သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
1. From Dusk Till Dawn (1996)
၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။
မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့…အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။
2. From Dusk Till Dawn 2: Texas Blood Money (1999)
Crime, Horror, Action ဇာတ်ကားလေးပါ။
ပထမကားရဲ့ Theme လိုပါပဲ။ ဥပဒေဘောင်အပြင်ကလူတစ်ချို့ မမျှော်လင့်တဲ့သဘာဝလွန်ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရတဲ့ဇာတ်လမ်းပါပဲ။ ဓားပြမှုနဲ့ထောင်ချခဲ့ဖူးတဲ့ Buck တစ်ယောက် မလိမ္မာနိုင်ပဲ ထောင်ဖောက်ပြေးလာတဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Luther တို့ ဘဏ်ဓားပြတိုက်ဖို့စီစဉ်ကြပါတယ်။ သူတို့ချိန်းထားတဲ့နေရာ မရောက်ခင်မှာပထမ From Dusk ’till Dawn ထဲက ဆိုင်လေးကိုLuthar ရောက်ရှိသွားပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ဇာတ်ကားလေးထဲမှာကြည်ရမှာပါ။
3. From Dusk Till Dawn 3: The Hangman’s Daughter (1999)
ဒီဇာတ်ကားကတော့ ပထမနှစ်ကားရဲ့ မြစ်ဖျားခံရာ အကြောင်းကို ဖော်ထုတ်ပေးတဲ့ ကားပါပဲ။Action,Horror,Crime အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 4.8 ပါ။နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဘုရားမဲ့ဝါဒီ Ambrose Bierce တစ်ယောက်ဒေသခံပုန်ကန်သူခေါင်းဆောင်ထံကိုသွားရင်းတရားဟောဆရာ Newlie နဲ့ သူ့ရဲ့ဇနီးတို့နဲ့အတူခရီးသွားဖြစ်ကြပါတယ်။
ကြိုးဆွဲချအသတ်ခံရလုဆဲဆဲအခြေအနေကဓားပြ Madrid တစ်ယောက်သူ့ကိုကြိုးဆွဲချမယ့် ပါးကွက်သားရဲ့အနှိပ်စက်ခံသမီးလေး နဲ့အတူလွတ်မြောက်လာပြီးသူ့ကိုကယ်ခဲ့တဲ့ကလေးတစ်ယောက် Reesce နဲ့အတူ Ambrose တို့ကိုဓားပြတိုက်ခဲ့ရာက အလွဲအမှားတွေဖြစ်ပြီး မရောက်သင့်တဲ့တစ်နေရာကိုရောက်ရှိသွားပါတယ်။ သူတို့တွေ အတူလက်တွဲပြီး သဘာဝလွန်ဖြစ်ရပ်တွေကိုအတူရင်ဆိုင်နိုင်မလား ဒါမှမဟုတ်တစ်ယောက်နဲ့တစ်ယောက်ပြန်ရန်ရှာပြီးပဲ သတ်မိကြမလားဆိုတာကတော့…ဇာတ်ကားလေးထဲမှာကြည့်ရမှာပါ။
⋆ Download link ⋆
Part 1
Part 2
Part 3
✩⋆ Welcome Back M&M ✩⋆
သိုင်းပညာရှင် Woo-Ping Yuen ဟာ The Matrix မှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး သူ့ကို Wachowskis တို့က ထပ်မခေါ်အောင်ဆိုပြီး ငွေပိုတောင်းပါတယ်။ ဒါကိုလည်း သူ့ကိုရုပ်ရှင်မှာပါဖို့ ခေါ်နေတုန်းပါ။ ဒါကြောင့် Yuen ဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ထင်ရတဲ့ “ဇာတ်လမ်းပါ သရုပ်ဆောင်တွေကို ၄ လကြာ သိုင်းသင်ပေးပြီး တိုက်ပုံခိုက်ပုံတွေအကုန်လုံးကို ထိန်းချုပ်ခွင့်ပေးမှ လုပ်ပေးမယ်” လို့ပြောခဲ့ပါတယ်။ Wachowskis တို့က လက်ခံခဲ့ပါတယ်။The Matrix ဇာတ်ဝင်ခန်းတွေထဲက Matrix ထဲမှာဖြစ်ပျက်နေသမျှအားလုံးကို အစိမ်းရောင်ဖျော့ဖျော့ထည့်ထားပါတယ်။ ဆိုတော့ ကြည့်နေရသူဟာ ကွန်ပျူတာ ဖန်သားပြင်ကတစ်ဆင့် ကြည့်နေရသလိုဖြစ်အောင်ပါ။ အပြင်လောကမှာဖြစ်နေတဲ့ဟာတွေဆိုရင် အပြာရောင်ဖျော့ဖျော့ သုံးတယ်ဆိုရုံ သုံးထားပါတယ်။ Morpheus နဲ့ Neo တို့နှစ်ယောက် တိုက်တဲ့အခန်းကတော့ Matrix မှာရော အပြင်လောကမှာရော မဟုတ်တဲ့အတွက် အဝါရောင်ဖျော့ဖျော့သုံးထားပါတယ်။အဝတ်အစား ဒီဇိုင်နာ Kym Barrett အဆိုအရ ဇာတ်ကောင် Trinity ရဲ့ ဝတ်စုံဟာ ဈေးကြီးဝတ်စုံမဟုတ်ပါဘူး။ Budget အတွက် ဈေးပေါတဲ့ PVC သားနဲ့လုပ်ထားတာပါ။ အဲလိုပဲ Neo ရဲ့ coat ကလည်း တစ်ကိုက်ကို ၃ ဒေါ်လာပဲပေးရတဲ့ အစနဲ့လုပ်ထားတာပါ။ဇာတ်လမ်းရဲ့ ပထမဆုံး ၄၅ မိနစ်အတွင်း Neo ဟာ Dialogue အကြောင်း ၈၀ ခန့်ပြောပါတယ်။ အဲထဲက တစ်ဝက်ကျော် ဖြစ်တဲ့ ၄၄ ကြောင်းက မေးခွန်းတွေမို့လို့ စကားတစ်ခွန်းကို မေးခွန်းတစ်ပုဒ်နှုန်းဖြစ်နေပါတယ်။ရုပ်ရှင်စစချင်းက Phone trace program မှာပါတဲ့ နေ့စွဲက 19.2.98 ဖြစ်ပြီး ဇာတ်သိမ်းမှာပါတဲ့ နေ့စွဲက 18.9.88 မို့လို့ ရုပ်ရှင်ထဲက အဖြစ်အပျက်တစ်ခုလုံးဟာ (၉) လ ကြတဲ့သဘောပါ။ဇာတ်လမ်းထဲက MetaCortex ရုံးခန်းပြင်ပမှာ ဖုန်းပြောတဲ့ ဇာတ်ဝင်ခန်းအတွက် မင်းသား Keanu Reeves ဟာ စတန့်မသုံးဘဲနဲ့ ၃၄ ထပ်မှာရှိတဲ့ ပြူတင်းပေါက်မှာ တက်ရိုက်ခဲ့တာပါ။Neo နေရာမှာသရုပ်ဆောင်ဖို့ Will Smith ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမဲ့ Will Smith ဟာ Wild Wild West မှာသရုပ်ဆောင်ဖို့ရှိလို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Will Smith က “ကျွန်တော်က အဲဒီတုန်းက မရင့်ကျက်သေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်တော်သာ ရိုက်ဖြစ်ခဲ့ရင် တလွဲတွေဖြစ်ကုန်မှာ။ အဲအတွက် ကျွန်တော် မပါခဲ့ရတာ နောင်တမရပါဘူး။ Keanu က အင်မတန်ကောင်းတဲ့ Neo ပါ” လို့ပြောခဲ့ပါတယ်။ Nicolas Cage ကိုကမ်းလှမ်းခဲ့သေးပေမဲ့ မိသားစုကိစ္စတွေကြောင့် ငြင်းဆိုခဲ့ပါတယ်။ Tom Cruise ကိုလည်း ခေါ်ဖို့လုပ်ခဲ့ပါသေးတယ်။ရဟတ်ယာဉ်နဲ့ ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ရိုက်ကူးရေးတစ်ခုလုံး ဖျက်သိမ်းရမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ဆို ရိုက်ကူးရေးက ရဟတ်ယာဉ်က Sydney က လေကြောင်းကန့်သတ် နယ်မြေအတွင်းမှာ ပျံခဲ့လို့ပါ။ ဒီလိုနဲ့ပဲ The Matrix ရုပ်ရှင်ဆက်ရိုက်နိုင်ဖို့ Australia ရဲ့ New South Wales ပြည်နယ် က စည်းမျဉ်းဥပဒေအချို့ကို ပြင်ဆင်ခဲ့ရပါတယ်။The Matrix ရုပ်ရှင်ထဲရဲ့ နာမည်ကျော် အမှတ်တံဆိပ်လို့ပြောလို့ရတဲ့ နေကာမျက်မှန်တွေရဲ့ အမှတ်တံဆိပ်ဟာ လက်လုပ်မျက်မှန်တွေရောင်းချတဲ့ Blinde ဖြစ်ပါတယ်။ အဲဒီနေကာမျက်မှန်ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Richard Walker ဟာ ဒီရုပ်ရှင်မှာပါနိုင်ဖို့အတွက် တင်ဒါတင်တာမှာ တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ray-Ban နဲ့ Arnette တို့ကို ယှဉ်မရဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ပဲ Walker ဟာ မျက်မှန် နှစ်လက်လောက်ကို Matrix ဇာတ်ကောင်တွေရဲ့ တမူထူးခြားနဲ့ နာမည်နဲ့လိုက်အောင် ကိုယ်တိုင်ဖန်တီးပြခဲ့ပါတယ်။ တင်ဒါအောင်သွားတယ်။ ဒါနဲ့ပဲ Walker ဟာ Matrix ရိုက်ကူးနေသမျှကာလပတ်လုံး Sydney မှာသွားရောက်နေထိုင်ပြီး ဇာတ်ကောင်တွေအတွက် မျက်မှန်တွေကို သီးသန့်ပြုလုပ်ပေးနေခဲ့ပါတယ်။The Matrix ရုပ်ရှင်ကို 2012 မှာတော့ U.S ကွန်ဂရက်စာကြည့်တိုက်က National Film Registry မှာသိမ်းဆည်းထားဖို့ ရွေးချယ်ခဲ့ပါတယ်။ရုပ်ရှင်တစ်ကားလုံးထဲက တိရစ္ဆာန်တွေအားလုံးဟာ CGI တွေလို့ဆိုပါတယ်။Morpheus ရဲ့ယာဉ်ပျံဖြစ်တဲ့ Nebuchadnezzar ဆိုတဲ့နာမည်ဟာ Daniel သမ္မာကျမ်းစာထဲက Babylon ဘုရင် Nebuchadrezzar II ကိုစွဲမှည့်ထားတာပါ။ ဘုရင်ကြီး Nebuchadrezzar the Great ဟာ ကျမ်းစာခေတ်ထဲမှာတော့ Israel ကိုသိမ်းပိုက်နိုင်ခဲ့မှုကြောင့် နာမည်ကျော်ကြားပြီး သူ့မိန်းမအတွက် ရှေးခေတ် World Wonder တစ်ခုဖြစ်တဲ့ Hanging Gardens of Babylon ကိုလည်း တည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်အတွက် လက်နက်ထောက်ပံ့ပေးထားတဲ့ John Bowring အဆိုအရ Keanu Reeves လက်နက်တိုက်ထဲရောက်သွားတဲ့ ဇာတ်ဝင်ခန်းထဲက သေနတ်တွေဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့သေနတ်တွေပါ။ MP5K တွေဟာ 150-200 gram ကြားပဲလေးပါတယ်။ ဆိုတော့ Keanu တစ်ယောက် ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူလှုပ်ရှားနိုင်မှာပါ။ ကြမ်းပေါ်ကိုလွှတ်ချရမဲ့အခန်းတွေအတွက်တော့ လေးလံအောင်လုပ်ထားတဲ့ သေနတ်တွေလည်းရှိပါတယ်။Morpheus နေရာမှာသရုပ်ဆောင်ဖို့ အတွက် Gary Oldman နဲ့ Samuel L. Jackson တို့ကို စဉ်းစားခဲ့ပါသေးတယ်။Lana နဲ့ Andy တို့ဟာ Neo နေရာမှာ Johnny Depp ကိုသုံးဖို့ စဉ်းစားထားတာလို့ဆိုပါတယ်။ ဒါပေမဲ့ Warner က Brad Pitt သို့မဟုတ် Val Kilmer ကိုလိုချင်တယ်။ နှစ်ယောက်လုံးက No ဆိုတော့မှ Johnny Depp စဉ်းစားပေးပါတယ်။ ဒါနဲ့ Johnny Depp နဲ့ Warner က လိုချင်တဲ့ Keanu Reeves တို့နှစ်ယောက်ကို ရွေးကြတဲ့အခါမှာတော့ Keanu က ရုပ်ရှင်ရဲ့ concept ကို လုံးဝအံကိုက် သရုပ်ဆောင်နိုင်လို့ အရွေးခံခဲ့ရပါတယ်။ရုပ်ရှင်ထဲမှာသံုံးကြတဲ့ cell phone တွေဟာ Nokia Stilleto’s သို့မဟုတ် 8110 တို့ဖြစ်ပါတယ်။ အဲဖုန်းတွေဟာ Europe နဲ့ Australia တို့မှာ ပဲရောင်းချပြီး အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့ 20% လောက်က Visual Effect တွေဖြစ်ပါတယ်။ရုပ်ရှင်သုံးကားလုံးမှာ Agent Smith တို့အဖွဲ့ ကိုင်တွယ်အသုံးပြုခဲ့တဲ့ သေနတ်ကတော့ Israel နိုင်ငံထုတ် Desert Eagle .50 ဖြစ်ပါတယ်။ (Counter Strike Gamer တွေအကြိုက်ပေါ့)ရုပ်ရှင်ရိုက်ကူးရေးမှာ နောက်ဆုံးရိုက်တဲ့အခန်းကတော့ Neo တစ်ယောက် ပလပ်စကျွတ်ပြီး pod ထဲက နိုးထလာတဲ့အခန်းပါ။ အဲအခန်းရိုက်ဖို့အတွက်လည်း Keanu Reeves ဟာ ၁၅ ပေါင် ဝတ်ချခဲ့ရပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ရိတ်ခဲ့ရပါတယ်။Sandra Bullock ဟာ Trinity နေရာကသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပေမဲ့ အဲအချိန်တုန်းက Neo အဖြစ်ရွေးမယ်ပြောထားတဲ့ မင်းသားနဲ့ တွဲပြီး သရုပ်မဆောင်တာ အဆင်မပြေလောက်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။ အဲနောက်မှ Keanu Reeves ကို Neo အဖြစ်ရွေးဖြစ်ခဲ့လေတော့ Bullock တစ်ယောက် နောင်တရခဲ့တယ်လို့ဆိုပါတယ်။မြေအောက် ရထားဘူတာမှာ ချကြတဲ့အခန်းရိုက်တာမှာ အစကတော့ တကယ့် ဘူတာမှာသွားရိုက်မလို့ပါ။ သို့ပေမဲ့ ရိုက်ရမဲ့ ဇာတ်ကွက်တွေ၊ သိုင်းကွက်တွေ၊ သရုပ်ဆောင်တွေကို ကြိုးတွေဆင်ရမှာတွေကများလို့ set မှာပဲရိုက်ဖြစ်ခဲ့ပါတယ်။ Set ဟာလည်း ရထားသိုလှောင်ရုံဟောင်းကြီးမှာ သွားဆောက်ထားတာဖြစ်ပြီး အဲမှာ တကယ့်ရထားသံလမ်းတွေရှိပါသေးတယ်။Trilogy တစ်ခုလုံးမှာ Neo သေနတ်ကိုင်တဲ့ တစ်ကားတည်းသော ရုပ်ရှင်ဖြစ်ပါတယ်။ကဲပရိတ်သတ်ကြီးအတွက် ၃ကားလုံးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား အညွှန်းကိုတော့ DatShin.com မှ ကူးယူဖော်ပြပါတယ် ။
Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။
ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။
Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။
အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။
ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။
Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး
စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။
ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့
Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။
Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့
၁. Space Stone aka Tesseract (Blue)
(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီး
Avengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊
လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ)
၂။ Reality Stone aka Aether (Red)
( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။
Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်)
၃။ Power Stone (Purple Orb)
( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။
Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။)
၄။ The Time Stone ( The Eye of Agomotto, Green)
( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်)
၅။ Mind Stone (Yellow)
( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ)
၆။ Soul Stone (Orange)
( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ )
အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။
Download link
★ Marvel Cinematic Universe Collection Link ★
🅕🅘🅝🅐🅛 🅓🅔🅢🅣🅘🅝🅐🅣🅘🅞🅝 🅒🅞🅛🅛🅔🅒🅣🅘🅞🅝
(Blu-Ray 1080p 5.1 CH,)ဖြင့် အရောင်အသွေးစုံလင်စွာဖြင့်ကြည်ရအောင်တင်ဆက်ပေးလိုက်ပါသည်။
Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ….ယခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့
အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ…….Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး။မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)
ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။
ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ကြည့်ရအောင်တင်ဆက်ပေးလိုက်ပါသည်…..။
Download link