Showing posts with label 2014. Show all posts
Showing posts with label 2014. Show all posts
The Flash Season 8 (2014-2021)

အညွှန်း 

Season 7 ပီးဆုံးတဲ့အနောက် အဆက်ဖြစ်တဲ့ Flash Season 8 လာပါပြီ။

Season 7 နောက်ဆုံးမှ Flash ဟာ God Speed ကို Reverse-Flash နဲ့အတူပူးပေါင်းပြီးအနိုင်ယူခဲ့ပါတယ်။

ပြီးတော့ Reverse-Flash ထက်လည်းပိုပြီး OverPower ဖြစ်သွားတဲ့ Flash ကို မြင်ရမှာပါ။

ဒီ Season ၈ အစပိုင်းမှာလည်း Flash ရဲ့ အမြန်နှုန်းဟာ အတော်ကြီးကိုတိုးတက်လာပြီး ဗီလိန်တွေကို အလွယ်တကူ နဲ့ OverPower လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။

ဒါဟာ ကျွန်တော်တို့ အမြဲ မြင်ချင်နေတဲ့ Flash ပါပဲ
ဒါပေမယ့် Flash တစ်ယောက် Level Up သွားတဲ့နောက်ပိုင်း ဘာတွေကြုံရမလဲ?

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Season 8 မှာ ဆက်လက်စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ်။


SEASON 1 TO 7

SEASON 8

EP 1
EP 2
EP 3
EP 4
EP 5


..... Thank For Watching ......






 

What Happens to My Family (2014)

အညွန်း ကို ChannelMyanmar မှကူးယူဖော်ပြသည်။ 

ဒီစီးရီးဟာ Family kdramအများအစားဖြစ်ပါတယ်....familyအမျိုးအစားချင်းတူပေမဲ့ တစ်ချို့တွေက Penthouse ,Sky Castleတို့လို အိပ်မက်ထဲထိလိုက် လောင်မြိုက်နေတဲ့ ပုံစံမျိုးသဘောကျကြသလို နွေးထွေးအေးမြပြီး ချစ်စဖွယ်ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရတဲ့ My Father is Strange , Reply 1988 တို့ လို စီးရီးမျိုးကိုနှစ်ခြိုက်ကြတဲ့သူတွေလည်းရှိပါတယ်။

ယခုတင်ဆက်ပေးတဲ့စီးရီးက My Father is Strangeတို့လိုပုံစံမျိုးပါပဲ။

မလောက်မြိုက်ရဘူးလို့ဆိုလိုတာပါ။အပိုင်း ၅၃ ပိုင်းရှိပြီး မြန်မာစာတန်းထိုးလည်း ရှားတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ရတာပါ။

ပျိုမေတို့အတွက်အဆင်ငမ်းဖို့ Park Hyung Shik,Seo Kang Joon နဲ့ Yoon Park တို့ လို မင်းသားချောတွေပါဝင်ထားသလိုချစ်စရာကောင်းတဲ့ မင်းသမီးလေး Nam Ji Hyun လည်း ပါဝင်ထားပါတယ်.....

ဒီကားက တော်တော်လည်းရယ်ရသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်..မိသားစုတွေဒီအချိန်မှာ စိတ်အပန်းဖြေဖို့ရာအသင့်တော်ဆုံးဇာတ်လမ်းတွဲလို့တောင် ညွှန်းဆိုချင်ပါတယ်။

တစ်ပိုင်းလောက်မြည်းစမ်းကြည့်လိုက် လုံးဝ စွဲသွားစေရမယ်လို့အာမခံပါတယ်.....

Native Title: 가족끼리 왜 이래

Also Known As: Gajokggiri Wae Yirae , What’s With This Family? , This Is Family , ¿Qué pasa con mi familia? , Gajokkkiri Wae Irae

Duration: 1 hr. 5 min.

Episodes: 53

Genres: Comedy, Romance, Drama, Family

Download Link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
EP 18
EP 19
EP 20
EP 21
EP 22
EP 23
EP 24
EP 25
EP 26
Ep 27
EP 28
EP 29
EP 30
EP 31
EP 32
EP 33
EP 34
EP 35
EP 36
EP 37
EP 38
EP 39
EP 40
EP 41
EP 42
EP 43
EP 44
EP 45
GDRIVE  
EP 46
EP 47
EP 48
EP 49
GDRIVE  
EP 50
EP 51
EP 52
EP 53(END)


..... Thank For Watching ......

 

PK (2014)

ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

ကမ္ဘာနှင့်အဝှမ်း ဝင်ငွေများစွာရရှိခဲ့ပြီး စံချိန်တွေလဲချိုးခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။

ဘာသာတရား အယူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပွက်လောရိုက်အောင်ကိုငြင်းခုန်ခဲ့ကြပါတယ်။

မင်းသား Aamir Khan ရဲ့မှတ်တိုင်ဖြစ်ခဲ့ပြီး မင်းသမီးကတော့ Anushka Sharma ဖြစ်ပါတယ်။

File size…(2.67GB)

Quality... 1080p 5.1CH

Duration….02:33:00

Download Link


..... Thank For Watching ......

 

Tazza; The Hidden Card (2014)

ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။

T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။

သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။

မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။

(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)

2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။

Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။

ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။

Pyung, Agwi နဲ့ Jjakgwi ပါ

Pyung က‌တော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ ‌အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ
Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။

Hidden Card ဟာ Goni‌ နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။

ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေလိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေး‌မပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်း‌တွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။.....

Tazza; The Hidden Card (2014)


ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။


T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။

သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။

ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။


မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။

(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)


2006 မှာထွက်ခဲ့တဲ့  Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။


Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။  “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။


ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။


Pyung, Agwi နဲ့ Jjakgwi ပါ


Pyung က‌တော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊

Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ ‌အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ

Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။


Hidden Card ဟာ Goni‌ နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။


ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေလိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေး‌မပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်း‌တွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။

File size…(2.7 GB) and (1.6 GB)

Quality….BluRay 1080p and 720p 5.1CH

Duration….02:27:00 

Download Link

 

Pawn Sacrifice (2014)

ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။

အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။

ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံးစစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။

စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။

ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ 

ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။

ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး အဓိက အဆုံးအဖြတ်ဖြစ်တဲ့ ၆ ပွဲမြောက် စစ်တုရင်ပွဲဟာ သူ့ သက်တမ်းရဲ့ အရေးအကြီးဆုံးပြိုင်ပွဲအဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ဇာတ်လမ်းနာမည်ဖြစ်တဲ့ နယ်ရုပ် စတေးခြင်းဆိုတာဟာ သူ့ရဲ့ ရွှေ့ကွက်ကို ပြောခဲ့တာဖြစ်သလို အမေရိကန်က ဘော်ဘီဖစ်ရှာကို အသုံးချခဲ့တယ်ဆိုတာကိုလည်း ပြောချင်တာဖြစ်ပါလိမ့်မယ်။ 

ဘော်ဘီဟာ ချန်ပီယံမဖြစ်ခင်ကတည်းက စိတ်မူမမှန်တာတွေ အစိုးရိမ်လွန်ကဲတာတွေဖြစ်နေခဲ့ပြီး
ရုရှားတွေက သူ့ဖုန်းကို ခိုးနားထောင်တယ်၊ တီဗီကနေ ခိုးကြည့်တယ်၊ အစာထဲကိုအဆိပ်ခတ်တယ်၊ သွားပေါက်ထဲကို ဖြည့်တဲ့ဟာတွေကပါ ခိုးနားထောင်တယ်ဆိုတဲ့အထိ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

စစ်တုရင်ပါရမီရှင် ပေါလ်မာဖီ တုန်းကလို ငယ်ငယ်ရွယ်ရွယ်နဲ့ သတ်သေသွားမှာကိုပါ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိခဲ့တာပါ။

စစ်တုရင်ဟာ အဖွင့်-၄ ကွက်ရွှေ့အပြီးမှာ ရွေးချယ်စရာ အကွက်ပေါင်း ၃၀၀ ဘီလီယံလောက်ရှိတယ်လို့ ဆိုတဲ့အတွက် အပျော်ကစားတာမဟုတ်ဘဲ တကယ် အစအဆုံး ကျွမ်းကျင်ချင်ရင်တော့ ဦး​နှောက်ကို အစွမ်းကုန်သုံးရမယ့် ကစားနည်းမျိုးပါ။

ဒီရုပ်ရှင်မှာတော့ ဘော်ဘီဖစ်ရှာရဲ့ ဘဝနဲ့ စိတ်ဝင်စားစရာ ဖြတ်သန်းမှုတွကို ကျွန်တော်တို့ အချစ်တော် စပိုက်ဒါမန်းမင်းသား တိုဘီ မက်ဂွိုင်းရားက ဉာဏ်ကြီးရှင်ဆိုက်ကို ပုံစံ ပီပီပြင်ပြင် သရုပ်ဆောင်ပြထားတာကြောင့် စစ်တုရင်သမားတွေရော သမိုင်းဒရာမာ ချစ်သူတွေပါ ကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ဖြစ်လို့ တင်ပေးထားလိုက်ပါတယ် ။


Quality__Blu-Ray 1080p_5.1CH,720p

Duration__01:56:00

Type__Biography , Drama , Sport , Chess

Download Link


..... Thank For Watching ......

 

Godzilla (2014)

2014 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Godzilla ရုပ်ရှင်ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

မင်းသမီးချောလေး Elizabeth Olsen နဲ့ မင်းသား Aaron taylor-Johnsonw တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးပါ။

ဒါရိုက်တာ Gareth Edwards ကနေ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါပြီ။

၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကိုပြခဲ့ပြီး အဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။

တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကိုတွေ့မြင်ရပါတယ်။ ဒီအကောင်ကြီးကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားလိုက်ပါ...

File size…(2.4 GB) and (1.2 GB)

Quality….Blu-Ray 1080p & 720p

Duration….02:03:00
Download Link

...... Thank For Watching...... 

 

Big Hero 6 (2014)

Walt Disney Animation ရဲ့ နောက်ထပ်လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။
Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။Walt Disney နဲ့အတူ Marvel Entertainment ကပါပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့Walt Disney ဇတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ကြည့်ဖို့လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးတစ်ခုပါပဲလိုညွှန်းချင်ပါတယ်။
 Download link


 

The Judge [2014]
ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်.။
.kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..
သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး အိမ်ပြန်ဖို့ လေယာဉ်ပေါ်အတက်..အစ်ကိုအကြီးဆုံးဆီကဖုန်းဝင်လာပြန်တာက..သူတို့အဖေတရားသူကြီး လူသတ်မှုနဲ့ ရဲစခန်းရောက်နေလို့ပါတဲ့…ဒီဇာတ်လမ်းဟာ မှုခင်း ဒရာမာကားလို့ ဆိုထားပေမယ့် ဒီထက် အများကြီးအများကြီး အတွေးတွေ ပေးနိုင်မယ့်ကားတစ်ကားဖြစ်ပါတယ်..ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ သားအဖတွေကြားဆက်ဆံရေးတွေ ..လူ့အသိုင်းအဝိုင်းနဲ့ တရားဥပဒေအပေါ် လေးစားမှု မလေးစားမှု..တရားဥပဒေရဲ့အရေးပါမှုတွေ..ကံတရားတစ်ပတ်လည်ပုံတွေကို အချိတ်အဆက်ကောင်းကောင်းနဲ့ ရိုက်ပြထားပါတယ်၂၀၁၄ မှာ ထွက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်..နောက်ဆုံးဇာတ်လမ်းပြီးစာတန်းထိုးတဲ့အခါ… The Scientist ဆိုတဲ့ သီချင်းလေးကိုလည်း နားထောင်ဖြစ်အောင်နားထောင်ဖို့ တိုက်တွန်းလိုက်ပါတယ်..။ 
Download link
Big Match(2014)
action ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ် …

ဇာတ်လမ်းအကျဉ်း ချွဲအီဂိုဟာ နာမည်ကြီး MMA Fighter တစ်ယောက်ဖြစ်ပါတယ်…

ဒီမတိုင်ခင်မှာ နိုင်ငံဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဒေါသကြီးတဲ့စိတ်ကြောင့် အနီကတ်ပြခံခဲ့ရပါတယ် …

အဲ့နောက်မှာတော့ ဘောလုံးကစားသမားအဖြစ်ကနေ နှုတ်ထွက်ပြီး အစ်ကိုဖြစ်သူရဲ့ နည်းပြပေးမှုနဲ့  MMA  Fighter

ဖြစ်လာခဲ့ပါတယ် ….ဒီလိုပြိုင်ပွဲတွေဆင်နွဲနေတုန်း  ချွဲအီဂိုရဲ့အစ်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်…


အဲ့နောက်မှာ ပြန်ပေးဆွဲသူဟာ ချွဲအီဂိုကို ထူးထူးဆန်းဆန်း ကိစ္စတွေကို ဆက်တိုက်ခိုင်းပါတော့တယ်..

ချွဲအီဂိုခမျာ ပြန်ပေးဆွဲသမားရဲ့ ခိုင်းတာတွေကို အသဲအသန်လုပ်ရ အစ်ကိုြဖစ်သူကို ကယ်ဆယ်ဖို့လည်း ကြိုးစားရနဲ့…

ချွဲအီဂိုတစ်ယောက် သူ့အစ်ကို ကို ကယ်တင်နိုင်မှာလား…

ဘာကြောင့် သူ့အစ်ကို ပြန်ပေးဆွဲခံရတာလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြပါနော်..
Download link

ဇာတ်လမ်းလေးကတော့ Transgender(ဆန့်ကျင်ဘက်လိင်ကဲ့သို့ သတ်မှတ်သူ) ဖြစ်တဲ့ စုံထောက် Ji-Wook ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ သူဟာ တိုက်ရည်ခိုက်ရည် အလွန်ထက်မြတ်တဲ့ စုံထောက်ရဲတစ်ယောက်ဖြစ်ပါတယ်။ အလုပ်သဘောအရ လူဆိုးတွေ ဖမ်း ရင်း မိန်းမ အဖြစ်ပြောင်း ဖို့ တစ်ယောက်ထဲ ကြိုးစားနေသူပါ။ ငယ်ဘဝကတည်းက အခြောက်ဆိုပြီး အစခံရ အနိမ်ခံရတာကြောင့် အခြောက်ဆိုတာ ရွံစရာတစ်ခုအဖြစ် ကလေးဘဝကတည်းက ထင်မှတ်လာတဲ့ သူ့ကိုယ်သူ ယောင်္ကျား ဆန်သထက် ဆန်အောင် အမြဲ ကြိုးစား လာခဲ့သူပါ။

နောက်ဆုံးတော့ သူရဲ့ လူဆိုးဖမ်းတဲ့ စုံထောက်အလုပ်က ထွက်လိုက်ပြီး မိန်းမ အဖြစ် ခွဲစိတ်ပြုပြင်ဖို့ စီစဉ်လိုက်ပါတယ်။ ခွဲစိတ်ဖို့ US ကို ထွက်ဖို့ လေဆိပ်ရောက်တဲ့ အခါ လူသတ်မှု သတင်းတစ်ခု ဟာ သူ့ကိုတားလိုက်ပါတယ်။ သူ့ရဲ့ ရန်သူတွေဟာ သူ ဂရုတစိုက် ကာကွယ်ပေးနေတဲ့ သူတစ်ယောက်ကို ပြန်ပေးစွဲသွားပြီး သူ့ကို မျှားခေါ် ပါတော့တယ်။

အခြောက်တစ်ယောက် အဖြစ် ကြီးပျင်းလာခဲ့ရတဲ့ ငယ်ဘဝနဲ့ အလုပ်လုပ်တဲ့ အရွယ် ကြုံတွေ့ရတဲ့ နေ့စဉ်အခက်အခဲတွေ၊ သူ့ရဲ့ အချစ်ရေး တွေကို စုံလွင်စွာ တင်ပြထားတာကို တွေ့ရမှာပါ။

Download link

GDRIVE




အညွှန်း 
ဘ၀ မှာ အချစ်စစ်ထက် ပို တန်ဖိုးရှိတဲ့ အရာ မရှိလောက်ပါဘူး

တစ်ချို့ကတော့ အချစ်စစ်က ကိုယ့်ဘေးနားရှိရက်နဲ့ ပျောက်နေကြတယ်

တစ်ချို့ ကိုယ့်ကိုချစ်လာမလားလို့ စောင့်နေရင်း အချိန်တွေ ကုန်ဆုံးကြရတယ်

တစ်ချိုကကတော့ အချစ်စစ် နဲ့ ချစ်တာကို တန်ဖိုးမထားတက်ကြဘူး…

ဒီရုပ်ရှင်ထဲမှာ တန် ဆိုတဲ့ ကောင်လေးဟာ နယ်မြို့လေးကနေ မြို့ပေါ်ကို

ကျောင်းလာတက်ခဲ့တယ် အမေတစ်ခု သားတစ်ခု
ဘ၀ကနေ ကိုယ့်ဘာသာ မြို့ပေါ်မှာ ကျောင်းတက်ရတဲ့အခါ

အလွဲလွဲ အချော်ချော်လေး တွေ စဖြစ်ရတယ်..

အဲ့ဒီ အလွဲအချော်တွေကို ထိန်းကွပ်ပေးမဲ့

ချစ်စရာ ကောင်မလေး တစ်ယောက် တန် ရဲ့ ဘ၀ ထဲကို

စတင် ၀င်ရောက်လာခဲ့တယ်…

သက္ကသိုလ်ရဲ့ ဖရက်ရှာ၀ဲလ်ကမ်း မှာ ဒီကောင်မလေးကို

သူစတွေ့တာပေါ့…

ဖြစ်ချင်တော့ ပထမဆုံးနေ့ မတိုင်ခင်က တန် တို့ သူငယ်ချင်းတွေ

အမူးသောက်ပြီး မှောက်ကြတော့ ကျောင်းရဲ့ ကြိုဆိုပွဲကို

နောက်ကျပြီး ရောက်သွားရာက စတာပဲ…

သူတစ်ယောက်ထဲလား ဆိုတော့ မဟုတ်ဘူး

ဂျွန်ဆိုတဲ့ ကောင်မလေးပါ ပါတယ်..

ဒီတော့ ၂ ယောက်တွဲ အပြစ်ပေးခံရတဲ့ အနေနဲ့

အတူတူ အူကြောင်ကြား ကရတယ်…

တန်ရဲ့ ဘ၀ မှာ မြို့ပေါ်က မိန်းကလေး သူငယ်ချင်း

အဖြစ် ဂျွန်ကို ရရှိခဲ့တယ်…

ဂျွန် အတွက်ကရော ?

အချိန်တွေ ကြာလာတာနဲ့ အမျှ  တန်နဲ့ဂျွန် တို့

ပိုရင်းနှီးလာခဲ့တဲ့ အပြင် ဂျွန် ဟာ တန် အတွက်

အမေလို မျိုးပဲ မလုပ်သင့်တာ မလုပ်ရအောင်

တားမြစ်ပေး စိတ်ပူပေးတဲ့ ကောင်မလေး တစ်ယောက်ထက်

တန် ရဲ့ စိတ်ထဲ မပိုခဲ့ဘူး…

သူပိုနေမိတာက ရုပ်ရှင်အတိုလေးတွေ ရိုက်ပြီး

အောင်မြင်စ ပြုနေတဲ့ ဒါရိုက်တာ မမချောချောလေးကိုပါ

ထိုင်းရုပ်ရှင်ကားတွေဟာ ၂၀၁၀ လောက်နောက်ပိုင်းကစပြီး

ဇတ်လမ်း ဇတ်ကွက် နဲ့ ရိုက်ကူးမှု အပိုင်းတွေမှာ အတော်လေး

ကြည့်ကောင်းလာသလို နှလုံးသားထဲ ရောက်အောင် စွဲဆောင်နိုင်ပါတယ်

ဒီ Timeline ဆိုတဲ့ ရုပ်ရှင်ကားလေးထဲက ကျောင်းသား ကျောင်းသူ လေးတွေရဲ့အချစ်ဇတ်လမ်းကရော ဘယ်လိုရှိမလဲ ဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါ။

#musicmovieoffical
#mmoffical 
#musicmoviegp

Download link

Followers

Slider

5/Teste Menu 7/slider
MM Official