From Dusk Till Dawn (1+2+3)

1. From Dusk Till Dawn (1996)
၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။
မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့…အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။

2. From Dusk Till Dawn 2: Texas Blood Money (1999)
Crime, Horror, Action ဇာတ်ကားလေးပါ။ 
ပထမကားရဲ့ Theme လိုပါပဲ။ ဥပဒေဘောင်အပြင်ကလူတစ်ချို့ မမျှော်လင့်တဲ့သဘာဝလွန်ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရတဲ့ဇာတ်လမ်းပါပဲ။ ဓားပြမှုနဲ့ထောင်ချခဲ့ဖူးတဲ့ Buck တစ်ယောက် မလိမ္မာနိုင်ပဲ ထောင်ဖောက်ပြေးလာတဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Luther တို့ ဘဏ်ဓားပြတိုက်ဖို့စီစဉ်ကြပါတယ်။ သူတို့ချိန်းထားတဲ့နေရာ မရောက်ခင်မှာပထမ From Dusk ’till Dawn ထဲက ဆိုင်လေးကိုLuthar ရောက်ရှိသွားပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ဇာတ်ကားလေးထဲမှာကြည်ရမှာပါ။

3. From Dusk Till Dawn 3: The Hangman’s Daughter (1999)

ဒီဇာတ်ကားကတော့ ပထမနှစ်ကားရဲ့ မြစ်ဖျားခံရာ အကြောင်းကို ဖော်ထုတ်ပေးတဲ့ ကားပါပဲ။Action,Horror,Crime အမျိုးအစားဖြစ်ပြီး IMDB Rating ကတော့ 4.8 ပါ။နာမည်ကြီးဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဘုရားမဲ့ဝါဒီ Ambrose Bierce တစ်ယောက်ဒေသခံပုန်ကန်သူခေါင်းဆောင်ထံကိုသွားရင်းတရားဟောဆရာ Newlie နဲ့ သူ့ရဲ့ဇနီးတို့နဲ့အတူခရီးသွားဖြစ်ကြပါတယ်။ 
ကြိုးဆွဲချအသတ်ခံရလုဆဲဆဲအခြေအနေကဓားပြ Madrid တစ်ယောက်သူ့ကိုကြိုးဆွဲချမယ့် ပါးကွက်သားရဲ့အနှိပ်စက်ခံသမီးလေး နဲ့အတူလွတ်မြောက်လာပြီးသူ့ကိုကယ်ခဲ့တဲ့ကလေးတစ်ယောက် Reesce နဲ့အတူ Ambrose တို့ကိုဓားပြတိုက်ခဲ့ရာက အလွဲအမှားတွေဖြစ်ပြီး မရောက်သင့်တဲ့တစ်နေရာကိုရောက်ရှိသွားပါတယ်။ သူတို့တွေ အတူလက်တွဲပြီး သဘာဝလွန်ဖြစ်ရပ်တွေကိုအတူရင်ဆိုင်နိုင်မလား ဒါမှမဟုတ်တစ်ယောက်နဲ့တစ်ယောက်ပြန်ရန်ရှာပြီးပဲ သတ်မိကြမလားဆိုတာကတော့…ဇာတ်ကားလေးထဲမှာကြည့်ရမှာပါ။


⋆ Download link ⋆

Part 1

GDRIVE 

Part 2

GDRIVE 

Part 3

GDRIVE 

        ✩⋆ Welcome Back M&M ✩⋆

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official