Mujhse Dosti Karoge! (2002)
အချစ်ဆိုတာ ဘာပါလဲ
“အချစ်ဆိုတာ ရင်နှီးမှုပါပဲ
လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို
သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး
ကဲ ့့့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား ”ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့
Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့
အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား
Rani Mukerji နှင့် Kareena Kapoor တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့
ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူးဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ်
အခု က ပြန်လည်တင်ဆက်ပေးထားတာကတော့
ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ
မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲဇာတ်လမ်းလေးကတော့
ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ
ဒီထဲမှာမှ ရာ(ဂျ်)က တီနာပေါ်မှာ ခင်မင်မှုပိုနေသလိုပါပဲအကြောင်းကြောင်းကြောင့် ရာ(ဂျ်)တို့ မိသားစု လန်ဒန်ကိုပြောင်းသွားတဲ့အခါ
တီနာနဲ့ ပူဂျာကတော့ အိန္ဒိယမှာပဲ ကျန်ခဲ့ပါတော့တယ်ရာ(ဂျ်)အနေနဲ့ မသွားခင်မှာ သူလန်ဒန်ရောက်ရင် နေ့စဉ် အီးမေးလ်ကတဆင့် စာတွေရေးမှာဖြစ်လို့
သူ့ဆီကို စာပြန်ဖို့ တီနာကို မှာကြားခဲ့ပြီး နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ ရာ(ဂျ်)တယောက် စာတွေပို့တဲ့အချိန်မှာ တီနာကတော့
စိတ်မဝင်စားဘဲ အရေးတယူမလုပ်ခဲ့ဘူး
ဒီအခြေအနေမှာ သူသိပ်ချစ်တဲ့ သူငယ်ချင်းကို ပူဂျာကပဲ စာတွေပြန်ရေးခဲ့ပါတယ်
ဒါပေမဲ့ စာပြန်တဲ့အခါမှာ သူ့နာမည်မသုံးဘဲ တီနာ နာမည်ကိုသုံးလိုက်ပါတယ်၁၅ နှစ်တာ ကလေးဘဝကတည်းက တနေ့တာဖြစ်ခဲ့သမျှကို စာတွေရေးပြီး ရင်ဖွင့်ခဲ့ကြတဲ့ သူတို့နှစ်ယောက်မှာ သူငယ်ချင်းသံယောဇဉ်ထက် ပိုတဲ့အရာ တစ်ခုဖြစ်နေပါပြီ
စာတွေရေးနေကြတဲ့ နှစ်ယောက်ဟာ တယောက်ကိုတယောက်
မမြင်မတွေ့ဘဲ ချစ်မိနေကြပါပြီရာ(ဂျ်) ကသူ့ဆီစာတွေရေးနေတာ တီနာလို့ထင်မှတ်ပြီး တီနာကို ချစ်မိနေသလို
ကလေးဘဝကတည်းက စာတွေရေးခဲ့တဲ့ ပူဂျာကလည်း ရာဂျ်အကြောင်း ကောင်းကောင်းကြီးသိခဲ့ပြီး ချစ်မိနေပါပြီရာ(ဂျ်) တစ်ယောက် လန်ဒန်ကနေ အိန္ဒိယကို ပြန်လာတဲ့အခါမှာတော့ ……..ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ …..မိတ်ဆွေတို့ကို ပြောချင်တာလေးကတော့
ကိုယ်ချစ်ရတဲ့သူတယောက်ယောက်ကို တွေ့ခဲ့ပြီဆိုရင် ဒီမေးခွန်းလေးပဲ အရင်မေးလိုက်ပါ“ငါနဲ့သူငယ်ချင်းလုပ်မလား”)
Download link
0 Comments: