Showing posts with label 2016. Show all posts
Showing posts with label 2016. Show all posts
Lucifer (2016-2021)

Lucifer Season 6 (2016-2021)

မျှော်နေကြတဲ့ Lucifer Season 6 ထွက်လာပါပြီနော်...

Season 5 မှာ ကောင်းကင်ဘုံနဲ့ ငရဲ တိုက်ပွဲကြီး ပြီးသွားတဲ့အချိန်မှာ ဘုရားသခင်ရဲ့နေရာကိုဆက်ခံဖို့ Lucifer က ချွင်းချက်မရှိ ဆက်ခံသူဖြစ်သွားပါပြီ။

ဒီ Season မှာတော့ ငရဲဘုရင်တစ်ယောက် ဘုရားသခင်နေရာကို ဝင်ပြီး အမွေဆက်ခံထိုက်သူ ဖြစ်နိုင်ဖို့ ကြိုးစားနေတာကိုတွေ့ရမှာပါ။

အရင်ဘုရားသခင်ရဲ့ လက်ရုံးကြီးဘုရားသခင်ရဲ့အမြက်တော် အမန်နာဒီရယ်ကတော့ လူလောကမှာပဲ ရဲဝန်ထမ်းလုပ်ဖို့ကြိုးစားနေပြီး....

မေ့ဇ်နဲ့ အိဗ် အတွဲကတော့ ငရဲကိုပြန်မသွားတော့ဘဲ LA မှာပဲဆက်ရှိနေဦးမှာပါ။

ကွင်းဆက်လူသတ်သမားနဲ့ တွဲဖြစ်ခဲ့တဲ့ အချစ်တော်အယ်လာလေးအတွက် စုံထောက်
ကာရိုးကော်ဘတ်ဆိုတဲ့ ဇာတ်ကောင်အသစ်လေးပါလာပါတယ်။

စုံထောက်ကြီး ကလိုဝီကတော့ စုံထောက်ပြုတ်ဖြစ်ပြီး အငြိမ်းစားဘဝမှာ တိုင်ပတ်နေပါတယ်။

ငရဲကိုရောက်သွားတဲ့ ဒန်တစ်ယောက်ကတော့ ငရဲမှာ အထူးဝန်ဆောင်မှုရပြီး သာယာနေပေမဲ့ ပြန်လာချင်နေပါတယ်။ 

ငရဲကျနေတုန်းဆိုတော့လေ။

ဗီလိန်တမာန်တော်တစ်ပါးလည်းပါလာပါတယ်။ 

သူ့ရဲ့အကြောင်းကိုတော့ ဇာတ်လမ်းမှာပဲဆက်ကြည့်လိုက်ပါတော့။

ငရဲဘုရင်က ဘုရားသခင်ဖြစ်သွားတော့လည်း အားပေးကြဦးမယ်မလား။

Total Episodes – 10

Quality :NF-WEB-DL720p

Format…mp4

Duration…0:50:00

Genre :Crime, Sci-Fi & Fantasy

Download Link

Season 6 


(720p)
Ep 1
Ep 2
Ep 3
Ep 4
Ep 5

..... Thank For Watching ......





 

Suicide Squad (2016)

အညွှန်း....

Superman သေ (ပျောက်ကွယ်) သွားပြီးတဲ့နောက် အမေရိကန်အစိုးရဟာ သူတို့ထက် သာနေတဲ့ အရာတစ်ခုရှိနေရင် နေမထိထိုင်မသာဖြစ်တတ်တဲ့ ထုံးစံအတိုင်း...

နောက်ထပ် ပေါ်လာမယ့် Superman ဟာ လူကောင်းမဟုတ်ပဲ လူဆိုးတစ်ယောက်ဖြစ်နေခဲ့ရင်..

Whitehouse အမိုးကို ဆွဲလှန်ပြီး သမ္မတကို ပြန်ပေးဆွဲမယ့်သူဖြစ်နေရင် သူ့ကို ဘယ်သူကတားနိုင်မလဲ ဆိုတဲ့အဖြေကို ရှာနေကြပါတယ်။

သူတို့ရဲ့ အဖြေကိုတော့ ဆိုးပေ့ဆိုတဲ့ သဘာဝလွန် လူဆိုးတွေကို ဖမ်းထားတဲ့blacksiteအကျဉ်းထောင်တစ်ခုမှာ သွားတွေ့ပါတယ်။ 

အဲ့မှာ ဖမ်းမိပြီးသား ဖြစ်နေတဲ့ Deadshot, Harley Quinn, Killer Croc, Diablo, Captain Boomerang, Enchantress အစရှိတဲ့ super villain တွေကို အကျပ်ကိုင် control လုပ်ပြီး taskforce တစ်ခုဖွဲ့ထားဖို့ပါ။

Villain ကို နှိမ်နင်းဖို့အတွက် ထိန်းလို့ရမရမသေချာတဲ့ villain တစ်အုပ်ကို လွှတ်ပေးလိုက်တဲ့အခါမှာတော ကြည့်ပြီးသား သူတွေက သိနေမှာ ဖြစ်ပေမဲ့လည်း... ပြန်ခံစားကြည့်ဖို့ တိုက်တွန်းပါရစေ။ 

File Size : (2.18 GB) and (950 MB)

Quality : EXTENDED Blu-Ray (1080p 5.1, 720p)

Running Time : 2hr 15min

Genre : Action, Adventure, Fantasy

Download Link


..... Thank For Watching ......

 

Alita: Battle Angel (2019)

အနာဂတ်ကာလမှာပါ။ တစ်စစီဖြစ်နေတဲ့ စက်ရုပ်မလေးတစ်ယောက်ဟာCyber-doctor တစ်ယောက်ကယ်တင်ခဲ့လို့ ပြန်လည်နိုးထလာခဲ့တယ်။

သူ့ကိုယ်သူ ဘယ်သူမှန်းမသိ၊ အပြင်လောကအကြောင်းလည်းဘာမှမသိတဲ့ Alita ဟာ တိုက်ရည်ခိုက်ရည်ကျွမ်းလှတဲ့အတွက် သူ့မိသားစုကိုကာကွယ်ရင်းနဲ့မှ သူ့ရဲ့အတိတ်၊ သူနေထိုင်တဲ့မြို့နဲ့ သူ့ရဲ့ရည်မှန်းချက်တို့ကို ပြန်လည်သိရှိလာခဲ့ပါတယ်။

နာမည်ကျော် Japan Anime series တို့ကို ရုပ်ရှပ်အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။

Manga/anime adaptation တွေထဲမှာ ရှားရှားပါးပါး source material အရသာမပျောက်အောင် အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့fan တွေကပြောပါတယ်။

Creator ကြီး Yukito Kishiro ကိုယ်တိုင်ကဒီကားကို ၅ ခေါက်တိတိကြည့်ပြီးပြီဖြစ်ပြီးသူ့အတွက်တော့
 “Greatest movie in the world” ပါပဲလို့ပြောပါတယ်။

ကျွန်တော် anime/manga တစ်ခုမှမသိပါဘူး။ဆိုတော့ ရုပ်ရှင်တစ်ကားအနေနဲ့ပဲ မြင်သလောက် ပြောကြည့်ပါမယ်။

Avatar ဖန်တီးရှင်ကြီး James Cameron
ကိုယ်တိုင်producer အဖြစ်ပါဝင်ပြီး Robert Rodriguez ရိုက်ကူးထားတဲ့Alita: Battle Angel ရုပ်ရှင်ဟာ 
တကယ့် visual spectacle ကြီးတစ်ခုပါပဲ။

အရာအားလုံးက ရှင်းလင်း မြင်သာတယ်။Ready Player One တုန်းကတောင် နည်းနည်းခပ်မှောင်မှောင် ဖြစ်သေးတယ်။Mo-cap လက်ရာကတော့ အစစ်နဲ့ အတု ခွဲလို့မရလောက်အောင်ကိုလက်ရာမြောက်လွန်းတယ်။

ချကြဗြင်းကြတဲ့အခန်းတွေမှာဆိုလည်း မည်ကဲ့သို့လုပ်လိုက်သည်မသိ ဆိုပြီးဝုန်းဒိုင်းနဲ့ ပြီးမသွားဘူး။ရှင်းရှင်းလင်းလင်း လှလှပပ အားရပါးရကိုမြင်ရတယ်။

Motorball game အခန်းတွေဆို လုံးဝလန်ထွက်။ သတ်တာဖြတ်တာဆိုလည်းတကယ့် brutal ပဲ။ထင်မထားတာတွေ အကြမ်းကြီးတွေ လုပ်ပြတယ်။

Character design တွေလည်း လန်ထွက်။မြင်ကွင်းပိုင်းမှာ အရောင်အသွေးအကုန် ပြီးပြည့်စုံလှပါတယ်ဆိုပေမဲ့Alita ဟာ ဇာတ်ညွှန်းပိုင်းမှာ နည်းနည်းလေး ပေါ့နေပါတယ်။

ဇာတ်လမ်းက ဒီထက်အများကြီး ချောမွေ့လို့ရပါတယ်။အခုက တချို့နေရာတွေ scene တစ်ခုနဲ့တစ်ခုကူးတာမှာ ထောက်နေတာတွေရှိတယ်။

ဇာတ်လမ်းစကတည်းက ဖြစ်ပျက်နေတာတွေ များလွန်းနေသလိုဖြစ်နေတယ်။ဒီလိုဖြစ်ပျက်နေတာတွေ များလွန်းလို့ ကြားထဲမှာပျောက်နေခဲ့တာတွေအများကြီးပဲလို့ မြင်မိတယ်။

မိုက်လှပါတယ်ဆိုတဲ့ ဇာတ်ကောင်တွေကိုဒီထက် character ပိုပြနိုင်ရင်လည်းပိုကောင်းပါမယ်။အခုက character arc လည်းသိပ်မပါခဲ့သလိုတချို့ဇာတ်ကောင်တွေဆို သေသွားလည်းရင်ထဲဘာမှမဖြစ်သလို ပေါ့ပေါ့ပဲ။

ဟိုမိန်းမကြီးကလည်း ဘယ်ကနေ ပေါ်ပေါ်လာမှန်းမသိ။ဇာတ်လမ်းပိုင်း နည်းနည်းလေး လိုနေတာကလွဲရင် Battle Angel ဟာလုံးဝ ကြည့်ရတန်တဲ့ ကားတစ်ကားပါပဲ။သေလောက်အောင် လှပ ပြင်းထန်လှတဲ့ မြင်ကွင်းတွေကတစ်ကားလုံး မပျင်းရအောင် လုံးဝဆွဲဆောင်သွားပါလိမ့်မယ်။ 

File Size : (4.3 GB) , (950 MB)

Quality : HEVC 1080p 5.1CH and 720p

Running Time : 2hr 02min

Genre : Action, Adventure, Sci-Fi
Download Link

..... Thank For Watching......

 

The Black devil and The White Prince (2016)


2016မှာထွက်ခဲ့ပြီး နာမည်လည်းကြီးခဲ့တဲ့ Live action movieလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Nana Gometsu, Kento Nakajima နဲ့ Chiba Yudaiတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Shoujo Mangaတစ်ပုဒ် ဖြစ်တဲ့ “Defying Kurosaki-kun”ရဲ့ Live actionပါ။


ဇာတ်လမ်းအကျဉ်းကတော့ –

အာကဘနဲ-ယုဆိုတဲ့ကောင်မလေးက မပြင်တတ်မဆင်တတ်နဲ့ သာမန်ရုပ်ရည်ပဲရှိတာကြောင့် အမြဲအားငယ်နေပြီး အတန်းဖော်တွေရဲ့နှိမ့်ချမှုကိုလည်း ခံခဲ့ရသူပါ။

သူ့ဖခင်ရဲ့အလုပ်အပြောင်းအရွှေ့ကြောင့် အဆောင်ပေးတဲ့ကျောင်းတစ်ကျောင်းမှာပြောင်းတက်ရဖို့ဖြစ်လာပါတယ်။ ကျောင်းသစ်မှာသူ့ဘဝအသစ်ကိုစမယ်ဆိုပြီး တက်ကြွတဲ့ခြေလှမ်းအပြည့်နဲ့ သူ့ကိုယ်သူပြောင်းလဲရင်း အဆောင်ကိုပြောင်းလာခဲ့ပါတယ်။

ကျောင်းအဆောင်သစ်မှာ “white prince”လို့တင်စားခံရတဲ့ ရှိရကဝ-တကုမိနဲ့ တစ်ဆောင်တည်းနေရမှာဖြစ်လို့ပျော်နေတဲ့အချိန်မှာပဲ“Black devil” ဟရုတိုရဲ့ဆံပင်ကို မတော်တဆ ညှပ်မိတဲ့အခါမှာတော့ သူ့ဆံပင်အစားအလျော်ပေးဖို့အတွက် ရူးကြောင်ကြောင်အလုပ်တွေကို ဆက်တိုက်အခိုင်းခံရပါတော့တယ်။ 

သူ့အမိန့်တွေကိုနာခံရင်း ခိုင်းတာမှန်သမျှကိုလိုက်လုပ်ပေးရင်း ယုတစ်ယောက် နတ်ဆိုးလေးအပေါ်အမြင်ပြောင်းပြီး ရင်ခုန်တာတွေဖြစ်လာပါတယ်။

“white prince”လေးကလည်း အာကဘနဲ-ယုအပေါ် တကယ်ကြိုက်မိသွားတဲ့အခါမှာတော့ ယု-ချန်တစ်ယောက် သူအရင်တည်းက သဘောကျခဲ့ရတဲ့ ပြီးပြည့်စုံတဲ့နတ်သားလေးကိုရွေးမှာလား။ ကူရိုဆကီရဲ့ဆိုးသွမ်းမှုတွေကြားက ချစ်စရာကောင်းတဲ့အပြုအမူတွေကိုသဘောကျသွားမှာလား။

သူတို့၃ဦးကြားက ၃ပွင့်ဆိုင်အချစ်အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ Live actionလေးဖြစ်ပါတယ်။

File Size : 1.1 GB

Quality__HEVC 720p 5.1

Duration__01:30:00

Download Link

...... Thank For Watching...... 



 

 A Monster Calls (2016)

ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို A Monster Calls (2016) ဇာတ်ကားလေး နဲ့ မိတ်ဆက်ပေးပါရစေ။

ဒါနဲ့ ပရိတ်သတ်ကြီး.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား..🤔🤔🤔 ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်။

သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်။တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက Tree Monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်။

သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ။
အဲ့ဒါက ဘာအတွက်လဲဆိုတော့… …ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှု့ခံစားရမှာပါ။

ဒီ Fantasy | Drama ကားလေးက စာရေးဆရာ Patrick Ness ရဲ့ “A Monster Calls” စာအုပ်ကို အသက်သွင်းထားတာဖြစ်ပါတယ်ယ Budget $43M နဲ့ ရိုက်ကူးထားတဲ့ဒီကားလေးဟာ Worldwide Gross အနေနဲ့ $37M ကျော် ရရှိထားပြီး ..Tree Monster ကြီးရဲ့ အသံသရုပ်ဆောင်ကတော့ Taken မင်းသားကြီး Liam Neeson ဖြစ်ပါတယ်။

ကော်နာလေးရဲ့ အမေနေရာမှာတော့ The Theory of Everything, Inferno, Rogue One;A Star Wars Story ကားတို့ရဲ့ မင်းသမီးချော Felicity Jones က သရုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။

(သူမက ဒီကားမှာ မျက်ရည်တွေခြွေမှာမို့ ဒီကားမကြည့်ခင်တစ်ရှူးလေးတော့ဆောင်ထားကြပါ..အပိုမပြောပါဘူး)

ကဲ.. စကားရှည်မနေတော့ဘူး.. IMDb 7.5 ထိရထားတဲ့ ဒီကားလေးကို ကြည့်ပြီးရင်.. (ကြည့်နေရင်းနဲ့ကို)… ရင်ထဲမှာ တစ်ခုခုရှိနေမှာပါ..  

File Size : 777 MB

Duration : 1: 48: 28

Quality : Bluray rip 720p
Download Link

...... Thank For Watching...... 

 

Terrifier (2016)

ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။

ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတို Terrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။

အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်းပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။

တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာပီဇာဆိုင်ကိုသွားကြပါတယ်။
ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီးတယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။

တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။

တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။

ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်းလှည့်ကြည့်လိုက်တဲ့အခါ...

ဘာဆက်ဖြစ်လာမှာလည်း....သိချင်နေကြရင်တော့ ဒီTerrifier(2016) ဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှား ဖွယ်ကြည့်ရမှာ ဖြစ်ပါတယ်........

Quality : 1080p Blu-Ray

File Size : 1.8 GB

Duration : 1h 22min
Download Link

...... Thank For Watching...... 

 

Your Name (2016)

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်။

ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ...

ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ...

ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့အထက်တန်းကျောင်းသားလေးတာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့.။..

အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်...ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..

ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့....ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်...

မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ...

ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ...ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးကကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ"

ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား??

ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်ကရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့...

ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ..

ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင်

(ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်..

ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိမိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်။

သေချာလေးကြည့်ကြနော် 😉...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး)
Download link

...... Thank For Watching...... 

 

W: Two Worlds Apart (2016)

W: Two Worlds Apart (2016)

ဒီဇာတ်လမ်းတွဲတွင် မင်းသားချော LeeJongSukက ဂန်ချောနေရာက ပါဝင်ထားပြီး မင်းသမီးအလှလေး Han Hyo-Jooကတော့ အိုယောင်ဂျူးနေရာက သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

ကာတွန်းကမ္ဘာက ဇာတ်လိုက်ဂန်ချောရဲ့ မိသားစုဟာမျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဂန်ချောဟာ ကိုယ့်မိသားစုကို ပြန်သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျခဲ့ရပေမဲ့ ထောင်ကထွက်ခဲ့တဲ့နောက် တရားခံအစစ်ကို ရှာဖွေဖို့ အားကုန်ကြိုးစားတော့တယ်။

လက်တွေ့ကမ္ဘာက နှလုံးအထူးကု ဆရာဝန်မလေး အိုယောင်ဂျူးဟာ Wကာတွန်း၊တနည်းပြောရရင် ဂန်ချောတို့နေတဲ့ ကာတွန်းကမ္ဘာကို ရေးဆွဲသူ ကာတွန်းဆရာအိုဆောင်းမိုရဲ့ သမီးဖြစ်တယ်။ ဖခင်ဖြစ်သူက ဂန်ချောကိုသတ်ဖို့ ပုံဆွဲခဲ့ပေမဲ့ အိုယောင်ဂျူးကတော့ ကာတွန်းကမ္ဘာထဲ ဝင်ပြီး ဂန်ချောကို ကယ်တင်ခဲ့တယ်။

သူမက ဘယ်လိုလုပ် ကာတွန်းကမ္ဘာထဲ ဝင်သွားနိုင်ရတာလဲ?😨
အိုယောင်ဂျူးနဲ့ ဂန်ချောတို့ မျက်နှာဖုံးနဲ့လူသတ်တရားခံကို ရှာနိုင်ပါ့မလား?
ကာတွန်းကမ္ဘာကို ခြယ်လှယ်နေတဲ့ပဲ့ကိုင်ရှင်ဟာ ကိုယ်မြတ်နိုးမိတဲ့ ကောင်မလေးရဲ့ဖခင်ဆိုတာ သိတဲ့တစ်နေ့ ဂန်ချောဘက်က ခွင့်လွှတ်နိုင်ပါ့မလား?😢
မတူညီတဲ့ ကမ္ဘာနှစ်ခုက သူတို့နှစ်ဦးရဲ့ ချစ်ခြင်း ပေါင်းစပ်နိုင်ပါ့မလားဆိုတာတော့......
“W”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ရှူစားလိုက်ရအောင်😍

မင်းသားမင်းသမီးချောရုံတင် မကဘဲ ရိုတဲ့အခန်းတွေရောက်ရင် ရင်ထဲ ကလိကလိနဲ့ ဖြစ်ရမဲ့ ဇာတ်လမ်းလေးမို့ လက်မနှေးသင့်ပါဘူးနော်💕
Download link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (END)

🅒🅞🅜🅟🅛🅔🅣🅔

 

For a Few Bullets (2016)


တစ်ခါသော၌ဂျပန်သည် တရုတ်ပြည်ကို အုပ်စိုးရန် ကျူးကျော်ဝင်ရောက်လာကြပြီးတရုတ်ပြည်လဲ ကပ်ဆိုက်လေသည်။

ဂျပန်တို့သည် အရှေ့အာရှသာတူညီမျှ ဘလာ ဘလာ ဘလာ ကြွေးကြော်ပြီးတရုတ်ပြည်သူများကိုကျုံးသွင်းရန်ကြံဆောင်နေလေသည်။

ထိုကာလ၌ ပျောက်ဆုံးနေပြီဖြစ်သော ရှေးတရုတ်အင်ပါယာတို့၏ အထိမ်းအမှတ် ယူချီဟူသောတံဆိပ်တုံးကိုဂူသင်္ချိုင်းတစ်ခုမှ ပြန်လည်တူးဖော်ရရှိလာကြောင်း ဂျပန်တို့သတင်းရရှိလေသည်။

ထိုတံဆိပ်တုံးသည် အင်ပါယာ၏အမှတ်အသားဖြစ်သလို ကျောက်စိမ်းတုံးပေါ်တွင်ထွင်းထုထားခြင်းဖြစ်လေရာတန်ဖိုးအရကြီးမားလှပြီး ရှေးဟောင်းအမွေအနှစ်အစစ်အမှန်လဲဖြစ်ပေသည်။

ဂျပန်တို့သည် တရုတ်ပြည်သူများကို ထိုတံဆိပ်တုံးဖြင့် ဂျင်းထည့်ရန် အာရုံရလေသည်။

ထိုသတင်းကိုသိလေသော တရုတ်မျိုးချစ်တို့သည် ဂျပန်တို့လက်ထဲ တံဆိပ်တုံးမရောက်ရှိစေရန် လျှို့ဝှက်လုပ်ဆောင်လေသည်။

ခိုးယူရမည်ဖြစ်သောကြောင့် တရုတ်ပြည်၏ အတော်ဆုံးသူခိုးနှစ်ယောက်ကို အသုံးချမိသောအခါ....။တရုတ်ပြည်၏ တစ်ချိန်က အတော်ဆုံးသူခိုး ချိဖော်။

ချိဖော်ကဲ့သို့ နာမည်ကြီးချင်နေသော ကျန်ကျောင်း။

သေနတ်ပစ်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော တရုတ်မျိုးချစ်သမလေး ယူရင်။

ရက်စက်ကြမ်းကြတ်သော လူသတ်သမား အပိုင်း-၇၃၁ တစ္ဆေအရိပ်။

စသည့် စသည့်ဇာတ်ကောင်များဖြင့် ဖန်တီးထားသော Action , Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်သဖြင့်ငြီးငွေ့ဖွယ်မရှိရအောင် သွက်သွက်လက်လက်တင်ဆက်ထားပြီးဆွဲဆောင်မှုရှိသော တရုတ်ဇာတ်ကားဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Download link



 

Xuan Zang (2016)
ဒီနေ့အတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာ တရုတ်ပြည်ကနေစတင်ထားပြီး အနောက်အရပ်ဖြစ်တဲ့
အိန္ဒိယကို တရားရှာသွားတဲ့ဇာတ်ကားတစ်ကားပါတယ်။နာမည်ကြီး Journey to The West ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အတွက်တော့ လုံးဝကို လက်မလွှတ်တန်းကြည့်ရှုသင့်တဲ့ကားကောင်းလေးပါ။ရှန်ကျွမ်းဆိုတဲ့ ဘုန်းကြီးတစ်ပါးဟာ ကလေးဘဝတုန်းက သူနေထိုင်ရာမြို့မှာ ရေကြီးမှုကြောင့် အသက်ဘေးကင်းလွတ်အောင် မိခင်ကရေစီးအတိုင်းလုံခြုံစွာမျောချလိုက်ရာကနေဘုန်းကြီးကျောင်းဆီသို့ တန်းတန်းမတ်မတ်ရောက်သွားပြီး .
ကလေးဘဝထဲကဘုန်းတော်ကြီးအဖြစ် ကြီးပြင်းလာရသူပါ။သူဟာ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓကိုအလွန်ကိုးကွယ်ယုံကြည်ပြီး တရားတော်ကိုလေ့လာဆည်းပူးရာမှာတရုတ်ပြည်မှာရှိတဲ့ တရားတော်တွေဟာ လူတွေရဲ့လိုရာပြုပြင်ထားမှုတွေကြောင့်တရားအစစ်အမှန်မဟုတ်တာကို သဘောပေါက်ပြီးတရားစစ်တရားမှန်တွေရှိမယ့် အနောက်အရပ်ကို တရားရှာဖို့ဆုံးဖြတ်ခဲ့ပြီးစတင်ထွက်ခွာခဲ့ပါတယ်။အဲ့ဒီခေတ်အချိန်အခါမှာ ဘုရင်က အနောက်အရပ်သွားခြင်းကို
တားဆီးထားမှုကြောင့် လမ်းခရီးမှာမြောက်များစွာသော ခက်ခဲမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ရာသီဥတုဘေးဆိုများ . ဘုရင်ရဲ့တားဆီးမှုများ အပြင်တစ်ခြားသောအခက်အခဲတွေဟာ သူ့ကိုတားဆီပိတ်ပင်ပင်မယ့် အသက်ကိုရင်းပြီး ရှာဖွေမှုကို တစ်မေ့တစ်မောရင်သက်ရှုမောဖွယ်ရာကြည့်ရှုရမှာပါ။
Download link

 

၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိThe Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။eeeအမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။ ၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ချ် ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ(အညွှန်းများကိုတော့ myanmarnewsnetwork ကနေကူးယူဖော်ပြပါတယ်)
Download link

 

Suddenly Twenty (2016)
အညွှန်း
Parn ဆိုတဲ့ အသက် ၇၀ အဘွားကြီး ၊ ခေါင်းမာတယ်၊ စိတ်ညစ်စရာ ကောင်းတယ် ၊ သူမ ပတ်ဝန်းကျင်က ရှိသမျှ လူတွေ
တိုင်းကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ ခွတီးခွကျ အဘွားကြီး ။ သူမ ဘဝ ရဲ့ နှစ်လိုဖွယ် ခံစားချက်က တော့ သူမ
ချစ်တဲ့ သား Professor ကြီးကို လူစည်စည်မှာ ကြွားရတာပါပဲ ၊
အဘွားကြီး Parn ချစ်တဲ့ သူမ သား Professor ကြီးနဲ့ မိသားစုတွေရဲ့ သူမ ကို ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာ ကို ပို့မယ်
အကြောင်း ကို အဘွားကြီး Parn ကြားသွားသောအခါ……
“အသက် ကြီးလာခြင်းဟာ ကြောက်စရာ ကောင်းလှတယ်”
ဝမ်းနည်း စိတ်ပျက် အားငယ်မှုတွေနဲ့ အဘွားကြီး Parn တစ်ယောက် ရပ်ကွပ်လမ်းတွေပေါ် အဓိပ္ပါယ်မဲ့ လျောက်သွားပြီး
bus မှတ်တိုင် တစ်ခုမှာ အမောဖြေနေခဲ့တယ်။ သူမ အိမ်မပြန်ချင်ဘူး။
ဟိုးမှာ လမ်းတစ်ဖက်မှာ ဓါတ်ပုံဆိုင်လေး
Parn တစ်ယောက် မှန်ရှေ့မှာ Make-up တွေ လိမ်းတယ် … သူမ ဓါတ်ပုံထဲမှာပဲ ဖြစ်ဖြစ် လှနေချင်သေးတယ်လေ။
“ကျမ ကိုလှလှ လေး ရိုက်ပေးနော်”
အဘိုးကြီးက သဘောတကျ ပြုံးပြတယ် “စိတ်ချ မင်းကို အနှစ် ၂၀ လောက် ငယ်သွားစေရမယ်”
“ချလပ်”
Chaya Lumruek ဆိုတဲ့ ဓါတ်ပုံ ဆိုင်ဟာ Parn ကို တောက်ပပြီး လှပတဲ့ အသက်၂၀ အရွယ်ကို လက်ဆောင်ပေးခဲ့တယ်။
အဆိုတော် ဖြစ်ချင်ခဲ့တဲ့ Parn ၊ ငယ်ဘဝ ကြမ်းတမ်း နာကျင်ခဲ့ရ ရှာတဲ့ အဘွားကြီး Parn တစ်ယောက် ၊ အသစ် တစ်ဖန်
ရရှိ လာတဲ့ သူမ ရဲ့ အသက် ၂၀ အရွယ်မှာ ပျက်စီး ပျောက်ဆုံးခဲ့ ရတဲ့ စိတ်ကူး အိပ်မက် တွေကို အကောင်အထည်
ဖော်နိုင်လေမလား ဆိုတာ ………………………………..
ဟုတ်ကဲ့ ….. ဒီကားမှာ ထူးထူးကဲကဲ သဘောကျ တဲ့ အချက်ကတော့ အသုံးပြုထားတဲ့ Music ပါပဲ ၊ ခေတ်ဟောင်းက
အဘွားကြီး Parn ဟာ ၊ ယနေ့ ခေတ် Music Trends တွေ ကြားထဲမှာ ဂီတ ဆိုတာ ဘာလဲ ဆိုတဲ့ Theme ကို ပေးသွားနိုင်တဲ့
ဇာတ်ကားတစ်ကား ဖြစ်ပါတယ်၊ လူငယ် တွေ နဲ့ လူကြီးတွေကြား အမြင် Gap ဖြစ်နေမှု တွေကို ပါးပါးလေး နဲ့ ပုတ် ပြ သွား
တဲ့ ဇာတ်ကား လဲ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဇာတ်ကားတဲ့ နောက်ဆုံးမှာ Parn တစ်ယောက် Band နဲ့
ဖြေ ဖျော်သွားတဲ့ သီချင်းကတော့ တကယ့်ကို Touching ပါပဲ။
Download link

 

Neerja (2016)
အညွှန်း 
၁၉၈၆ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ်
ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါသေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာတန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ်
ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ
လွတ်မြောက်ခဲ့ပါတယ် သူရဲကောင်းဆိုတဲ့ 
ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ်
မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ်
ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို
ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါတကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက်
ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ ဒီကားထဲမှာချီးကျူးရမှာ
မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးအတွက်
ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး
သွားတစ်ခုလိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့
လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လားဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွားလိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက
ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံးသားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့
ကဲထပ်မညွှန်းတော့ပါဘူး ခံစားကြည့်လိုက်ပါဦးဗျာ………
                 Download link
                  GDRIVE / MEGA
           ✩⋆Ghost Patrol (2016)✩⋆
ဒီနေ့အတွက် တင်ပေးချင်တာက 2016 ခုနှစ်ကထွက်ထားတဲ့ Animation , Adventure movie
လေးပဲဖြစ်ပါတယ်။ Ghost Patrolဆိုတဲ့ကားလေးကတော့ လူငယ်စွန့်စားခန်းပုံမျိုးလေးပါပဲ၊သူငယ်ချင်း၂ယောက်ဟာ သရဲအစစ်များကို အရမ်းတွေ့ချင်ပြီး စွန့်စားချင်တာကြောင့် သရဲဖမ်းအဖွဲ့လေးတစ်ခုဖွဲ့ထားပါတယ်။ ဒါပေမယ့်သူတို့အဖွဲ့ကိုအထင်မကြီးတဲ့သူတွေရဲ့နောက်ပြောင်အကူအညီတောင်းမှုကို ကူညီဖို့ကြိုးစားရာမှ တကယ့်သရဲအစစ်ကြီးနဲ့ဘယ်လိုတွေ့ပြီး ဘာကောင်တွေကိုအတူနှိမ်နင်းမလဲဆိုတာ ခပ်မိုက်မိုက်လေးနဲ့ကြည့်မြင်ရမှာပဲဖြစ်ပါတယ်။
✩⋆Download link✩⋆



The Great Wall (2016)

အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။

Matt Damon ကို ထည့်သုံးထားတဲ့ အပြင် ဒီကားဟာ Song Dynasty (960 ကနေ 1279) ကြား ကာလကို
အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။

 Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်ကယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။

ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလိုမွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။

 Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ 

ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monsterတွေရန်က နေကာကွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။

အက်ရှင်အလန်းစားတွေတွေ့ရမှာဖြစ်သလို တရုတ်မင်းသမီးလေး Tian Jing ကလည်းပန်းတွေတောင်မြေခအောင်လှလွန်းတဲ့အတွက် ကြည့်ရတာ အရမ်းကို တန်လွန်းတယ်လို့ပြောရမှာဖြစ်ပါတယ်။

File Size : 3GB , (2GB) and (900 MB)

Quality : HEVC 1080p 6.1, Blu-Ray (1080p 5.1 CH, 720p)

Duration…01:43:00

Genre : Action, Adventure, Fantasy

Download link





..... Thank For Watching ......

Warcraft: The Beginning (2016)


ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။

သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီး

WOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။

လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။

ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့

Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။

ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ

Orc မှော်ဆရာ Gul’dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး

မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး

မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။

အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ

တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်

ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။

ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့

တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ……

Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး

မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ….

Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့

နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona

တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုလိုက်ကြစို့။

Download link

GDRIVE


ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin’s Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကိ ုပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin’s Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် အဂူလာရဲ့ မျိုးဆက် ကယ်လမ် လင့်ချ်ဟာ DNA ပေါင်းစပ်ခြင်းကနေတဆင့် မှတ်ဉာဏ်တွေတင်မကဘဲ မူလ Assassin’s Creed အဖွဲ့ဝင် ရဲ့ စွမ်းရည်တွေကိုပါ ပြန်ရလာတဲ့အခါမှာဘာတွေထပ်ဖြစ်လာမလဲဆိုတာကြည့်ပေးကြပါဦး။
Download link
အညွှန်း
ကလေးဘ၀တုန်းက လေယာဉ်မြင်တိုင်း ကောင်းကင်ကိုလက်ညှိုးထိုးပြီး” ဟော ဟိုမှာလေယာဉ်ကြီး”ဆိုပြီး ရယ်မောပျော်ရွှင်ခဲ့ဘူးပါသလား……..။လေယာဉ်တစ်စီးဖြစ်မြောက်ဖို့ဆိုတာ မလွယ်ကူပါဘူးခရီးသည်တွေ စိတ်ကျေနပ်စေတဲ့ လေယာဉ်မျိုးဖြစ်ဖို့ဆိုတာကပိုပြီးတော့တောင် မလွယ်လှပါဘူး လေယာဉ်တည်ဆောက်တဲ့
လုပ်ငန်းအပေါ်မှာ စိတ်အားထက်သန်မူတွေ ကျွမ်းကျင်မူတွပူးပေါင်းဆောင်ရွက်နိုင်မူတွေ နည်းပညာကိုအမှီလိုက်ပြီးတိုးတတ်ကောင်းမွန်အောင် အဆင့်မြင့်လုပ်ဆောင်မူတွေအသေးစိတ်ကျကျ ပြင်ဆင်မူတွေ ဒါတွေပေါင်းစပ်ပြီးမှသာလေယာဉ်တစ်စင်းကို ဖန်တီးနိုင်မှာပါ…လေယာဉ်ကြီးကိုစစ်ဆေးတာတွေလုပ်ရင်း အစိတ်အပိုင်းတစ်ခုဆီကိုဘယ်လိုတည်ဆောက်ထားလဲဆိုတာရိုက်ကူးပြထားတာမို့နည်းပညာစိတ်၀င်စားသူတွေအနေနဲ့လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါဘဲ 
Download link
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သဘောၤ လေယာဉ်နဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား? ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လားဆိုတာ သက်သေပြနိုင်ဖို့……ကြိုစားတော့တော့အခါမှာတော့
ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ဇာတ်လမ်းထဲမှာဘဲကြည့်ရမှာပါ။
Download link
 FAN ဇာတ်ကားဟာဆိုရင်ဖြင့်
April လ ၁၅ ရက်နေ့က ထွက်ရှိခဲ့ပြီး ကျွန်တော်တို့  ပရိတ်သတ်တေကို
ကြည့်ရှုနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။
အရမ်းရူးသွပ်လွန်းတဲ့ ရုပ်ရှင်အမာခံပရိတ်သတ်တယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားကြီး
တို့ရဲ့ အလွဲလွဲ အချော်ချော် အဖြစ်အပျက်များကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။
နာမည်ကျေ်ာ ရုပ်ရှင်မင်းသားကြီး အာရ်ယန်းခန်နားဟာ မွမ်ဘိုင်းမှာ သူ့မွေးနေ့ပွဲ ကျင်းပရာကနေ
သူ့ကို အရူးအမူး ကြိုက်နှစ်သက်အားပေးသူတယောက် က သူကြိုက်တဲ့ ရုပ်ရှင်မင်းသားကြီးနဲ့
တွေ့ရှိရာမှ ဘယ်လို အဖြစ်အပျက်တွေဖြစ်သွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကဘဲ ကြည့်ရှူခံစားပေးပါဦး။ ပရိတ်သတ်ကြီးကကော ကိုယ်ကြိုက်နှစ်သက်တဲ့ မင်းသားကို တွေ့ရရင်
ကိုယ်ကြိုက်နှစ်သက်တဲ့ မင်းသားကို အေ၀ဖန်ခံရရင် ဘယ်လိုများလုပ်ကြမလဲဆိုတာ ကိုတွေးတောခံစားရင်းကြည့်လိုက်ကြပါဦ။
Download link

Followers

Slider

5/Teste Menu 7/slider
MM Official