သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
PointBreak(2015)
✩⋆Lost In Hong Kong (2015)✩⋆
ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် တရုတ်ဟာသ ဇာတ်ကားလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
၁၉၉၀ နှစ်လယ်ပိုင်းကာလ မြင်ကွင်းနဲ့အတူ အနုပညာကျောင်းသားလေး ရှုလိုင်နဲ့ ရန်ယိတို့က ချစ်သူတွေဖြစ်ကြပြီး ပထမဆုံး အကြင်နာတောင်မပေးရသေးခင်မှာ ရန်ယိဟာ ဟောင်ကောင်မှာရှိတဲ့ တရုတ်တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ခဲ့ရကာ ရှန်ဟိုင်းကို လုံးဝပြန်မလာတော့ပါဘူး။ ဒီလိုနဲ့ နှစ်နှစ်ဆယ်နီးပါးကြာသွားပြီးနောက်မှာ ရှုဟာကတုံးပြောင်ပြောင်ပုံစံနဲ့ ဖြစ်နေပြီး အမျိုးသမီးအတွင်းခံ အင်္ကျီဒီဇိုင်နာအလုပ်ကိုလည်း တော်တော်ကို ငြီးငွေ့နေကာ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ အရင်က သူ့စိတ်ကူးအိပ်မက်တွေတောင်မေ့ပျောက်ကုန်ပါပြီ။
အခုဆိုရင် သူချစ်ရတဲ့ ဇနီးသည် ချိုင်ဘိုနဲ့ ဘဝလမ်းအတူ လျှောက်နေတာတောင်မှ သူ့စိတ်ထဲမှာတော့ အမြဲအမှတ်ရနေတာကတော့ ရန်ယိကိုပါပဲ။ ရှုလိုင်နဲ့ ချိုင်ဘိုနှစ်ယောက်ဟာ သားသမီး မရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေကြပါတယ်။တစ်ရက်မှာတော့ ဟောင်ကောင်မှာရှိတဲ့ ချိုင်ဘိုရဲ့ မိသားစုတွေဆီကို သွားလည်ခဲ့ပြီး ဟောင်ကောင်ကို ရောက်တုန်းရောက်ခိုက် သူစိတ် မကုန်သေးတဲ့ ရန်ယိကို တိတ်တဆိတ်သွားတွေ့ဖို့ ရှုလိုင်ကြံစည်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း ရှုလိုင်ရဲ့ စိတ်ကူးတွေဖျက်ဆီးမယ့်သူကတော့ ယောက်ဖငတုံးကောင်လေး ချိုင် လာလာပါ။ ရှုလိုင်သွားရာနောက် တစ်ကောက်ကောက် ပါနေပြီး လက်ထဲမှာ ဗီဒီယိုကင်မရာကိုင် ပြီး မှတ်တမ်းရုပ်ရှင်အတွက် မြင် ကရာ လျှောက်ရိုက်နေတာမို့ ရှု လိုင်အတွက် အတော်ကိုစိတ်ရှုပ် စရာပါ။
ဒီလိုနဲ့ လျှောက်သွားရင်း ဗီဒီယိုကင်မရာကြောင့်ပဲ ပြဿနာစ ပါတော့တယ်။ အဲဒါကတော့ ချိုင် လာလာရဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ လူဆိုးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေပါ သွားရာကနေ လူဆိုးအဖွဲ့တွေ သူ တို့နောက်လိုက်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ။
ရှုလိုင်တစ်ယောက် အချစ်ဟောင်းနဲ့ကော ပြန်တွေ့ရမလားဆိုတာ စောင့်မျှော်ကြည့်လိုက်ပါဦးနော်။
အညွှန်း
2015 ခု နှစ်ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကား အမိုက်စား ဖြစ်ပါတယ်…ဒါရိုက်တာ Jalmari Helander က
ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးဖြစ်ပါတယ်။
အမေရိကန်တွေအနေနဲ့လည်း သမ္မတ ကို ပဲဇာတ်လမ်းတည်ပြီးရိုက်ရတာသိပ်အားရနေကြလားတော့မသိဘူး..White House Down တို့ olympus has fallen တုန်းကလည်း အိမ်ဖြူတော်ကို စိစိညက်ညက်ကြေနေအောင်ရိုက်ပြထားခဲ့ပြီးပြီ..အခုလည်း ဒီဇာတ်လမ်းမှာ သမ္မတ ကို လိုက်လံလုပ်ကြံသတ်ဖြတ်တဲ့ ဇာတ်ကြောင်းနဲ့ ရိုက်ပြထားပါတယ်..အကောင်းမွန်ဆုံးရိုက်ပြထားခြင်းဖြစ်ပါတယ်.။ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ Campsite နားလေးမှာ သမ္မတ လေယာဉ်ဟာပစ်ချခံလိုက်ရပါတယ်..အဲ့မှာ ကောင်လေးက သမ္မတကြီးကို ကယ်ဆယ်ပြီးတဲ့နောက်မှာတော့..ထပ်ပြီးလိုက်လာတဲ့ လိုက်လံသတ်ဖြတ်တဲ့သူတွေလက်က 2ယောက်လုံးလွတ်အောင်ပြေးရပါတော့တယ်။
စိတ်ဝင်စားမှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အက်ရှင်ကောင်းကောင်းကြိုက်သူတွေအတွက်တော့ကြည့်သင့်တဲ့ဇာတ်ကားမျိုးဖြစ်ကြောင်းအသိပေးလိုက်ပါတယ်
Download link
Monster Hunt(2015)သည် စိတ်ကူးယဉ် ဟာသ ဇာတ်ကား အမျိုးအစား ဖြစ်ပြီးလူနှင့် အန်နီမေးရှင်း ကာတွန်းဇာတ်ကောင်များ ပေါင်းစပ် ရိုက်ကူးထားပြီးဟူဘာဟု ခေါ်သည့် သရဲလေး တစ်ကောင် အကြောင်း ဇာတ်လမ်းဖြစ်သည်။အဆိုပါဇာတ်ကားကို ၂၀၀၇ က ဟောလိဝုဒအန်နီမေးရှင်း ရုပ်ရှင်ကား ဖြစ်ပြီး၊