Katy Perry Part of Me(2012)

Katy Perry Part of Me(2012)

ဒီဇာတ်ကားလေးကတော့ အခုချိန်မှာ ကမ္ဘာကျော်ဖြစ်နေပေမဲ့ အရင်က ဒုက္ခမျိုးစုံ ကို ခံစားခဲ့ရတဲ့ အဆိုတော်မလေး Katy Perry ရဲ့အကြောင်းကို ဖွဲ့နွဲ ရိုက်ကူးထားတာဖြစ်ပါတယ်။

ငယ်ငယ်က Katy ဟာ pop music ကိုအရမ်းနှစ်ခြိုက်သူ တစ်ဦးပါ ဒါပေမဲ့ မိဘတွေက သင်းအုပ် တွေဖြစ်ခဲ့တော့ ဓမ္မတေး တွေသာနားထောင်ရ/ဆိုခဲ့ရပါတယ် ဒါ့အပြင် သူမရဲ့ ပထမဆုံး Album ကိုလည်း Katy Hudson ဟူသောအမည်ဖြင့် သူမမိဘတွေကြောင့်ဓမ္မတေး ဖြင့်သာ ထုတ်ခွင့်ရခဲ့ပြီး အရှုံးပေါ်ခဲ့ပါတယ်။

Recordings Label တော်တော်များများကလည်းသူမနဲ့စာချုပ်ချုပ်ဆိုဖို့ ပယ်ချခံခဲ့ရပါတယ်။ အဲ့ဒီအခြေအနေ တွေကနေ ကျော်လွားနိုင်လာတော့pop star တစ်ယောက်ဖြစ်လာချိန် ၂၀၁၀ ခုနှစ်မှာ comedy movie actor ဖြစ်တဲ့ Russell Brand နဲ့ လက်ထပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်မှာ Katy ရဲ့ California Dreams World Tour လုပ်နေတုန်း သူမယောက်ျား ရဲ့ ရုတ်တရက် လမ်းခွဲခြင်းကိုပါခဲခဲ့ရပါတယ်။

သူမအဲ့ဒီလို အခြေအနေတွေကနေ ဘယ်လိုမျိုး အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အဆိုတော်မလေး ဖြစ်လာသလဲဆိုတာကို လေ့လာ အတုယူ မှတ်သားဖွယ်ရာ ကြည့်ရှုကြရမှာဖြစ်ပါတယ် ဇာတ်လမ်းအမျိုးအစားကတော့ Long Music Video/Documatry အမျိုးအစားဖြစ်ပါတယ် Director တွေကတော့ နာမည်ကျော် တွေဖြစ်ကြတဲ့ Jane Lipsitz နှင့် Dan Cutforth တို့ပဲဖြစ်ပါတယ်။
Download link


...... Thank For Watching...... 

 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official