ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်။

ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ်။ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်း ဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

File Size: 1.7 GB

Quality: HEVC 720p 5.1

Duration: 02:20:00
Download Link

...... Thank For Watching...... 

 

V For Vendetta (2005)

နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။

အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။

ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။

ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။🤗🤗

အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။

ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။

ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။.သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။

စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။

File size…(900 MB) and 3GB

Quality…Blu-Ray Rip 720p and HEVC 1080p 5.1

Duration….02:12:00
Download Link

...... Thank For Watching...... 



 

Hitch (2005)
Warning – FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင်
ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် 😛
ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)

ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့…ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး “ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ” ဆိုတဲ့ ခံယူချက်၊
ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်…(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ
ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)

ဒီဇာတ်ကားလေးထဲမှာ…
* မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ…
>>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ
ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ…
>>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား…
>>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ
မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်

* ဇာတ်လမ်းအကျဉ်းလေး ပြောရရင်…>>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် သဘောမျိုးပေါ့)
မိန်းကလေးတွေနဲ့ပတ်သတ်ပြီး မိမိကိုယ်ကိုသိမ်ငယ်တတ်သူတွေ မဖြစ်နိုင်ပါဘူးဆိုပြီး မြိုသိပ်နေရတဲ့ ယောကျ်ားလေးတွေအတွက်တော့ အားကိုရာဆရာတစ်ပါးပေါ့…

>>> ဆာရာမီးလပ်စ်(Eva Mendes)…. ဆိုတာကတော့ ဂျာနယ်တိုက်တစ်ခုက အတင်းအဖျင်းကဏ္ဍအတွက် ပင်တိုင်ဆောင်းပါးရှင်တစ်ယောက်ပါ
သူကတော့ အပျိုကြီး မမတစ်ယောက်…
ယောက်ျားတွေကို ဖောက်ပြန်တတ်တဲ့သူတွေလို့ပဲ တထစ်ချမှတ်ထားတာ…
အပျိုကြီးတွေမှာရော ချစ်တတ်တဲ့ နှလုံးသားရှိပါ့မလား? ? ? 

 အဲလက်စ်ဟစ်ရှ် လို မိန်းမကျမ်းကျေတဲ့ ယောက်ျားမျိုးနဲ့ ဆာရာမီးလပ်စ်လို ယောက်ျားမုန်းဝါဒီသဘောမျိုး လက်ကိုင်ထားသူနှစ်ယောက်တွေ့ပြီး ဘာတွေများဆက်ဖြစ်ကြမလဲ….
အဲလက်စ်ဟစ်ရှ် ရဲ့အလုပ်က လျှို့ဝှက်ပြီးလုပ်ရတဲ့အလုပ်ဆာရာမီးလပ်စ် အလုပ်က ဖော်ကောင်အလုပ်…
သူတို့နှစ်ယောက်ဘယ်လိုများ စခန်းသွားကြမှာလဲ? ? ?ဒီနေရာမှာ ဇာတ်ကားတစ်ခုလုံး မပျင်းရလေအောင် အဆုံးထိခေါ်ဆောင်သွားပေမဲ့ ဇာတ်ကောင်တစ်ဦးရှိပါသေးတယ်…
>>> အဲလ်ဘတ်ဘရန်နာမင်း(Kevin James) – သူကတော့ ကျွန်တော်ပြောခဲ့သလိုပဲ”မမှီတဲ့ပန်းကို တုံးခုလှမ်းချင်မိတဲ့တစ်ယောက်” မဝံ့မရဲစိတ်တွေနဲ့ အားငယ်စိတ်တွေနဲ့ ဟစ်ရှ်ဆီရောက်လာရတဲ့အခါဟစ်ရှ်တစ်ယောက်အဆင်ပြေအောင် ကူညီပေးနိုင်ပါ့မလား
အမြဲတမ်းအလွဲလွဲအချော်ချော်တွေပဲဖြစ်နေတတ်တဲ့ အဲလ်ဘတ်တစ်ယောက်ရော သူချစ်မိသွားတဲ့အယ်လီဂရာ(Amber Valletta)ဆိုတဲ့
သူရဲ့အလုပ်ရှင် သူဌေးမအကျော်အမော်လေးရဲ့
အချစ်ကို ပိုင်ဆိုင်နိုင်ပမလား? ? ?
ဘာသာပြန်တာလေးမှားနေရင်လည်းခွင့်လွတ်ကြပါနော်🤗🤗🤗
Download link

 

        ✩⋆ Pooh’s Heffalump Movie✩⋆

အိမ်မှာနေရတာ ပျင်းဖို့ကောင်းတယ်ဗျာ
ကျွန်တော်နဲ့ တူတူ ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ ကာတွန်းလေး ပြန်ကြည့်ရင်း 2005 ခေတ်ကို ပြန်သွားကြတာပေါ့
များပြားလှတဲ့ Pooh ဇာတ်ကားလေးတွေထဲကမှ အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Pooh’s Heffalump movie လေးပဲဖြစ်ပါတယ်
2005 ခေတ်ကကားဆိုတော့ အရောင်ထွက်ကတော့ဒီခေတ်လို လင်းရှင်းနေတာမျိုးမဟုတ်ဘဲ မှိန်မှိန်လေးနဲ့ပေါ့ဗျာကျွန်တော်ကတော့ အဲ့လို ကာလာလေးတွေနဲ့ ကာတွန်းကားတွေကို ပိုသဘောကျတယ်ဗျ။ကျွန်တော်တို့ ငယ်ငယ်က နေဖို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တောအုပ်လေးထဲက နေချင်စရာ သစ်သားအိမ်လေးတွေကလည်းလုံးဝ ငယ်ဘဝကို ပြန်လွမ်းစေပါတယ်
ဇာတ်လမ်းလေးကတော့
Pooh တို့ဘော်ဒါ လေးယောက် တောအုပ်ထဲမှာနေကြရင်း တစ်ရက်ကျတော့ Heffalump တွေကို သွားဖမ်းဖို့ ဖြစ်လာပါတယ်Heffalump တွေကို သူများပြောတာပဲကြားဖူးပြီး ဆိုးရွားတဲ့ကောင်လေးတွေလို့ ထင်ထားရာကတကယ်ကြုံလာတော့ အထင်နဲ့အမြင် ဘယ်လိုလွဲနေမလဲ
Heffalump တွေကရော သူတို့ကို ဘယ်လိုထင်နေလဲဆိုတာ ချစ်စရာဇာတ်လမ်းလေးနဲ့ ကြည့်ရှူရမှာပါ။Heffalump ပေါက်စ Lumpy လေးရဲ့ ချစ်စရာကောင်းတဲ့ သီချင်းဆိုသံလေးတွေကလည်း ဇာတ်ကားလေးကို ပိုပြီး အသက်ဝင်သွားစေတယ်ဗျ
အားလုံးက ချစ်စရာကောင်းတဲ့ အသံလေးတွေ မြင်ကွင်းလေးတွေနဲ့ ငယ်ဘဝကို ပြန်အမှတ်ရစေတာမို့ ကြည့်ရှူလိုက်ကြပါဦး…။
               ⋆ Download link ⋆
                       GDRIVE
              ✰ Lord Of War (2005) ✰
          အညွှန်း
ကမ္ဘာပေါ်မှာ စစ်မဖြစ်တဲ့ နေ့ ရယ်လို့မရှိဘူးတဲ့။ အနည်း ဆုံးတော့ သေနတ် မှန်ပြီး ကျည်ဆန် ကြောင့် မသေတဲ့သူရယ်လို့ မရှိဘူး တဲ့။ နေ့စဉ်နေ့တိုင်း ကမ္ဘာကြီးရဲ့ တစ်နေရာရာ မှာ သေကြေနေကြ ရစမြဲပဲတဲ့။ လူတွေရဲ့ အတုံ့အလှည့် တွေ က မြန်ဆန် လွန်းတယ် ။ လောဘ ရမ္မက်တွေ၊ အတ္တ မာန်မာနတွေက ကြီးမားလွန်းတယ်။အဲဒီလို အရာတွေကို စဉ်းစား ရင်း ဒါရိုက်တာ Andrew Nicol ရိုက်ကူးတဲ့ ရုပ်ရှင် ကားတစ်ကားကို ကြည့်လိုက် ရပြန်ပါတယ်။ 
မိမိချမ်း သာ ကြွယ်ဝဖို့အတွက် လက်နက် အရောင်းအဝယ် လုပ်မိရာက တရား မဝင် ဒုစရိုက် စီးပွားရေး အစွန်း ရောက်သူ အဖြစ်နဲ့ ရုန်း မထွက်နိုင် တော့ဘဲ မိသားစုတွေ ပြိုကွဲပျက်စီး ရတဲ့ လက်နက်ကုန်သည် “ယူရီ”ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ရိုက် ကူး တင်ပြ ထားပါတယ်။ ကိုယ်စား သရုပ်ဆောင်တဲ့ သူကတော့ ဟော လီးဝုဒ်ရဲ့ နာမည်ကြီးမင်းသား “နစ် ကို လာ့စ်ကေ့ချ်” Nicolas Cage ပါ။မြေပေါ်မှာ ရွှေဝါရောင် ကော် ဇောကြီး ဖြန့်ခင်းထားသလား ထင်ရ လောက်အောင် ကျည်ဆန်ခွံတွေက ရှူမျှော် မဆုံး။
 အဲဒီ အပေါ် မှာ ကျော ပေးပြီး ရပ်နေတဲ့သူက ဖြည်းဖြည်းချင်း လှည့်လာပြီး ဒီစကားကို ပြောပါတယ်။ ကမ္ဘာပေါ်မှာ သေနတ်ပေါင်း  သန်း ၅၅ဝကျော် ရှိတယ်။ ကမ်ဘာအနှံ့ လက်နက်တွေ တင်ပို့တယ်။ ခန့်မှန်း ခြေပျမ်းမျှ အနေနဲ့ လူ ၁၂ယောက်မှာ သေနတ်(၁) လက်နှုန်း ဖြစ် တယ်။ ပြဿနာက ဘယ်လို လုပ်ပြီး ကျန်တဲ့ ၁၁ယောက်လုံး ကို သေနတ် တစ်လက် နှုန်းပြည့်စုံ သွားအောင် ဘယ်လို ရောင်းရမလဲ ဆိုပြီး ကျုပ် စဉ်းစားနေ တာဖြစ်တယ်”ဆိုတဲ့ စကား နဲ့ ရုပ်ရှင် ဇာတ်ကားကို စတင်ပါတယ်။
ပြီးတာ နဲ့ အဲဒီမှာ လက်နက် စက်ရုံကြီးက ကျည်ဆန်တွေ ထုတ်လုပ်နေတာ ကို ပြသပါတယ်။ သူ့နာမည် အပြည့်အစုံ က “ယူရီအောလောဗ်” တဲ့။ သူဟာ ရင်ထဲကနေ စကားတွေပြော နေပါတယ်။ ကြောင့်ကြမှု မရှိသလိုပါ ပဲ။ “လောကကြီးရယ် စိတ်မပူပါနဲ့။ ငါ အမှန် အတိုင်း ပြောပါမယ်။ လိမ် ညာမှုတွေ နဲ့ ကိုယ့် ကိုယ်ကိုယ် မတည် ဆောက်နိုင်ဘူး”တဲ့။

သူတို့ မိသားစု တစ်ခုလုံး ယူက ရိန်းကနေ အမေရိကန်ကို ပြောင်း ရွှေ့ လာခဲ့ကြတာပါ။ ရုရှားတွေ ရဲ့ ရန် ကနေ လွတ်ကင်း ဖို့ အတွက် ဂျူး လူမျိုး ဟန်ဆောင်ထားတဲ့ ဂျာမန် မိသားစု တစ်စုပါ။ အဖေ၊ အမေရယ်၊ ညီငယ် ဗိုက်တလီရယ် အပါအဝင် အားလုံး မိသား စုလေးယောက်ပေါ့။ ထမင်း ဆိုင်လေးဖွင့်ပြီး ရပ်တည်နေကြတယ်။

တစ်နေ့မှာ ယူရီဟာ ဖခင်နဲ့ အတူ ဘုရားကျောင်းကို လိုက်သွား တယ်။ ဘုရားသခင် နဲ့ နီးစပ်ချင်လို့ မဟုတ်ပါဘူး တဲ့။ သူ့အတွေးထဲက အစ တစ်ခု ကို ဆွဲထုတ်ချင်လို့ပါတဲ့။ ဖခင်က ဘုရားကျောင်းမှာ လူတစ် ယောက်နဲ့ မိတ်ဆက်ပေးတယ်။ အဲဒီကစပြီး ဘုရားကျောင်း မှာ ပထမ ဆုံး သိကျွမ်းရတဲ “အီလီ” ဆိုတဲ့ အဘိုး ကြီးနဲ့ အစ္စရေး လုပ်သေနတ်ကစပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်။သူ့ရင်ထဲ မှာတွေးတယ်။ ခိုက် ရန်ဖြစ်ပွားမှုကို အတတ်နိုင်ဆုံး ရှောင် မှဖြစ်မယ်ပေါ့။ 
ဒါပေမဲ့လည်း အဲဒီလို ခိုက်ရန် ဖြစ်ရမယ့် လူတွေ နဲ့ပဲ အလုပ် လုပ်ရပြန်တယ်။ ဒါလည်း သူ့ရဲ့ ဗီဇကြောင့်ပါပဲတဲ့။ သူဟာမြို့ ပေါ်က ဂိုဏ်းတွေကို ရောင်းချပေး ရတာမျိုးနဲ့တင် မကျေနပ်နိုင် ဘူးဖြစ် တယ်။ လုပ်ငန်းကြီး တစ်ခုကို ဇောက် ချလုပ်ချင်လာတယ်။ လက်နက်တွေ တောင်လို ပုံနေတဲ့အချိန်မှာ ရုတ်တ ရက်တိုက်စရာ လူ မရှိတော့ဘူး။အမေရိကန် တပ်တွေ ဆုတ်ခွာ သွားကြတော့ လက်နက်တွေ သယ် မသွားကြဘူး။ တောင်လို ပုံပြီး ကျန် နေခဲ့တယ်။ သယ်ယူခက အသစ် ဝယ်ယူတာထက် ပိုပြီး ကုန်ကျစရိတ် များလို့ ယူရီက အဲဒီတောင်လို ပုံနေ တဲ့ သေနတ်တွေကို ငွေဖော်ဖို့ ကြိုး စားတယ်။ ဘယ် တပ်ကိုမဆို သူလက် နက်ရောင်းတယ်။ အစ္စရေးလုပ် သေနတ်တွေကို မွတ်စလင်တွေဆီ ရောင်းတယ်။ ကွန်မြူနစ် လုပ်သေနတ် တွေကို ဖက်ဆစ်တွေ ဆီရောင်းတယ်။အပြည်ပြည် ဆိုင်ရာ ရဲတပ်ဖွဲ့မှူး “ဂျက်” ဆိုတဲ့ ပုဂ္ဂိုလ်က သူ့ထက် လျင်ပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်နိုင် တဲ့ ယူရီကို သိသိကြီး နဲ့ ဖမ်းလို့ မမိ နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဒေါသတွေ ထွက်နေတယ်။ အရေးကြုံ လာရင် ယူရီက သငေ်္ဘာကို နာမည်ပြောင်း လိုက်တာတွေ၊ အလံပြောင်းလိုက် တာတွေနဲ့ လှည့်စားပစ် လိုက်တယ်။ဘယ်သူ့ကိုမဆို လက်နက်  ရောင်းတယ် ဆိုပေမယ့် “ဘင်လာဒင်” ကိုတော့ မရောင်းဘူး။ ကိုယ်ကျင့် တရားကြောင့် မဟုတ်ဘဲ၊ ချေးများ လွန်းလို့ပါတဲ့။ တစ်နေ့မှာတော့ လစ်ဗျားနိုင်ငံ မှာ လက်နက်တွေ ရောင်းချရင်း၊ လက်နက် ဝယ်သူကပဲ ယူရီရောင်းတဲ့ လက်နက် နဲ့ ညီဖြစ် သူ ဗိုက်တလီ ကို သတ်လိုက်ပါတယ်။ ဒီအဖြစ်မှန်ကို သိတော့ အမေရိကန်မှာ ရှိတဲ့ မိန်းမ နဲ့ ကလေးက ဝေးရာကို စွန့်သွားကြ သလို၊ မိဘတွေ ကလည်း သူ နဲ့ဝေး ရာကို ထွက်သွား ကြပြီ။ ဗိုက်တလီရဲ့ အလောင်းကို ခွဲစိတ်တော့ ရရှိတဲ့ ကျည်ဆန်ခွံကြောင့် ယူရီ တစ်ယောက် အချုပ်ခန်း အတွင်းကို ရောက်လာခဲ့ ရပါတယ်။ပြီးတော့ အပြည်ပြည် ဆိုင်ရာ ရဲမှူးဂျက်ကို သူက ဒီလိုပြောပါတယ်။ “ငါက မကောင်း ဆိုးဝါးတွေ နဲ့ ပေါင်းတဲ့ကောင်၊ ကမ်ဘာကြီး အတွက် ပျက်စီး သွားတဲ့အရာ အားလုံး အတွက် ငါ့မှာ တာဝန် ရှိတယ်။ ငါက လူသား ချင်းသတ်ဖြတ် စေတဲ့နှောင်ကြိုးကို ကိုင်တဲ့သူ။ ငါ ဘယ်လို အခြေအနေ ဆိုတာ ငါကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ငါတရားရုံးကို ရောက်မှာ မဟုတ်ဘူး။ ဒီမှာဂျက် ဒီအမှုကို ပေါ်အောင် လုပ်နိုင် လို့ မင်းထက် ရာထူးမြင့်တဲ့သူ က မင်းကို ချီးကျူး စကားပြော လိမ့်မယ်။ကမ္ဘာကြီးဟာမင်းရဲ့ စွမ်းဆောင်မှုကြောင့် ပိုပြီး အေးချမ်း သွားပြီ လို့ ပြောလိမ့်မယ်။ မင်းကို ဆုတံဆိပ် ချီးမြှင့်မယ်။ ရာထူး တိုးပေးမယ်။ ပြီးတော့ ငါ့ကို လွှတ်လိုက်ပြီ လို့ ပြောလိမ့်မယ်။ 
မင်းက ဒါက မဖြစ် သင့်ဘူးလို့ ငြင်းဆန်လိမ့် မယ်။ ဒါပေမဲ့ ငါကတော့ လွတ်သွား မှာပဲ။“ငါ့ကို လွှတ်လိုက်ရတဲ့ အကြောင်းရင်းက မင်းငါ့ကို အပြစ် ရှိတယ်လို့ ယူဆတဲ့ အတိုင်းပဲ။ ငါဟာ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာ ရှင် တွေနဲ့ ပခုံးဖက် ပေါင်းခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ အထဲက ငါတို့ရဲ့ ရန်သူတွေရဲ့ ရန်သူဖြစ်တဲ့ မင်းတို့ရဲ့ သူဌေး ကမှ တကယ့် ကမ်ဘာ့ အကြီးဆုံး  လက်နက်ကုန်ကူးတဲ့ သူပါ။ အမေရိ ကန်သမ္မတကြီးပေါ့ကွာ”“သူ(၁)ရက်ကူးတဲ့ လက်နက် တွေက င့ါရဲ့ (၁)နှစ်စာ ထက်ပိုများတယ်။ တစ်ခါတလေ သေနတ်တွေ ပေါ်မှာ သူ့လက်ဗွေရာ ပါသွား ရင် ဖြေရှင်းရ ခက်မယ်လေ။ အဲဒီလိုဖြစ် မှာစိုးလို့ ငါ့လို ကုန်ကူးတဲ့ လူရဲ့ အကူအညီ ယူပြီး သူမပို့နိုင်တဲ့ နိုင်ငံ တွေကို ရောက်အောင် ငါက ပို့ပေးရ တယ်။ ဒါကြောင့် ငါက မရှိရင် မဖြစ် တဲ့ မကောင်းဆိုးဝါး တစ်ကောင်ပါ”သူပြောတဲ့ အတိုင်း ယူရီဟာ တကယ်လည်း လွတ်လာခဲ့ပါတယ်။ လက်နက် ကုန်သည် အလုပ်ကိုပဲ ဆက်လုပ်နေပါတယ်။ ကျည်ဆန် ခွံတွေပေါ်မှာ ရပ်ပြီး သူက ပြောပါ တယ်။ “ဘယ်သူကမ္ဘာကြီးကို ချုပ် ကိုင်နေတာလဲ သိလား၊ လက်နက် ကုန်သည် တွေပေါ့။ လူတွေ အားလုံး စစ်ပွဲကြားမှာ သေသွားနိုင်တယ်။ အသက်ရှင်ဖို့ လျှို့ဝှက်ချက် ကို ပြော ပြပါ့မယ်။ စစ်နဲ့မပတ်သက်နဲ့”တဲ့။
Download link


အညွှန်း

ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာမိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ်ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Download link


Followers

Slider

5/Teste Menu 7/slider
MM Official