
သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
သင့်အကြိုက်မြန်မာစာတန်းထိုးဇာတ်ကားများစွာ
Nana Gometsu, Kento Nakajima နဲ့ Chiba Yudaiတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Shoujo Mangaတစ်ပုဒ် ဖြစ်တဲ့ “Defying Kurosaki-kun”ရဲ့ Live actionပါ။
ဇာတ်လမ်းအကျဉ်းကတော့ –
အာကဘနဲ-ယုဆိုတဲ့ကောင်မလေးက မပြင်တတ်မဆင်တတ်နဲ့ သာမန်ရုပ်ရည်ပဲရှိတာကြောင့် အမြဲအားငယ်နေပြီး အတန်းဖော်တွေရဲ့နှိမ့်ချမှုကိုလည်း ခံခဲ့ရသူပါ။
သူ့ဖခင်ရဲ့အလုပ်အပြောင်းအရွှေ့ကြောင့် အဆောင်ပေးတဲ့ကျောင်းတစ်ကျောင်းမှာပြောင်းတက်ရဖို့ဖြစ်လာပါတယ်။ ကျောင်းသစ်မှာသူ့ဘဝအသစ်ကိုစမယ်ဆိုပြီး တက်ကြွတဲ့ခြေလှမ်းအပြည့်နဲ့ သူ့ကိုယ်သူပြောင်းလဲရင်း အဆောင်ကိုပြောင်းလာခဲ့ပါတယ်။
ကျောင်းအဆောင်သစ်မှာ “white prince”လို့တင်စားခံရတဲ့ ရှိရကဝ-တကုမိနဲ့ တစ်ဆောင်တည်းနေရမှာဖြစ်လို့ပျော်နေတဲ့အချိန်မှာပဲ“Black devil” ဟရုတိုရဲ့ဆံပင်ကို မတော်တဆ ညှပ်မိတဲ့အခါမှာတော့ သူ့ဆံပင်အစားအလျော်ပေးဖို့အတွက် ရူးကြောင်ကြောင်အလုပ်တွေကို ဆက်တိုက်အခိုင်းခံရပါတော့တယ်။
သူ့အမိန့်တွေကိုနာခံရင်း ခိုင်းတာမှန်သမျှကိုလိုက်လုပ်ပေးရင်း ယုတစ်ယောက် နတ်ဆိုးလေးအပေါ်အမြင်ပြောင်းပြီး ရင်ခုန်တာတွေဖြစ်လာပါတယ်။
“white prince”လေးကလည်း အာကဘနဲ-ယုအပေါ် တကယ်ကြိုက်မိသွားတဲ့အခါမှာတော့ ယု-ချန်တစ်ယောက် သူအရင်တည်းက သဘောကျခဲ့ရတဲ့ ပြီးပြည့်စုံတဲ့နတ်သားလေးကိုရွေးမှာလား။ ကူရိုဆကီရဲ့ဆိုးသွမ်းမှုတွေကြားက ချစ်စရာကောင်းတဲ့အပြုအမူတွေကိုသဘောကျသွားမှာလား။
သူတို့၃ဦးကြားက ၃ပွင့်ဆိုင်အချစ်အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ Live actionလေးဖြစ်ပါတယ်။
File Size : 1.1 GB
Quality__HEVC 720p 5.1
Duration__01:30:00