Showing posts with label 2013. Show all posts
Showing posts with label 2013. Show all posts

Pain and Gain (2013)

ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။

ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ…

သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder , Adrien Doorbal (Anthony Mackie)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်…

 သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။

ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ…

အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။

ဒီဇာတ်ကားဟာ ဖလော်ရီဒါပြည်နယ်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ 

File size__( 1.1 GB) and ( 2.2 GB )

Quality__Bluray-1080p , 720p

Duration__02:09:36

Type__Action, Comedy, Crime

Download Link


..... Thank For Watching ......

 

The Garden of Words (2013) 

ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့..

ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်းမမှာဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်။

အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်။

ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ။

တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့ မမ နာမည်က ယူကီနို ယူကာရီ တဲ့၂၇ နှစ်အရွယ် အစ်မကြီးပေါ့...စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့တွေ့ပါများတော့ ရင်းနှီးသွားကြတယ်။

နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်။

ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ စကားလုံးတွေက အဖြေတွေရှာဖို့ ဖြစ်လာခဲ့တယ်။ပြန်ခါနီး နှုတ်ဆက်တဲ့အခါ ကဗျာတစ်ပုဒ်လောက်ကို ချန်ထားပြီး အဖြေရှာစေခဲ့တယ်။

ဇာတ်ကားရဲ့နာမည်အတိုင်းပဲ သူတို့နှစ်ယောက်ကြားက ပတ်သက်မှုကစကားလုံးတွေအများကြီးပေါက်ဖွားလာခဲ့ကြတယ်။ဒါပေမဲ့ လောကကြီးက ဘယ်အရာမှ ကိုယ်ဖြစ်စေချင်သလိုဖြစ်နိုင်တာမဟုတ်ဘူးလေ။

ဒါကို ဒီလူသားနှစ်ဦးလည်း ကြုံတွေ့လာခဲ့ရတဲ့ အခါမှာတော့ထိရှပြင်းထန်တဲ့ စကားလုံးတွေ ပွင့်အန်လာကြပြီး။
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုယ်တိုင် သာဝင်ရောက် ကြည့်ရှု့ပေးကြပါဦးလို့။

File Size : (820 MB)
Quality : Blu-Ray (1080p)
Download link

...... Thank For Watching...... 

 

Pirates of the Caribbean ဇာတ်ကား ဖန်တီးရှင် ထုတ်လုပ်သူ Jerry Bruckheimer နဲ့ ဒါရိုက်တာ Gore Verbinski တို့ရဲ့ လက်ရာ ဖြစ်ပြီး
Tonto အဖြစ် မင်းသား Johnny Depp ၊ Lone Ranger ခေါ် John Reid အဖြစ် Armie Hammer ၊ Latham Cole အဖြစ် Tom Wilkinson ၊ Butch Cavendish အဖြစ် William Fichtner ၊ Red Harrington အဖြစ် Helena Bonham Carter ၊ Dan Reid အဖြစ် James Badge Dale နဲ့ Rebecca အဖြစ် Ruth Wilson တို့ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့
၁၉၃၃ ခုနှစ် ကာနေဗယ်တော် ကျင်းပနေသည့် ရက်တွင် ဖြစ်သည်။ ဆန်ဖရန်စစ္စကိုတွင် Golden Gate တံတားကြီး စတင်ဆောက်လုပ်နေဆဲကာလဖြစ်သဖြင့် ထိုနေရာတွင် လူစည်ကားနေသည်။ Will ဟု အမည်ရသော ချာတိတ်တစ်ယောက်က က ရာဇဝင်ထဲက လူစွမ်းကောင်း
Lone Ranger (တစ်ကိုယ်တော် လူစွမ်းကောင်း) ပုံစံ ကောင်းဘွိုင်ဝတ်စုံ ဝတ်ဆင်ပြီး ကာနေဗယ်ပွဲတော်ကျင်းပရာ နေရာကို လှည့်လည် ကြည့်ရှုနေသည်။
ထိုနေရာတွင် Tonto ဟု အမည်ရသော ကိုမန်ချီ အင်ဒီယန်းလူမျိုး တစ်ဦးနှင့် တွေ့ဆုံမိသည်။ Will သတိရလိုက်သည်က Lone Ranger ရဲ့ မိတ်ဆွေTonto ကလည်း ကိုမန်ချီ အင်ဒီယန်းဖြစ်သည် ဆိုတာကိုပင်။Tonto က သူနဲ့ Lone Ranger တို့ အနောက်ခြမ်းက ကန္တာရမှာ စွန့်စားခဲ့ကြောင်း၊ မျက်နှာဖုံးစွပ် Lone Range နဲ့ သူနဲ့ နှစ်ယောက်အတူ ဘဏ်ကို ဓားပြတိုက်ခဲ့ကြောင်း ပြောပြသည်။ သို့သော် Will လက်မခံနိုင်။ သူသိထားသည့် Lone Ranger က တရားဥပဒေစိုးမိုးရေး စွမ်းဆောင်ခဲ့သည့် သူရဲကောင်း၊ ဘဏ် ဓားပြမဟုတ်အဲဒီတော့မှ Tonto က ၁၈၆၉ ခုနှစ်မှာ သူနဲ့ အတူတူ တက္ကဆပ်ပြည်နယ် ကော်ဘီမှာသောင်းကျန်းခဲ့ဖူးသည့် လူတစ်ယောက်အကြောင်း ပြန်ပြောပြသည်။ ၁၈၇၉ တွင် အမေရိကန်နိုင်ငံရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်ကို ဆက်သွယ်ဖို့
ပြည်နယ်အများအပြားကို ဖြတ်ပြီး ရထားလမ်းဖောက်လုပ်နေသည်။ ရထားလမ်းကို Latham Cole ဆိုသည့် သူဌေးတစ်ဦးက ထိန်းချုပ်ထားသည်။ John Reid ဆိုသည့် လူငယ်လေးက ဒီရထားကို စီးပြီး ဇာတိသို့ ပြန်လာသည်။ John Reid စီးတဲ့ ရထားပေါ်မှာ Texas Ranger တစ်ဦးဖြစ်တဲ့ သူ့အစ်ကို Dan Reid ဖမ်းလာသည့် လူဆိုးကြီး Butch Cavendish လည်း ပါလာသည်။ Tonto ကလည်း အဲဒီရထားကိုပဲ စီးလာသည်ပေါ့………..သို့ပေမယ့် အခြေအနေက အစိုးမရသည်မို့ Butch လွတ်သွားပြီး သူ့ကို ဖမ်းလာသည့် Texas Ranger တွေ အသတ်ခံရသည်။ Tonto က ဒီလူသတ်မှုမှာ ကြားက ဓားစာခံဖြစ်ပြီး ရထားကို အပိုင်စီးခံရသည်။ ဒါပေမယ့် John နဲ့ Dan တို့ကပြန်လည်တိုက်ခိုက်ပြီး Tonto ကို Butch ရဲ့ အဖွဲ့ကလို့ ထင်သွားကြသည်။ အကျိုးဆက်အနေနဲ့ Tonto ကို Dan က ဖမ်းဆီးထားလိုက်ပြီး Butch ကတော့ လွတ်မြောက်သွားသည်။Dan က John ကို Texas Ranger တွေနဲ့အတူ Butch ကို လိုက်လံဖမ်းဆီးဖို့ အကူအညီတောင်းသည်။ တောင်ကြားတစ်ခုတွင် Dan ၊ John နဲ့
Ranger တွေ ပိတ်မိနေစဉ် Ranger တွေ အကုန်အသတ်ခံရပြီး Butch က John ရဲ့ ရှေ့မှာတင် Dan ရဲ့ နှလုံးကို ထုတ်ပြီး စားပြသည်။ John လည်း ဒဏ်ရာကြောင့် မျောသွားပြီး ကိုမန်ချီအင်ဒီယန်းတွေ ယုံကြည်ကြတဲ့ Silver အမည်ရှိ ဝိဉာဏ်မြင်းတစ်ကောင်က သူ့ကို ပြန်အသက်သွင်းပေးလိုက်သည်။ ထောင်က ထွက်ပြေးလာတဲ့ Tonto က ဒီအကြောင်းကို ပြောပြပြီး John တစ်ယောက် တိုက်ပွဲမှာ သူများသတ်လို့ မသေနိုင်တော့ဟု ရှင်းပြသည်။ဒါ့အပြင် တိုက်ပွဲမဖြစ်ခင် ပျောက်ဆုံးသွားသည့် Collins အမည်ရှိ Ranger က သစ္စာဖောက်လို့ Dan သေဆုံးရတာ ဖြစ်ကြောင်း Tonto က သတင်းပေးသည်။ Collins မကြာခင်ကမှ ရောက်ခဲ့သည့် ပြည့်တန်ဆာအိမ်သို့ သွားရှာကြရင်း Red Harrington နဲ့ တွေ့ဆုံမိပြီး Dan နဲ့ Collins တို့ ရန်ဖြစ်သည့်အကြောင်းကို သိရသည်။ အဲဒီအချိန်မှာ ကိုမန်ချီ အင်ဒီယန်းယောင်ဆောင်ထားသည့် Butch ရဲ့ အဖွဲ့ဝင်တွေက ကိုမန်ချီနဲ့ အမေရိကန်တွေရဲ့ နယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။ဒီလို ဝင်ရောက်တိုက်ခိုက်တာကြောင့် Dan ရဲ့ မိန်းမ Rebecca နဲ့ သား Danny တို့ ပိတ်မိသွားကြသည်။ သို့သော် မီးရထားလမ်းပိုင်ရှင် Latham Cole က ဝင်ရောက်ကယ်ဆယ်ပြီး Collins ကို ပစ်သတ်လိုက်သည်။ ဒါ့အပြင် ရထားလမ်း ဆက်လက်ဖောက်လုပ်ဖို့နဲ့ ကိုမန်ချီအင်ဒီယန်းတွေကို တိုက်ခိုက်ဖို့ အမေရိကန် မြင်းတပ်ဗိုလ်ကြီး Jay Fullerကို အကူအညီတောင်းသည်။တကယ်တော့ Cole ရော Butch ကပါ ကိုမန်ချီ
တွေ ပိုင်ဆိုင်တဲ့ ငွေသတ္ထုတွင်းကို လိုချင်လို့ ဒီဒေသကို ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။ ဒီအကြောင်းကို သိသွားရတဲ့ တရားခံဟာ အင်ဒီယန်းကြီး Tonto
ဖြစ်သည့်အကြောင်း John သိသွားသည့်အခါမှာတော့ဘာတွေဆက်ဖြစ်ကြမှာလဲ......
Download link

 

               The World's End [2013]

2013 ခုနှစ်ထွက် ဟာသ သိပ္ပံကားတစ်ကား တင်ပေးလိုက်ပါတယ်။ ဆိုင်မွန်ပက်တို့ မာတင်ဖရီးမန်းတို့ကိုတော့ ပရိသတ်အတော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။


ဇာတ်လမ်းအကျဉ်း

သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးကြီး တစ်ခုကို ပြန်လုပ်ကြဖို့ ကြံစည်လာကြပါတယ်။အဲဒီ စစ်ဆင်ရေးကတော့ သူတို့မြို့ရဲ့ လမ်းတစ်လျှောက်လုံးက အရက်ဆိုင် အကုန်လုံးက အစကနေ အဆုံးထိ ရောက်အောင်တစ်ညထဲနဲ့ သောက်သွားဖို့ပါပဲ။အရက်ကို ခွေးလိုဝက်လို့ သောက်ဖို့အကြံနဲ့ ဇာတိမြို့ကို ချီတက်လာတဲ့ ဇိုးတစ်သိုက်ဟာ သူတို့မြို့ကို ရောက်ရှိလာချိန်မှာတော့ မထင်မှတ်ထားပဲ လူသားအားလုံးနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါဘာတွေဆက်ဖြစ်မလဲ။ဒီရုပ်ရှင်က အတော်လေးလည်း ရယ်ရပြီး တွေးစရာလေးတွေလည်း ပေးထားမှာမို့ ကိုယ်တိုင်ကြည့်ပြီးမှ တွေးလို့ ပြုံးလိုက် လုပ်နေရမယ့် အမျိုးအစားဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်။

Download link

ဒီ Bollywood ဇာတ်ကားကတော့ အပျော်ကြည့်ရန်သက်သက်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။2016 မှာလည်းဒီကားလေးရဲ့အဆက်ထပ်မံထွက်လာခဲ့တာမို့ ကြည့်ချင်သူများcomment✍✍✍✍မှာရေးသွားနော်။
Comedy, Drama, Romance အမျိုးအစားဖြစ်တာနဲ့အညီ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရပါမယ်။
လူပျိုဘဝ ကျောင်းသားဘဝကတည်းက တတွဲတွဲနဲ့နေတဲ့ ခပ်ကဲကဲ သူငယ်ချင်း သုံးယောက်
အိမ်ထောင်တွေကျသွားပြီး လူပျိုဘဝကို ပြန်လည်ခံစားဖို့ အခွင့်ကြုံလာခဲ့ရာဘာတွေဆက်ဖြစ်မလဲကိုယ်တိုင်သာကြည့်လိုက်တော့နော်။

Download link

 

ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်းမတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။


အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်းငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီးပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။

ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲအကျော်ကြားဆုံးကတော့ “Gone With the Wind ”လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့၁၉ရာစုရဲ့အရောင်းရဆုံစာအုပ်” Uncle Tom’s Cabeint” အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ယခုကားရဲ့ မူလဘူတ ” 12yearsAslave”ဆိုတဲ့ စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီးနှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်းမကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalveကတော့ Biography တစ်ပုဒ်ပါတဲ့။


ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့

ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။

ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက်

မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့

12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။

ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့…ဟိုအရင်များဆီတုန်းက….အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာSolomon Northupဆိုတဲ့

လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်ကသူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။

မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲအောက်ဆုံးဘဝငရဲကိုထိုးဆင်းသွားရတဲ့Solomonဟာ

အသိညဏ်အရည်အချင်းတွေကိုအသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။


မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ခွဲခြားမှု…အရက်စက်ဆုံးလူသားတွေရဲ့ လူမဆန်မှုတွေဖြစ်ပေမဲ့ဒီအဖြစ်အပျက်က ဒီကမ္ဘာမှာ တကယ်ဖြစ်ခဲ့ပါတယ်။တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ရက်စက်ပေမဲ့လည်း

တစ်ခါတလေတော့လည်း မျှော်လင့်တတ်ကြရပါတယ်။Dialougeတွေထဲ သူမပြောပြခဲ့ပေမဲ့အရက်စက်ဆုံး လူလူချင်း ညှည်းပန်းမှုတွေအောက်မှာ

မရှင်သန်ရပေမဲ့ ရှင်ကျန်ဝံ့စေခဲ့တဲ့ အိမ်ကလေးဆီမျှော်လင့်ချက်ဝေဝါးဝါးလေးကို သူမစွန့်မလွှတ်ရှိနေခဲ့တာပါပဲ။ ဒီမျှော်လင့်ချက်ကလေးဘယ်ရွေ့ဘယ်မျှအထိရှင်သန်နေမလဲဆိုတာကိုတော့

ကိုယ်တိုင်ပဲ ကရုဏာသက်ရင်း ခံစားသက်ဝင်ကြည့်ကြပါ။

ဇာတ်ကြောင်းကပဲ ကောင်းတာလားဆိုတော့မဟုတ်သေးပါဘူး။ သရုပ်ဆောင်တွေပဲကြည့်ပါ

Bard Pitt … Micheal Fasssbender

Beneditch Cumberbatchတို့လည်း

တစ်ထောင့်တစ်နေရာက ပါဝင်ထားပါတယ်။

Producerတွေထဲ Brad Pittလည်းပါပါတယ်တဲ့။

Best Motion Picture of Year

Best Performance By Actressနဲ့

Best Writing အစရှိတဲ့ Oscarဆု သုံးခုကိုဆွတ်ခူးခဲ့တဲ့အပြင် တခြား ၂၃၈ဆုရထားပါတယ်။ ဒါ့အပြင်Hans Zimmerရဲ့ Scoreတွေကိုလည်း နားထောင်ကြရဦးမှာပါ။

Download link

GDRIVE

ဒီဇတ်ကားလေးကတော့Ninja (2009)ရဲ့အဆက် Ninja II: Shadow Of A Tear (2013)ဖြစ်ပါတယ်။

Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။

(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က

အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။

နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။

ဂျပန်နိင်ငံမှာအိမ်ထောင်ကျနေတဲ့အမေရိကန်လူမျိူ းကေစီရယ်


သူရဲ့ဇနီးနာမီကိုရယ်တစ်နေ့မှာနာမီကိုအသတ်ခံခဲ့ရတဲ့အခါမှာ

ဘယ်သူကနာမီကိုကိုလုပ်ကြံခဲ့တာလဲ။ ဇနီးသည်သေဆုံးပြီးနောက်

ကေစီဟာသူနဲ့ရန်ညိုးရှိတဲ့လူတွေ


ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိင်ငံမှာရောက်နေတဲ့

စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ

လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး

လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။

ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့်

ပရိတ်သတ်တွေလက်မလွတ်သင့်ဘူးလို့ပြောချင်ပါတယ်။

Download link

GDRIVE


Ninja 1(2009) GDRIVE Link

Badges Of Fury (2013)
အညွှန်း 
မင်းသားကြီးဂျက်လီက အခုခေတ်နဲ့သိပ်အံမဝင်တော့ သိုင်းသမား ရဲစုံထောက်အိုကြီး….ပေါ့ပါးစွာသရုပ်ဆောင်တတ်တဲ့ မင်းသား Wen Zhang က အခုခေတ်လူငယ်တွေလို သွက်လက်ထက်မြက်ပေမယ့် လုပ်လိုက်ရင် လွဲလွန်းတဲ့ ရဲစုံထောက်…You are The Apple of My Eye ရဲ့မင်းသမီးချော Michelle Chen က ချစ်စဖွယ်အမူအရာနဲ့ ရဲရင့်တဲ့ ရဲမေစုံထောက်….မင်းသမီး Liu Shishi က တည်ငြိမ်အေးချမ်းတဲ့အလှတွေနဲ့ နိုင်ငံကျော်မင်းသမီး…တက်သစ်စမင်းသမီး Liu Yan က မြင်သူတိုင်းငေးရတဲ့ ညှို့အားပြင်း အလှတွေနဲ့ လျှို့ဝှက်ချက်အပြည့်နဲ့မိန်းမပျို..
စသည်ဖြင့် မင်းသားမင်းသမီးစုံစုံလင်လင်ပါဝင်ထားပါတယ်။Action, Comedy, Mystery အမျိုးအစားဖြစ်ပြီး နားနားနေနေကြည့်သင့်တဲ့ Comedy ဇာတ်ကားမျိုးဖြစ်ပါတယ်။
Download link

Followers

Slider

5/Teste Menu 7/slider
MM Official