Showing posts with label MM Movie. Show all posts
Showing posts with label MM Movie. Show all posts

 

Fast X (2023)

Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။

သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင်ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ…မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်… 


File Size : (1.5GB)

Quality : AMZN.4K,WEB-DL.1080P5.1Ch, 720p

Format…mp4

Duration…02:21:00

Genre : Action ,Adventure , Crime



GDRIVE (720)



..... Thank For Watching ......





F9 : The Fast Saga (2021)

Channel Myanmar မှကူးယူဖော်ပြသည်။ 

ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ။

အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့.....

ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်း ထူးဆန်းစွာပဲ ဒွန်တို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....

ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့
အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့...

ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....

လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....

ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....

ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...

ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...

Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့.... F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ်။

ဘရိုင်ယန်မပါတဲ့နောက်ပိုင်း ပေါ့သွားတယ်ဘာညာပေါ့လေ..

သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေ အက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....

ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ..

File Size :(1.4GB)

Quality : WEB-DL 720p

Duration…02:23:00

Genre : Action, Crime , Adventure


Download Link



..... Thank For Watching ......

 


2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။ 

ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမ‌ကောင်းအောင်ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ 

မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။

ကဲ ဘာလိုသေးလဲ.....

File Size : 1 GB

Quality : Blu ray 720P

Running Time : 2 hr 23 minute


Download Link
1080P


..... Thank For Watching ......







 


ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။

တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။

သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ 

လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ 

ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။

ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။

အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။

ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ
နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ ကဲဘာဆက်ဖြစ်မှာလဲ.....

Quality….4K HEVC | WEB-DL 1080p | 720p | 480p

File size…4.35GB | 1.8GB | 800MB | 292MB

Duration….1h 52min




Download Link

4K HEVC
480P
1080P
720P








..... Thank For Watching ......

အညွှန်း

Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterio က ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ။

အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့။

လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..

ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..

Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်

အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ

ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့...

ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်


Quality : Blu-ray 1080p,720p,480p

Genres : Action , Adventure , Fantasy

During : 2h 28 mins


Download Link
(1080)
(720)
(480)





..... Thank For Watching ......










အညွှန်း

ဆရာအူဒွန်လို့ခေါ်တဲ့ထိုင်းဆရာကြီးတယောက်က Fight Club ဆိုတဲ့သင်တန်းတခုကိုထူထောင်ခဲ့တယ်။
သူဆုံးတော့ သူ့သားက ဒီသင်တန်းကိုဆက်ပြီးဦးဆောင်ခဲ့တယ်။

အဖေဆုံးပြီးအမေနဲ့ပင်ပင်ပန်းပန်းရုန်းကန်ရတဲ့သူတို့အဖွဲ့အတွက် အတော်ဆုံး သိုင်းအဖွဲ့တွေကိုယှဉ်ပြိုင်စေပြီးနောက်ဆုံးအနိုင်ရတဲ့ အဖွဲ့ကို ဟောလီ၀ုဒ်မှာ အလုပ်လုပ်ဖို့ကမ်းလှမ်းခံရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကသူတို့အတွက်တော့ ဘုရားပေးတဲ့အခွင့်ရေးဖြစ်လာခဲ့တယ်။


ဒီကမ်းလှမ်းချက်ရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ…

တကယ်ပဲသူတို့ကို ဟောလီ၀ုဒ်ခေါ်သွားမှာလား….

street fight ပုံစံမျိုးလောင်းကစားလုပ်လေ့ရှိတဲ့ နိုင်ငံခြားသားတချို့ရဲ့ အစီအစဉ်အရသူတို့ကို လောင်းကြေးထပ်သောအခါ…….

မူရင်းထိုင်းစာဖိုင်ကို အင်္ဂလိပ်လိုပြန်ထားတဲ့အတွက် အင်္ဂလိပ်လိုပြောတဲ့အခန်းတွေမှာ စာတွေပါမလာပေမယ့်

အတိုက်အခိုက် အသတ်အပုတ်ကြည့်ချင်သူတွေအတွက်တော့ စိတ်ကြိုက်တွေ့စေမယ့်ဇာတ်ကား​​
တစ်ကားဖြစ်ကြောင်းညွှန်းပါရစေ


File size…(700MB)  

Quality…BR-Rip 720p

Duration….01:44:24



Download Link


STREAM VIDEO


..... Thank For Watching ......



အညွှန်း
ရုံတင်ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WebDLအကြည်ကို တင်ဆက်ပေးထားပါတယ်။

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။

မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။

ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ 

သွေးစုပ်ကောင်မုဆိုး ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။

ကြည့်ကြည့်လိုက်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်။


File size…1.6GB / 900MB

Quality…1080p WEB DL AAC2.0CH / 720p WEB DL

Format…mp4

Duration….1h 44m

Download Link

(1080p)
 

(720p)


STREAM VIDEO


..... Thank For Watching ......

 

Vivo (2021)


အညွန်း....

တေးဂီတကို ချစ်မြတ်နိုးတဲ့ ဗီဗိုလေးဟာ တစ်နေ့တစ်နေ့ သူ့သခင်နဲ့အတူ လမ်းပေါ်မှာဖျော်ဖြေရင်းနဲ့
နေ့စဉ်အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးခဲ့ကြတယ်။

ဗီဗိုလေးအတွက်ပျော်ရတယ်ဆိုပေမဲ့ သူ့သခင်မှာတော့ နာကျင်ကြေကွဲစရာအတိတ်လေးရှိခဲ့ရှာတယ်။

သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကို အကြောင်းကြောင်းကြောင့် ချစ်ခွင့်မပန်ခဲ့ရလို့ ဝေးကွာနေတာပေါ့...

သခင်ဖြစ်သူမှာ ဒီကောင်မလေးကိုဘယ်လောက်ချစ်ကြောင်းရေးဖွဲ့ထားတဲ့သီချင်းလေးရှိမှန်းလည်းသိရော.....

ဆရာတပည့်(၂)ယောက် မိုင်ယာမီမှာရှိတဲ့ ကောင်မလေးဆီကို သွားဆိုပြဖို့ ခရီးထွက်ဖို့စိုင်းပြင်ကြပါတော့တယ်။

အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။

ဒီAnimation လေးဟာ Sony ကထုတ်လုပ်ထားတာမို့ ရိုက်ချက်တွေ အတော်လေးလှပါတယ်။

ပြီးတော့ သာယာဖွယ် သီချင်းလေးတွေ တစ်ဝကြီးနားထောင်ရမှာဖြစ်သလို ဇာတ်လမ်းလေးကလည်းကောင်းလှပါတယ်။

ဒီကာလကြီးမှာ စိတ်အပန်းပြေဖို့ အသင့်တော်ဆုံးဇာတ်ကားလေးဆိုရင်တော့ လွန်မယ်မထင်ပါဘူး။

File Size :(1.9GB)(900 MB) and (380 MB)

Quality :WEB-DL1080P5.1CH, 720p,480P

Duration…01:35:00

Genre : Animation , Adventure , Comedy


Download Link


STREAM VIDEO

 ..... Thank For Watching ......

 

Free Guy (2021)



ကဲ …… ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။
မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။

ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့
ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။

ဇာတ်လမ်းအကျဉ်းကတော့ …..

ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါ။

သူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။

ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။

သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။

အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့…

ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။

ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။

Quality….WEB-DL 1080p and 720p

File size…2.5GB and 1.3 GB

Format…mp4

Duration….1h 55min

Download Link


STREAM VIDEO


..... Thank For Watching ......
Snake Eyes: G.I. Joe Origins (2021)


အညွှန်း


G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီ။

ဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။

ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါ။

ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက်..

Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​"တော်မီ"ကို မျိုးနွယ်စုသစ္စာ​ဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ်။

သူကယ်တင်​ပေးခဲ့တဲ့"တော်မီ"က​နေတဆင့် Arashikage မျိုးနွယ်ရဲ့ သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား။

Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ...
သစ္စာ​ဖောက် "ကန်တာ"ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ...

JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ......

စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ်။

File Size : (2.0 GB) , (1.3 GB) and (480 MB)

Quality : AMZN WEB-DL (1080p 5.1,720p,480p)

Running Time : 2hr 01min

Genre : Action,Adventure,Fantasy,Sci-Fi,Thriller

Download Link


STREAM VIDEO


..... Thank For Watching ......

 

Astro Boy (2009)

 


ဒီနေ့တော့ ပရိတ်သတ်တွေအတွက် Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ

Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။

Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ 

Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။

သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။

လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။

စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။

ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။

မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရတော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ 

ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..

ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။

အသံ သရုပ်ဆောင်တွေ အဖြစ် 
Dr. Tenma (voice of Nicolas Cage),
Toby & Astro Boy (voice of Freddie Highmore) 
တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။



Download link

..... Thank For Watching ......



Cinderella (2021)


ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။

ကဲ အခု သူပြန်လာပြီဗျ။...

အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊

ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။

ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့ စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး...

အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ Billy Porter က Fab G (fabulousgodmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ 

OST တွေကလည်း တကယ်ကိုဘ၀င်တွေ့စရာမလို့ Camila ကို အားပေးချင်လို့ပဲ ဖြစ်စေ၊ အပျင်းပြေပဲဖြစ်စေ၊ ဂီတကို ခုံမင်လို့ပဲဖြစ်စေ ကြည့်ရှုရတာ fun ဖြစ်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

File Size – 2.2 Gb / 1.1 Gb / 336.9 MB

Quality – 1080p, 720p,360p WebDL

Duration – 1h 53min


Download Link




STREAM NOW❗


..... Thank For Watching ......


 



Mortal Kombat Fan​တွေ ​စောင့်​မျှော်​နေတဲ့ Animation​ကားလေးထွက်ရှိလာပါပြီ။

ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion’s Revengeရဲ့ အဆက်ဇာတ်လမ်း ဖြစ်ပါတယ်။

မရင်းနှီး​သေးတဲ့သူ​တွေအတွက် Mortal Kombat ပြိုင်ပွဲအ​ကြောင်း အကျဥ်းချုပ်​ပြောရရင်.....

Realms​ခြောက်ခုထဲက ကြီးနိုင်ငယ် ညှင်းသိမ်းပိုက်မှု​တွေကို ကာကွယ်ဖို့ Universeရဲ့ Elder Gods​တွေက​နေ စီစဥ်​ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊

ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ။

Scorpion’ Revengeမှာ​တော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စု​ကြောင့် Earth Realmဘက်ကပြန်အနိုင်ရပြီး 
ကံ​ကောင်းခဲ့တာပါ။

Scorpion’s Revengeအပြီးမှာ...

Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ​ရေဒင်၊ ဂျွန်နီ​​​ကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က ​နောက်တစ်နှစ်
ပြည့်သွားပြီဖြစ် တာ​​ကြောင့် Outworldစစ်တပ်​တွေ Earth​ပေါ် ကျူး​​ကျော်လာတာကိုထပ်မံ ရင်ဆိုင်ရပြန်ပါပြီ။

ဒီတစ်ခါမှာ​တော့ Outworldရဲ့သခင်​ရှောင်ခမ်းက Earth realmနဲ့ လူခန်းတို့အုပ်စုကို ​နောက်ဆုံးပြိုင်ပွဲ (Final Mortal Kombat) အဖြစ်ယှဥ်ပြိုင်ပြီး ဘယ်သူပိုင်ဆိုင်သင့်လဲဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ်းလှမ်းလာပါတယ်။

ဒီကမ်းလှမ်းချက်ကို လူခန်းနဲ့​ရေဒင်တို့
တ​တွေ လက်ခံလိုက်မလား။

တစ်ဖက်မှာလည်း Nether Realmရဲ့သခင် Shinnokဆီမှာ အသက်ဝိဉာဉ်​ပေးထားရတဲ့ Scorpionတစ်​ယောက် Shinnokရဲ့ ​စေခိုင်းချက်​တွေကို လိုက်​ပေးဦးမှာလား။

ငရဲသခင် Shinnokရဲ့ ​နောက်ကွယ်က တကယ့်အကြံအစည်က ဘာဖြစ်မလဲ...

Earth Realmတစ်ခုတည်းအပြင် တခြား Realm​တွေ​​ရော အ​န္တရာယ်ကင်းပါ့မလား စသဖြင့် ​မေးခွန်း​ပေါင်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ။

Mortal Kombat ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်း၊ သတ်ဖြတ်ခန်း​တွေကို ​သွေးသံရဲရဲနဲ့ အပီအပြင်ပြထားသလို ဒီဇာတ်ကားမှာဆိုရင် Game​တွေထဲက Bone broken effect​တွေပါ ပါလာလို့ ပိုပြီးသ​ဘောကျမိပါတယ်။

Animationဆို​ပေမယ့် Mortal Kombat Hardcore​တွေအတွက်​တော့ ကြည့်ရတာတန်တဲ့ ဇာတ်ကားဖြစ်မှာ အ​သေအချာပါပဲ။

Quality – 1080p, 720p, 360p Web-DL

File Size – 1.5 Gb and 900 Mb and 400 Mb

Duration – 1h 30min

Genre : Animation, Action, Adventure

Download Link

GDRIVE (1080) (Ads Link)



..... Thank For Watching ......

 

Sonic the Hedgehog 2 (2022)


အညွှန်း

ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။

ပထမကားကိုလည်း တင်ပေးထားပါတယ်။
ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ်ကာရေးပဲ ဖြစ်ပါတယ်။

ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေ အခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။

အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကို တိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ 

ဒါ့အပြင် ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါ တစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာ
ကြည့်လိုက်ပါဦး။


File Size - (2.61 GB) / (1.29 GB)

Quality – Web-Rip 1080p / 720p

Duration - 2Hr 2mins

Genre : Action, Adventure, Comedy


DOWNLOAD LINK


Dikiloona (2021)



အညွှန်း....

Mendala ကားထဲက မင်းသားကြီး Yogi Babu ပါဝင်သရုပ်ဆောင်ထားတဲ့ Tamil Comedy ဇာတ်ကားသစ် ထွက်ရှိလာပါပြီ။

ခင်ဗျားမှာ Time Machine နဲ့ အချိန်ခရီးသွားဖို့ အခွင့်အရေးရလာရင် ဘာလုပ်ကြမှာလဲ..

အတိတ်ကိုရော အနာဂတ်ကိုပါ အချိန်ခရီးသွားလို့ရရင် ဘယ်အပိုင်းအခြားကို သွားဖြစ်ကြမလဲ..

မီတာရုံးမှာ အလုပ်လုပ်တဲ့ မီးသမားလေး မာနီကတော့ ဘဝမှာ ဖြစ်ခဲ့တဲ့ အန္တရာယ်အရှိဆုံး
မတော်တဆမှုကြီး​ကို တားဆီးဖို့ အတိတ်ကို ပြန်သွားခဲ့ပါတယ်...

ဟော်ကီကစားသမားတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တဲ့ မာနီဟာ လက်တွေ့မှာ မီးသမားပဲဖြစ်နေရတယ်။

ယောက္ခမအိမ်မှာလည်း သူနေရတာ အဆင်မပြေသလို ....

သူ့မိဘအိမ်ပြန်တော့လည်း ယောက္ခမနဲ့ချွေးမ
မတည့်ကြလို့ စိတ်ဆင်းရဲမှုများစွာနဲ့ ဖြတ်သန်းနေရတဲ့ လက်ရှိဘဝကနေ အတိတ်ကို ပြန်သွားပြီး ပြင်ဖို့ဆုံးဖြတ်ခဲ့တဲ့အရာက ဘာဖြစ်မလဲ??????

Fiction Comedy ဇာတ်ကားဖြစ်လို့ တစ်ကားလုံး ဒိုင်ယာလော့ အလန်းစားတွေနဲ့ ရယ်နေရမှာပါ။

အဲ့ဒါကြောင့် မရယ်ရမှာ စိတ်မပူပါနဲ့ Yogi Babu တစ်ယောက်ရော ဒီကားထဲမှာ ဘယ်လို Character နဲ့ ပါဝင်သွားဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦး....

File size…1.38GB and 2.19Gb

Quality…720p / 1080p True Web DL

Duration….2h 14mins


Download Link

GDRIVE (1080) Ads Link



..... Thank For Watching ......

 

Bhoot Police (2021)



အညွှန်း
နာမည်ကြီးသရုပ်ဆောင်များစွာဖြစ်တဲ့Saif Ali Khan,Jacqueline Fernandez , Yami Gautam တို့ပါဝင်တဲ့ Comedy , Horror ဇာတ်ကားလေးကို ဒီတစ်ခါ တင်ဆက်ပေးလိုက်ပါတယ်။

ဗီဘိုဟီနဲ့ ချီရန်ဂျီတို့ဟာ သူ့အဖေအမွေပေးခဲ့တဲ့ တန်တရာအတတ်နဲ့ ကောင်းတဲ့နေရာမှာ
အသုံးမချဘဲ လူတွေကို နှစ်ပေါက်တစ်ပေါက်ရိုက်ကာလိမ်စားနေကြပါတယ်။

တစ်နေ့မှာတော့ တောင်ကုန်းပေါ်က ရွာလေးတစ်ရွာမှာနေတဲ့ မာယာဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီး သူတို့နှစ်ယောက်ရဲ့အဖေ အူလ(တ်) ဘာဘာနဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်။

အူလ(တ်) ဘာဘာနဲ့ ဘာကြောင့်တွေ့ချင်ရသလဲမေးတဲ့အခါမှာတော့ မာယာတို့ရွာမှာ အရင်က သရဲတစ်ကောင် သောင်းကျန်းဖူးကြောင်း...

အဲဒီသရဲကို အူလ(တ်) ဘာဘာက နှင်ထုတ်ပေးခဲ့တဲ့အတွက် ထွက်ပြေးသွားကြောင်း အခုတစ်ခါလည်း အဲဒီသရဲ သောင်းကျန်းနေလို့
ဘာဘာကိုလာပင့်တာဖြစ်ကြောင်း သိလိုက်ရပါတယ်။

အူလ(တ်) ဘာဘာမရှိတော့ပေမဲ့ လူတွေဆီကသရဲအကြောင်းပြပြီး လိမ်စားနေကြတဲ့ သူ့ရဲ့သားတွေက သရဲအလကားနှင်ပေးမယ်ဆိုပြီး မာယာနဲ့လိုက်လာပါတယ်။

အဲ့ဒီနောက်မှာတော့.....
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားနေကြပြီဆို ကြည့်ဖို့တိုက်တွန်းပါရစေ။

File Size : (2.4GB)(1.2GB) and 499MB

Quality : WEB-DL 1080P5.1CH / 720p / 480p

Duration…02:08:00

Genre : Comedy , Horror

Download Link

GDRIVE (1080) Ads Link


..... Thank For Watching ......

 

Escape Room (2019)

အညွှန်း 

Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊ အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။

အခုရုပ်ရှင် escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့ သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့....

တကယ်တမ်းတော့ မလွတ်ရင် တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက်...

Player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။

Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။

သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီးအချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။

Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။Plot လည်း မရှိသလောက်။ 

ရုပ်ရှင်ကားတစ်ကားအနေနဲ့ quality ကြီးတွေမပါဝင်ခဲ့ပေမဲ့ တစ်ကားလုံးနီးပါး မရပ်မနားနဲ့entertain လုပ်ပေးသွားနိုင်တဲ့ကားတစ်ကားတော့ ဖြစ်ပါတယ်။

သူ့ဇာတ်လမ်းအရသာ ကလည်း အရမ်းကြီး အံ့သြစရာကောင်းလောက်တဲ့ revealation တွေမပါ။

Plot twist ကြီးတွေမပါပေမဲ့ suspense ဖြစ်စရာလေးတွေ တော်တော်များတယ်။

ဒီလိုကားမျိုးမှာ သေချာမြင်ရမှာကတော့ လူတွေအကြောင်းပဲပေါ့။

လူတွေက ရှေ့မှာဘယ်လိုနေနေ သေရေးရှင်ရေး၊မိနစ်ပိုင်းအတွင်း ကိုယ် သို့မဟုတ် ဘေးလူတွေ သေကုန်နိုင်တယ် ဆိုတဲ့အခြေအနေမျိုးရောက်လာတဲ့အခါ ပေါ်ထွက်လာတဲ့ သူတို့ရဲ့ အတွင်းစိတ်တွေ၊

သူတို့ရဲ့ ကြောက်လန့်မှုတွေ မြင်ရတယ်။

ဒီထက်အများကြီးပိုပြနိုင်ရင်တော့ ပိုကောင်းမယ်။

Room ထဲမှာ လာဆော့ကြတဲ့ ဇာတ်ကောင်တွေက random stranger တွေမဟုတ်ဘဲသေချာရွေးထားတဲ့ selection ဆိုတဲ့အကွက်ကလည်း မဆိုးဘူး။

နည်းနည်း overkill ဖြစ်နေသလိုဆိုပေမဲ့ပေါ့။ 

အခန်းထဲမှာ clue တွေရှာရတဲ့ဟာတွေ ၊ ထောင်ချောက်ဆင်တာမျိုးတွေလည်း လုပ်ထားတာ မဆိုးဘူး။ပြီးပြီးရောဆိုတာထက် တော်တော်လေး creative ဖြစ်တဲ့အကွက်လေးတွေ တွေ့ရတယ်။

တချို့အကွက်တွေကျတော့လည်း cheat လုပ်သလိုအကွက်တွေဖြစ်နေတတ်သလိုplot မဖြစ်ဖြစ်အောင်ကြီး အရမ်းလုပ်ပြထားသလိုမျိုးတွေ တွေ့ရတယ်။

သေကြတဲ့အခန်းတွေဆိုလည်း brutal ဖြစ်ပေမဲ့ မကြည့်ရဲလောက်အောင်သွေးထွက်သံယိုတွေ လုပ်မထားဘူး။

အေးဆေးကြည့်လို့ရတယ်။Escape room က လန်ထွက်နေတဲ့ကားကြီးပါလို့ပြောလို့မရဘူးဆိုပေမဲ့ အချိန်ပေးကြည့်ရတန်တယ်။

ပျင်းရတာမျိုးမရှိဘဲ ပြီးတဲ့အထိ ကြည့်ဖြစ်သွားအောင် ဆွဲဆောင်ထားနိုင်တယ်။

ကားကြီးတွေပင်ပင်ပန်းပန်းမကြည့်ချင်ပဲနည်းနည်းပေါ့ပေါ့ပါးပါးနဲ့rutal suspense ကားမျိုးကြည့်ချင်တယ်ဆို အဆင်ပြေပါလိမ့်မယ်။

ကြည့်ပြီးသားသူတွေ အတွက်ကတော့ အထူးပြောစရာမလိုဘူးထင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

File Size : (998 MB) 

Quality : BluRay 720p

Running Time : 1 hr 39 

Genre : Action ,Adventure , Drama

Download Link

..... Thank For Watching ......







Followers

Slider

5/Teste Menu 7/slider
MM Official