Showing posts with label 2004. Show all posts
Showing posts with label 2004. Show all posts
Astro Boy (2009)

 


ဒီနေ့တော့ ပရိတ်သတ်တွေအတွက် Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ

Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။

Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ 

Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။

သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။

လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။

စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။

ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။

မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရတော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ 

ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..

ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။

အသံ သရုပ်ဆောင်တွေ အဖြစ် 
Dr. Tenma (voice of Nicolas Cage),
Toby & Astro Boy (voice of Freddie Highmore) 
တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။



Download link

..... Thank For Watching ......



District 13 (2004) & District 13: Ultimatum (2009)


ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်။

အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး။

ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်။

ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့....

လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ။

ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။

အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။

သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ။

ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး။သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ။

လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျူဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ...

ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ဖိုက်တာလူဆိုးတွေကြား နျူဗုံးကို ဘယ်လိုသွားဖြုတ်မလဲဆိုတာရယ်..

ဒီနျူဗုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာတွေလဲဆိုတာကို District 13 (2004) ဆက်လက်ကြည့်ရှုရမှာပါ။

District 13: Ultimatum ကတော့ ၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးရဲ့အဆက်​​ဖြစ်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ 

ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ 

ဒုတိယမြောက်ကား‌လေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။ 

ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်က‌နေပဲ ဆက်ထားပါတယ်။

လီတိုတို့ရဲ့ အမဲရောင်နယ်မြေ‌လေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး နယ််မြေကောင်းကောင်း‌‌လေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့ အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာ‌လွင့်ပျောက်သွားပြီး လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။ 

ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့‌နယ်မြေလေးကို ဖြိုဖျက်ပြီးသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့ ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါ...

ဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊ လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ...

လီတိုတို့နယ်မြေရဲ့ ဂိုဏ်း‌တွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်း‌လေးတစ်ကားပါ။ 

ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။


District 13 (2004) 

File size…(1.5 GB) / (800 MB)

Quality…BluRay 1080p /720p

Duration….01:25:00

Download Link


District 13: Ultimatum (2009)

File size…(1.9 GB) / (1 GB) / (500 MB)

Quality…BluRay 1080p /720p/ 360p

Duration….01:46:00

Download Link



..... Thank For Watching ......




 

Mean Girls (2004)

နာမည်ကျော်မင်းသမီး လင်းဆေးလိုဟန် ပါဝင်သရုပ်ဆောင်ထားတဲ့ Rating မြင့် Teen School
ကျောင်းသား အချစ် ဟာသ ရုပ်ရှင်ဇတ်မြူးလေး ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကို April 30, 2004 (USA) မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ရိုက်ကူးစဉ်က Budget $17 million သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ $130 million ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။

ဇာတ်လမ်းကတော့...

နယ်ကပြောင်းလာပြီး သက္ကသိုလ်ကျောင်းတက်ရတဲ့ ကေဒီ တစ်ယောက် ကျောင်းမှာ ထူးထူးဆန်းဆန်းတွေသာ မြင်ရပါတယ သူမြင်နေကြ မဟုတ်တဲ့ ဂုဏ်အရှိန်အဝါ ပြိုင်ဆိုင်တာတွေ အလှပြိုင်တာတွေ အဆင့်အတန်း ခွဲတာတွေ နဲ့ အုပ်စုလိုက် သွားလာတက်တာတွေကို စတင် လေ့လာရပါတော့တယ်..

သူတို့ ကျောင်းမှာ နာမည်ကြီးနေတဲ့ ပလစ်စတစ် ကောင်မလေး အဖွဲ့က ကေဒီ ရဲ့ အလှကို စတင် သတိထားမိသွားပြီး ကေဒီ ကို သူတို့ အဖွဲ့ထဲ
စတင်ခေါ်ပါတော့တယ်…

ရိုးသား တဲ့ ကေဒီတစ်ယောက် အလှတွေ ပြင်တက်လာပြီး အချစ်နဲ့ တွေ့ပြန်တော့လဲ မလုပ်ဖူးတဲ့ လိမ်ညာတာတွေ သူများကို ချောက်တွန်းတာတွေ စတင်လုပ်ဖြစ်လာပြီး မူလ ရိုးသားပြီး စာတော်တဲ့ ကေဒီ ရဲ့ ပုံစံလေးဟာ တစ်ဖြေးဖြေး ပျောက်ကွယ်ခဲ့ပါတယ်....

ပလစ်စတစ် ကောင်မလေးများ အဖွဲ့မှာ ကေဒီ တစ်ယောက် နေရာရလာမလား ..သူမ ရဲ့ ရိုးသား မှု နဲ့ အချစ်ရဲ့ အားပြိုင်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကိုတော့ Mean Girl ရုပ်ရှင်လေးမှာ ကြည့်ရှုခံစားလိုက်ပါနော်။

File size…(2 GB) and (1.1 GB)

Quality….BluRay 1080p and 720p 5.1CH

Duration….01:37:00
Download Link




..... Thank For Watching ......



Lakshya (2004) 

မြန်မာပြည်ပရိတ်သတ်တွေကြားလက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။

ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို
“ရည်ရွယ်ချက် ၊ရည်မှန်းချက်”လို့ အဓိပ္ပာယ်ရပြီး
တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်
တွေရဲ့အခန်းကဏ္ဍကိုလူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။

ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘကလိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။

ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။

ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။

ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။

မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှလက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ကာရန်တစ်ယောက် တပ်ထဲကို ရောက်တော့မှ ဒုက္ခတွေ တသီကြီး ရောက်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှု့ရမှာပါ။


အိန္ဒိယတပ်မတော်ရဲ့ ပြည်သူကချစ်တဲ့ စစ်သားတွေရဲ့ဘ၀ ၊ခံယူချက် နဲ့ အထက်အမိန့်အတိုင်း ဆောင်ရွက်ရပုံတွေ တိုင်းပြည်ကို ချစ်တဲ့စိတ်တွေ… တိုင်းပြည်အတွက် အနစ်နာခံပုံတွေကတော့….ပြောလို့တောင် မဆုံးတာမို့…
ဇာတ်ကားထဲမှာ ပါဝင်စီးမြောခံစားရင်း ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

Quality : 1080p WEB Rip and 720p

File Size : 1.9 GB and 1.4GB

Duration : 3h 6mins
Download Link

..... Thank For Watching...... 


 

Veer-Zaara (2004)


ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘဝင်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။

အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင်
Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ 

ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။
ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။

ဇာတ်ကား အစမှာတော့ ပါကစ္စတန် ထောင်ထဲမှာ အိန္ဒိယ လေကြောင်း ကယ်ဆယ်ရေးအရာရှိ ( ရှာရွှတ်ခမ်း) အကျဉ်းကျနေခဲ့တယ်။ သူလျှို ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။နှစ်များစွာ ထောင်ကျပြီးနောက် သူဟာ စကားလည်းမပြောတော့။ သူ့နာမည်ရင်း veer ကိုတောင် ဘယ်သူမှမခေါ်ကြတော့ပါဘူး။သူ့ကို ခေါ်ကြတာက အကျဉ်းသားနံပါတ် 786 တဲ့။

ဒီလို နှစ်ပေါင်းများစွာ အကျဉ်းကျရင်း စိတ်ဓာတ်ကျနေရသူ လူတစ်ယောက်ကို ဘယ်သူက ကယ်ဆယ်ဝံ့မှာလဲ ။ ဒါပေမဲ့ သူ့ကို အမိမြေ အိန္ဒိယ နိုင်ငံ ပြန်နိုင်စေဖို့ အတွက် ရှေ့နေမလေး တစ်ဦး ရောက်လာခဲ့ပါတယ်။
ရှေ့နေမလေးဟာ သူ့ကို veer လို့ စခေါ်လိုက်သည့်နောက်ပိုင်း Veer အတွက် ခွန်အားအသစ် ရခဲ့သလိုပဲ။ ဒီလိုနဲ့ Veer က ရှေ့နေမလေးကို သူ့ဘဝအတိတ်အကြောင်း နဲ့ အစွပ်စွဲခံ ထောင်ကျနေရပုံကို ပြန်ပြောင်းပြောပြချိန်မှာတော့ …………။

တစ်နေ့ပေါ့ ။
ကယ်ဆယ်မှုတစ်ခုမှာ Veer ဟာ မျက်ဝန်းလေးတစ်စုံနဲ့ ရင်းနှီးခဲ့မိတယ်။ zara တဲ့။ Zara က သူ့အဖွား ပြာကို အိန္ဒိယ ပိုင်မြစ်တစ်ခုမှာ မျောပေးဖို့ လာခဲ့တာပါ။ Zara ဟာ ပါကစ္စတန် သူလေးဖြစ်ပြီး သူ့အဖေကလည်း အရေးပါအရာရောက်တဲ့ပုဂ္ဂိိုလ်ပါ။

ဒီလိုနဲ့ Veer နဲ့ Zara တို့ ရင်းနှီးခင်မင်ခဲ့ပြီး Veer ရဲ့ ဇာတိရွာကို Zara အလည်လာခဲ့ပါတယ်။ ရွာလေးဟာ ရှုခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ အလွန်လှပလို့နေတယ်။ Veer ရဲ့ အဖေ ( အမီတာဘဂျမ်း) ကလည်း ရွာ လူကြီးမို့ ရွာလေးဟာ အတော်ဖွံ့ဖြိုးလို့နေခဲ့ပါတယ်။ နောက်ပြီး Zara ကို သမီးလေးအဖြစ်လည်း ချွေးမလေးအဖြစ်လည်း ကြိတ်ပြီး သဘောတူနေခဲ့ပါသေးတယ်။

Zara ဟာ ရွာလေးမှာ ပျော်ရွှင်နေခဲ့ပြီးနောက် ပါကစ္စတန်ကို ပြန်ဖို့အချိန်ရောက်လာခဲ့ပါတယ်။ ပြန်ခါနီး လိုက်ပို့ချိန်လေးမှာ Veer က Zara ကို ဖွင့်ပြောဖို့ကြိုးစားချိန်မှာတော့ ………¿

 ကိုယ်တိုင် ခံစားပြီး ဘယ်လို ဇာတ်လမ်းမျိုးလဲ ။ ဘယ်လို ဇာတ်သိမ်းမလဲ။ Veer နဲ့ Zara က ဘယ်လိုဖြစ်မလဲ ဆိုတာ ရင်ခုန်ခံစားမှသာ ဇာတ်လမ်းရဲ့အနှစ်သာရ ပြည့်ဝလာမှာပါ။

သာမန်အချစ်ကားတွေနဲ့ မတူတာက ဒီကားလေးရဲ့ စကားပြောခန်းတွေဟာ အရမ်းလှပပါတယ်။ " Zara ရေ မင်းကြောင့် ပန်းလေးတွေ လှလာတယ်။ တိမ်လေးတွေ သာလာတယ် "စတဲ့ ရိုဆန်ဆန် တော်ကီ လေးကြောင့် စော်ကြည်နိုင်ပါတယ် :-3

နောက်ပြီး Veer ပြောတဲ့ စကားလေးပါ။

Zara အမေကိုပြောလိုက်ပုံက
" ကျွန်တော်က လိမ္မာတယ် / နိုင်ငံသားအသက်ကယ်တဲ့ လေကြောင်းသူရဲကောင်း လို့ ချီးကျူးပေမယ့် အခြားသူတွေလည်း တော်မှာပါ။ ဒါပေမဲ့သေချာမပြောနိုင်ဘူး။ ကျွန်တော်ပြောနိုင်တာလေးတစ်ခုက အိန္ဒိယနိုင်ငံရဲ့ မိခင်တိုင်းကတော့ အန်တီလိုပါပဲ။ သားသမီးကို အသက်နဲ့ပုံပြီးချစ်နိုင်တဲ့ သူတွေပါ " တဲ့။

ဒီကားလေးဟာ ရိုဆန်တယ်။ ဒရာမာချိုးတယ်။ အိန္ဒိယ မိန်းကလေးတွေ ပညာသင်ခွင့်မရပုံတွေလည်း ရိုက်ပြတယ်။ဒါ့ပြင် မိန်းကလေးရဲ့ သိက္ခာကို အချစ်နဲ့ယှဉ်တဲ့ ပုံပမာနှိုင်းတယ်။ သံယောဇဉ်ကို ဖော်ကျူးတယ်။ ဘယ်နိုင်ငံမှာနေနေ အမိနိုင်ငံကို ရင်ဘတ်ထဲ မြတ်နိုးတတ်ပုံကို လှစ်ဟတယ်။ နှစ်ပေါက်နေပါစေ အမှန်တရားရဲ့ သဘောတရားကို ဖွင့်ဆိုတယ်။ ဒါ့ကြောင့် Most Popular Film / Filmfare Awards for Best Film / National Film awards စတဲ့ ဆုပေါင်း များစွာ ဆွတ်ခူးရရှိခဲ့ပြီး ငွေကြေးအရရော အောင်မြင်ခဲ့တဲ့ကားလို့ ဆိုရမှာပါ။ ဒါ့ကြောင့် ကြည့်ခွင့်ကြုံရင်တော့ အားပေးလိုက်ပါလို့ တိုက်တွန်းပါရစေ။

(ဇာတ်လမ်းအညွှန်းကိုတော့ ကိုလင်းခယံ FB မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။)
Download link


 

 

ပရိတ်သက်တွေကို ဂြိုလ်သားတွေဆီ ခေါ်သွားပါရစေ…Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော်သူတို့ တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာ တွေ တက်မြောက်ထားပြီးပိုပြီး ဉာဏ်ရည်မြင့်မားတဲ့ ဂြိုလ်သားတွေပါ။ထွက်ရှိခဲ့တဲ့ Predator ဇာတ်လမ်းအချို့ကိုလည်း အောက်တွင် link လေးချပေးထားပါတယ်။

သူတို့ကို အမဲလိုက်တဲ့ ဂြိုလ်သား တွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီးရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သက်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ။

ဒီဇတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေတည်ဆောက်ခဲ့သော ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ..ဒါပေမယ့် ထို ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကျမှာ ဖြစ်ပြီးPredator တွေဟာ ထို ပိရမစ် ထဲက Alien တွေကို ပြန်လည်သုတ်သင်ဖို့ လာနေတာ ဖြစ်ပါတယ်…Predator တွေ Alien တွေ ရဲ့ နှစ်ထောင်ချီသော အမဲလိုက် ခဲ့တဲ့ တိုက်ပွဲတွေ ရန်ငြိုးတွေကြားမှာလူသားတွေ ဘယ်လို ကြုံတွေ့ရမလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါအုံး…

Download link



✩⋆Howl's Moving Castle 2004✩⋆

အညွန်း
Studio Ghibi ရဲ့ animation ကားကောင်းလေးတွေကိုမျော်လင့်နေတဲ့ပရိတ်သတ်တွေအတွက်အရမ်းမိုက်တဲ့ဂျပန်animationကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဂျပန်Animation ကားလေးတွေဟာဆိုရင်ပြောစရာမလိုလောက်အောင်ကောင်းမွန်မယ်ဆိုတာပရိတ်သတ်တွေသိရှိပြီးဖြစ်မှာပါမှော်ဇတ်လမ်းတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကွက်တိပါပဲ
ဇတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက်
လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက်ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီးဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာအဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင်
မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆို
ပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ဟအိုယုတစ်ယောက်လူသားတွေနဲ့မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်ကဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ်တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေ
မယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်။
                  ⋆Download link⋆
                        GDRIVE
ဒီဇတ်ကားကတော့x -menမင်းသားရဲ့
အရမ်းကောင်းတဲ့ဇတ်ကားတစ်ကားပါ။
(အညွန်းကိုပြောရရင်တော့van helsingဆို
တဲ့ဗင်ပိုင်းယားမုဆိုးတစ်ယောက်အကြောင်းပ
နှစ်လေးရာသက်တမ်းရှိနေပြီဖြစ်တဲ့စွမ်းအားကြီးမား
တဲ့ဗင်ပိုင်းယားတစ်ကောင်ကိုဘယ်လိုနှိမ်နင်းလဲဆိုတာကိုစိတ်ဝင်တစားကြည့်ကြရမှာပပီးတော့
သွေးစုပ်ဗင်ပိုင်းယားလင်းနို့တွေရယ်
လူတစ်ပိုင်းဝံပုလွေတစ်ပိုင်းတွေရယ်အချစ်အလွမ်းရသပေါင်းစုံပါဝင်တာ
ကြောင့်လက်မလွတ်သင့်တဲ့ဇတ်ကားကောင်းတစ်ကားလို့ပြောလိုက်ပါရစေ)
Download link

Followers

Slider

5/Teste Menu 7/slider
MM Official