သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005မှာ နောက်ထပ် xXx 2005 ထပ်ထွက်ခဲ့ပြီး ထပ်မံနာမည်ကြီးခဲ့ရပြန်ပါတယ်၊ ခုလည်း 12နှစ်ကြာခဲ့ပြီး 2017မှာ ဒီကားကထပ်မံထွက်လာခဲ့လိုအားလုံလည်းအကြိုက်တွေခဲ့ကြပါတယ်။ ၊ အဲ့တော့ ဇာတ်ရည် လည်လည်ကြည့်ရအောင် အရင်ကမကြည့်ခဲ့ဖူးတဲ့ပရိသက်များ အတွက် တင်ဆက်ပေးလိုက်ပါတယ်၊ဇာတ်လမ်းအညွှန်းအနေနဲ့ အပိုင်း(၁) ကိုအနည်းငယ်လောက် ပြောပြချင်ပါတယ်
**********************************************************************
X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း
သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်၊ ကဲ . . . ဇာတ်လမ်းလေးဒေါင်းပြီးသာ ဆက်လက်ကြည့်ရှုကြပါကုန်။
မြန်မာကားတွေအကြိမ်ကြိမ်ပြန်ရိုက်ထားတဲ့ ထိုင်းရဲ့မူရင်း ဇာတ်ကားပါ :3ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦးအလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်းတစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှစိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်း
ရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှလူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ်လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့၀င်တစ်ဦးက အားလုံးရှေ့မှာပဲစမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။နောက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေး၀ယ်အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ်ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့၀င်တွေတစ်ယောက်ပြီးတစ်ယောက်ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါအဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကိုဘယ်လိုဖော်ထုတ်ပြီး အဖွဲ့၀င်တွေကို ဘယ်လိုကာကွယ် မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပါ
Download link
…………………
Hero (သူရဲကောင်း) ဆိုတာ
ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ?
တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား?
ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက်
စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား?
Hero (2002 film) ကို ကြည့်ပြီးရင်တော့
အဖြေတခုခု ထွက်လာနိုင်ပါတယ်။
Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။
နောက်ကြောင်းက ခဏခဏပြန်ပြ၊
ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။
နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ
နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။
စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင်
အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။
ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့
Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့
အမည်မရှိဓားသမား (သုည)ဟာ
နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။
နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက်
သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့
လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။
*Spoiler alert!*
သာမန်လူဆိုရင် ခြေလှမ်းတရာအကွာလောက်မှာ နေရပေမယ့်
သုညဟာ ဘုရင်ကြီးရဲ့ရန်သူတော်တွေကို သူဘယ်လိုနှိမ်နှင်းခဲ့တယ်ဆိုတာ
ပြန်ပြောင်းပြောရင်း ဘုရင့်အနားကို
တဖြည်းဖြည်းချင်း နီးကပ်ခွင့်ရခဲ့ပါတယ်။
ဒီအချိန်မှာ ဘုရင်ကြီးသိလာတာက
သုညဟာလည်း သူ့ကိုလုပ်ကြံဖို့အတွက်
အကွက်ချပြီး အနားကပ်ခွင့်ရအောင် ကြံခဲ့တယ်ဆိုတာပါပဲ။
တကယ်တော့ သုညဟာ ချင်ဘုရင်ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ကျောက် (Zhao) နိုင်ငံသားတဦးဖြစ်ပြီး
ချင်ဘုရင်ကို လက်စားချေခွင့်ရဖို့ စီမံကိန်းဆွဲကြံစည်ခဲ့သူပဲ ဖြစ်ပါတယ်။
ဒါကို ချင်ဘုရင်သိလိုက်တဲ့အချိန်မှာ သူ့အတွက် နောက်ကျနေပါပြီ ….
သူ့ရဲ့သက်တော်စောင့်တပ်နဲ့ အလှမ်းဝေးပြီး သုညရဲ့ ဓားစွမ်းအရဆိုရင်
ဘုရင်ကြီးအနေနဲ့ အသက်ဆုံးရှုံးဖို့ပဲ ရှိပါတော့တယ်။
ဒီအချိန်မှာ အံ့အားသင့်စရာကောင်းတာက
သုညဟာ ချင်ဘုရင်ကို လုပ်ကြံဖို့ အကြံအစည်ကို စွန့်လွှတ်လိုက်တာပါပဲ။
သုညအနေနဲ့ သူကြံစည်ခဲ့တဲ့ အခွင့်အရေးဟာ
လက်တကမ်းကို ရောက်လာပေမယ့်
ဘာကြောင့်များ စွန့်လွှတ်လိုက်ပါသလဲ …?
ဒီအချက်ဟာ ဇာတ်ကားရဲ့ အနှစ်သာရပါပဲ ……
…………………………………………
ဇာတ်အိမ်တည်ရာကာလဟာ တရုတ်နိုင်ငံအနေနဲ့ တိုင်းပြည်ငယ်လေးတွေအဖြစ် ဖရိုဖရဲဖြစ်နေချိန် ဖြစ်ပါတယ်။
ဘာသာစကား၊ ယဉ်ကျေးမှု အမျိုးမျိုးကွဲနေတဲ့ နိုင်ငံငယ်တွေကို
ချင်ဘုရင်ဟာ သိမ်းပိုက်စုစည်းခဲ့ပါတယ်။
တိုင်းပြည်ဟာ စုစည်းလာပေမယ့် ချင်ဘုရင်အတွက်တော့
ရန်သူတွေ များလာပါတယ်။
အဲဒီထဲမှာ ကျောက်နိုင်ငံသားတွေဖြစ်တဲ့ သုည၊
‘ဓားကျိုး’ နဲ့ ‘နှင်း’ဇနီးမောင်နှံ ပါဝင်ပါတယ်။
သူတို့ဇနီးမောင်နှံဟာလည်း တချိန်က ချင်ဘုရင်ကို လုပ်ကြံဖို့
နန်းတော်အတွင်းကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ဖူးပါတယ်။
ဘုရင်ကို လုပ်ကြံနိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့်
ဓားကျိုးဟာ စိတ်ကူးပြောင်းသွားပြီး ဘုရင်ကို မသတ်ဘဲ လှည့်ပြန်ခဲ့ဖူးပါတယ်။
သူဟာ သုညရဲ့ အစီအစဉ်ကိုသိရတော့လည်း တားပါသေးတယ်။
တားမရတော့ သုညကို မြေကြီးမှာ စာတလုံးပဲ ရေးပြပါတယ်။
အဲ့ဒါကတော့ တို့နိုင်ငံ (Our Land) ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
ဒီစာလုံးကပဲ သုညရဲ့ စိတ်ကူးကို ပြောင်းလဲပေးခဲ့ပြန်ပါတယ်။
သူတို့ဟာ လူသားပီပီ ပုဂ္ဂလဓိဌာန်ခံစားချက်ကို ရှေ့တန်းတင်ပြီး လက်စားချေဖို့ ကြံစည်ခဲ့ကြပေမယ့်
အဲဒီကိစ္စထက် အရေးကြီးသောအရာကို သူတို့မြင်ခဲ့ကြပါတယ်။
ဒါကတော့ ချင်ဘုရင်စုစည်းတည်ဆောက်နေတဲ့ သူတို့နိုင်ငံတော်ပဲ ဖြစ်ပါတယ်။
ဘာသာစကားအပြင် အလေးတင်းတောင်းချိန်တွယ်တာကအစ ကွဲပြားနေတဲ့ သူတို့နိုင်ငံဟာ
ချင်ဘုရင်စုစည်းတည်ဆောက်မှ ရတော့မယ်ဆိုတာ သူတို့သိမြင်လာပါတယ်။
ဒါကြောင့်ပဲ သူတို့ရဲ့ နာကြည်းမှုတွေကို မြိုသိပ်ခဲ့ပါတယ်။
နောက်ဆုံးမှာ သူတို့ရဲ့ အသက်တွေကိုပါ စွန့်လွှတ်တဲ့အထိ ပေးဆပ်နိုင်ခဲ့ပါတယ်။
ဒါဟာ Hero ဇာတ်ကားမှာ ပြဌာန်းခဲ့တဲ့ သူရဲကောင်းဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
တကယ်တော့ သူရဲကောင်းဆိုတာ အလုံးစုံကို အနိုင်ယူနိုင်မှ၊ စွမ်းအားပြနိုင်မှ မဟုတ်ပါဘူး။
မိမိစွမ်းဆောင်နိုင်စွမ်းဟာ လက်တကမ်းမှာ ရောက်နေသည့်တိုင်အောင်
ရေရှည်အတွက် အများကောင်းကျိုးအတွက်
မိမိဆန္ဒ မိမိဘဝကို အနစ်နာခံစွန့်လွှတ်ခဲ့သူများဟာလည်း hero များပဲ ဖြစ်ပါတယ်။
ဒါရိုက်တာ ကျန်းယီမူး (Zhang Yimou) ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်ကားနဲ့ ပတ်သက်လို့
အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပါတယ်။
တချက်ကတော့ ဓားကျိုးရေးပြခဲ့တဲ့ Tianxia ဆိုတဲ့စာလုံးရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ဒါဟာစိတ်ကူးယဉ်သက်သက်ပဲ လက်တွေ့မဖြစ်နိုင်ဘူးလို့ ငြင်းကြပါတယ်။
တရုတ်သမိုင်းမှာလည်း ချင်ဘုရင် Qin Shi Huang ကို လုပ်ကြံဖို့ Jing Ke ဆိုသူဟာ ကြိုးစားခဲ့ပါတယ်။
(သူကတော့ ချင်ဘုရင်ကို တိုက်ခိုက်ရာမှာ မအောင်မြင်ဘဲ သက်တော်စောင့်များရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။)
ဘာပဲဖြစ်ဖြစ် အော်စကာဆုဆန်ကာတင်စာရင်းဝင်တဲ့အပြင်
တခြားဆုတွေလည်း ရရှိခဲ့တဲ့ Hero ဇာတ်ကားဟာ
Hero သူရဲကောင်းဆိုတဲ့ အဓိပ္ပာယ်ကို ရှုထောင့်တခုကနေ ဖွင့်ဆိုပြနိုင်တဲ့ရုပ်ရှင်လို့ ညွှန်းချင်ပါတယ်။(ရုပ်ရှင်အညွှန်းကို Ko Phoe Thant Facebook မှကူးယူဖော်ပြပါသည်။)
တကယ့်ဖြစ်ရပ်မှန်သမိုင်းကိုသိချင်ရင်တော့ တရုတ်ပြည်ရဲ့ ပထမဆုံးဧကရာဇ် [ Shi Huang Di စစ့်ဟွမ်သိ
သို့မဟုတ် 秦始皇 Qin Shi Huang ချင်စစ့်ဟွမ် (မြန်မာတွေက ရှီဟွမ်တီဘုရင်ဟုသိကြ) ] အကြောင်းကို
天下第一 Facebook Page မှာရေးသားထားတာ သွားဖတ်ကြည့်သင့်ပါတယ်။
ရှီဟွမ်တီဘုရင်နဲ့ပတ်သက်လို့ အတော်ကို စုံလင်အောင်ဖော်ပြထားပါတယ်။
ဒီလင့်မှာ သွားဖတ်လို့ရပါတယ်>>>>>
https://www.facebook.com/tianxiadiyi888888/posts/2330477387221339
အညွှန်း
New Yorkမြို့ပေါ်က မူးယစ်ဆေးရောင်းချသူ မွန်တီဘရိုဂန်လို့ခေါ်တဲ့သူတစ်ယောက်ရှိတယ်…
သူဟာ အချိန်အတော်ကြာဒီလောကထဲကျင်လည်ခဲ့ပြီး ပိုက်ဆံတွေတော်တော်များများစုမိဆောင်းလာလို့ပဲလား
ချစ်သူတစ်ယောက်ရခဲ့လိုပဲလားမသိ… မူးယစ်ဆေးရောင်းချသူအဖြစ်ကနေ နှုတ်ထွက်ပြီး အေးဆေးပဲနေတော့တယ်…
အေးဆေးနေတဲ့အချိန်ရောက်မှ တစ်နေ့တော့ရဲတွေ သူ့အိမ်ကိုရောက်ချလာတယ်..
ဖမ်းဝရမ်းလည်းပါသလို ပိုက်ဆံတွေမူးယစ်ဆေးတွေကို အလွယ်တစ်ကူရှာတွေ့ပြီးဖမ်းဆီးခဲ့တယ်…
ကြည့်ရတာ တစ်ယောက်ယောက်ချောက်ချလိုက်ပုံပါပဲ…ထောင်(၇)နှစ်ကျဖို့ အမိန့်ချပြီး မွန်တီအတွက် တစ်ရက်အချိန်ရခဲ့တယ့်..နောက်နေ့မတိုင်မီဆိုတော့ပြောရရင် ၂၅နာရီပေါ့…ဒီအချိန်အတွင်း သူဘာတွေလုပ်မလဲဆိုတာကိုတော့…
ဒီကားထဲက မင်းသားကြီး Edward Norton ကို အတော်များများသိကြမှာပါဗီလိန်ခန်းဆို ကြည့်နေတဲ့
TVပြေးရိုက်ခွဲချင်လောက်အောင် ပီပြင်လှသလို၊ သနားစရာဇာတ်ရုပ်ဆိုလည်း အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်လိုတော်လွန်းလှတာသိကြမှာပါ…ဆုကြီး(၄)ဆုရရှိထားတဲ့ကားမို့ ခံစားကြည့်ကြပါဉီး…..
Download link
#musicmovieoffical
#mmoffical
#musicmoviegp