Showing posts with label 2012. Show all posts
Showing posts with label 2012. Show all posts

Katy Perry Part of Me(2012)

ဒီဇာတ်ကားလေးကတော့ အခုချိန်မှာ ကမ္ဘာကျော်ဖြစ်နေပေမဲ့ အရင်က ဒုက္ခမျိုးစုံ ကို ခံစားခဲ့ရတဲ့ အဆိုတော်မလေး Katy Perry ရဲ့အကြောင်းကို ဖွဲ့နွဲ ရိုက်ကူးထားတာဖြစ်ပါတယ်။

ငယ်ငယ်က Katy ဟာ pop music ကိုအရမ်းနှစ်ခြိုက်သူ တစ်ဦးပါ ဒါပေမဲ့ မိဘတွေက သင်းအုပ် တွေဖြစ်ခဲ့တော့ ဓမ္မတေး တွေသာနားထောင်ရ/ဆိုခဲ့ရပါတယ် ဒါ့အပြင် သူမရဲ့ ပထမဆုံး Album ကိုလည်း Katy Hudson ဟူသောအမည်ဖြင့် သူမမိဘတွေကြောင့်ဓမ္မတေး ဖြင့်သာ ထုတ်ခွင့်ရခဲ့ပြီး အရှုံးပေါ်ခဲ့ပါတယ်။

Recordings Label တော်တော်များများကလည်းသူမနဲ့စာချုပ်ချုပ်ဆိုဖို့ ပယ်ချခံခဲ့ရပါတယ်။ အဲ့ဒီအခြေအနေ တွေကနေ ကျော်လွားနိုင်လာတော့pop star တစ်ယောက်ဖြစ်လာချိန် ၂၀၁၀ ခုနှစ်မှာ comedy movie actor ဖြစ်တဲ့ Russell Brand နဲ့ လက်ထပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်မှာ Katy ရဲ့ California Dreams World Tour လုပ်နေတုန်း သူမယောက်ျား ရဲ့ ရုတ်တရက် လမ်းခွဲခြင်းကိုပါခဲခဲ့ရပါတယ်။

သူမအဲ့ဒီလို အခြေအနေတွေကနေ ဘယ်လိုမျိုး အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အဆိုတော်မလေး ဖြစ်လာသလဲဆိုတာကို လေ့လာ အတုယူ မှတ်သားဖွယ်ရာ ကြည့်ရှုကြရမှာဖြစ်ပါတယ် ဇာတ်လမ်းအမျိုးအစားကတော့ Long Music Video/Documatry အမျိုးအစားဖြစ်ပါတယ် Director တွေကတော့ နာမည်ကျော် တွေဖြစ်ကြတဲ့ Jane Lipsitz နှင့် Dan Cutforth တို့ပဲဖြစ်ပါတယ်။
Download link


...... Thank For Watching...... 

 

Ek Tha Tiger (2012)

ဒီကားလေးကို ပရိတ်သတ်တွေအကြိုက်တွေ့မယ့် ထင်မယ်ထင်လို့ တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် သူလျှို တွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ။

Tiger (ဆလက်မန်ခမ်း) ဟာအိန္ဒိယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရသူဖြစ်ပါတယ်။

သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလျှို ISIS များအားနှိမ်နင်းရမည်ဖြစ်ပါတယ်။

တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ်။

ဒီတစ်ခါမှာတော့ Tiger ဟာ ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကိုစတင်စုံးစမ်းခဲ့ပါတယ်။

ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ်။

Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်းတွေ့ဆုံခဲ့ပါသေးတယ်

ဒီနေရာမှာတော့ zoya (ကတ္ထရီနာ ကေ့ဖ်) အကြောင်းလည်း ပြောပြချင်ပါတယ်Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီးအက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါ။

ဒီဇာတ်လမ်းမှာတော့Tiger တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမှာလား

ပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မှာလား..

Tiger နှင့် zoya တို့၏ ဘ၀တို့ရှေ့ဆက် ဘာတွေဆက်ဖြစ်ကြမှာလဲ....ဆိုတာဒီကားလေးမှာ ကြည့်ရှု့ပေးကြပါဦးလို့...


File Size : (950 MB)

Quality : Blu-Ray 720p

Running Time : 2hr 12min

Genre :Action, Romance


Download Link


..... Thank For Watching ......


 

26 Years (2012)

တစ်ခါတုန်းက အပြစ်မဲ့ပြည်သူပေါင်းများစွာကို အစုပြုံလိုက်သတ်ဖြတ်ပြီးနိုင်ငံရဲ့သမ္မတရာထူးကို ရယူခဲ့တဲ့ ရာထူးကြီးပုဂ္ဂိုလ်တစ်ယောက်ရှိခဲ့တယ်။

- သမီးလေးအတွက် နာမည်ရွေးနေတုန်း Head shot နဲ့ သေဆုံးခဲ့ရတဲ့ မိခင်
- ဆန္ဒပြရင်း ပစ်ခတ်မှုတွေဖြစ်လို့ မောင်လေးကို
ဘေးကင်းရာပို့ဖို့ပြေးရင်းနဲ့ ဗိုက်ပွင်သွားခဲ့ရတဲ့ ကျောင်းသူလေး
- စစ်သားအရာရှိတစ်ယောက်ဖြစ်နေပြီး လူတွေကိုသတ်ရတာ မရှက်ဖူးလားလို့မေးရင်း ပစ်သတ်ခံထိသွားတဲ့ ၈ နှစ်အရွယ်ကလေးရဲ့ဖခင်

ဒီလိုအပြစ်မဲ့ပြည်သူပေါင်းများရဲ့ အသက်တွေကိုချနင်းပြီးမတရားအာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်....

ဒီဖြစ်ရပ်တွေဟာ ၁၉၈၀ ခုနှစ်တုန်းက
​ကိုရီးယားနိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တာတွေပါ။

Gwangju Uprising မှာဖြစ်သွားခဲ့တဲ့ဒီကိစ္စတွေဟာ ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့အာဏာသိမ်းခဲ့တဲ့သူကလည်း ဇိမ်ခံပစ္စည်းတွေနဲ့ပြည့်စုံနေတဲ့ဘဝမှာ ပြည့်စုံစွာနေနေပြီးလူတွေလည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြပြီဗျ

ဒါပေမယ့် ....

"Axe forgets but the tree remembers" ဆိုတဲ့စကားလိုပေါ့

အချိန်​တွေ ဘယ်လောက်ကြာကြာဒီဖြစ်ရပ်ကို ဘယ်တော့မှမေ့မှာမဟုတ်တဲ့သူတွေကတော့ 
တစ်နေရာစီမှာ ဘဝတစ်ခုစီနဲ့ရှိနေခဲ့ကြတယ်။

အားလုံးမှာ ဒဏ်ရာတွေကိုယ်စီရှိနေခဲ့ကြတော့
လူတစ်ယောက်ရဲ့ အကူအညီနဲ့ ဒီဒဏ်ရာတွေကိုချွေးသိပ်ဖို့အတွက်တူညီတဲ့ရည်ရွယ်ချက်ထားပြီး အလုပ်တစ်ခုကို လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။

ဘုံရန်သူကို ချေမှုန်းဖို့ မစ်ရှင်ပေါ့ဗျာ။

ဒီလောက်ဆိုရင်တော့ ဒီကားကိုကြည့်သင့်လားမကြည့်သင့်လား...ခင်ဗျားတို့ဆုံးဖြတ်လို့ရနေပါပြီ။

ကိုရီးယားအက်ရှင်ကားဆိုတဲ့အတိုင်း ကြည့်ကောင်းမကောင်းကတော့ ညွှန်းစရာကိုမလိုပါဘူး....

ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂိုဏ်းကလူမိုက်တွေနဲ့ ရှယ်ကိုချကြမှာ။နိုင်ငံရေးဖြစ်ရပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ကားဖြစ်တဲ့အပြင်လူတွေကို သတ်ဖြတ်ခဲ့တဲ့ အာဏာရှင်တစ်ဦးကို ကလဲ့စားချေဖို့ကြိုးစားပုံတွေရိုက်ကူးထားတဲ့ကားဆိုတော့ ပိုကောင်းပေါ့ဗျာ....

ဒါပေမယ့် ခင်ဗျားဟာ ကိစ္စတိုင်းအတွက်
Perfection ဆိုနဲ့စကားလုံးကို မျှော်လင့်နေမယ်ဆိုရင်တော့ရုပ်ရှင်ကိုပိတ်ပြီး အိပ်သာအိပ်ချလိုက်ပါ...

Perfection ဆိုတဲ့ စကားလုံးက အိပ်မက်ထဲမှာပဲရှိတာဒီကားကို အဆုံးထိကြည့်ပြီးရင်တော့ ခင်ဗျားခေါင်းထဲမှာ တွေးစရာတွေ တစ်သီကြီးကျန်ခဲ့အောင်လုပ်ပေးနိုင်တယ်လို့တော့ ရဲရဲကြီးအာမခံတယ်ဗျာ။

File size…2.5 GB and 1.5 GB

Quality….WEB-DL 1080p and 720p

Duration….2h 15min
Download Link


..... Thank For Watching ......

 

Project X (2012)

ဒီတစ်ခါ ပရိတ်သတ်တွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားကို
ပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်။

အပျော်တွေကူးစက်လာမယ့် ဇာတ်ကားဖြစ်သလို
အနောက်တိုင်းယဉ်ကျေးမှု၊ခံယူချက်နဲ့ လွတ်လပ်မှုတွေကို တစ်စိတ်တစ်ဒေသ ခံစားရမှာပါ။

ဇာတ်လမ်းကို အနည်းအကျဉ်းပြောရရင်

အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာ သောမတ်စ် တစ်ယောက် မိဘတွေကလည်း ခရီးသွားနေတုန်း သူ့သူငယ်ချင်း အနည်းငယ်နဲ့ မွေးနေ့ပါတီလေးတစ်ခု
ကျင်းပဖို့ စီစဉ်ပါတယ်။

ဒါပေမဲ့ ကျန်တဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လက်မခံပဲ ဒီလို ပါတီဆိုတာ လူများရင်ကောင်းတဲ့ အကြောင်း ဖျောင်းဖျပြီး တစ်ခြားလူတွေကို ထပ်မံဖိတ်ခေါ်ပါတော့တယ်။

အဲ့ဒီမှာပဲ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရောက်လာပြီး ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်တော့ပါတယ်။ သောမတ်စ် ရဲ့ အိမ်လည်း ရစရာမရှိအောင်ပျက်စီးသွားပါတော့တယ်။

သူ့မိဘတွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သောမတ်စ် တစ်ယောက်ဘယ်လို ဖြေရှင်းမလဲ....

ဘယ်လိုတွေ သောင်းကျန်းကြမလဲဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

မိသားစုနဲ့ကြည့်ရင်တော့ ခေါင်းခေါက်ခံရမယ့်ဇာတ်ကားပါ။🤣🤣

File size…(1.7 GB) and (1 GB)

Quality….Extended BluRay 1080p and 720p 5.1CH

Duration….01:30:00
Download Link



..... Thank For Watching ......

 

The Bullet Vanishes (2012) 

2012 ခုနှစ်ကထွက် ရှိထားတဲ့ ထိုင်၀မ် ဟောင်ကောင် စုံထောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

သဲထိပ်ရင်ဖိုကြိုက်ပရိတ်သတ်တွေကတော့ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ။

ဇာတ်လမ်း အကျဉ်းလေးကတော့ 

မိုးတွေ ရွာနေတဲ့ ညတစ်ညမှာ ရှန်ဟိုင်း လက်နက်စက်ရုံက နေ ကောင်မလေးတစ်ယောက်ဟာသေတ္တာတစ်လုံးကို ခိုးယူသွားခဲ့ပါတယ်။

ခိုးယူသွားခဲ့ တဲ့ သေတ္တာထဲမှာ ရုရှားတွေရဲ့ ကျည်ဆန်တွေ ပါနေတာကို သိလိုက်ရတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမှာလဲ......

ဟောင်ကောင် နဲ့ ထိုင်၀မ် ရဲ ဌာန တွေကကော သူတို့နယ်ဖက်ရောက်လာတဲ့ ဒီသေတ္တာကို ဘယ်လိုတွေ များ ဖြေရှင်းကြမလဲ ဆိုတာကိုတော့  ဇာတ်ကားလေးမှ ကြည့်ရှုကြပါဦးနော်......

File Size : (953 MB)

Running Time : 1h 48m

Download Link


..... Thank For Watching ......

 

Abraham Lincoln: Vampire Hunter (2012)

ဇာတ်လမ်းကတော့ 1800 ကျော် နှစ်တွေက အမေရိကန်ရဲ့ အချိန်နဲ့ အေဘရာဟမ် လင်ကွန်းကို အခြေခံထားပါတယ်။

လူတိုင်း အေဘရာဟမ်လင်ကွန်း ကို ကြားဖူးကြမှာပါ။ အမေရိကန်ရဲ့ အထင်ကရ သမ္မတကြီးဖြစ်သလို သိပ်ကို တိုင်းပြည်အတွက်အလုပ်လုပ်ပေးခဲ့သူပါ ဒါပေမဲ့ သူ့ကို ဒီကားထဲမှာတော့ Vampire ဖမ်းသူအဖြစ်နဲ့ သရုပ်ဖော်ထားပါတယ်။

လင်ကွန်း ငယ်ဘဝမှာ ဆင်းရဲပြီးနေခဲ့ရပေမဲ့ မိဘနှစ်ပါးနဲ့ပျော်ရွှင်နေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်စနစ်က ရှိနေသေးတော့ ကိုယ်က ကျွန်မဟုတ်ကြောင်းအမြဲပြောနေရပါတယ်။

သူတို့မိသားစုက ပြဿနာတခုထဲပါမိရင်း လင်ကွန်းအမေဟာ Vampire တစ်ယောက်ရဲ့ သတ်တာခံခဲ့ရပါတယ်။လင်ကွန်းက သူကြီးလာပြီး မိဘမဲ့တဲ့အခါ ကလဲ့စားချေဖို့ ကြိုးစားရင်း Vampire တွေတကယ်ရှိမှန်းသိလာခဲ့ပါတယ်။

သူ့ကို Vampire ဖမ်းသူအဖြစ် ကျွမ်းကျင်အောင်သင်ပေးသူနဲ့ဆုံပြီး Vampire တွေဘယ်လောက်တောင် ကြီးစိုးနေသလဲ သိလာရတယ်။ အမေရိကား တောင်ပိုင်းတခုလုံးဟာ သူတို့နဲ့ပြည့်နေပြီး ကျွန်တွေက အမြဲဓားစာခံဖြစ်နေမှန်း မြောက်ပိုင်းကိုလဲ နယ်ခဲ့လာကြမှန်း သိခဲ့ရတယ်။

သူဟာ Vampire Hunter ဘာမှမရှိတဲ့သူတစ်ယောက်ကနေ အမေရိကန်သမ္မတ ဘယ်လိုဖြစ်လာမလဲ? Vampire တွေကို ဘယ်လိုနှိမ်နှင်းမလဲ သူ့သက်တမ်းမှာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးကရော ဘာကြောင့်လဲ ဘယ်လိုဖြစ်သွားခဲ့လဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရမှာပါ။

Quality: Blu-ray 1080p 5.1CH, 720p, 480p

File Size: File Size: (2.7 GB), (768 MB) and (450 MB)


Duration……..: 1h 45min
Download Link

..... Thank For Watching......


 

Asterix & Obelix: Mission Cleopatra (2002)

ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်။

ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်။ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်။

၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့။ ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ…အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး။ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ။😅😅😅

၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။

ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသ စွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ။

(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။)Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။

Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ။ 

File size…2.1GB and (1.2 GB)

Quality…BluRay 1080p & 720p 5.1CH (HEVC Encode)

Duration….01:48:00
Download Link

...... Thank For Watching...... 


 

Rise of the Guardians (2012)

အညွှန်း 

Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီး
November 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေးဖြစ်တဲ့Rise of the Guardians (2012) Animation ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ...

ဇာတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်။

တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်...

ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူး။ဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်
ဆန်တာကလော့ တို့ အက်စတာဘန်နီ တို့ အပြင် အိပ်မက်ဖန်ဆင်းရှင် သဲလူသား နဲ့သွားနတ်သမီး တို့ ကို တွေ့ဆုံလိုက်ရပြီး...

၎င်းတို့ နဲ့ အတူ ကလေးတွေ ရဲ့ ပျော်ရွှင်မှု ယုံကြည်မှု ကိုလိုက်လံ ဆောင်ရွတ်နေရင်း နဲ့ ကလေးတွေ ကို ညဘက် အိပ်မက်ဆိုးတွေ ပေးမက်နေတဲ့Dream Worker နတ်ဆိုး ရဲ့ ညစ်ပတ်လှတဲ့ လှည့်ကွက်တွေနဲ့ သူတို့ အဖွဲ့ တွေ့ကြုံလိုက်ရတဲ့အခါ…ဘာတွေဆက်ဖြစ်ကြမလဲ...ကိုယ်တိုင်သာကြည့်ရှု့လိုက်ပါလို့...

Quality: HEVC 1080p 5.1 and 720p

File Size : 2.9GB and 900MB

Duration: 1h 37m
Download Link

...... Thank For Watching...... 

 

Oh My God [2012] 
ဒီဇာတ်ကားလေးကတော့ ကြည့်တိုင်းမရိုးရတဲ့ အတွေးအခေါ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအရတော့ မစ္စတာကမ်ဂျီ ဆိုသူဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး ကိုးကွယ်မှုအပေါ်လည်း လက်တလုံးခြား အမြတ်ထုတ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူရဲ့ ဆင်းတုတော်ဆိုင်လေး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့် မစ္စတာကမ်ဂျီ ဟာ အာမခံကုမ္ပဏီရဲ့ လျော်ကြေးကို သွားရောက်တောင်းခံခဲ့ပါတယ်။ သို့သော် ဒီပျက်စီးမှုဟာ ဘုရား ကို မယုံကြည်မှု စော်ကားမှုကြောင့် ဖြစ်ရသည်ဟု ငြင်းဆိုမှုကြောင့် မစ္စတာ ကမ်ဂျီလည်း အာမခံကြေးမရှိခဲ့ပေ။ဤသို့သော အကြောင်းတွေကြောင့် မစ္စတာကမ်ဂျီဟာ ဘုရားကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေကို ဆင့်ခေါ်စေပြီး ဘုရား၏ ဖန်တီးမှုကြောင့် သူ့ဆိုင် ပြိုပျက်ရခြင်းဖြစ်ကြောင်း ရှင်းပြရင်း တရားဆိုင်စေခဲ့ပါတယ်။ ဒီကားလေးရဲ့ အနှစ်သာရကတော့ လေးနက်လွန်းလှပြီး ဘာသာမဲ့တစ်ဦး၏ တရားဆိုင်မှုတွေက စိတ်၀င်စားစရာကောင်းလာခဲ့ ပါတယ်။ မစ္စတာကမ်ဂျီရဲ့နိဂုံး ဘယ်လို အဆုံးသတ်ခဲ့မလဲ။ တရားရေးဆိုင်မှုတွေက အောင်မြင်လာခဲ့မလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုရင်း တွေးဆလာမိမှာပါ။ဘာသာရေး တစ်ခုရဲ့ယုံကြည်မှုက နှလုံးသားက မွေးဖွားလာခြင်းဖြစ်ပြီး အယောင်ဆောင် ကိုးကွယ်မှုတွေကို ဒီဇာတ်ကားလေးက ကောင်းကောင်းကြီးသရော်စေခဲ့ပါတယ်။ ထို့ပြင် သန့်ရှင်းတဲ့ဘာသာရေးအပေါ် အသုံးချနေသူတွေရဲ့ သဘောသဘာ၀နှင့် စကားတစ်ခွန်း၏ ညွန်းဆိုပုံတွေကလည်း ကွက်ကွက်ကွင်းကွင်းရှိလှတာကြောင့် ကြည့်ရှုရင်း အကျိုးရှိလှစေသည့် ဇာတ်ကားဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ပရိသတ်ရဲ့ အားပေးမှူကို ကြည့်ပြီး Oh My God 2 ကို ဆက်တင်သင့် မတင်သင့် Comments မှာရေးသွားပေးဦး။
Download link

 

            The Campaign (2012)
ယခုတခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Comedy ကားလေးတစ်ကားဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲတွေ ကျင်းပပြီးတာနဲ့အပြိုင် ဒီဇာတ်ကားလေးကို အချိန်မီ တင်ဆက်ပေးလိုက်ပါတယ်။

ဒီကားလေးက ၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး The Champaignလို့ အမည်ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံမြောက်ပိုင်း ကယ်လ်လိုရိုင်းနားပြည်နယ်ကို အခြေခံပြီး ရိုက်ကူးထားခဲ့တဲ့ ဇာတ်ကားလေး တစ်ကားပါ။

ဒီဇာတ်လမ်းလေးထဲမှာတော့ အမေရိကန်နိုင်ငံ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၂ယောက် ဘယ်လိုအလွဲလေးတွေနဲ့
လုပ်ဆောင်သွားကြမယ်ဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားလေးထဲမှာ Hangover ဇာတ်ကားရိုက်ကူးခဲ့တဲ့ မင်းသား Zach Galifianakis ပါ၀င်ထားတဲ့ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကမ်ဘရိုဒီက နာမည်ရပြီးသားကိုယ်စားလှယ်တစ်ယောက်ပါ….
သူက သု့အလုပ်မှာ သိပ်ပြီးတော့အာရုံစိုက်လေ့လည်းမရှိတဲ့သူပေါ့…. တော်ကီကတော့ အရမ်းကြွယ်ပါတယ်….
ဒီလိုနဲ့ ရွေးကောက်ပွဲစတင်မယ့်အချိန်ရောက်လာပါတော့တယ်။ သူက ကိုယ်စားလှယ်တစ်ယောက်တည်း မို့လို့ အပြတ်အသတ်ပဲဆိုတာ သူသိနေပါတယ်။

ဒါပေမယ့် ….. မစ်ခ်ျ ညီနောင်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်နစ်ယောက်က တရုတ်တွေနဲ့ စပ်တူ လုပ်ဆောင်ပြီးတော့ မြောက်ပိုင်းကယ်လိုရိုင်းနားမှာ
အမြတ်အစွန်းရနိုင်တဲ့အကွက်ကို တွေ့ပြီး ကမ်ဘရိုဒီကိုနိုင်မယ့် သူတို့ ဘက်တော်သား ကိုယ်စားလှယ်တစ်ယောက်ကို ရွေးချယ်လိုက်ပါတော့တယ်…..

သူကတော့ မာတီ ဟက်ဂင်ပါ…. မင်းသားကြီး Zech ဟာ ကြောင်တောင်တောင်လို့ပဲပြောရမလား ကလေးဆန်ပြီးနွဲ့တဲ့နေရာမှာ အရမ်းတော်တယ်လို့ပဲပြောရမလားမသိပါဘူး…
သူ့ပုံစံကို Hangover ထဲကအတိုင်းတွေ့ရမှာပါ။ ဒီလိုနဲ့ မာတီက အာဏာတစ်ဖြည်းဖြည်း ရလာအောင် မစ်ချ်ညီနောင်ကလုပ်ဆောင်ပေးခဲ့ပါတယ်။
သူတို့နစ်ယောက်က ပြိုင်ဖက်တွေဖြစ်လာကြတာပေါ့။

ကဲ ဒီလောက်ဆိုရင်တော့ သူတို့တွေဘယ်လိုပြိုင်ကြမလဲ… ဘယ်လိုမဲဆွယ်ကြမလဲ…..
တစ်ယောက်နဲ့တစ်ယောက်ကရော ဘယ်လိုအလွဲတွေနဲ့ ပြိုင်ဆိုင်ကြမလဲ ….
မာတီက သူ့ကို မစ်ခ်ျညီနောင်က အမြတ်အစွန်းရဖို့ အတွက်အသုံးချတယ်ဆိုတာ သိခဲ့ချိန်မှာရော …
ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ… တစ်ခိခိ နဲ့ရီနေအောင်ကြည့်ရမယ့်ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်……
               Download link
                       MEGA

       ✩⋆Lost In Thailand (2012)✩⋆
ဟာသ စွန့်စားခန်း တရုတ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်‌ပေးလိုက်ပါတယ်။ဟာသ သရုပ်ဆောင်တွေနဲ့ အဓိကပုံဖော်ရိုက်ကူးထားပြီး မင်းသမီး ဖန်ပင်းပင်းလဲ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။
ဇာတ်လမ်းကတော့ ထိုင်းနိုင်ငံမှာ လိုချင်တာ လာရှာကြတဲ့ တရုတ်နှစ်ကောင်ရဲ့ လွဲချက်က ကမ်းကုန်တဲ့ရွာလည်မှု ဇာတ်လမ်းဖြစ်ပါတယ်။
2015 ခုနှစ်မှာ Lost in Hong Kong ဆိုပြီး ထွက်ရှိခဲ့ပါသေးတယ်။
ကြည့်ချင်သူများအတွက်လည်း link လေးချပေးထားပါတယ်။
                 ⋆Download link⋆
                   GDRIVE / MEGA

အညွှန်း
ရုပ်ရှင်ကား ရဲ့ အစ မှာတော့ ကျနော်တို့လို ကမ္ဘာကြီးမဟုတ်ပဲ
ဆွဲငင်အား ၂ ခု နဲ့ ကမ္ဘာ ၂ ခုဖြစ်နေပါတယ်..
သူတို့ အခေါ်အဝေါ်ကတော့ အပေါ် နဲ့ အောက်ဘက် တဲ့…
တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မြင်နေရပါတယ်…
ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက် သွားလည်ခွင့် လုံး၀ မရှိပါဘူး…
တစ်ရက်မှာတော့ ကောင်လေး တစ်ယောက်ဟာ
အပေါ် သို့ အောက်ဘက် က ကောင်မလေး တစ်ယောက်ကို ချစ်မိသွားပါတယ်
အဲ့ဒီဘက်ကိုလဲ ခိုးခိုးပြီးသွားလည်ပါတယ်…
သူတို့ ၂ ဦး ပေါင်းစည်းဖို့ ကမ္ဘာ နှစ်ခုကိုလဲ ပေါင်းစည်းဖို့ကြိုးစားတာတွေကိုဒီကားလေးထဲမှာ fantasy / Romance ဆန်ဆန်လေးကြည့်ရမှာပါ။
Download link



 

Wednesday Movie ကိုဒီတစ်ခါ Adventure/family ရသနှစ်မျိုးပေးတဲ့ကားလေးကိုရွေးချယ်ပေးထားပါတယ်။

Journey 2 :The Mysterious Island (2012)

ဒီက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိထားပြီးတေ့ာ Journey to the Centre of the Earth နဲ့ ထုတ်လုပ်သူတစ်ဦးတည်း ဇာတ်ကားလည်းဖြစ်ပါတယ်၊ Journey 2 မှာတေ့ာ Sean လို့ ခေါ်တဲ့ကောင်လေး က မြေပုံအတိုင်းထူးဆန်းတဲ့ ကျွန်းကြီးကို သွားရင်းပျောက်ဆုံးသွားတဲ့ သူ့အဖိုးကို ရှာဖို့ ကြိုးစားတဲ့ အကြောင်းရိုက်ကူးထားတာပါ…ဇာတ်လမ်းက ဒီလောက်ပဲ မထူးဆန်းဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ် ပရိသတ်ကြီး…..

ဒါပေမယ့် Journey 2: The Mysterious Island ထူးခြားချက်က Visual Effect တွေ အရမ်းကောင်းတာပါ၊ ပရိသတ်တွေကို ဇာတ်ကားရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဒီ Effect တွေနဲ့ ဆွဲဆောင်ပြီး ဇာတ်ကားနောက်ဆုံးထိခေါ်သွားမှာပါ…The Rock ကြီးရဲ့ ဟာသတွေ၊ အက်ရှင်တွေ၊ ရုပ်တည်ကြီးနဲ့ သရုပ်ဆောင်ပုံတွေကို စွဲမက်တဲ့ သူတွေအတွက်တေ့ာ ကြည့်ပြီးရင်တောင် ထပ်ကြည့်ချင်မယ့် ဇာတ်ကားတစ်ကားဖြစ်မယ် ထင်ပါတယ်…။

ပရိတ်သတ်တွေအတွက် Journey to the Centre of the Earth ကိုလည်းတင်ပေးသွားဦးမှာနော်။

#mmwednesdaymovie

Download link

GDRIVE


Followers

Slider

5/Teste Menu 7/slider
MM Official