Avicii: True Stories (2017)
EDM ကို ပေါ်ပင်ဂီတ၊ အပေါစားဂီတတစ်ခုလို့မြင်နေကြတဲ့ မြန်မာဂီတချစ်ပရိသတ်တွေအတွက် ပကာသနအကင်းဆုံးနဲ့ ဘ၀ကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ပြီး
စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော် DJ တစ်ယောက်ဖြစ်တဲ့ Avicii အကြောင်း ရိုက်ကူးထားတဲ့ Avicii: True Stories ဆိုတဲ့ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
စတော့ဟုမ်းမြို့က ချာတိတ်လေးတစ်ယောက်ဟာ အသက် ၁၇ နှစ်အရွယ်မှာ FL Studios ဆိုတဲ့ Software လေးတစ်ခုကနေ အစပြုပြီး House Music နဲ့ Dance Music လောကမှာ အအောင်မြင်ဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့အသက်အရွယ်နဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေဟာ မိုးနဲ့မြေလိုကွာခြားပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို Levels, Wake Me Up, The Nights စတဲ့ သီချင်းတွေကို အရောက်ပို့ပေးခဲ့သူပါ။
နာမည်ကျော် DJ သမားတွေဖြစ်တဲ့ Laidback Luke, David Guetta လိုလူမျိုးတွေကပါ သူ့ကို ပါရမီရှိပြီး ရိုးရှင်းတဲ့ DJ သမားလို့ ချီးကျူးခဲ့ရတဲ့အထိ သူ့ရဲ့ ဂုဏ်သတင်းက ကျော်ကြားခဲ့သလို အနုပညာသက်တမ်း ၇ နှစ်လောက်အတွင်းမှာ ပွဲပေါင်း ၈၀၀ ကျော်ဖျော်ဖြေခဲ့သူလဲဖြစ်ပါတယ်။
Avicii ရဲ့ဘ၀ဟာ ပရိသတ်တော်တော်များများအတွက်တော့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ Avicii ဟာ ကျန်းမာရေးအခြေအနေဆိုးတွေနဲ့ ရုန်းကန်နေရတာကိုတော့ သူနဲ့ရင်းနှီးတဲ့လူနည်းစုကသာ သိရှိခဲ့တာပါ။
လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပွဲပေါင်းများစွာကို မမောမပန်းပဲဖျော်ဖြေနိုင်ဖို့၊အလုပ်ကို အာရုံသေချာ
စိုက်နိုင်ဖို့အတွက် အရက်သေစာကို ကုထုံးတစ်ခုအဖြစ်အသုံးပြုခဲ့တဲ့ Avicii ဟာ သိပ်မကြာခင်မှာပဲ အရက်အလွန်အကျွံ သောက်ခြင်းရဲ့အကျိုးဆက်အဖြစ် ပန်ကရိယ ရောင်ရမ်းလာခဲ့ပါတယ်။
ဒီဝေဒနာတွေ ကြောင့် ရှိုးပွဲတွေလဲ ဖျက်ခဲ့ရတဲ့အပြင် အလုပ်တွေပါလစ်ဟင်းလာတဲ့အတွက် စိတ်ဓာတ်တွေကျခဲ့သလို အကိုက်အခဲပျောက်ဆေးဒဏ်တွေကြောင့် ပြန်လည်သက်သာဖို့ အတော်လေးအချိန်ယူခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ ဆေးရုံတစ်ခါဆင်းတိုင်း အနားယူဖို့ထက် ပရိသတ်အတွက် သီချင်းအသစ်တွေဖန်တီးဖို့၊ ဖျော်ဖြေပွဲတွေလုပ်ဖို့သာ တာဆူခဲ့ပြီး ဒီဒဏ်တွေက သူ့ကိုတဖြေးဖြေးနှိပ်စက်လာတာကို လျစ်လျူရှု့နေခဲ့ပါတယ်။
ဒီရုပ်ရှင်မှာဆိုရင် ၂၀၁၆ ခုနှစ်က သူ အနားယူပြီလို့ တရား၀င်မကြေငြာခင် နောက်ဆုံးဖျော်ဖြေခဲ့တဲ့ပွဲအထိ မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။
သူ့ရဲ့ဘ၀ အတက်အကျတွေ သီချင်းဖန်တီးမှုတွေအကုန်ပါ၀င်ပြီး Avicii ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိလာစေရမယ်လို့ အာမခံရဲတဲ့ရုပ်ရှင်တစ်ကားပါ။
အခုဆိုရင်တော့ အားလုံးသိထားတဲ့အတိုင်းပဲ Avicii ကတော့ အကြွေစောတဲ့ပန်းကောင်းတစ်ပွင့်ဖြစ်ခဲ့ပါပြီ။ သူ့ရဲ့ စိုးရိမ်စိတ်တွေ၊ ဝေဒနာတွေ ကို မခံနိုင်တော့တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်ဆိုပြီး တရား၀င်ကြေငြာချက်လဲထွက်လာခဲ့ပါပြီ။
သူ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ Levels နဲ့ Wake Me Up ကတော့ ပရိသတ်တွေရဲ့နှုတ်ဖျားမှာ စွဲနေဆဲဖြစ်ပါတယ်။ EDM သမားတွေဆို အမြင်စောင်းတတ်တဲ့၊ အထင်သေးတတ်တဲ့လူတွေအတွက်လဲ ဒီကားကိုကြည့်ပြီးရင် သူတို့ရဲ့ဘ၀ကို နားလည်လာမှာသေချာပါတယ်။
ဒီလိုအနုပညာရှင်ကောင်းတွေ ဆက်ပြီးပေါ်ထွက်လာဖို့မျှော်လင့်ရင်း ကောင်းရာသုဂတိလားပါစေ Avicii လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဆွီဒင်စကားပြောတစ်ချို့ဟာ English စာဖိုင်မှာမပါ၀င်တဲ့အတွက် ချန်ထားခဲ့ရပါကြောင်းအသိပေးလိုပါတယ်။
File Size : (750 MB)
Quality : WEBRip 720p
Running Time : 1hr 37min
Genre : Documentary
Download Link
...... Thank For Watching......