The Legend (TV series)

The Legend (TV series)

The Story Of First Four God ( 2007 ) 

HD Quality 720p

The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကို
ပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ
"မြင့်မြတ်သူတို့နှလုံးသား" နာမည်နဲ့ 
ပြသသွားခဲ့တဲ့သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ်။

ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့) 
ဘေယောင်ဂျွန်း နဲ့ 

The Penthouse ဇာတ်ကားထဲမှ
မင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်

ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေသိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ်။

ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင်ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ်။ သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီးကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ်။

ကောင်းကင်ဘုံဘုရင်ရဲ့သားတော် 
ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေ
အေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ်။
သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကို တိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ, မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ်။

သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေလာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို မီးငှက်စွမ်းအင်ကိုပေးခဲ့ပြီး တောင်ဖက်အရပ်ကို စောင့်ရှောက်စေခဲ့ပါတယ်။

အဖြစ်အပျက်များစွာဖြစ်ပျက်ပြီးနောက် ဟွမ်ဝန်းဟာနောင်နှစ်‌ပေါင်း ၂၀၀၀ မှာ ဂျူရှင်းပြည်ရဲ့ဘုရင်အသစ်
မွေးဖွားလာမယ်ဟုနိမိတ်ဖတ်ပြီးကောင်းကင်ဘုံသို့ပြန်သွားခဲ့ပါတယ်။

ဂျူရှင်းဘုရင်ဟာအရှေ့အနောက်တောင်မြောက်ကနတ်မင်းလေးပါး အကူအညီနဲ့ ဂျူရှင်းပြည်ကိပြန်လည်တည်ထောင်နိုင်မလားဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဘဲဖြစ်ပါတယ်။

သူ့ခေတ်နဲ့သူအချိန် အဆင့်မှီမှီရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ IMDb 8.1 နဲ့ရပ်တည်ခဲ့ပါတယ်။

ဒီဇာတ်လမ်းကိုနှစ်သက်တဲ့သူတွေ ဘယ်လောက်မှတ်မိကြလဲ? မကြည့်ရသေးတဲ့လူတွေကို လက်တို့ပေးဖို့အတွက် ဝိုင်းပြီးဆွေးနွေးပေးကြပါဦးနော်။
Download link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24 (END)

 🅒🅞🅜🅟🅛🅔🅣🅔



 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official