Showing posts with label English Seires. Show all posts
Showing posts with label English Seires. Show all posts
Superman And Lois (2021)

ဒီတစ်ခါမှာတော့ ကလေးရောလူကြီးပါမကျန် နှစ်သက်သဘောကျကြတဲ့ Superman Series ထဲကမှ Feb 23/2021 ကထွက်ရှိထားတဲ့ Superman And Lois နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

Superman ဇာတ်ကားတွေကို လူတိုင်းနီးပါးနှစ်သက်သဘောကျကြတဲ့အတွက် အထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်။

Superman And Lois ဟာဆိုရင် ထွက်ရှိထားတာရက်ပိုင်းဘဲရှိပါသေးတယ်။

Superman ဇာတ်ကားတိုင်းက စွန့်စားမှုတွေနဲ့ပြည့်နေတဲ့အတွက် ဒီအပိုင်းမှာလည်း မတူကွဲပြားတဲ့ စွန့်စားမှုတွေ ကယ်တင်မှုတွေကိုမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း တစ်နေ့တာပင်ပန်းထားသမျှကို Superman Series လေးကြည့်ပြီး အားသစ်အင်သစ်တွေမွေးလိုက်ကြရအောင်။

ဇာတ်လမ်းအကျဉ်းလေးကတော့ 

အဓိကဇာတ်ဆောင် Superman ဖြစ်တဲ့ ကလပ်ခ်ကန့်ဟာ ခရစ်ပတွန်ဂြိုဟ်ကနေ ကမ္ဘာမြေပေါ်ကို နို့စို့အရွယ်မှာဘဲရောက်ရှိလာခဲ့ပါတယ်။ စမောဘယ်လ်မှာနေတဲ့ လယ်သမားလင်မယားနှစ်ယောက်က သူ့ကိုမွေးစားခဲ့ကြပါတယ်။ 

ခြောက်နှစ်သားအရွယ်ရောက်တော့ သူ့မှာ ထူးဆန်းတဲ့စွမ်းအားတွေရှိနေတာကို သိလိုက်ရပါတယ်။ ဒီစွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ လူသားတွေနဲ့ရောရောနှောနှောနေထိုင်နိုင်ဖို့အတွက် သူ့မွေးစားအဖေနဲ့အမေက သေချာသွန်သင်ဆုံးမပေးခဲ့ပါတယ်။ 

ကျောင်းပြီးလို့ အလုပ်စဝင်တဲ့အချိန်မှာ လူးဝစ်နဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ်။ အမွှာသားယောက်ျားလေးနှစ်ယောက်မွေးဖွားခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အထိ သူက Superman ဆိုတာကို သားတွေသိအောင်မပြောပြခဲ့ပါဘူး။

ဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်နေရတဲ့အတွက် သူ့သားတွေကိုအချိန်သိပ်မပေးနိုင်တဲ့အခါမှာတော့ သားတွေနဲ့အဆင်မပြေဖြစ်ပါတော့တယ်။ 

ကလပ်ခ်ရဲ့မွေးစားအမေသေဆုံးသွားလို့ စမောဘယ်ဘ်ကိုသူတို့မိသားစုသွားတဲ့အချိန်မှာ သူတို့မိသားစုဘာတွေဆက်ဖြစ်ကြမလဲ။ 

ကလပ်ခ်ဟာ Supermanဆိုတာကို သူ့သားတွေဘယ်လိုသိရှိသွားမလဲ။ သားနှစ်ယောက်ထဲက ဘယ်သူ့မှာသူ့လိုစွမ်းအားတွေရှိနေမလဲ။ 

နောက်ထပ် Episodes တွေလည်း ဆက်လက်တင်ပြပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦး။

Download Link

SEASON 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
EP 6
EP 7
EP 8
EP 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15 (END)


..... Thank For Watching ......
 

The Flash Season 7 (2014-2021)



ပြီးခဲ့တဲ့နှစ်က Covid ကြောင့် စောစောဇာတ်သိမ်းလိုက်ရတဲ့ Flash Season 6 ရဲ့အဆက်...Season 7 တော့ ဒီနှစ်မှာထွက်ရှိလာပါပြီ ....

အားလုံးသိတဲ့အတိုင်း Barry A.K.A Flash ဟာ Crisis မှာလုပ်ခဲ့တဲ့ ရွေးချယ်မှုတခုကြောင့် Speed Force သေဆုံးသွားခဲ့ပြီး.....

သူ့ဆီမှာလက်ရှိပြေးနိုင်ဖို့ Speed force ဟာလည်း အနည်းငယ်သာကျန်ပါတော့တယ်။

သူ့ရဲ့မိန်းမဖြစ်သူ အိုင်းရစ်ဟာလည်း Mirror Universe မှာပိတ်မိနေပါတယ်။Season 6 ရဲ့ Big Bad ဗီလိန်ဟာလည်း မြို့ကိုဒုက္ခပေးနေပါပြီ....

ဒီတော့ ဘယ်ရီဟာ artificial intelligence speed force ကို ထီထွင်ဖို့ကြိုးစားနေရပါတယ်.....

သူ့မှာရှိတဲ့လက်ကျန် speed force နဲ့ မြို့ကိုကယ်တင်နိုင်ပါ့မလား.....

အိုင်းရစ်ရော ပြန်လွှတ်နိုင်မလား Speed Force ကို ပြန်လည်ဖန်တီးနိုင်ပါ့မလား။

ဘယ်လိုစတေးမှုတွေ ကြုံရဦးမလဲဆိုတာကိုတော့ Season 7 မှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်.......

Download Link






Season - 6
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19 (END)


Season - 7 
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
EP 12
Ep 13
EP 14
Ep 15
EP 16
EP 17
Ep 18 (END)


..... Thank For Watching ......







 

Lucifer (2016-2021)

Lucifer Season 6 (2016-2021)

မျှော်နေကြတဲ့ Lucifer Season 6 ထွက်လာပါပြီနော်...

Season 5 မှာ ကောင်းကင်ဘုံနဲ့ ငရဲ တိုက်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ ဘုရားသခင်ရဲ့နေရာကိုဆက်ခံဖို့ Lucifer က ချွင်းချက်မရှိ ဆက်ခံသူဖြစ်သွားပါပြီ။

ဒီ Season မှာတော့ ငရဲဘုရင်တစ်ယောက် ဘုရားသခင်နေရာကို ဝင်ပြီး အမွေဆက်ခံထိုက်သူ ဖြစ်နိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရမှာပါ။

အရင်ဘုရားသခင်ရဲ့ လက်ရုံးကြီးဘုရားသခင်ရဲ့အမြက်တော် အမန်နာဒီရယ်ကတော့ လူလောကမှာပဲ ရဲဝန်ထမ်းလုပ်ဖို့ကြိုးစားနေပြီး....

မေ့ဇ်နဲ့ အိဗ် အတွဲကတော့ ငရဲကိုပြန်မသွားတော့ဘဲ LA မှာပဲဆက်ရှိနေဦးမှာပါ။

ကွင်းဆက်လူသတ်သမားနဲ့ တွဲဖြစ်ခဲ့တဲ့ အချစ်တော်အယ်လာလေးအတွက် စုံထောက်
ကာရိုးကော်ဘတ်ဆိုတဲ့ ဇာတ်ကောင်အသစ်လေးပါလာပါတယ်။

စုံထောက်ကြီး ကလိုဝီကတော့ စုံထောက်ပြုတ်ဖြစ်ပြီး အငြိမ်းစားဘဝမှာ တိုင်ပတ်နေပါတယ်။

ငရဲကိုရောက်သွားတဲ့ ဒန်တစ်ယောက်ကတော့ ငရဲမှာ အထူးဝန်ဆောင်မှုရပြီး သာယာနေပေမဲ့ ပြန်လာချင်နေပါတယ်။ 

ငရဲကျနေတုန်းဆိုတော့လေ။

ဗီလိန်တမာန်တော်တစ်ပါးလည်းပါလာပါတယ်။ 

သူ့ရဲ့အကြောင်းကိုတော့ ဇာတ်လမ်းမှာပဲဆက်ကြည့်လိုက်ပါတော့။

ငရဲဘုရင်က ဘုရားသခင်ဖြစ်သွားတော့လည်း အားပေးကြဦးမယ်မလား။

Total Episodes – 10

Quality :NF-WEB-DL720p

Format…mp4

Duration…0:50:00

Genre :Crime, Sci-Fi & Fantasy

Download Link

Season 6 


(720p)
Ep 1
Ep 2
Ep 3
Ep 4
Ep 5

..... Thank For Watching ......





 

Lucifer (2016-2021)


လူစီဖာ ဘလက်ဒီ မောနင်းစတာ ပြန်လာပါပြီ။စီစန်-၅ အတွဲ-၉ ကနေ ပြန်စတာပဲ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပိုင်းမှာတော့ မိုက်ကယ်၊ လူစီဖာ နဲ့ အမန်နာဒီရယ်တို့ တိုက်ခိုက်နေတုန်းမှာ ဘုရားဆင်းလာတဲ့ နေရာမှာ ပြီးသွားတာပါ။

အခုကတော့ အဲဒီကနေ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြတာပေါ့။

Quality – WEB-DL 720p

Duration – 50min 

Genre : Crime, Drama, Fantasy 

Download Link

Season 5
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
EP 13
EP 14
EP 15
EP 16 (The End)


---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---

 

Only Murders in The Building (2021)

ဝါရင့် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Steve Martin နဲ့ Martin Short တို့ ပါ၀င်တာကတစ်ကြောင်း..

Selenators တို့ရဲ့ အချစ်တော် Selena Gomez ပါ၀င်နေတာကတစ်ကြောင်း မထွက်ခင်ကတည်းကခေတ်ထနေတဲ့ စီးရီးလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။

အပိုင်း ၁၀ ပိုင်းပါ၀င်ပြီး ပွဲဦးထွက် ၃ ပိုင်းတောင် ထွက်ချလာခဲ့ပါတယ်။

ဇာတ်လမ်းအညွှန်း −

Charles, Oliver နဲ့ Mabel Mora တို့ဟာ Upper West Side က ကွန်ဒိုတစ်ခုမှာ ဘ၀ ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေသူတွေပါ။ 

တစ်နေ့ သူတို့နေတဲ့ ကွန်ဒိုမှာ လူသေမှုတစ်ခု ဖြစ်လာပါတယ်။ 

ဖြစ်ချင်တော့ အဲဒီလူက မသေခင် တစ်နာရီကမှ သူတို့ ၃ ယောက်နဲ့အတူ ဓာတ်လှေကားတူတူစီးသွားသူပါ။ 

ရဲတွေကတော့ တွေ့ရှိလာတဲ့ သက်သေတွေအရ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ ကောက်ချက်ချသွားပေမဲ့ ...

ဖြစ်ရပ်မှန်မှုခင်းဇာတ်လမ်းတွေကို စွဲလမ်းနေတဲ့ ဇာတ်လိုက် ၃ ယောက်ကတော့ ဒီလို မထင်ဘူးဗျ။ 

ဒါနဲ့ပဲ သုံးယောက်သား အမှုမှန်ဖော်ဖို့ ရှားလော့ဟုမ်း လုပ်ကြတော့မှာ ဖြစ်ပါတယ်။

Steve Martin ကိုယ်တိုင်ပါ၀င်ပြီး John Hoffman နဲ့အတူ ဇာတ်လမ်း ဖန်တီးထားပြီး 

စိတ်၀င်စားဖွယ် ဟာသလေးတွေ နှောရင်း ရိုက်ကူးတင်ဆက်ထားတဲ့အပြင် 2 Martins နဲ့ Miss Gomez တို့ trio အတွဲညီပုံတွေကို မြင်တွေ့ရမှာပါ။

Quality – 1080p WebDL 5.1CH

Duration – 33 mins 

Genre : Comedy, Crime, Drama

Download Link

Ep 1
Ep 2
Ep 3
Ep 4
GDRIVE (720) / GDRIVE (1080) Ads Link


..... Thank For Watching ......

 

The Mysterious Benedict Society (2021)

ဒီတစ်ခါ ဒစ်စနေးရဲ့ ကြည့်လို့ကောင်းမဲ့ စီးရီး တွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီ စီးရီးဟာ နာမည်ကျော် စာအုပ်တွဲတွေကို ပြန်ရိုက်ထားပြီး ကလေးဟာသ စုံထောက် အမျိုးအစားပါ။

ဇာတ်လမ်းအကျဉ်းကတော့...

လူတွေကြားထဲမှာ အရေးပေါ်ကိစ္စ ဆိုတဲ့အရာကြီး ပြန့်နှံ့နေပါတယ်။

ဘာဖြစ်မှာလဲမသိ ဘယ်တော့ဖြစ်မှာလဲမသိဘဲနဲ့ ဒီအတိုင်း လူတွေကြောက်လန့်နေကြပြီးဝရုန်းသုန်းကားတွေ ဖြစ်နေတာပါ။

ဒါကို ဖြေရှင်းဖို့အတွက် ဘန်နီဒစ်ဆိုတဲ့ သိပ္ပံပညာရှင် လူထူးဆန်းကြီးက ပညာသင်ဆုပေးမယ်ဆိုပြီး စာမေးပွဲတစ်ခု စစ်လိုက်ပါတယ်။

လာပြီးဖြေကြတဲ့ ကလေးတွေကို ထူးဆန်းတဲ့ စာမေးပွဲတွေ စစ်ပြီး ထူးခြားတဲ့ စွမ်းရည်ကိုယ်စီနဲ့ ကလေးလေးယောက်ကို ရွေးချယ်လိုက်ပါတယ်။

တစ်ယောက်ကတော့ ဖတ်သမျှ၊မြင်သမျှ အကုန်မှတ်မိနေတဲ့ ဉာဏ်ကြီးရှင်၊

နောက်တစ်ယောက်ကလည်း သချာ်ဘာသာစကားတွေ ဗဟုသုတတွေ အကုန်တော်တဲ့ကလေး၊

နောက်တစ်ယောက်က ဆပ်ကပ်ကနေ လာတဲ့ ကျွမ်းဘားနဲ့အတိုက်အခိုက်သမား၊

နောက်တစ်ယောက်ကတော့ ဘာမှန်းမသိဘဲ တွေ့သမျှ အမှန်တွေချည်းပြောတဲ့ ဘုကလန့် ကလေးမ တစ်ယောက်ပါ။

သူတို့ လေးယောက်သား အဖွဲ့ဖွဲ့ပြီး တစ်နိုင်ငံလုံးကို ဆိုက်ကိုထည့်နေတဲ့ နောက်ကွယ်က လူဆိုးတွေကို ဘယ်လို အဖြေရှာပြီးဖြေရှင်းကြမလဲဆိုတာကတော့ ဒီစီးရီး ထဲမှာ အဖြေရှာရမှာပါ......

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8 (END)


..... Thank For Watching ......


 

Titans (2018-2021)

အညွှန်း 

S1မှာတော့ ပရိတ်သတ်တွေ သိတဲ့အတိုင်း Batman ရဲ့ first Robinဖြစ်တဲ့Nightwingဟာ Gotham မြို့မှာမတွေ့တော့တာ တစ်နှစ်ခွဲကြာခဲ့ပါပြီ။

Nightwingတစ်ဖြစ်လဲ Dick Greyson ဟာ Detroit မြို့မှာလာရောက်နေထိုင်ခဲ့ပြီး ရဲတပ်ဖွဲ့မှာ ဝင်ရောက်လုပ်ကိုင်နေခဲ့တယ်။

Detroit မြို့ရဲ့ ညတစ်ညမှာ မူးယစ်ဂိုဏ်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာကနေNightwing ပြန်ပေါ်လာခဲ့တယ်။

နောက်တစ်ညမှာတော့ Greysonတို့ ရဲဌာနဆီ ရေချယ်လို့ခေါ်တဲလူထူးဆန်းမလေးရောက်လာခဲ့တဲ့အခါ Nightwing အတွက် တပည့်ပြန်မွေးဖို့အကြောင်းဖန်လာတော့တယ်။

Starfire ကလည်း လူမည်းcastဖြစ်နေပေမယ့် ဝင်ပူးထားသလိုဖြစ်နေတာကြောင့်နောက်ပိုင်း cast ကို လူဖြူပြန်ထည့်လာနိုင်ပါတယ်။

Beast Boy ရဲ့ transformationကိုလည်းတွေ့ရမှာပါ။ Titans အဖွဲ့ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ Season 1 မှာကြည့်ရမှာပါ။

Season 2 မှာတော့ Trigon ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်နေတဲ့Dick Grayson ကို ရေချယ်နဲ့ဂါးတို့နှစ်ယောက် ရင်ဆိုင်ရတော့မှာပါ။

Trigon ကဘာလဲဆိုတော့ S1 ရဲ့အဆုံးမှာဖော်ပြထားတဲ့အတွက် S1 ကိုကြည့်ထားမှနားလည်းပါလိမ့်မည်။

ဆိုတော့Force Field ရဲ့အပြင်ဘက်မှာ ရှိနေတဲ့ Kory နဲ့ Donna တို့ကကောသူတို့ကို ကူညီနိုင်မှာလား

ဒါမှမဟုတ် Trigon ရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားမလား။

God Level အစွမ်းရှိတဲ့ Trigon ဆိုတဲ့ နတ်ဆိုးကိုသူတို့တွေ S2မှာစတင် ရင်ဆိုင်ရပါပြီ

ဒီနတ်ဆိုးအပြင် Deathstroke လည်း ပါဝင်လာပါပြီ။ Deathstroke ဘယ်လို ပါဝင်လာမလဲဆိုတာကတော့S2မှာ ကြည့်ရှုရင် သိနိုင်မှာပါ။

S2 မှာဆိုရင် Character တွေတော်တော်များများရဲ့ အတိတ်ကိုတွေ့ရမှာတွေ့သလို Robin နှစ်ယောက် တိုက်ခိုက်တဲ့အခန်းကိုလည်း မြင်ရမှာပါ။

Bruce Wayne လည်းပါလာပြီဖြစ်သလို ပရိသတ်တွေမျှော်လင့်ထားတဲ့နောက်ထပ်surpriseတစ်ခုလည်း S2 မှာပါလာပါတယ်။

ကဲ DC series ဆိုတော့ ဘယ်လောက်မိုက်မလဲဆိုတာပြောစရာမလိုတော့မယ်မထင်ပါဘူး။

Download Link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11(END)

Season 2

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13(END)


 ..... Thank For Watching ......


 

Lisey's Story (2021)

ဒီစီးရီးကတော့ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ ဝတ္ထုကို ဇာတ်လမ်းတွဲအဖြစ်ပြန်လည်ရိုက်ကူးပြီး apple tv ကနေ ပြသလိုက်ပါပြီ။ 

စတီဖင်ကင်းကိုတော့ ရုပ်ရှင်ပရိသတ်အများစုစာအုပ်မဖတ်ဖူးရင်တောင် ကြားဖူးနေကြမှာပါ။

IT, Pet Sematary, Shinning, Dr Sleep, 1408, Dark Tower, Shawshank, Green Mile, The Mist စသည်ဖြင့်ဇာတ်ကား ၅၀ လောက်ကို ရှိပါတယ်။ 

ဒါပေမယ့် ဒီ လီစီ စတိုရီ စာအုပ်ရဲ့ထူးခြားချက်ကတော့ ဆရာကြီး သူရေးခဲ့ဖူးသမျှထဲမှာအကြိုက်ဆုံးထဲမှာပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

စတီဖင်ကင်းဟာ သူ့ရဲ့ဇာတ်လမ်းအများစုက အပြင်လောကက သူ့ရဲ့ဘဝနဲ့ သူ့ခံစားချက်တွေကနေ အခြေခံပြီး ပြောင်းလဲချဲ့ထွင်ရေးခဲ့တာ များပါတယ်။

ဥပမာ Pet Sematary ဆိုရင် သူပြောင်းပြီးနေတဲ့အိမ်က ကားလမ်းနဲ့အရမ်းနီးပြီး သူ့ကလေးတွေအတွက် စိတ်ပူမိတဲ့ကိစ္စကနေ စပြီးရေးခဲ့မိတာပါ။

သူရေးပြီးသူပြန်ကြောက်မိတဲ့ ဝတ္တုလို့လည်း ဆိုခဲ့ဖူးပါတယ်။

ဒီစာအုပ်ကတော့ စတီဖင်ကင်းတစ်ယောက် အဆုတ်ရောင်ရောဂါနဲ့ အသည်းအသန်ဖြစ်ပြီး သူ့မိန်းမက လူနာစောင့်ခဲ့တဲ့အဖြစ်ကနေ စပြီး အတွေးပေါ်ခဲ့တယ်လို့ ပြောဖူးပါတယ်။

သူသေသွားတဲ့အခါ သူ့မိန်းမနဲ့ သူ့ရ့ စာမူတွေ ဘယ်လိုဖြစ်ကျန်ခဲ့မလဲဆိုပြီး တွေးလိုက်မိတဲ့ အတွေးတစ်စကနေ စတင်လိုက်ပါပြီ။

ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်လိုက်အမျိုးသမီးဟာ လီစီ လန်ဒန်ပါ။

သူ့ရဲ့ ခင်ပွန်း စကော့လန်ဒန်ကတော့ နာမည်ကျော် မှော်စိတ်ကူးယဉ် စာရေးဆရာဖြစ်ပြီးသေဆုံးသွားခဲ့တဲ့ ၂ နှစ်ရှိပါပြီ။ 

နှစ်နှစ်အတွင်းမှာ သူ့ခင်ပွန်းရဲ့မထုတ်ဝေရသေးတဲ့ စာမူတွေကိုလိုချင်လို့အသည်းအသန်ကမ်းလှမ်းနေသူတွေလည်းမနည်းပါဘူး။ 

လူတိုင်းကို လီစီက ငြင်းထားခဲ့ပါတယ်။ဒါပေမယ့် အဲဒီလူတွေထဲမှာ အရမ်းကို အစွဲအလန်းကြီးတဲ့ လူတစ်ယောက်ကတော့ စာမူတွေကို ရဖို့အတွက်လီစီကိုနည်းမျိုးစုံသုံးပြီး ချိန်းခြောက်ဖို့ ကြိုးစားလာပါတော့တယ်။

လီစီရဲ့ ခင်ပွန်း သေသွားတဲ့ စကော့ဟာ စိတ္တဇရောဂါ မျိုးရိုးရှိတဲ့လူဖြစ်ပြီး ကြောက်စရာအတိတ်တစ်ခုလည်း ရှိနေပါတယ်။

ဒါပေမယ့် အဲဒီစိတ္တဇရောဂါလို့ ထင်ရတဲ့ အခြားကမ္ဘာတစ်ခုဟာ တကယ်ဖြစ်တည်နေပြီး သွားရမယ့်လမ်းကို လီစီလည်း အရိပ်အမြွတ် မြင်ခဲ့ပြီးသားဖြစ်နေပါတယ်။

ဒီနေရာမှာတော့ IT chapter 2 နဲ့ဆင်ပါတယ်။ လီစီဟာ သူနဲ့သူ့ခင်ပွန်းရဲ့အတိတ်ကိုကြောက်စရာကောင်းတဲ့အချက်တွေကို တမင်မေ့ပစ်ပြီး သူမှတ်မိချင်တာကိုပဲ မှတ်ထားခဲ့တာပါ။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူ အတင်းမေ့ထားခဲ့တဲ့ အတိတ်တွေက နောက်ကနေ လိုက်လာတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်လာမလဲ.... စိတ်ဝင်တစားကြည့်ရမှာပါ....

Download Link
Ep 1
EP 2
EP 3
Ep 4
EP 5
EP 6
EP 7
EP 8(END)



..... Thank For Watching ......


 

Star Girl (2020-2021)

အညွှန်း 

Christmas အကြို ညတစ်ညမှာ JSA (Justice Society of America) အဖွဲ့နဲ့ Injustice Society တို့ အပြင်းအထန် တိုက်ခိုက်ကြရင်း JSA တစ်ဖွဲ့လုံး မျိုးကန်းသွားခဲ့ပါတယ်။

အဲဒီမှာ ဒဏ်ရာရပြီး သေခါနီးဖြစ်နေတဲ့ Starman က သူ့ရဲ့sidekickဖြစ်တဲ့ Pat ကို Comis Staff ကြီး ပေးခဲ့လိုက်တယ်။

ထိုက်တန်တဲ့သူတစ်ယောက်ကာိ ပေးအပ်ခိုင်းပြီး JSA ကို ဆက်လက်ရှင်သန်အောင်ထားဖို့ မှာခဲ့တော့တယ်။

၁၀ နှစ်ကြာပြီးတဲ့နောက်မှာ Pat ရဲ့ မယားပါသမီး
Courtney Whitmore က Staff ကို မတော်တဆတွေ့သွားတွေ့သွားတဲ့အချိန်မှာ Stargirl Origin အတွက် အခြေခိုင်တဲ့ episode တစ်ခုဖြစ်လာပါတော့တယ်။

VFX တွေကလည်း တော်တော်လေး လန်းပါတယ်။
မင်းသမီးလေးလည်း အတူတူပါပဲ။

DC Fan တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့်seriesတစ်ခုပါ။
Download Link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13(END)

Season 2 Coming Soon



..... Thank For Watching ......








 

LOKI (2021)

ကဲ ဒစ်စနေးရဲ့ လိုကီ လာပါပြီ။ 

မာဗယ်စီးရီးအသစ် ၃ ခုမြောက်ပါပဲ။ ဝန်ဒါဗီရှင် နဲ့ ဖယ်လ်ကွန်တုန်းကလည်းအားလုံးကျေနပ်ကြမယ်ထင်ပါတယ်။

ဒါကတော့ သူတို့တွေထက် ပိုပြီးမျှော်ရတဲ့ စီးရီးပေါ့ဗျာ။ 

လိုကီဟာ Endgame မှာ တက်ဆာရက်နဲ့အတူ လွတ်မြောက်သွားတာကို အားလုံးအသိပါ။ 

အခုကတော့ လွတ်မြောက်သွားတဲ့လိုကီကို TVA ဆိုတဲ့ စကြဝဠာရဲ့ အချိန်စီးကြောင်းတွေကို စောင့်ရှောက်သူတွေက ဖမ်းဆီးခဲ့ပါတယ်။ 

သူ့ကို ပြစ်ဒဏ်ချမှတ်ပြီးအချိန်စီးကြောင်းကို ပြန်တည့်မတ်ဖို့ ကြိုးစားခဲ့ပေမယ့် လှည့်စားခြင်းနတ်ဘုရားဆိုတဲ့အတိုင်း TVA ထဲမှာပါ ပြဿနာတွေ ပေါင်းစုံ ဖြစ်လာတဲ့အခါ....ကဲ ရှည်မနေတော့ဘူး....ကြည့်လိုက်ပါတော့လို့


Quality :720p WebRip 

Download Link










..... Thank For Watching ......


 

Lupin (2021)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆိုတာနဲ့ ရိုမန့်စ်တွေပြည့်နှက်နေတဲ့အချစ်မြို့တော်ကြီးလို့ပဲ တော်တော်များများက ပြေးမြင်မိကြမှာပါ။

ဒါပေမယ့် ဒီဇာတ်လမ်းမှာတော့ ပဲရစ်မြို့က ဇာတ်လိုက်​ကျော်ခိုးသားကြီး အာဆန်းဂျုပ်ရဲ့ပြောင်မြောက်တဲ့ခိုးကွက်တွေကို ကြည့်ရှုကြရမှာပါ။

ခိုးသားဆိုလို့ သာမန်သူခိုးတော့မဟုတ်ပါဘူး။ပဲရစ်မြို့ရဲ့ အထင်ကရပြတိုက်ကြီး လူဗာပြတိုက်က သမိုင်းဝင်ယူရိုသန်းချီလည်ဆွဲကြီးကိုမှ ပါးပါးနပ်နပ်ခိုးယူမယ့် သူခိုးကြီးပါ။

သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီးကတော့ ခိုးသားလူကြီးလူကောင်းဆိုတဲ့ စာအုပ်ထဲက“အာဆင်နီလူပင်” ပါပဲ အာဆင်နီလူပင်ရဲ့အကွက်တွေကိုအသုံးချပြီးဟိတ်ဟန်အပြည့်နဲ့ရုပ်ပြောင်းရုပ်လွှဲအမျိုးမျိုးနဲ့ ပါးပါးနပ်နပ်ကစားသွားပုံတွေကတော့ သြချလောက်စရာပါ။

ဒါပေမယ့်သူ့ရည်ရွယ်ချက်က ငွေလိုချင်ရုံသက်သက်မဟုတ်ပါဘူး။

ဒီသမိုင်းဝင်လည်ဆွဲကြီးကိုမှ ဘာလို့ခိုးယူရလဲဆိုတာတွေကိုတော့ ၁၉၉၅ ခုနှစ် အာဆန်းရဲ့ငယ်စဥ်ကလေးဘဝပုံရိပ်တွေနဲ့အတူပြသွားတာဖြစ်ပြီး ....

အပိုင်း၅ပိုင်းပဲ ပါဝင်မှာဖြစ်တဲ့အတွက် ငြီးငွေ့မသွားစေဘဲအတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး။
Download Link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5

Zip File - GDRIVE

Season 2

Ep 1
Ep 2
Ep 3
EP 4
EP 5

ZIP FILE - GDRIVE 


Thank For Watching 




 

Followers

Slider

5/Teste Menu 7/slider
MM Official