Showing posts with label 2003. Show all posts
Showing posts with label 2003. Show all posts

Dil Ka Rishta (2003)

ကျွန်တော်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ မျက်ဝန်းလဲ့ပြာပြာ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းဖူးဖူးနဲ့ အိန္ဒိယမင်းသမီးတစ်ပါးကို မကြာခဏမြင်ဖူးခဲ့ကြပါတယ်...

သူကတော့ ၁၉၉၄ ခုနှစ်ရဲ့ Miss World ဆုရှင် Aishwarya Rai ပါပဲ...

အခုတင်ဆက်မှာကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Drama,Romance ဇာတ်ကားလေး ပဲဖြစ်ပါတယ်..

Dil Ka Rishta ဆိုတာ မြန်မာလိုဆို နှလုံးသားနှောင်ကြိုးလို့ အဓိပ္ပာယ်ရပါတယ်...

ဆွေးမြေ့ဖွယ်ဇာတ်ကားနာမည်က Rai ရဲ့ရီဝေဝေအလှတွေနဲ့ အပ်စပ်လွန်းလှပါတယ်...

ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်ဇာတ်လမ်းပါ...

တစ်ယောက်က မီလျံနာသူဌေးသား...
မင်းသမီးက ချစ်ရသူရှိပြီးသား ဆရာမလေး...
သူဌေးသားက ပိုင်ရှင်ရှိပြီးသား ဆရာမလေးကိုမှ ချစ်မိသွားတဲ့အခါမှာတော့....

၃ ပွင့်ဆိုင် ဇာတ်လမ်းမှာ ၂ ယောက်ထဲ ရှေ့ဆက်ဖို့ဆိုတာ ရင်ကိုခွဲထုတ်သလို နှလုံးသားနှောင်ကြိုးတွေကိုဖြတ်ချရတာမျိုးပါပဲ..နာကျင်ရတယ်....

ဒါပေမယ့် အချစ်ဆိုတာ နာကျင်ခံခက် ကြည်နူးဆွတ်ပျံ့တဲ့ ဘုရားသခင်ရဲ့ပြစ်ဒဏ်မျိုးပဲမလား....။

File size…(2.7 GB) and (1.7 GB)

Quality….WEB-DL 1080p and 720p 5.1CH

Duration….02:30:00

Download Link


..... Thank For Watching ......

 

The Legend of Nezha (2003) 

နီကျား လို့ကြားလိုက်တာနဲ့ .....

ကွင်းလေးကိုင် မီးဖိနပ်စီးထားတဲ့ ကောင်လေးကိုပြေးမြင်မိကြမှာပါ။

ဒဏ္ဍာရီမှာတော့ ဆိုးလွန်းလို့ ....အဖေနဲ့တောင်ပြန်စစ်ခင်းရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီ Animation Series မှာတော့ .....

နီကျားလေး မွေးဖွားချိန်ကစပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့သူတွေကို အချိတ်ဆက်မိမိနဲ့ ဇာတ်လမ်းတစ်ခုချင်းစီ ချိတ်ဆက်ထားတာမို့ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

90'Born တွေ အတွက် ငယ်ဘဝ အလွမ်းပြေဖြစ်သလို .... အခုခေတ် ကလေးတွေလည်း ကြည့်လို့ မရိုးသေးမယ့် ကာတွန်းဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။

480 p ဆိုပေမယ့် အတော်ကို ကြည်တဲ့ ဗားရှင်းမို့ စိတ်မပျက်စေရပါဘူး။

File size… 230 MB

Quality…. 480p

Duration…. 22 min

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
GDRIVE
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40


Zip File – Ep 1 To 20 GDRIVE


---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---

 

The Classic (2003) 

ဒီတစ်ခါ ပရိတ်သတ်ကြီးကို ကိုရီးယား အချစ်ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက််ပေးပါရစေ......

ဒီဇာတ်ကားဟာThe Notebook တို့ Dear John တို့လို အချစ်ဇာတ်လမ်းလေးတွေ ကြိုက်တတ်သူ ဆိုရင် ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။

သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မြန်မာပရိသတ်တွေ ဟယ်ယွမ်(ကျောက်မဖြစ်တဲ့ နှလုံးသား ရုပ်ကြွင်း) အဖြစ်လူသိများတဲ့ မင်းသမီးချောလေးက သရုပ်ဆောင် ထားပြီး၊အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။

ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ၊ကျောင်းသားဘဝ ရယ်စရာတချို့ နဲ့အတူ ဆယ်ကျော်သက်အရွယ် ဖြူ စင်တဲ့ မေတ္တာ၊လွမ်းမောဖွယ် ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ ဆွတ်ပျံ့ကြည်နူးစရာမို့ ဇာတ်လမ်းအဆုံးထိ ကြည့်ပြီးတဲ့အခါရင်ဘတ်ထဲ တခုခု ကျန်နေရစ်ခဲ့မှာ သေချာပါတယ်။

File size…(1GB)  

Quality…Blu-ray Rip 720p

Duration….02:08:57

Download Link

..... Thank For Watching ......


 

Love Actually (2003)

အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာအင်မတနဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ။

(ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့)

အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီးသရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို
အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား

ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့
မင်းသားကြီး Liam Nesson , Alan Rickman Colin Firth,Bill Nighy ,Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့
Laura Linney တို့ကိုတစ်နေရာထဲမှာ
မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင်ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိနှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ထင်မိပါတယ်။

ဇာတ်ကားလေးကိုညွှန်းရမယ်ဆိုလျှင်
ဇာတ်လမ်းဟောင်းလေးတစ်ခုပါ
intertwined stories လို့ခေါ်တဲ့
ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကိုယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို
သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ။


ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ
Drama/Comedy/ Romance စသဖြင့်
ရသမျိုးစုံကိုပေးတဲ့ Family Type
Friendship အသားပေးထားတာဖြစ်တဲ့အတွက် ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူအချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ။

အညွှန်းလေးအကျဉ်းချုပ်ပြောရရင်….

မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်
ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့
ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် 

အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့ ဗြိတန်သားငနဲလေးတစ်ယောက်

အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို
အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး ကင်မရာလေးနဲ့ရိုက်ကာအမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်

ဝန်ထမ်းကောင်မလေးအပေါ်မှာ
ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင်ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်

ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး
စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကိုခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သောပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်

Real Sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင်
အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး

သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း

ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့
လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့်

မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသောအကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ? ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့်ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံခံစားမှုတွေရမယ်ဆိုတာသေချာပါတယ်။

Love actually ဇာတ်ကားဟာ
Nominated 27 နဲ့ Winners 10 ခုကို
ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း
Alan Rickman ကြီးတစ်ယောက်တော့
ပါဝင်နိုင်တော့မှာမဟုတ်တော့ပါဘူး 😔
#LoveActually #HollywoodDope
#Dave

(ရုပ်ရှင်အညွှန်းကို Hollywood Dope Facebook Page မှ ကူးယူဖော်ပြပါသည်။)
Download link

 

My teacher Mr.Kim 2003
ကိုဗစ်ကာလမှာ Heartwarming ဖြစ်စေမယ့် ကိုရီးယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ကျေးလက်ကဆရာဆိုရင် ဒီဘက်မှာဦးညပုလေးရဲ့မီးအိမ်ရှင်မလေးဆိုတဲ့သီချင်းကိုပြေးမြင်မိမှာပါ။ ဒီထဲကဆရာကတော့အခုလောက်မရိုးရှင်းပါဘူး ကင်ဘုံဒူဆိုတဲ့ မြို့ပြကဆရာတစ်ယောက်က နာတာရှည်ဖြစ်နေတဲ့အဖေကြောင့် ကျောင်းသားမိဘတွေဆီက စာအိတ်ကလေးတွေလက်ခံခဲ့ပါတယ်။ တစ်ရက်မှာအလုပ်ထွက်ရဖို့ဖြစ်လာပြီး အလုပ်လည်းမထွက်ချင်တာကြောင့် လိုအပ်နေတဲ့ကျေးလက်ဘက်က စတိုးဆိုင်တောင်မရှိတဲ့ နယ်ဖျားတစ်နေရာမှာ ဆရာလုပ်ဖို့ဖြစ်လာပါတယ်။အစကတော့ သူလည်းကျောင်းပြန်ပြောင်းရဖို့အမျိုးမျိုးကြိုးစားပါတယ်။ ဟာသလေးတွေလည်းပါပါတယ်။ ဒီထဲမှာ ဆရာကကလေးတွေကိုသင်ပေးတာထက် ကလေးတွေကပါ ဆရာ့စိတ်ထားကိုပြုပြင်ပေးသွားတာကို ကြည်နူးဖွယ်တွေ့ရမှာပါ။ ကျေးလက်လူထုနဲ့ စာသင်ကျောင်းတွေ၊ ကျေးလက်ကကျောင်းသားကလေးတွေ၊ အသက်ကြီးပြီး ဇီဇာကြောင်ပေမယ့် သဘောကောင်းတဲ့အဖိုးကြီးတွေ အထီးကျန်နေတဲ့အချိန်တွေပဲဖြစ်ဖြစ် Heartwarming ဖြစ်စေတာမို့ ကြည့်ကြည့်သင့်တယ်လို့ ထင်ပါတယ်။
Download link

 

Memories of Murder (2003)
ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ 
ဒီကားကို ပုံဖော်ရိုက်ကူးတဲ့ ဒါရိုက်တာ Bong Joon-ho ကို ဟောလိဝုဒ်ကတောင် လက်ခံတာလည်း မပြောနဲ့။သူဖန်တီးသမျှ လက်ရာတွေကလည်း တကယ်ကို ကောင်းလွန်းပါတယ်။အခုဇာတ်ကားကို ကြို က်နှစ်သက်ရတဲ့ အဓိကအချက်ကလည်း ဘယ်အရာမှ တသမတ်တည်း သတ်မှတ်နေလို့မရတဲ့ အမြင်ဖလှယ်မှု တွေကို ကျကျနန ရိုက်ပြသွားတဲ့အတွက်ပါ။

ကျွန်တော်တို့ရဲ့ဘဝအများစုမှာ အသားကျနေခဲ့ပြီ ဖြစ်တဲ့ တစ်ပါးသူကို နိုင်ထက်ကလူပြု ရင်။ပြန်ပြီး တုံ့ပြန်ခံရမယ်။ဝဋ်လည်မယ် စတဲ့အမြင်တွေနဲ့ အသားကျနေကြပါ။ဖတ်မိသမျှတွေကလည်း အဲဒီလို အမြင်တွေက ခွဲထွက်တာ သိပ်မတွေ့ရပါဘူး။

ကိုယ်ဟာ တစ်ဦးတစ်ယောက်ရှေ့မှာ ကောင်းကင်က ပြာပါတယ်လို့ ပြောပေမယ့် အခြားသူတွေက မှားနေတယ် အညို ရောင်ကြီးဆို ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ကျွန်တော့်မျက်စိထဲမှာ ဂဂဏဏ လက်ခံထားတဲ့ အမှန်တရားတစ်ခုကို ဘေးပတ်ဝန်းကျင်က လုံးဝမှားယွင်းနေကြောင်း တစ်ညီတစ်ညွှတ်တည်း ပြောဆိုနေတဲ့အခါမှာ ကိုယ့်အမှန်တရားကို ဘယ်လိုသက်သေပြမလဲ။


အဲဒီလို မရေရာမှု တွေကို အဓိကကိုင်စွဲထားတဲ့ ယခုရုပ်ရှင်မှာလည်း ပရိသတ်တွေပြန်လိုချင်တဲ့ ရလဒ်ကို ဒါရိုက်တာက လှစ်မပြခဲ့ပါဘူး။သူက ဇာတ်လမ်းတစ်ပုဒ်ဆိုတာထက် ကိုယ်အိမ်ဘေးက အိမ်ထောင်စုတစ်စု ရန်ဖြစ်နေတာကို ထိုင်ကြည့်ရတဲ့ သဘောအသွင်အမျိုး
နဲ့ ခုရုပ်ရှင်ကို တင်ပြထားပါတယ်။

အမှန်တရားအတွက်

-ခိုင်လုံကြောင်းသက်သေ
-ဝန်ခံချက်
-တိကျတဲ့အချိန်ကာလ

အဲဒီအချက်ထဲက အဓိကလိုအပ်နေတာက မျက်မြင်သက်သေ ။အဓိက ပွို င့်က ဒါပဲ။

1986ကာလမျိုးမှာ ကိုရီယားနိုင်ငံ နယ်မြို့ကလေးတစ်ဝိုက်မှာ လူသတ်မှု တွေ စဖြစ်လာတယ်။အမှု က ကြောက်ဖို့ကောင်းတယ်။မိန်းမပျို လေးတွေကို မုဒိန်းကျင့် လက်ပြန်ကြိုးတုပ်ပြီးမှ ခေါင်းပေါ်မှာဖြစ်ဖြစ် ပါ့စပ်ကိုဖြစ်ဖြစ် သူရဲ့ပင်တီနဲ့ချည်ပြီး သတ်သတ်ပစ်ခဲ့တာ။

စုံထောက်သုံးယောက်က အဲဒီအမှု ကို လိုက်ရတယ်။ဖြစ်စဉ်က မိုးရွာတဲ့ညဆိုရင် ဖြစ်ပြီ။နောက်နေ့ဆို လယ်ကွင်းတွေထဲမှာ တစ်နေရာရာမှာ စွန့်ပစ်ထားတဲ့ အလောင်းကို တွေ့ရပြီ။

ထုံးစံအတိုင်း ကောလဟာလကလည်း စုံလို့။စားနေကျ အရက်ဆိုင်အိမ်က စိတ်မနှံ့တဲ့ ကောင်လေးထင်ပြီး ဖမ်းကြသေးတယ်။မဟုတ်ဘူး။ဖြစ်စဉ်က မိုးရွာတဲ့ညမှာ ဖြစ်နေကျဆိုတော့ သဲလွန်စလည်းမရဘူး။နောက်တစ်ခုက ကိုရီးယားနိုင်ငံမှာ Semen (သုတ်ပိုး)ကိုလည်း ဓါတ်ခွဲပြီး DNAကို မရှာဖွေနိုင်သေးတာပဲ။ရဲကားတောင် တွန်းနှိုးရတဲ့ အခြေအနေမှာ လူသတ်သမားကတော့ အရိပ်အယောင်လေးတောင် မသိရဘူး။

ဒါရိုက်တာက စုံထောက်တွေ အမြင်ကနေပဲ အဓိကထား ရိုက်ပြတယ်။အဲဒီလူတွေရဲ့ စွမ်းရည်ကလည်း ကိုယ်လိုသူလို အဆင့်ပဲရှိတယ်။အခင်းဖြစ်တဲ့နေရာရောက်ရင် လာကြည့်နေတဲ့သူတွေအော်မယ်။သေသူအနားက ဖြစ်နိုင်ချေ ရှိမယ့် သဲလွန်စ ရှာမယ်။နောက် အနီးဝန်းကျင်က သေသူနဲ့ သိနိုင်သူတွေကို ဖော်ထုတ်မေးမြန်းမယ်။အဲဒီလူတွေစကားတွေကနေ နီးစပ်တဲ့သူကို ဖမ်းမယ်။စစ်မယ်။ရိုက်မယ်။ဒီလောက်ပဲလုပ်တတ်တယ်။အဲဒီအဆင့်ထက်မပိုဘူး။နဲနဲစဉ်းစားတတ်တဲ့ ဆိုးလ်က လာတဲ့ စုံထောက်ကတော့ လူသတ်သမားရဲ့ ထပ်တူညီနေတဲ့အမူအကျင့်တွေကို သုံးသပ်ပြီး အခင်းဖြစ်ပွားနေချိန်မှာ ဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင် အနေအထားကို သုံးသပ်တယ်။

ဒါရိုက်တာက လုံးဝမှ လူသတ်သမားရဲ့ သွင်ပြင်ကို သိသာအောင်မပြခဲ့ဘူး။ကြည့်တဲ့သူတွေကို ရှု ပ်ထွေးအောင် မရေမရာဖြစ်အောင်ပဲ လုပ်ပြတယ်။ပြင်ပလောကမှာလည်း အဲဒီအတိုင်းသာ စုံစမ်းထောက်လှမ်းမယ့် ဇာတ်ကွက်မျိုး
နဲ့ပဲ ပုံသွင်းတယ်။

နှစ်နာရီကျော်ကြာတဲ့ ရုပ်ရှင်ဟာ ကြာလာလေ ဟိုလူထင် ဒီလူထင်နဲ့ စိတ်တွေက ဇာတ်ကောင်တွေနဲ့အတူ ရှု ပ်ထွေးလာစေတယ်။

အဲဒါဟာ အခုကားရဲ့ အဓိက ဖမ်းဆုပ်မှု တစ်ခုပါပဲ။
Download link

Followers

Slider

5/Teste Menu 7/slider
MM Official