Showing posts with label 2017. Show all posts
Showing posts with label 2017. Show all posts

Money Heist Season 5 Part 1 (2021)


အားလုံးမျှော်နေကြတဲ့ Money Heist အတွဲ ၅ ထွက်လာပါပြီ။ အတွဲ ၅ မှာ ၁၀ ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ အပိုင်း ၁ မှာ ၅ ပိုင်း နဲ့ အပိုင်း ၂ မှာ ၅ ပိုင်း ဆိုပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာ တစ်ကြိမ်၊ဒီဇင်ဘာ ၃ ရက်နေ့မှာ တစ်ကြိမ် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပိုင်းမှာဆိုရင် နိုင်ရိုဘီ အပစ်ခံရပြီး သေသွားလို့
အားလုံးဝမ်းနည်းနေကြပါတယ်။

ဒန်ဗာ ဖမ်းမိထားတဲ့ ပလာမိုကိုကယ်ပြီး ဘဏ်ကိုဝင်စီးမယ့် ဟယ်ရီကော်ပရာနဲ့ လိုက်သွားပြီး ဘဏ်ထဲကို ရောက်အောင်ပို့လိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဗိုက်ကြီးသည်မ စီအာရာ က ပရော်ဖက်ဆာရဲ့ နေရာကိုရှာတွေ့သွားတဲ့အခန်းမှာ ရပ်ထားတာပါ။

ဒီအတွဲမှာရော ပရော်ဖက်ဆာက စီအာရာနဲ့ ထိပ်တိုက်တွေ့မယ့် အနေအထားမှာ ရှိပါတယ်။

အခြေအနေတွေက ပြောင်းလဲသွားပြီးတော့ပရော်ဖက်ဆာ ဘယ်လိုလှည့်ကွက်တွေ ထုတ်သုံးဦးမလဲဆိုတာရင်ခုန်စွာနဲ့ ကြည့်လိုက်ကြပါဦး ......

File Size - 600MB

Total Episodes - 5

Quality - 720p

Duration - 1h 10min

Download Link

Coming Soon S1 To S4 Link

Season 5 (Part 1)

Ep 1
Ep 2
Ep 3
Ep 4
Ep 5


---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---



 

 

Avicii: True Stories (2017)

EDM ကို ပေါ်ပင်ဂီတ၊ အပေါစားဂီတတစ်ခုလို့မြင်နေကြတဲ့ မြန်မာဂီတချစ်ပရိသတ်တွေအတွက် ပကာသနအကင်းဆုံးနဲ့ ဘ၀ကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ပြီး
စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော် DJ တစ်ယောက်ဖြစ်တဲ့ Avicii အကြောင်း ရိုက်ကူးထားတဲ့ Avicii: True Stories ဆိုတဲ့ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

စတော့ဟုမ်းမြို့က ချာတိတ်လေးတစ်ယောက်ဟာ အသက် ၁၇ နှစ်အရွယ်မှာ FL Studios ဆိုတဲ့ Software လေးတစ်ခုကနေ အစပြုပြီး House Music နဲ့ Dance Music လောကမှာ အအောင်မြင်ဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

သူ့ရဲ့အသက်အရွယ်နဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေဟာ မိုးနဲ့မြေလိုကွာခြားပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို Levels, Wake Me Up, The Nights စတဲ့ သီချင်းတွေကို အရောက်ပို့ပေးခဲ့သူပါ။ 

နာမည်ကျော် DJ သမားတွေဖြစ်တဲ့ Laidback Luke, David Guetta လိုလူမျိုးတွေကပါ သူ့ကို ပါရမီရှိပြီး ရိုးရှင်းတဲ့ DJ သမားလို့ ချီးကျူးခဲ့ရတဲ့အထိ သူ့ရဲ့ ဂုဏ်သတင်းက ကျော်ကြားခဲ့သလို အနုပညာသက်တမ်း ၇ နှစ်လောက်အတွင်းမှာ ပွဲပေါင်း ၈၀၀ ကျော်ဖျော်ဖြေခဲ့သူလဲဖြစ်ပါတယ်။

Avicii ရဲ့ဘ၀ဟာ ပရိသတ်တော်တော်များများအတွက်တော့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ Avicii ဟာ ကျန်းမာရေးအခြေအနေဆိုးတွေနဲ့ ရုန်းကန်နေရတာကိုတော့ သူနဲ့ရင်းနှီးတဲ့လူနည်းစုကသာ သိရှိခဲ့တာပါ။ 

လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပွဲပေါင်းများစွာကို မမောမပန်းပဲဖျော်ဖြေနိုင်ဖို့၊အလုပ်ကို အာရုံသေချာ
စိုက်နိုင်ဖို့အတွက် အရက်သေစာကို ကုထုံးတစ်ခုအဖြစ်အသုံးပြုခဲ့တဲ့ Avicii ဟာ သိပ်မကြာခင်မှာပဲ အရက်အလွန်အကျွံ သောက်ခြင်းရဲ့အကျိုးဆက်အဖြစ် ပန်ကရိယ ရောင်ရမ်းလာခဲ့ပါတယ်။

ဒီဝေဒနာတွေ ကြောင့် ရှိုးပွဲတွေလဲ ဖျက်ခဲ့ရတဲ့အပြင် အလုပ်တွေပါလစ်ဟင်းလာတဲ့အတွက် စိတ်ဓာတ်တွေကျခဲ့သလို အကိုက်အခဲပျောက်ဆေးဒဏ်တွေကြောင့် ပြန်လည်သက်သာဖို့ အတော်လေးအချိန်ယူခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ ဆေးရုံတစ်ခါဆင်းတိုင်း အနားယူဖို့ထက် ပရိသတ်အတွက် သီချင်းအသစ်တွေဖန်တီးဖို့၊ ဖျော်ဖြေပွဲတွေလုပ်ဖို့သာ တာဆူခဲ့ပြီး ဒီဒဏ်တွေက သူ့ကိုတဖြေးဖြေးနှိပ်စက်လာတာကို  လျစ်လျူရှု့နေခဲ့ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင် ၂၀၁၆ ခုနှစ်က သူ အနားယူပြီလို့ တရား၀င်မကြေငြာခင် နောက်ဆုံးဖျော်ဖြေခဲ့တဲ့ပွဲအထိ မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။ 

သူ့ရဲ့ဘ၀ အတက်အကျတွေ သီချင်းဖန်တီးမှုတွေအကုန်ပါ၀င်ပြီး Avicii ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိလာစေရမယ်လို့ အာမခံရဲတဲ့ရုပ်ရှင်တစ်ကားပါ။

အခုဆိုရင်တော့ အားလုံးသိထားတဲ့အတိုင်းပဲ Avicii ကတော့ အကြွေစောတဲ့ပန်းကောင်းတစ်ပွင့်ဖြစ်ခဲ့ပါပြီ။ သူ့ရဲ့ စိုးရိမ်စိတ်တွေ၊ ဝေဒနာတွေ ကို မခံနိုင်တော့တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်ဆိုပြီး တရား၀င်ကြေငြာချက်လဲထွက်လာခဲ့ပါပြီ။ 

သူ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ Levels နဲ့ Wake Me Up ကတော့ ပရိသတ်တွေရဲ့နှုတ်ဖျားမှာ စွဲနေဆဲဖြစ်ပါတယ်။ EDM သမားတွေဆို အမြင်စောင်းတတ်တဲ့၊ အထင်သေးတတ်တဲ့လူတွေအတွက်လဲ ဒီကားကိုကြည့်ပြီးရင် သူတို့ရဲ့ဘ၀ကို နားလည်လာမှာသေချာပါတယ်။

ဒီလိုအနုပညာရှင်ကောင်းတွေ ဆက်ပြီးပေါ်ထွက်လာဖို့မျှော်လင့်ရင်း ကောင်းရာသုဂတိလားပါစေ Avicii လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဆွီဒင်စကားပြောတစ်ချို့ဟာ English စာဖိုင်မှာမပါ၀င်တဲ့အတွက် ချန်ထားခဲ့ရပါကြောင်းအသိပေးလိုပါတယ်။

File Size : (750 MB)

Quality : WEBRip 720p

Running Time : 1hr 37min

Genre : Documentary
Download Link

...... Thank For Watching...... 

 

Tiger Zinda Hai (2017)

၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှိုအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာ သူလျှိုဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။

ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။

ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ 

ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။

တိုက်ဂါးရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။

အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှိုတိုက်ဂါးနဲ့ ပါကစ္စတန်သူလျှိုဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။

အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို.....

ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂါးတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ 

ဓားစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါ တယ်။

ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။ 

File Size : (1.3 GB)

Quality : Blu-Ray 720p

Running Time : 2hr 41min

Genre :Action, Adventure, Thriller

Download Link


..... Thank For Watching ......

 

Voice (2017) 

Voiceစီးရီးနဲ့ပတ်သက်ပြီး အညွှန်းတော့ထွေထွေထူးထူးရေးစရာမလိုလောက်ဘူးထင်တယ်.....

အသက်နဲ့သစ္စာလို့လူသိများကြတဲ့ ဒီစီးရီးက ရဲမှုခင်းဌာနရဲ့ Call Center တစ်ခုကိုအခြေပြုပြီးတော့ ဇာတ်အိမ်ဖွဲ့ထားတာပါ...

ကိုရီးယားရဲ့ လူသိများတဲ့ဇာတ်ကောင်က Psychopath ပါပဲ...

ကြည့်နေတုန်း Screen ထဲဝင်ပြီး သတ်ပစ်ချင်လောက်အောင် ဖမ်းစားနိုင်ပါတယ်....

အဲ့လိုနေရာကို နာမည်ကြီးသရုပ်ဆောင်တွေထားသလို ဇာတ်အိမ်ကိုအမြင့်ဆုံးဖြစ်စေနိုင်တဲ့ နာမည်ရသရုပ်ဆောင်တွေ Plot Twist အလန်းစားတွေနဲ့ ဖွဲ့စည်းပြီး အဆင့်အတန်းမြင့် Crimeဇာတ်လမ်းတွေဖန်တီးလေ့ရှိတယ်...

လူကြိုက်များလှသလို ဒီ Voiceစီးရီးကလည်း အထင်ကရ စီးရီးဆက်ကြီးလို့ပြောရင်လည်းမမှားပါဘူး.....

Voiceရဲ့အကောင်းဆုံးကတော့ SE1ရဲ့ အပိုင်း(၁)စပြီး Tempoကိုကျမသွားတာပါပဲ...

ကိုယ်တိုင် ဇာတ်လမ်းထဲရောက်သွားသလို ခံစားရပြီး ကိုယ်တိုင်အမှုတွေအဖြေရှာရ Psychopath က ဘယ်သူဖြစ်မလဲကိုတွေးရ အသံတွေကြားပြီး ဘာမှမကယ်နိုင်အကူအညီမပေးနိုင်နဲ့ တော်တော်ဒုက္ခများတယ်လို့ပြောရမှာပါပဲ...

တစ်ချို့အခန်းတွေဆို ဟာ ဟင် ထအော်ရတာမျိုးရှိသလို ကြည့်ရင်း လည်ချောင်းတွေခြောက်ပြီး ရေတွေပါငတ်တဲ့အခြေအနေမျိုးတွေလည်းကြုံရပါတယ်...ကဲ ဒီလို မျိုးဇာတ်လမ်းတွဲမှ မကြည့်ရင် ဘယ်ဟာ သွားကြည့်မှာလည်း......

Quality – WEB-DL 720p

Native Title: 보이스

Also Known As: The Voice , 더 보이스 , Boiseu

Genres: Thriller, Mystery, Psychological, Detective, Investigation

Episodes: 16

Duration – 60Min 

Download Link

Season 1

EP 1
EP 2
EP 3
EP 4
EP 5
EP 6
EP 7
EP 8
EP 9
EP 10
EP 11
EP 12
EP 13
EP 14
EP 15
EP 16 (END)


Season 2 ဆက်ရန်


..... Thank For Watching ......

 

Thupparivaalan (2017)

ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့
လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေး စုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိ......

တေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ်ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေဂူ
(ဘောလိဝုဒ်)မဆန်တဲ့ကားလို့ ပြောပါရစေ

တေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါသီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါ

မင်းသားကလည်း နာမည်ကြီး မင်းသားအရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်

ဇာတ်ကြောင်းက...

အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ်။

လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့...

(Sherlock charactorကို မှီငြမ်းထားတာကိုး)

အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့

တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်။

အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှု ကောင်လေးနာမည်က နာဗီးတဲ့

အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်

ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး စစုံစမ်းတော့မထင်မှတ်တာတွေ ထူးဆန်းတဲ့ သဲလွန်စတွေကို အမှတ်မထင် တွေ့လာတော့တယ်။

ခွေးဟာ ရိုးရိုးပျောက်တာ မဟုတ် သေနတ်မှန်လို့သေသွားတာ ခွေးရဲ့အစာအိမ်ထဲမှာ ကျန်ခဲ့တဲ့ သေနတ်ကျည်ဆန်ကို သုံးပြီး အမှုကို ဆက်တိုက်လိုက်ကြည့်တဲ့အခါ..

ဒီကျည်ဆန်ရဲ့နောက်ကွယ်မှာ နိုင်ငံဖြတ်ကျော် ကြေးစား လူသတ်မှုတွေ ဒုဒရိုက်လောကနဲ့ဆက်နွယ်နေတဲ့ လာဘ်စားတဲ့ ရဲ၀န်ထမ်းတွေပါ ပါနေတယ်ဆိုတာတဖြည်းဖြည်း သိလာတဲ့အခါ..

တဖြည်းဖြည်းချင်း အသက်ရှူမှားအောင် ဆွဲခေါ်သွားမယ် ကြည့်ရှုသူကို အလကားထိုင်မနေစေဘဲ ဘာဆက်ဖြစ်မလဲဆိုပြီး ပရိတ်သတ်ကို မေးခွန်းပြန်ထုတ်တဲ့ကားမို့ ဆက်ပြောနေရင် Spoil သလိုဖြစ်နေမှာစိုးလို့ကိုယ်တိုင်ပဲ ဒေါင်းပြီး ကြည့်လိုက်ပါတော့လို့...


File Size: 1.2 GB 

Quality: 720p 

Genre : Action,Crime,Mystery

Run Time : 2h 39m

Download Link



..... Thank For Watching ......

 

A Taxi Driver (2017)

တောင်ကိုရီးယားရဲ့သမိုင်းဝင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရမ်း အရေးပါတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ကား နဲ့မိတ်ဆက်ပေးပါရစေ။

သမိုင်းဝင်ဖြစ်ရပ်မှန် ဇာတ်လမ်းမို့ ကိုးရီးယားမှာ သမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သလို ကိုးရီးယားလူဦးရေရဲ့ ၅ပုံ၁ပုံလောက်ကို ရုပ်ရှင်ရုံမှာ လာရောက်အားပေးလို့ ရုံတင်ချိန် အကြာဆုံး ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။

ဒီကားအကြောင်းမပြောခင် ကိုးရီးယားသမိုင်းကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်။

ဂျပန်လက်အောက်က လွတ်လပ်ရေးရပြီး 16 နှစ်တိုင်တိုင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တယ်။

၁၉၇၉ အောက်တိုဘာမှာ အရင်သမ္မတ လုပ်ကြံပြီးဒီဇင်ဘာမှာ စစ်တပ်ကပဲ စစ်အာဏာသိမ်းလိုက်ပါတယ်။

ဒီနောက်ပိုင်း နိုင်ငံရေးသမားတွေ တက္ကသိုလ်ကျောင်းသားတွေနဲ့ နိုင်ငံသူနိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးပေးဖို့ လှုပ်ရှားဆန္ဒပြလာကြလာကြပြီး အခြေအနေတင်းမာလာလို့ Martial law ပြဌာန်းပြီး အကြမ်းဖက်နှိမ်နှင်းခဲ့သလို တက္ကသိုလ်ကျောင်းတွေ 
ယာယီပိတ်ထားလိုက်ပါတယ်။

သတင်းတွေလည်း အမှောင်ချထားလိုက်ပါတယ်။ကျန်တဲ့မြို့တွေ အလွယ်တကူ ထိန်းချုပ်နိုင်ပေမယ့် ဂွမ်ဂျူးမြို့က တစ်မြို့လုံး စည်းလုံးညီညွှတ်တာကြောင့် ထိန်းချုပ်ရခက်နေပါတယ်။

ဒါကြောင့် မြို့ကို ဖုန်းလိုင်းတွေဖြတ် မြို့အဝင်အထွက်ကိုပိတ် သတင်းတွေအမှောင်ချထားခဲ့ပါတယ်။  

မြို့က ဆန္ဒပြသူတွေနဲ့ကျောင်းသားတွေကိုလည်း အကြမ်းဖက်စစ်အင်အားသုံးဖြေရှင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ဂွမ်ဂျူးမြို့သူမြို့သားတွေကတော့ အရှုံးမပေး ရဲရဲတောက် မြို့လုံးကျွတ်မျှ အသေခံ ဆန္ဒပြဆန့်ကျင်ခဲ့ပါတယ်။

ဒီမြို့က သတင်းကို ကမ္ဘာသိအောင် ဂျာမန်သတင်းထောက် သက်စွန့်ဆံဖျားလာပြီး တက္ကစီသမားတစ်ယောက် အကူအညီနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး သတင်းထုတ်လွှင့်နိုင်ခဲ့ပါတယ်။

ဒီသတင်းကြောင့် ကျန်တဲ့ပြည်သူတစ်ရပ်လုံးလည်း ပါဝင်လာတာကြောင့်နောင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တွန်းအားပေးခဲ့သည့်မြို့လေးဖြစ်ခဲ့သည်။

အခု ဒီဇာတ်ကားလေးကတော့ တက္ကစီသမား မစ္စတာကင်က ဂျာမန်သတင်းထောက်ကို ဂွမ်ဂျူးမြို့ဆီ လိုက်ပို့ပေးခဲ့တဲ့ဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။

နိုင်ငံရေးစိတ်မဝင်စားတဲ့ ကိုယ့်မိသားစု ကိုယ့်အလုပ်အကြောင်းသာ စိတ်ဝင်စားတဲ့ကားသမားတစ်ယောက်တက်တက်ကြွကြွနဲ့ သတင်းအမှန်တွေတင်ဆက်ပေးဖို့ စိတ်ထက်သန်တဲ့ ဂျာမန်သတင်းထောက်တစ်ယောက်ကို ပိုက်ဆံအများကြီးရမှာမို့ အော်ဒါမှာထားတဲ့ကားလိုလိုနဲ့ ဖြတ်ခုတ်ပြီးနိုင်ငံခြားသားကို အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ ဂွမ်ဂျူးကို လိုက်ပို့ပေးရင်း…………………..

ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါ.......

သင်ခန်းစာယူတတ်ရင် အများကြီးကို ပေးသွားတဲ့ဇာတ်ကားကောင်းလေးပါ 

File Size : (950 MB)

Quality : HDRip 720p

Running Time : 2hr 17min

Genre :Action, Drama, History

Download Link

..... Thank For Watching ......

 

Joshua Teenager Vs Superpower (2017) 

Joshua Wangဆိုတဲ့ နာမည်ကို နွေဦးတော်လှန်ရေး ဆင်နွဲနေတဲ့သူတိုင်း ရင်နှီးနေမယ်လို့ထင်ပါတယ်။

Joshua Wangဟာတရုတ်သမ္မတ Xi Jinping အကြောက်ဆုံးဖြစ်တဲ့ ဟောင်ကောင်လူငယ်တတ်ကြွလှုပ်ရှားသူတစ်ယောက်ဘဲဖြစ်တယ်။

Joshua Wangက အသက် ၁၄နှစ်နဲ့ Scholarism အဖွဲ့ကိုအထက်တန်းကျောင်းသား ဆယ်ကျော်သက်တွေနဲ့တည်ထောင်ခဲ့တယ်။

သူတို့အဖွဲ့ရဲ့ ပထမဆုံး လှုပ်ရှားမှုကတော့ ဟောင်ကောင်ကျောင်းတွေမှာ အမျိုးသားပညာရေးစနစ်ပြဌာန်းမှာကို ရုတ်သိမ်းဖို့ဘဲဖြစ်တယ်။

Joshua Wangကလူငယ်ကျောင်းသားတွေကို စုစည်းကာအစိုးရပိုင်ရင်ပြင်တွေကိုသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒပြပြီး အစိုးရကိုဖိအားပေးကာ အမျိုးသားပညာရေးစနစ်ကို ရုတ်သိမ်းဖို့တောင်းဆိုခဲ့တယ်။

ဆယ်ကျော်သက်ကလေးတွေနဲ့ဘဲ ဖွဲ့စည်းထားတဲ့ Scholarism အဖွဲ့ကတရုတ်အစိုးရရဲ့ ဆန္ဒပြပွဲဖြိုခွင်းမှုတွေကို ဘယ်လိုတောင့်ခံခဲ့သလဲ။

တရုတ်အစိုးရကို ဘယ်လိုဖိအားပေးခဲ့လဲဆိုတာကို ဒီ documentary မှာကြည့်ရှုနိုင်ပါတယ်။

File Size – 1GB

Quality : 1080p WED-DL,720p WED-DL

Genre :Documentary

Download Link


..... Thank For Watching ......

 

Leh Lub Salub Rarng (2017)


ဗိုလ်ကြီးရာမင် အဖြစ် Nadech Kugimiya
ပဲတျာ ပါဝဒီ အဖြစ် Yaya Urassaya Sperbund 
တို့က အဓိကဇာတ်ဆောင်များအဖြစ်ပါဝင်ရိုက်ကူ
ထားပြီး

အမ်ခွမ် အဖြစ် Tor Thanapob Leeluttanakajorn 
နွတ်ယွန် အဖြစ် Ice Preechaya Pongthananikorn 
ရစ်ချက် အက်ဒီဆွန် အဖြစ် Peck Premanat Suwannannon တို့က ဇာတ်ပို့နေရာကနေပါဝင်အားဖြည့်ထားပါတယ်။
အညွှန်း 

မိန်းကလေးတွေကိုအထင်သေးပြီး ပွေတတ်ရှုပ်တတ်သူ၊ ကိုယ့်ကိုကိုယ်အထင်ကြီးတတ်ပြီး အထူးတပ်ဖွဲ့ရဲ့ ဗိုလ်ကြီးသံမဏိလက်လို့အမည်တွင်လောက်အောင် ယောကျားပီသပြီး စွမ်းဆောင်ရည်မြင့်မားသူ ဗိုလ်ကြီးရာမင်...

အာရှပုလဲဘွဲ့ကိုရရှိထားပြီး ထိုင်းနိုင်ငံရဲ့အလှဆုံးမင်းသမီးတစ်လက်၊ စူပါစတားဖြစ်တာနဲ့အညီဘဝ‌မေ့ပြီး မောက်မာတတ်သူ၊ ယောကျားတွေနဲ့ အလုပ်သမားတွေအပေါ်မှာအထင်အမြင်သေးတတ်သူ ပဲတျာ ပါဝဒီ...

အတိတ်ကဝဋ်ကြွေးတွေကြောင့် သူတို့၂ဦးတွေ့ဆုံမိကြတဲ့အခါ မတော်တဆမှုတစ်ခုကြောင့် သူတို့၂ယောက်ရဲ့ခန္ဓာကိုယ်တွေပြောင်းပြန်ဖြစ်သွားကြတဲ့နောက်...

မိန်းမတွေကိုအထင်သေးတတ်တဲ့ ဗိုလ်ကြီးရာမင်က ပဲတျာ ပါဝဒီ ရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားပြီးယောကျ်ားတွေကိုအထင်သေးတတ်တဲ့ ပဲတျာ ပါဝဒီက ဗိုလ်ကြီးရာမင်ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ...

သူတို့၂ဦးရဲ့ခန္ဓာကိုယ်အပြောင်းအလဲကြောင့်ဘာတွေဆက်ဖြစ်လာမလဲ...?

Action, Comedy, Romance, Drama, Fantasy အမျိုးအစားဖြစ်တာကြောင့် ရသစုံစွာကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အပတ်စဉ်တစ်ပတ်၂ပိုင်း တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Native Title: เล่ห์ลับสลับร่าง

Also Known As: Secret Trick While Bodies Switch ,

Genres: Action, Comedy, Romance, Drama, Fantasy

Episodes: 13

Duration: 1 hr. 50 min.

Download Link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13 (END)


..... Thank For Watching ......







 

The Brave (2017)

အမေရိကန်ရဲ့ စစ်ဘက်ထောက်လှမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Defence Intelligence Agency (DIA) မှာ ပက်ထရစ်ရှာကမ့်ဘဲလ် ဆိုတဲ့အမျိုးသမီးကြီးက လက်ထောက်ညွှန်ကြားရေးမှူးပါ။

သူ့လက်အောက်မှာ … သတင်းအချက်အလက် စုံစမ်းဖော်ထုတ်ရေးအဖွဲ့နဲ့ မြေပြင် စစ်ဆင်ရေးအဖွဲ့ ဆိုပြီး နှစ်ဖွဲ့ရှိပါတယ် …

DIA ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းက အန ္တရာယ် ရှိတဲ့ နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ဘေးကင်းရေးအတွက် အသက်ပေး တာဝန်ထမ်းဆောင်ဖို့ပဲဖြစ်ပါတယ်။

ဆိုတော့ မြေပြင်စစ်ဆင်ရေးအဖွဲ့ဟာ အထူးလေ့ကျင့်ထားတဲ့ စစ်သားတွေဖြစ်လေတေဲ့အပြင် တစ်ဦးချင်းစီမှာလည်း သတ်ဖြတ်နှိမ်နှင်းရေးအတွက် ပါရမီတွေ ပါသလားမှတ်ရတယ်။

DIA က အရေးပေါ်ညွှန်ကြားချက်တစ်ခုရတာနဲ့ မြေပြင်စစ်ဆင်ရေးအဖွဲ့က အချိန်တိုအတွင်း စစ်ဆင်ရေးတွေကိုအောင်မြင်အောင်လှုပ်ရှားရပါတယ်။

ဒီလိုလှုပ်ရှားရတာ တကယ်တော့ ထင်ထားတာထက်ကို ခက်ပါတယ်။

နိုင်ငံတကာရဲ့ ဥပဒေတွေနဲ့လွတ်ကင်းအောင် ခြေရာဖျောက်လုပ်ကိုင်ရတာမျိုးရှိတတ်သလို တစ်ချို့ကိစ္စတွေဆို ဥပဒေပြင်ပတွေဖြစ်သွားတတ်ပါတယ်။

ဒီဇာတ်လမ်းတွဲက ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်….ခေတ်မှီနည်းပညာတွေသုံးထားသလို အက်ရှင်ခန်းတွေလည်း ဝေဝေဆာဆာပါ ပါတယ်။

မြေပြင်စစ်ဆင်ရေးအဖွဲ့နဲ့အတူ စွန့်စားခန်းတွေ ထွက်ရသလို ခံစားရပြီး DIA ရဲ့ ကင်းထောက်လေယာဉ်နဲ့အတူ တိုက်ရိုက်ကြည့်ရှုရင်း ကိုယ်တိုင် ညွှန်ကြားရေးမှူးတစ်ယောက်လိုလည်းဖြစ်သွားပါလိမ့်မယ်...

အပိုင်း ၁၃ ပိုင်းပါရှိပြီး ခပ်ကြမ်းကြမ်း ရင်ခုန်ရတဲ့ အက်ရှင် စစ်ဆင်ရေး ဇာတ်လမ်းတွဲတွေကြိုက်နှစ်သက်သူတို့အဖို့ တစ်ပိုင်းလောက်မြည်းစမ်းကြည့်သင့်ပါတယ်။

Quality – BLU-RAY 720P

Duration – 43min

Genre : Action,Drama,Thriller

Download Link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
GDRIVE
Ep 12
GDRIVE
Ep 13 (END)
GDRIVE

..... Thank For Watching ......



 

Kong: Skull Island (2017) 

၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာ လမှာ Monarch လို့ခေါ်တဲ့ လျှို့ ဝှက် အဖွဲ့အစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့ ကျွန်းသစ်တစ်ကျွန်း ကို ရှာတွေ့ခဲ့ပါတယ်။

အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖို့ ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်။တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ။

ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်။ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲ့ဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်။ 

သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော် ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို့ သုတေသီတွေနဲ့ပါ လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအ ပြင်းအထန်ဖြစ်ကြပါတော့တယ်။

ကင်းကောင် ဇာတ်ကား ကြိုက်တဲ့ ပရိသတ်တွေ အနေနဲ့ တော့ ဒုတိယမြောက် ကင်းကောင်ဇာတ်ကားကကော ကျေနပ် လောက်တဲ့ ရသပေးစွမ်းမှာလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ ဆုံးဖြတ်ကြည့်ကြဦး နော်။

သတ္တဝါကြီးတွေရှိတဲ့ကျွန်း ကို ကျူးကျော်ဝင်လာတဲ့လူတွေနဲ့ သတ္တဝါတွေ ထိပ်တိုက်တွေ့တဲ့အ ခါ ဘာတွေဆက်ဖြစ်ကြမှာလဲ။ 

ကင်းကောင်ကော ဘယ်လိုအခြေ အနေနဲ့ ဇာတ်သိမ်းရမှာလဲဆိုတာ တော့ကိုယ်တိုင်ကြည့်မှ သိမယ်ဗျို့..

File Size : 3.1 GB and (852 MB)

Quality : Bluray 1080p and 720p

Running Time : 1hr 58minutes
Download Link

..... Thank For Watching......


 


The Good Doctor


The Good Doctor စီးရီးဟာ နာမည်ကြီးကိုရီးယားစီးရီးကိုပြန်လည်ရိုက်ကူးထားတာပါ။ကိုရီးယားစီးရီးကို မကြည့်ဖြစ်လိုက်ပေမယ့်ဒီအမေရိကန်စီးရီးကိုတော့ စိတ်ဝင်တစားကြည့်ဖြစ်ပါတယ်။

ဆရာဝန်စီးရီးတွေမှာတော့ အမေရိကန်စီးရီးတွေက အများကြီးပီပြင်ပါတယ်။အသုံးအနှုန်းတွေ လှုပ်ရှားမှုတွေနဲ့ ရောဂါတွေက အတော်လေး သဘာဝကျပါတယ်။ဇာတ်လိုက်ကတော့ Autism အော်တစ်ဇင်ရောဂါရှိတဲ့ပါရမီရှင် ခွဲစိတ်အလုပ်သင် ဆရာဝန်တစ်ယောက်ပါ။

သူ့ကို ဆေးရုံအုပ်ကြီးက သူ့ရာထူးနဲ့ရင်းပြီး ထောက်ခံပေးကာအလုပ်ဆင်းခွင့်ပြုခဲ့ပါတယ်။သူရောက်သွားတဲ့ ခွဲစိတ်ဆရာဝန်အဖွဲ့ခေါင်းဆောင်ကအရမ်းတော်ပြီး မာနကြီးတယ်၊ သူ့တွဲဖက်တွေကလည်း လူသန်းဆန်သူတကိုယ်ကောင်းဆန်သူ စသည်ဖြင့် လူအမျိုးမျိုးနဲ့ ကြုံလာရပါပြီ။

သူ့ရဲ့ ထူးဆန်းတဲ့တွေးခေါ်ပုံတွေ လူတွေနဲ့ကသိကအောက်ဟာသတွေ၊ အမှန်နဲ့အမှားကြားက ကျင့်ဝတ်တွေနဲ့ အတော်ကိုဝေဝေဆာဆာရှိတဲ့ ဇာတ်လမ်းပါပဲ။

House MD, Grey Anatomy လိုမျိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့လုံးဝကျေနပ်စေမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

အကောင်းဆုံးကြိုးစားပြီး ပြန်ပေးထားပါတယ်။ဆရာဝန်တွေမှ သိနိင်မယ့်စာလုံးအချို့ ဘာသာပြန်မှားပါလာရင်တော့ နားလည်ပေးလိုက်ကြပါခင်ဗျ။

Medical Field က လူတွေအတွက်လည်း မူလစကားလုံးတွေ မဖျက်ဘဲထည့်ပေးထားပါတယ်။မြည်းစမ်းကြည့်ကြပါ။

Download Link

Season 1
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18 (END)

Season 2
Ep1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18 (END)





A Love so Beautiful (2017)

အချစ်ဆိုတာ ငယ်ရွယ်တဲ့အချိန်မှာ ပိုပြီး လှပပါသတဲ့။လူတိုင်းမှာ ကျောင်းသားကျောင်းသူဘဝတုန်းကတစ်ဖက်သတ် ကြိတ်ကြွေခဲ့ရတဲ့သူတွေ ရှိဖူးကြပါတယ်။တချို့လည်း ကိုယ် ကြိတ်ကြွေခဲ့ရတဲ့သူနဲ့ရွှေလက်တွဲနိုင်ခဲ့တဲ့သူတွေလည်း ရှိတာပေါ့ဗျာ။ဒီဇာတ်လမ်းလေးကလည်း ငယ်ရွယ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့တစ်ဖက်သတ်အချစ်ကို အနူးညံ့ဆုံး၊ အလှပဆုံး ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေးပါ။ချန်းရှောင်ရှီ လို့ ခေါ်တဲ့ ကောင်မလေးက ဘေးက အိမ်နီးချင်းသူငယ်ချင်းကောင်လေး ကျန်းချန် ကိုငယ်ငယ်လေးကတည်းက တစ်ဖက်သတ် ကြိတ်ကြွေနေခဲ့တာပါ။ဒါကို ကျန်းချန်သိအောင်တစ်မျို မသိအောင်တစ်မျိုး ဖော်ပြပေမယ့်မာနခဲလေး ကျန်းချန်ကတော့ ရှောင်ရှီကို လျစ်လျူပြုထားပါတယ်။တကယ်ရောလျစ်လျူပြုထားတာဟုတ်ရဲ့လားဆိုတာတော့ဇာတ်လမ်းထဲမှာ မြင်ရမှာပါ။ဒီနှစ် ဒီဇင်ဘာမှာတော့ ဒီဇာတ်လမ်းကိုကိုရီးယားက ပြန်လည်အသက်သွင်းမယ် ဆိုပါတယ်။ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ထုတ်လွှင့်မယ် ဆိုပါတယ်။
ဒီတော့ ဒီဇာတ်လမ်းလေးကို ကြည့်ရင်း
ဇာတ်လမ်းကို ကြည့်ဖူးတဲ့လူတွေက ပြန်နွှေးကြတာပေါ့ဗျာ။မကြည့်ရသေးတဲ့သူတွေအတွက်ကကျောင်းသားဘဝရဲ့ဆွတ်ပျံ့ကြည်နူးစရာလေးတွေကိုအလွမ်းပြေကြည့်ရင်း ရင်ခုန်ကြပါဦးစို့ဗျာ။၂၄ ပိုင်းရှိပြီး တစ်နေ့ကို တစ်ပိုင်းနှုန်းနဲ့ ပြန်တင်ပေးသွားပါမယ်။
Download link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
EP 14
Ep 15

---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---

 

Followers

Slider

5/Teste Menu 7/slider
MM Official