Showing posts with label 2011. Show all posts
Showing posts with label 2011. Show all posts


2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။ 

ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမ‌ကောင်းအောင်ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ 

မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။

ကဲ ဘာလိုသေးလဲ.....

File Size : 1 GB

Quality : Blu ray 720P

Running Time : 2 hr 23 minute


Download Link
1080P


..... Thank For Watching ......







 

Warriors of the Rainbow: Seediq Bale (2011) Full Version(Part1+2)

ဒီဇာတ်ကားကတော့ စစ်ပွဲနောက်ခံ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားတဲ့ ဇာတ်ကားပါ..

Rating အရ‌လည်းကောင်းပြီး ဘတ်ဂျက်မှာလည်း ထိုင်ဝမ်ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ဘတ်ဂျက် အများဆုံးသုံးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့

ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်။

နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါ။

ဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ တန်ဖိုးထားမှုတွေကို တွေ့ရမှာပါ။

ဒီလို ကိုယ့်ရေမြေကို ကျူးကျော်လာပြီး ကိုယ့်လူမျိုးတွေကို ဖိနှိပ်လာတဲ့ အခါမှာ ရသမျှအင်အားနဲ့ ဂျပန်ထောင်ပေါင်းများစွာကို တွန်းလှန်ပြီး ရဲရင့်မှုကို ပြသခဲ့ကြပါတယ်..

"ဒီကျွန်းပေါ်က ချယ်ရီပန်းတွေက နီလွန်းနေလို့များ ဒီလူတွေ ဒီလောက်ရဲရင့်ကြသလား "_ဗိုလ်ချုပ် ယာဟီကို ကာမာဒါ

လက်နက်၊ လူအင်အား ကွာသော်လည်း ငါတို့က ဆီးဒစ်ဘာလေ လူမျိုးတွေပဲလို့ အသက်သေတဲ့အထိ ရဲရင့်ဂုဏ်ယူစွာ တိုက်ခိုက်သွားကြတဲ့ လူမျိုးစု တစုအကြောင်း ရှုစားကြည့်ကြပါ။

အပိုင်း တစ်ပိုင်းစီကို ၂နာရီကျော် ကြာမြင့်ပြီး လူမျိုးစု သီချင်း ၊ တောတောင်အလှတွေနဲ့ သွေးထွက်သံယို အခန်းတွေလည်း အလွန်ပီပြင်လှပါတယ်။

သီချင်းသံ ၊ တိုက်ခိုက်ဖို ညာသံပေးသံ တွေမှာ ကြက်သီးပါ ထရပါတယ်။

ဆုပေါင်းများစွာရရှိခဲ့တဲ့ဇာတ်ကားမို့ လက်မလွတ်တမ်းကြည့်ရှုရမယ့်ဇာတ်ကားပါ။

(ယခင်က ဒီဇာတ်ကားကို တင်ဆက်ဖူးပေမယ့် အကျဉ်းချုံး Version ဖြစ်နေတာမို့ အခု Original Full Version အဖြစ် အပိုင်း(၂)ပိုင်းနဲ့တင်ဆက်လိုက်ပါတယ်။တစ်ပိုင်းကို ၂ နာရီခွဲနီးပါးတွေမို့ စုစုပေါင်း ၄ နာရီခွဲကျော်ကြာမြင့်မှာဖြစ်ပါတယ်။)

Warriors of the Rainbow: Seediq Bale – Part 1: 
The Sun Flag (2011)

File size…(3 GB) and (1.6 GB)

Quality….BluRay 1080p and 720p 7.1CH

Duration….02:24:00

Download Link


Warriors of the Rainbow: Seediq Bale – Part 2: 
The Rainbow Bridge (2011)

File size…(2.8 GB) and (1.5 GB)

Quality….BluRay 1080p and 720p 7.1CH

Duration….02:12:00

Download Link

 

ဒီဇာတ်ကားလေးဟာဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့်ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ်ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီးစိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့်ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါဂျပန်Animeတို့ရဲ့မူအတိုင်း Lynn Htooကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ်ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ်။
Download link

 

                  ✩⋆Rango (2011)✩⋆

2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …

Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။

သူရဲကောင်းဆောင်နေတဲ့ Rangoတစ်ယောက် မြို့ကလူတွေ သိသွားတဲ့အခါ ဘယ်လို ပြသနာတွေ ကြုံတွေ့ရမှာလဲ၊သူရဲကောင်းဆိုတာ ဘယ်လို အဓိပ္ဗယ်ဆိုတာရော နားလည်သွားနိူင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ထပ် ကြည့်သင့်တဲ့အချက်တစ်ခုကတော့ ဒီ Rangoဆိုတဲ့ ပုတ်သင်ညိုကို Johnny Deepရဲ့ လှူပ်ရှားပုံကို အခြေံပြီးရိုက်ထားတာမို့ ကြည့်ကောင်းမှာ သေချာပါတယ်။

.               ⋆ Download link ⋆

              GDRIVE / Yandex.Disk

   ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dhamaal ဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက်ထွက်ရှိခဲ့တာပါ။ပထမဇာတ်ကားက သရုပ်ဆောင်အများစုပဲ ပါဝင်ထားပြီး ပထမဇာတ်ကားက မကြေတဲ့ရန်ကြွေးတွေကို အကြေဆပ်ဖို့ကြိုးစားကြရာကဂျိုကာ(၄)ကောင်ရဲ့ တလွဲတွေကို ဟားတိုက်ကြည့်ရှုရမှာပါ။
Download link

 

Followers

Slider

5/Teste Menu 7/slider
MM Official