Showing posts with label 2007. Show all posts
Showing posts with label 2007. Show all posts

My Blueberry Nights (2007)

ပွတ်ချွန်းလိပ်သောက်ရတာကြိုက်တဲ့ လူငယ်လေးတစ်‌ယောက်မှာ အိပ်မက်‌တွေအများကြီးရှိခဲ့တယ်။
အများအားဖြင့်တော့ သံတူစာတူကြောင်းကွဲဖြစ်တဲ့
အိပ်မက်နဲ့ အိပ်မက်ဟာ တကယ်တမ်းမထူးလှပါဘူး။

တစ်ခုကရောက်အောင်သွားရပြီး တစ်ခုက ရောက်လာတာ စောင့်ဆိုင်းရပေမဲ့ဒီစကားလုံးနှစ်လုံးစလုံးဟာ အခိုးအငွေ့ဆန်တယ်။

ဦးဆုံးကတော့ သူဟာ အောင်မြင်မှုဆိုတဲ့ အိပ်မက်နောက်လိုက်ခဲ့တာပဲ။အဆုံးသတ်မှာ ချစ်ခြင်းဆိုတဲ့ အိပ်မက်ကလေးကို သူစောင့်စားခဲ့တယ်။

ချစ်ခြင်း နောက်ကို လိုက်လို့မရဘူးလားဆိုတဲ့ အမေးတော့ ရှိမှာပဲ။ လိုက်ကြည့်ပါလေ။

စောင့်ဆိုင်းရတဲ့အရာမှန်း မသိခင် တစ်ကြိမ်တစ်ခါတော့ ချစ်ခြင်းနောက်ကို အားလုံး လိုက်ခဲ့ကြဖူးမှာပဲ။

အိပ်မက်ကလေး ပြန်အလာကို လူငယ်ကလေးဟာ စားသောက်ဆိုင် ကလေးဖွင့်ပြီး စောင့်စားခဲ့တယ်ပေါ့။

လမ်းပျောက် လူချင်းကွဲသွားကြတဲ့အခါ သူပြန်လာရှာတဲ့အခါကို ရပ်စောင့်နေခြင်းဟာ အကောင်းဆုံးအရာလို့ သူမှတ်ယူခဲ့တယ်။

ဆိုင်ကလေးရဲ့ ညတွေအဆုံးမှာ ချိစ်ကိတ်တွေ ပန်းသီးပိုင့်မုန့်တွေဟာအမြဲ အကုန် ကုန်သွားတယ်။ချောကလက်ကိတ်ဆို ကုန်လုနီးပါးပဲ။

ဒါပေမဲ့ ဘလူးဘယ်ရီပိုင့်မုန့်တွေက အရာမယွင်းပဲ အမြဲကျန် နေတတ်တယ်။

ဒီတော့ ဘလူးဘယ်ရီ ပိုင့်မုန့်တွေက ဘာဖြစ်နေလို့လဲတဲ့။

ဘလူးဘယ်ရီ ပိုင့်မုန့်တွေက ဘာမှဖြစ်မနေခဲ့ပါဘူး။
လူတွေက တခြားဟာတွေကို ရွေးသွားကြရုံသာ။

တစ်ခါတော့ ငါတို့ ဘလူးဘယ်ရီဆန်ဖူးခဲ့ကြမှာပဲ။
ရွေးချယ်ခြင်းမခံခဲ့ရတဲ့ ဘလူးဘယ်ရီတွေဟာ
တစ်စစီပြန်ကောက်ရင်း ပြန်ကျကွဲရင်းတစ်စစီပြန်ကောက်ရင်း ပြန်ကျကွဲရင်းနဲ့ အိပ်မက်ကလေး‌ဆီကို ပြန်မရောက်ခဲ့ရဘူးတဲ့…
 

My Blueberry Nightsဟာ ဝေါင်ကာဝေးရိုက်ခဲ့တဲ့ တစ်ကားတည်းသော အမေရိကန်ကားပါပဲ။

သူရဲ့ မအောင်မြင်ဆုံးကားလည်း ဟုတ်ပါတယ်။
တစ်ချို့ပြောကြသလို ChungKing Expressနဲ့ အရမ်းဆင်နေတာကလွဲ သူ့ရုပ်ရှင်တွေကို သဘောကျတဲ့ လူတွေအတွက်တော့ စိတ်ပျက်စရာတော့ မဖြစ်စေပါဘူး။

အဆာပြေစေတဲ့ရုပ်ရှင်တစ်ကားပါပဲ။
Jude Law, Natalie Portman,Rachel Wesiz တို့လို ဟောလိဝုဒ်က နာမည်ရှိ သရုပ်ဆောင်တွေကိုတောင် သုံးထားနိုင်ခဲ့တယ်။

အမေရိကန် သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ ဝေါင်ကာဝေးရဲ့ အငွေ့အသက်က ပျောက်မသွားခဲ့ပါဘူး။

သူ့ရဲ့ အညံ့ဆုံးလက်ရာလို့ဆိုကြပေမယ့် လှတုန်းပတုန်းပါပဲ။

ကဗျာဟောင်းလေးထဲကလို
“မထားခဲ့ဖို့ဆိုင်းညှို့တောင်းပန်ရင်း အုန်းလက်နွားလိုကျန်ခဲ့ရသူ”တို့အတွက် ဘလူးဘယ်ရီညများဟာ
ဘတ်စ်ကားမှတ်တိုင်ကလေးကိုဖြစ်စေ

မာဘိုရိုအနီတစ်ဘူးကိုဖြစ်စေ ထပ်ဖန်မြင်ခွင့်မရှိတော့တဲ့ မျက်နှာကလေးကိုဖြစ်စေရီဝေဝေ သတိရမိစေနိုင်မယ့်ဘယ်ရီပြာရောင်အိပ်မက်တစ်ခုပါပဲ။

Quality__1080p, 720p

Duration__01:30:00

Type__Drama , Romance

Download Link


..... Thank For Watching ......

 

Kung Fu Tootsies (2007)

တွတ်စီလေးတွေဆို ရယ်ရတာ အားလုံးအသိပါ။ဒီတစ်ခါ တွတ်စီကတော့ ရိုးရိုးတွတ်စီ မဟုတ်ဘဲ ကွန်ဖူးတွတ်စီပါ။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။

ရွှေနဂါးဂိုဏ်းမှာ အမွှာသားနှစ်ယောက်ရှိတဲ့အနက် တစ်ယောက်က ဘုန်းကညာတစ်ပါး လုံးရာက ပြားနေခဲ့ပါတယ်။(ဘုန်းပြားလေးပေါ့)

သားကြီးဖြစ်သူက ဂိုဏ်းခေါင်းဆောင်ဖြစ်ခါနီးမှာပဲ ရန်သူတွေလက်ချက်ကြောင့် လက်ပြတ်သွားတဲ့အခါမှာတော့ .....ဒီကိစ္စကို ဖုံးဖိဖို့အတွက် အမွှာညီဖြစ်တဲ့သူကို ဂိုဏ်းခေါင်းဆောင်အဖြစ်ဟန်ဆောင်ခိုင်းရတဲ့အခါ

ဘုန်းပြားလေး အဖို့ ဂန်းစတားခေါင်းဆောင်အဖြစ်ဟန်ဆောင်ရပြီးနောက် ကြုံတွေ့ရတဲ့အလွဲလွဲအချော်ချော်လေးတွေကို အူတက်မတတ်ခံစားရအောင်ရိုက်ပြထားတာမို့ ဟာသကားကြိုက်တဲ့သူတွေအနေနဲ့လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

File size… 1.7GB 
Quality….WEB-DL 1080p 
Download link

...... Thank For Watching...... 


 

The Legend (TV series)

The Story Of First Four God ( 2007 ) 

HD Quality 720p

The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကို
ပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ
"မြင့်မြတ်သူတို့နှလုံးသား" နာမည်နဲ့ 
ပြသသွားခဲ့တဲ့သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ်။

ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့) 
ဘေယောင်ဂျွန်း နဲ့ 

The Penthouse ဇာတ်ကားထဲမှ
မင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်

ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေသိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ်။

ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင်ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ်။ သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီးကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ်။

ကောင်းကင်ဘုံဘုရင်ရဲ့သားတော် 
ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေ
အေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ်။
သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကို တိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ, မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ်။

သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေလာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို မီးငှက်စွမ်းအင်ကိုပေးခဲ့ပြီး တောင်ဖက်အရပ်ကို စောင့်ရှောက်စေခဲ့ပါတယ်။

အဖြစ်အပျက်များစွာဖြစ်ပျက်ပြီးနောက် ဟွမ်ဝန်းဟာနောင်နှစ်‌ပေါင်း ၂၀၀၀ မှာ ဂျူရှင်းပြည်ရဲ့ဘုရင်အသစ်
မွေးဖွားလာမယ်ဟုနိမိတ်ဖတ်ပြီးကောင်းကင်ဘုံသို့ပြန်သွားခဲ့ပါတယ်။

ဂျူရှင်းဘုရင်ဟာအရှေ့အနောက်တောင်မြောက်ကနတ်မင်းလေးပါး အကူအညီနဲ့ ဂျူရှင်းပြည်ကိပြန်လည်တည်ထောင်နိုင်မလားဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။

သူ့ခေတ်နဲ့သူအချိန် အဆင့်မှီမှီရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ IMDb 8.1 နဲ့ရပ်တည်ခဲ့ပါတယ်။

ဒီဇာတ်လမ်းကိုနှစ်သက်တဲ့သူတွေ ဘယ်လောက်မှတ်မိကြလဲ? မကြည့်ရသေးတဲ့လူတွေကို လက်တို့ပေးဖို့အတွက် ဝိုင်းပြီးဆွေးနွေးပေးကြပါဦးနော်။
Download link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24 (END)

 🅒🅞🅜🅟🅛🅔🅣🅔



 

Bollywood ဖန်တွေအတွက် ပေါ့ပေါ့ပါးပါး တခွီးခွီး နဲ့ ဟားရမယ့် ဟာသ ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေကတော့ မင်းသားကြီး Snajay Dutt, ဟာသကားတိုင်းလိုလို ပါနေကျ ဖြစ်တဲ့ Riteish Deshmukh , Arshad Warsi တို့က ဓိကပါဝင်ထားပြီးတကားလုံ နားချိန်မရအောင် ရယ်နေရမယ်ဆိုတာ အာမခံပါတယ်။ဇာတ်လမ်းလေးကတော့ အလုပ်လက်မဲ့ ဘော်ဒါ လေးယောက်ဖြစ်တဲ့Roy, Adi, Boman နဲ့ Madav တို့ဟာ တစ်နေ့ မှာ အက်ဆီးဒန့် ဖြစ်သွားတဲ့ လူတစ်ယောက်ကို ကူညီဖို့ သွားပေမယ့် ထိုသူက သူ့အခြေအနေ သူသိပြီးမသေခင်မှာ သူဖွက်ထားခဲ့တဲ ပိုက်ဆံ သန်း၁၀၀ ရှိတဲနေရာကို ပြောပြခဲ့တယ်သူငယ်ချင်းလေးယောက်ခွဲယူဆိုပြီးတော့ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီလူက ရာဇဝတ်သားဖြစ်လို့ သူ့ကို လိုက်ဖမ်းနေတဲ့ရဲနဲ့ သူတို့ ပက်ပင်းမိပြီး ပြသနာတွေ တက်လာပါတော့တယ်ဒီအချိန်မှာတော့ ဘာတွေဆက်ဖြစ်ပြီးဘယ်လိုတွေခွီနေရမလဲဆိုတာကိုယ်တိုင်သာကြည့်လိုက်ပါတော့။


Download Link

Followers

Slider

5/Teste Menu 7/slider
MM Official