Showing posts with label Movie Collection. Show all posts
Showing posts with label Movie Collection. Show all posts

 

Fast X (2023)

Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။

သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင်ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ…မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်… 


File Size : (1.5GB)

Quality : AMZN.4K,WEB-DL.1080P5.1Ch, 720p

Format…mp4

Duration…02:21:00

Genre : Action ,Adventure , Crime



GDRIVE (720)



..... Thank For Watching ......





F9 : The Fast Saga (2021)

Channel Myanmar မှကူးယူဖော်ပြသည်။ 

ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ။

အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့.....

ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်း ထူးဆန်းစွာပဲ ဒွန်တို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....

ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့
အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့...

ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....

လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....

ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....

ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...

ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...

Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့.... F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ်။

ဘရိုင်ယန်မပါတဲ့နောက်ပိုင်း ပေါ့သွားတယ်ဘာညာပေါ့လေ..

သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေ အက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....

ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ..

File Size :(1.4GB)

Quality : WEB-DL 720p

Duration…02:23:00

Genre : Action, Crime , Adventure


Download Link



..... Thank For Watching ......

 

District 13 (2004) & District 13: Ultimatum (2009)


ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်။

အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး။

ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်။

ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့....

လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ။

ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။

အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။

သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ။

ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး။သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ။

လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျူဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ...

ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ဖိုက်တာလူဆိုးတွေကြား နျူဗုံးကို ဘယ်လိုသွားဖြုတ်မလဲဆိုတာရယ်..

ဒီနျူဗုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာတွေလဲဆိုတာကို District 13 (2004) ဆက်လက်ကြည့်ရှုရမှာပါ။

District 13: Ultimatum ကတော့ ၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးရဲ့အဆက်​​ဖြစ်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ 

ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ 

ဒုတိယမြောက်ကား‌လေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။ 

ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်က‌နေပဲ ဆက်ထားပါတယ်။

လီတိုတို့ရဲ့ အမဲရောင်နယ်မြေ‌လေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး နယ််မြေကောင်းကောင်း‌‌လေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့ အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာ‌လွင့်ပျောက်သွားပြီး လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။ 

ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့‌နယ်မြေလေးကို ဖြိုဖျက်ပြီးသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့ ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါ...

ဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊ လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ...

လီတိုတို့နယ်မြေရဲ့ ဂိုဏ်း‌တွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်း‌လေးတစ်ကားပါ။ 

ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။


District 13 (2004) 

File size…(1.5 GB) / (800 MB)

Quality…BluRay 1080p /720p

Duration….01:25:00

Download Link


District 13: Ultimatum (2009)

File size…(1.9 GB) / (1 GB) / (500 MB)

Quality…BluRay 1080p /720p/ 360p

Duration….01:46:00

Download Link



..... Thank For Watching ......




 

 Rurouni Kenshin: The Beginning (2021)

ယောက်ဖတော်နဲ့ အသေအကြေတိုက်ခဲ့တဲ့ Rurouni Kenshin: The Final အပြီးမှာထပ်ထွက်လာတဲ့ Rurouni Kenshin: The Beginning ဖြစ်ပါတယ်။

ဇာတ်အိမ်ကိုတော့ 

လေ့လွင့်ရိုနင် ခန်းရှင်း ရယ်လို့မဖြစ်လာမီ လူသတ်သမား ဘတ်တိုဆိုင်းအဖြစ် နိုင်ငံရေးရှုတ်ထွေးတွေကြားထဲမှာခန်းရှင်းကျင်လည်ခဲ့ရတဲ့ဘဝအစိတ်အပိုင်းကို နောက်ကြောင်းပြန်တဲ့ပုံမျိုးနဲ့ပြောပြရင်း ဇတ်အိမ်တည်ထားတာဖြစ်ပါတယ်

၁၈၆၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း အဆုံးသတ်စစ်ပွဲဆင်နွှဲနေကြချိန် မြို့ထဲလမ်းမတွေမှာ တိုက်ပွဲတွေနေရာအနှံဖြစ်ပွားနေပြီး..

လူသတ်သမား ဘတ်တိုဆိုင်းဆိုတဲ့ နာမည်ကြီး ဓားသမားတစ်ယောက်ဟာ အကျင့်ပျက်အစိုးရအရာရှိကြီးတွေကိုလိုက်လံသုတ်သင်လျှက်ရှိပြီးအင်အားဘယ်လောက်များများသူ့ကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြရုံမက ရှိုးဂန်းခေတ်နှောင်းရဲ့ ရဲတပ်ဖွဲ့ကြီးကတောင် လက်မြှောက်ထားရပါတယ်။

ဘတ်တိုဆိုင်းအနေနဲ့နှုတ်ယူခဲ့ရတဲ့အသက်တွေကြောင့် ဂျပန်ပြည်ကြီးကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်သွားချင်တဲ့စိတ်သာရှိတဲ့လူငယ်လေးကို ခံစားချက်မဲ့လူသတ်စက်ကြီးလိုခေါ်ရလောက်အောင်ရင့်သီးသွားစေခဲ့ပါတယ်။

တစ်နေ့မှာတော့ သူ့လိုဘဝတူ ကျိုးပဲ့နေတဲ့ဘဝထဲက မိန်းမလှလေးတစ်ယောက်နဲ့ဆုံခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွေကြားကနေ ကြမ်းတမ်းခက်ထန်တဲ့လူသတ်သမားအဖြစ်ကနေ နောက်ထပ် လူမသတ်တော့ဖို့ရာကျိန်ဆိုတဲ့အထိအောင်ဖြစ်သွားခဲ့ရပါတော့တယ်။

Rurouni Kenshin: The Beginning ကတော့ ခန်းရှင်းနဲ့ တိုမိုအဲတို့ရဲ့ အချစ်ဇတ်လမ်းလေးကနေအသွားပြောင်းပြန်ဓားသမား ခန်းရှင်းအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့ သခင်မဲ့ဓားသမား ခန်းရှင်းရဲ့ မူလဖြစ်တည်ရာပါပဲ။

Rurouni Kenshin movies series က Anime ကနေ live action ပြန်အသက်သွင်းကြတဲ့ ဇာတ်လမ်းတွေထဲမှာအကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ ဇတ်လမ်းပဲဖြစ်တဲ့အတွက် ရုပ်ရှင်စီးရီးကြီးတစ်ခုလုံးရဲ့ အစဖြစ်သလို နောက်ဆုံးသောအဆုံးသတ်လဲဖြစ်နေပါတယ်။

Review တွေအရတော့ The Beginning ဟာ Live action တွေထဲမှာ ထိပ်တန်းဖြစ်တယ်လို့ဆိုကြပါတယ်။

ခန်ရှင်းဆိုတာဘာမှန်းမသိရင်တောင် ဒီ The Beginning ကကြည့်ရတာတန်စေရပါမယ်။

Rurouni Kenshin ဆိုတဲ့အတိုင်း အလန်းစား Swordskill တွေကိုကြည့်မှာပါ။

ကြည့်လိုတန်တဲ့အပြင် နောက်ဆုံးအနေနဲ့ ခန်းရှင်း ရုပ်ရှင်ဇတ်လမ်းတွဲရဲ့ အစဦးကိုကြည့်ရှုပေးကြပါဦး။

File Size : (2.67GB) , (999 MB) and (500 MB)

Quality : NF WEB-DL (1080p 5.1,720p,480p)

Running Time : 2hr 17min


Download Link



..... Thank For Watching ......

 

Yamawwkasi (2001-2004)

၉၀ ဖွားအတော်များများကြိုက်ခဲ့ကြမယ့် old but gold လေး တင်ပေးလိုက်ပါတယ်။ 

ယာမာကာစီ လို့ခေါ်တဲ့ ပြင်သစ် လူစွန့်စား အဖွဲ့အကြောင်းပါပဲ။ 

တိုက်အမြင့်တွေပေါ် စွန့်စွန့်းစားစား ခုန်ပျံကျော်လွှားတဲ့ အားကစား ဝါသနာအိုးတွေ ဖြစ်ပြီး ရဲတွေက အာရုံနောက်လို့ ဖမ်းချင်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။ 

တစ်နေ့တော့ နှလုံးရောဂါသည် ကလေးလေးတစ်ယောက် သူတို့ကို အားကျပြီး အပင်တက်ရင်းနဲ့ ပြုတ်ကျသွားပါတယ်။ 

ကလေးကို ကုပေးဖို့ ဆေးစရိတ်အရေးပေါ်လိုနေတဲ့အတွက် သူတို့ပညာတွေကို သုံးပြီး တစ်ရက်အတွင်း အိမ် ၇ အိမ်ကို ခိုးဖို့ ကြိုးစာပုံတွေကို ယာမာကာစီ  ၁မှာကြည့်ရမှာပါ။

ယာမာကာစီ ၂ ကတော့ ပြင်သစ်မှာ မဟုတ်တော့ပါဘူး။

ထိုင်းမှာ အားကစားခန်းမလေး ဖွင့်ပေးဖို့ လာကြတဲ့ ပြင်သစ် လူစွန့်စားအဖွဲ့ဟာယာကူဇာ နဲ့ တရုတ်လူဆိုးဂိုဏ်းကြားညပ်ပြီး ပြသနာတွေရှုပ်လာပုံကို
ဇာတ်အိမ်တည်ထားတာ ဖြစ်တဲ့ အတွက် တစ်မျိုး လေးမိမိုက် နေတဲ့အတွက် ဒေါင်းကြည့်ကြပါလို့.......

Yamakasi 1 (2001)

File size…(1.5 GB) / (900 MB)

Quality…WEB-DL 1080p /720p

Duration….01:31:00
Download Link

GDRIVE (1080) / GDRIVE (720)


Yamakasi 2 (or) The Great Challenge (2004)

File size…(1.5 GB) / (900 MB)

Quality…DVD-Rip 720p /480p

Duration….01:31:00

Download Link



..... Thank For Watching ......



 

The Purge Collection (2013 - 2018)

Purge ပရိတ်သတ်တွေ အတွက် ထွက်ထားတဲ့ ဇာတ်ကားတွေရဲ့ Link ကို ပြန် Update တင်ဆက်ပေးလိုက်ပါတယ်။ 

Download Link






..... Thank For Watching ......

 

Tazza 3 : One Eyed Jack (2019)

လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။

ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲ့ ဇာတ်ကောင်သက်ထွေးရဲ့ “အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ” ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။

အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်…

ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌ လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီး

ကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ…။

“ကျွန်တော်ဘာလို့ ဖဲသမားဖြစ်နေရသလဲ ဟုတ်လား?

ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရောသူတောင်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လို့မရဘူးလေ”
– Do Il-Chul



Download Link

..... Thank For Watching ......


 

Tazza; The Hidden Card (2014)

ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။

T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။

သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။

မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။

(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)

2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။

Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။

ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။

Pyung, Agwi နဲ့ Jjakgwi ပါ

Pyung က‌တော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ ‌အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ
Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။

Hidden Card ဟာ Goni‌ နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။

ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေလိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေး‌မပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်း‌တွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။.....

Tazza; The Hidden Card (2014)


ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။


T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။

သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။

ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။


မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။

(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)


2006 မှာထွက်ခဲ့တဲ့  Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။


Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။  “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။


ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။


Pyung, Agwi နဲ့ Jjakgwi ပါ


Pyung က‌တော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊

Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ ‌အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ

Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။


Hidden Card ဟာ Goni‌ နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။


ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေလိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေး‌မပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်း‌တွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။

File size…(2.7 GB) and (1.6 GB)

Quality….BluRay 1080p and 720p 5.1CH

Duration….02:27:00 

Download Link

 

Tazza The High Rollers (2006)

Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံး ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ....

ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။

Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီးလုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။

ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။

အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။

Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်ဝက်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။

ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်လို့ ပြောရမယ်ဗျ...

File size…(2.6 GB) and (1.6 GB)

Quality….BluRay 1080p and 720p 5.1CH

Duration….02:19:00

Download Link


..... Thank For Watching ......


 

102 Dalmatians (2000)

ChannelMyanmar မှကူးယူတင်ဆက်သည်။

Disney ကနေ Emma Stone ပါ၀င် သရုပ်ဆောင်ထားတဲ့ Cruella (2021) ဇာတ်လမ်းလည်း ထွက်လာပြီဆိုတော့.....

အရင်တုန်းက Cruella de Vil အကြောင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့ 102 Dalmatians လေးကိုလည်းပြန်ကြည့်ပြီး အတိတ်ကို ပြန်သွားကြရအောင်.....

သိပြီးသားသူတွေအတွက်ရော မသိသေးသူတွေအတွက်ပါမိတ်ဆက်ပေးရမယ်ဆိုရင်တော့ Cruella de Vil ဆိုတာချစ်စရာခွေးလေးတွေကိုမှ လိုက်ပြီး အန္တရာယ်ပေးတတ်ဒုက္ခပေးတတ်တဲ့ ဗီလိန်မကြီးပါပဲ။

ဘာသာပြန်သူအနေနဲ့ကလည်း ခွေးချစ်တတ်သူဆိုတော့Cruella ဟာ ဘာသာပြန်သူရဲ့ အမုန်းဆုံး Disney villain ပါပဲ။

နာမည်ကိုက Cruel (ရက်စက်ကြမ်းကြုတ်သော) ဆိုတဲ့ စကားလုံးကနေ ဖြစ်တည်နေတာသာ ကြည့်ပါတော့။

ဒီ 102 Dalmatians ကားလေးကတော့ 101 Dalmatians ရဲ့ sequel အဖြစ်2000 ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ကားလေးပါ။

101 Dalmatians မှာ ခွေးလေးတွေကို ဒုက္ခပေးမိလို့Cruella တစ်ယောက် ထောင်ကျသွားအပြီး နောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။

ထူးဆန်းတာက 102 Dalmatians ရောက်တဲ့အခါ Cruella တစ်ယောက် ထောင်ကနေ ခံ၀န်ချုပ်နဲ့ လွတ်လာပြီး....

ခွေးချစ်သူပါ ဖြစ်သွားရုံမက ခွေးဂေဟာတစ်ခုကိုပါ ၀ယ်ပြီး ခွေးသခင်ဖြစ်သွားတော့တာပဲသူ့ကိုယ်သူတောင် Cruella မဟုတ် Ella လို့ပြောင်းခေါ်စေလောက်အောင်အင်မတန် နူးညံ့သူကြီး ဖြစ်သွားပါတော့တယ်......

 ဒါပေမယ့် ဒီအဖြစ်က ကြာရှည်ခံပါ့မလား.....

Cruella is always cruel ဆိုတဲ့အတိုင်း သူ့ရဲ့ ပြောင်းလဲမှုဟာ စိတ်ချယုံကြည်ရပါ့မလား......

IMDb rating နည်းပေမယ့်လည်း သူ့ခေတ်သူ့အခါနဲ့ ယှဉ်ရင်Disney ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ ပြောလို့ရပါတယ်။

ခွေးချစ်တတ်သူတွေအတွက်လည်း အပန်းဖြေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

File size…(1.5 GB) and (1 Gb)

Quality….BluRay 1080p and 720p

Duration….01:43:00

Download Link


..... Thank For Watching ......

 

101 Dalmatians (1996)

Channelmyanmar မှကူးယူတင်ဆက်သည်။

ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့
ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီကားရဲ့ထူးခြားချက်ကို ပြောရမယ်ဆိုရင်တော့
ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာတိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ်။

ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ်။

ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့
သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ်။

ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေကိုတစ်ဝကြီးမြင်ကြရမှာပါ။

အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ
Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ

File size…(1.5 GB) and (1 Gb)

Quality….BluRay 1080p and 720p

Duration….01:43:00



Download Link


..... Thank For Watching ......

 

Followers

Slider

5/Teste Menu 7/slider
MM Official