Showing posts with label 2015. Show all posts
Showing posts with label 2015. Show all posts

The Good Dinosaur (2015)

2015 လောက်က ထွက်ခဲ့တဲ့ The Good Dinosaur ဆိုတဲ့ Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 1080P BluRay Version အဖြစ်ပြောင်းလဲပြီး CM တင်ဆက်ပေးလိုက်ပါပြီ။

ကြည်တောက်ရှင်းမှ ကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ....

ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်
မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်။

ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်
ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်။

ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာ သက်သက်မှတ်မှတ် သိမ်းကြပြီး....

အသားစား သတ္တဝါတွေကတော့ အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်။

အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင်အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီး....

ဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့

အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ် သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့
လူသားပေါက်စ လေးရယ် က ဇာတ်လမ်းကို အဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင်စွဲဆောင်သွားပါတော့တယ်....

ကဲ အညွှန်းကို က တော့ ကြည့်ဖူးတဲ့သူတွေလဲ ကြည့်သိပြီး သားဖြစ်မှာမို့လို့ Version အသစ်လေးနှင့် တဖန် ပြန်ခံစားကြပါစို့.....

Quality - Blu-Ray 1080p

File Size - 1.3 Gb

Duration - 1h 40m

Download Link


..... Thank For Watching ......

 

Anthem Of The Heart (2015)

Naruse Jun ဆိုတဲ့ကောင်မလေးဟာ သူအမှတ်မထင်ပြောလိုက်တဲ့စကားကြောင့် သူ့မိဘတွေခွဲခွာသွားတာလို့ ယူဆထားပါတယ်။

အဖေဖြစ်သူထွက်သွားလို့ ငိုနေချိန်မှာ ကြက်ဥလေးတစ်လုံးပေါ်လာကာ ရှေ့လျှောက်သူ့စကားတွေကြောင့် သူ့ဘဝမပျက်စီးရအောင်ဆိုပြီး စကားမပြောနိုင်အောင်ကျိန်စာခတ်လိုက်ပါတော့တယ်။

အလယ်တန်းအရွယ်ရောက်လာတဲ့အခါ စန္ဒရားတီးတတ်သူ အတန်းဖော် ကောင်လေး Sakagami နဲ့ရင်းနှီးသွားပြီး Jun ဟာ စကားမပြောနိုင်ပေမယ့်
သီချင်းဆိုလို့ရတယ်ဆိုတာ သိလိုက်ရပြီးနောက်
သူပြောချင်တဲ့စကားတွေကို သီချင်းအဖြစ်ရေးဖို့
Sakagami ကို အကူအညီတောင်းလာတော့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ....ဆက်လက်
စောင့်ကြည့်ပေးပါဦးနော်...

Quality : 1080p and 720p

File Size : 1.9Gb and 1.3Gb

Duration : 1h 59mins
Download Link


..... Thank For Watching ......

 

Welcome Back (2015)

Action, Comedy, Crime အမျိုးအစား Bollywood ဇာတ်ကားလေးတစ်ကားဖြစ်ပြီး မင်းသားကြီး John Abraham နဲ့ မင်းသမီးချော Shruti Haasan တို့ အဓိကပါဝင်ထားတဲ့ Welcome Back (2015) လေးကို တင်ဆက်ပေးလိုက်ပါတယ်။


ဒီကား​လေးဟာ Bollywood ရဲ့ Comedy ဇာတ်ကား ပေါ့ပေါ့ပါးပါးလေးတွေကို ကြိုက်တတ်ရင် ဒီဇာတ်ကားကိုကြည့်လို့အဆင်ပြေမှာပါ။

File size…(1GB)

Quality…HD-Rip 720p

Duration….02:28:59
Download Link

...... Thank For Watching...... 


 

Winter on Fire: Ukraine’s Fight for Freedom

ယူကရိန်းနိုင်ငံဟာ အရှေ့နဲ့ အနောက် နိုင်ငံတွေကြားထဲမှာ တည်ရှိပါတယ်။

အစက ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါပေမယ့် ၁၉၉၁ မှာ ယူကရိန်းဟာ ဆူဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့တယ်။

ဒါပေမယ့် ၂၃ နှစ်လုံး ရွှေရည်စိမ်ဒီမိုကရေစီနဲ့ စီးပွားရေး ချွတ်ခြုံကျနေတဲ့ နိုင်ငံလို့ပဲ ပြောရမှာပါပဲ။၂၀၀၄ မှာ ရုရှားဘက်ယိမ်းတဲ့ အမတ်လောင်း ဗစ်တာ ယာနူကိုဗစ်ချ်ဟာ သမ္မတအဖြစ် မဲအနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မသမာကြောင်း ပေါ်ပေါက်ပြီး ပြည်သူတွေ ဆန္ဒပြခဲ့တာကြောင့် နောက်ဆုတ်လိုက်ရပါတယ်။

၂၀၁၁ မှာတော့ ရာနူကိုဗစ်ချ်ဟာ ယူကရိန်းကို EU အဖွဲ့ဝင်မယ်ဆိုတဲ့ ကတိနဲ့အတူ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက်မှာ ကတိဖျက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ပဲ ကြိုးစားခဲ့ပါတယ်။

EU သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့တာကြောင့် ကျောင်းသားတွေက စပြီး သူတို့အနာဂတ်အတွက် မိန်ဒန်လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒပြရာကစပြီး တစ်နိုင်ငံလုံးပါဝင်လာတဲ့ သပိတ်ကြီးပေါ်ပေါက်လာခဲ့ပါတယ်။

ဒါကို သမ္မတက ရဲတွေ ဆန္ဒပြနှိမ်နင်းရေးအထူးရဲတွေ ကြေးစားလူမိုက်တွေနဲ့ ဖြိုခွင်းဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဆောင်းတွင်းကာလကြီးမှာ မီးဟုန်းဟုန်းတောက်ခဲ့ရပါတော့တယ်။အစိုးရကိုဖြုတ်ချတဲ့ တော်လှန်ရေးဆိုတာ မလွယ်ပါဘူး။ အရင်းအနှီးကြီးပါတယ်။

ထိခိုက်သေဆုံးမှုတွေ အများကြီးရှိခဲ့ပြီး မိန်ဒန်ရင်ပြင်တွေမှာ အိမ်မပြန်တမ်း စခန်းချပြီး အဆုံးထိ ဆက်တိုက်ခဲ့လို့သာ သမ္မတရာနူကိုဗစ်ချ် ပြုတ်ကျပြီး ယူကရိန်းတွေ အတွက် လွတ်လပ်ရေးအစစ်ရခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကာလထဲမှာ ပြောခဲ့တဲ့စကားတွေ လှုပ်ရှားခဲ့တဲ့ လူတွေ၊စတေးခဲ့ရတဲ့လူတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပြီး မျက်ရည်ဝဲစရာ ကြက်သီးထစရာတွေနဲ့ ပြည့်နေတာမို့ ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ရပါတယ်။

File size… 2.3 GB and (701 MB)

Quality….1080p HEVC, 1080p Web-rip and 720p

Duration….1hr 42min
Download Link

...... Thank For Watching...... 

 

Invisible Sister (2015)

Disney ကနေ ထုတ်လုပ်ထားတဲ့ Invisible Sister ဆိုတဲ့ဇာတ်ကားလေးကိုပရိတ်သတ်တွေအတွက်တင်ပေးလိုက်ပါတယ်..

ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းတဲ့သိပ္ပံဇာတ်ကားလေးပါပဲ ...2015 တုန်းကထွက်ရှိထားပြီး ရိုက်ကူးသူဒါရိုက်တာကတော့ Paul Hoen ဖြစ်ပါတယ်..

ကလီယို နဲ့ မော်လီတို့ဟာ ညီအစ်မဖြစ်ပါတယ်..မော်လီက အားကစားပွဲတော်တွေ ကစားနည်းတွေ အပျော်အပါးတွေမှာဝါသနာထုံတဲ့သူဖြစ်ပြီး ကလီယိုကတော့ သိပ္ပံပရောဂျက်တွေကိုလုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ..

ခဏခဏ လည်းကျရှုံးပါတယ်..တစ်နေ့ဆရာက ကလီယိုကို အိမ်မှာ သကြားဖေါ်ဖို့အတွက်သိပ္ပံပရောဂျက်ကိုလုပ်ခိုင်းလိုက်ပါတယ်။အဲ့နေ့မှာ မော်လီကသူ့သူငယ်ချင်းတွေနဲ့အိမ်မှာပါတီလုပ်ပါတယ်.ကလီယိုက သကြားဖော်ရင်းနဲ့မတော်တဆနဲ့ဓါတုဗေဒ ပစ္စည်းတွေ ဖျော်ရည်ထဲမှောက်ကျသွားပြီး အငွေ့တွေထွက်လာတဲ့အခါ လိပ်ပြာလေးတစ်ကောင်က အဲ့အငွေ့ကိုဖြတ်ပျံ မိတဲ့အခါမှာတော့ လိပ်ပြာကတော့ ကိုယ်ပျောက်သွားပါတယ်..

ကလီယိုဟာလန့်ပြီးလိပ်ပြာကိုကြိုးစားပြီးလိုက်ဖမ်းပေမယ့် မမိပါဘူး အဲ့လိပ်ပြာကတော့ မတော်တဆပဲ မော်လီသောက်မယ့် ရေခွက်ထဲကိုကျသွားတဲ့အခါ ကိုယ်ပျောက်နေတာဖြစ်တဲ့အတွက်မော်လီကမမြင်ပဲသောက်လိုက်တဲ့အခါ ………..ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါ 
 
File size : 802 MB

Quality : WEB-DL 720p

Run Time : 1h 20 min
Download Link

...... Thank For Watching...... 

Who Are You: School (2015) Seires

အညွှန်း 
ထုံးယောင်းမြို့ အချစ်အိမ်မိဘမဲ့ဂေဟာမှာ တခြားကလေးတွေကို အစ်မကြီးသဖွယ်စောင့်ရှောက်ပေးရင်း နေထိုင်ရသူဖြစ်ပြီး‌ကျောင်းတွင်းအကြမ်းဖက်မှုခံနေရတဲ့ လီအွန်းဘီ နဲ့ဆိုးလ်မြို့မှာနေထိုင်ပြီး ကျောင်းစာမှာ ထူးချွန်တဲ့အပြင် မဟုတ်မခံစိတ်ရှိသူ ၊မွေးစားအမေရဲ့ ဂရုစိုက်မှုတွေကြား ကြီးပြင်းလာရတဲ့ ဂိုအွန်ဗြောတို့ဟာ အမြွှာညီအစ်မတွေဆိုပေမဲ့ မတူညီတဲ့ ဘဝတွေမှာ နေထိုင်နေကြရတဲ့သူတွေပါ။
တစ်နေ့တော့ လီအွန်းဘီဟာ ဘဝကို စိတ်ကုန်ပြီး သေကြောင်းကြံစည်ချိန်
အစ်မဖြစ်သူဂိုအွန်းဗြောက အချိန်မီကယ်တင်ပေးပြီး သေကြောင်းကြံစည်မှုကြောင့် အတိတ်မေ့သွားတဲ့ ညီမဖြစ်သူကိုဂိုအွန်းဗြောဆိုတဲ့ ကောင်းမွန်တဲ့ ဘဝမှာ အစားထိုး ရှင်သန်နေထိုင်စေခဲ့ပါတယ်။
အနိုင်ကျင့်ခံ လီအွန်းဘီဟာ ဂိုအွန်းဗြောဖြစ်လာပြီး ဆိုးလ်ကိုရောက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမဲ့ အပြင်ဆယ်ကျော်သက်အရွယ် မိဘနဲ့ သားသမီးကြား ဖြစ်တတ်တဲ့ စိတ်အခန့်မသင့်စရာအဖြစ်အပျက်တွေ၊မိဘတွေရဲ့သားသမီးတွေအပေါ်ထားတဲ့စေတနာအမှားတွေနဲ့သူငယ်ချင်းတွေကြားက ချစ်စရာကောင်းတဲ့အမူအကျင့်တွေအပြင် မဖြစ်သင့်တဲ့လွှဲမှားနေတဲ့ဆက်ဆံရေးတွေကိုပါ မြင်ရမှာဖြစ်တဲ့အတွက်ကြည့်လို့ကောင်းမဲ့Drama Seires လေးတစ်ပုဒ်​ဖြစ်ကြောင်းညွှန်းချင်ပါတယ်။
Download link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (END)

🅒🅞🅜🅟🅛🅔🅣🅔


 

Crazy Little Thing Called Love ဇာတ်ကားထဲမှာ မင်းသားမာရီယိုနဲ့ လိုက်ဖက်လွန်းစွာ သရုပ်ဆောင်ခဲ့တဲ့ ထိုင်းမင်းသမီးချောလေးPimchanok Luevisadpaibul (Baifern) ကို အားလုံးသိကြမယ်ထင်ပါတယ်။ဟုတ်ပါတယ်…

Back to the 90s (2015) ဒီဇာတ်ကားဟာလဲ သူလေး အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်သလို admin လည်းအရမ်းကြိုက်ခဲ့ရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
ဒီဇာတ်ကားမှာလဲ သူလေးရဲ့ လှပသေသပ်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူတိုင်းကို စွဲဆောင်သွားဦးမှာပါ။မင်းသားတွေလဲ ဇာတ်ရုပ်နဲ့ကွက်တိကျတာကြောင့် ဒီဇာတ်ကားဟာကြည့်ရှုသူတိုင်း ကြိုက်နှစ်သက်တဲ့ ဇာတ်ကားဖြစ်လာပါတယ်။ ကျွန်တော်တို့မှာ မပြုပြင်နိုင်ခဲ့တဲ့ အတိတ်တွေရှိကြပါတယ်။ချစ်ခြင်းမေတ္တာရဲ့ ဆန်းကြယ်မှုမှာ မျက်စိသူငယ် နားသူငယ်ဖြစ်ဖူးခဲ့ကြမယ်။အသက်အရွယ်နဲ့ ရူးမိုက်မှုတို့ အချိိုးကျနေတုန်းမှာ ခပ်မိုက်မိုက် လေလွင့်ဖူးခဲ့မယ်။ဒါတွေကို ကျွန်တော်တို့ မပြုပြင်နိုင်တော့ဘူး။ နောင်တဆိုတာပဲ ပွေ့ဖက်နေကြရတာမလား။ ဒါပေမယ့် အတိတ်ကိုပြန်သွားလို့ရမယ်။ဒါတွေကို ပြုပြင်ဖို့ အခွင့်အရေးကိုတစ်စုံတစ်ယောက်က ရခဲ့မယ်ဆိုရင်ကျွန်တော်တို့ မြင်တွေ့ရမယ့် အရာတွေက ငယ်ရွယ်ပျိုမြစ်မှုတစ်ခုထဲလို့ ခပ်လွယ်လွယ်မထင်လိုက်ပါနဲ့။အစဉ်အဆက် ခမ်းနားခဲ့သလိုပဲ ချစ်ခြင်းက ဒေသမရွေး ကာလမရွေး ခမ်းနားနေခဲ့တာကိုထင်ရှားပြခဲ့တဲ့ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။
Download link

 

Tag (2015)

အညွှန်း 
အမျိုးသမီး အထက်တန်းကျောင်းမှ ကျောင်းသူ အားလုံးသည်အားလပ်ရပ် အပန်းဖြေခရီးထွက်လာရသဖြင့် ပျော်ရွှင်နေကြသည်…ကား နှစ်စီး ဖြင့် ခရီးဆက်နေရပြီး ကျောင်းသူ များသည် ထိန်းမနိုင်လောက်အောင်ကားပေါ်တွင် ဆော့နေကြပြီး တစ်ဦးနဲ့တစ်ဦး နောက်ပြောင်ရုံမကပဲ တစ်ခါတစ်ရံလမ်းသွားလမ်းလာများကိုပါ ပြုတင်းပေါက်မှ ခေါင်းလေးများပြူထွက်ပြီး စနောက်ခဲ့ကြလေသည်…ထို ကျောင်းသူများ ထဲတွင်မှ အတည်ငြိမ်ဆုံးသော မစ်ဆူကို ကတော့ သူမ ဝါသနာပါသောကဗျာလေးတွေကို ငြိမ်သက်စွာ ဒိုင်ယာရီ စာအုပ်လေးထဲတွင် ချရေးလျက်ရှိနေခဲ့ပြီးဆူညံပွတ်လောရိုက်နေသော ကျောင်းသူများဖြင့် အဆက်သွယ်ပြတ်နေခဲ့ပါတယ်…ထိုသို့ အချင်းချင်းစနောက်နေရင်း မစ်ဆူကို ထံမှ သူငယ်ချင်းများက စာအုပ်ဆွဲယူရာဘောလ်ပင်န် လေး ကျသွားသဖြင့် မစ်ဆူကို တစ်ယောက် အပြုံးမပျက် စိတ်မဆိုးပဲခုံပေါ်မှ အောက်သို့ ဒူးလေးထောက်ပြီး သူမ ဘောလ်ပင်န် ကို လှမ်းအယူမှာတော့ခုနက ဆူညံပွတ်လောရိုက်နေသော ကျောင်းသူများ၏ အသံသည် ရုတ်ချည်းဆိုသလိုပျောက်ကွယ်သွားလေတော့ရာ မစ်ဆူကို တစ်ယောက် အံ့သားသင့်၍ ဘေးဘီသို့လှည့်ကြည့်လိုက်သော အခါတွင်တော့ကဲအဲ့လောက်ဆိုရင်ဘာဆက်ဖြစ်မလဲသိချင်ရင်တော့အခုဘဲ
ကြည့်လိုက်တော့။

(သွေးထွက်သံယို အခန်းများ အများဆုံးပါဝင်လို့ ကလေးသူငယ်များ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ)
Download link

 

သိပ္ပံဆန်ဆန်ဇာတ်ကားကြိုက်သူတွေအတွက်မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားပြီး
ဒါရိုက်တာ Brad Bird ရိုက်ကူးထားတဲ့Tomorrowland [2015] ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့
ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့
အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက်ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီးထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့စီမံကိန်းတစ်ချို့ကို အခက်အခဲဖြစ်ပြီးရှေ့ဆက်တိုးမရအောင်အဟန့်အတားတွေလိုက်လုပ်နေခဲ့တယ်။ အဲ့ဒီလုပ်ရပ်တွေနဲ့သူမရဲ့ထူးချွန်မှုတွေကြောင့် အေသီနာ က သိပ္ပံမြို့တော်ကိုခေါ်ယူဖို့ဆုံးဖြတ်ရွေးချယ်လိုက်ပါတယ်။ဒါကြောင့် မြို့တော်ကိုတွေ့မြင်ခံစားနိုင်မယ့်အမှတ်တံဆိပ်အကြွေစေ့လေးကို ကေစီထံပို့ခဲ့ပြီး စတင်ဆွဲဆောင်ခဲ့တယ်။အကြွေစေ့ကိုအင်တာနက်မှာလေ့လာရင်း စက်ရုပ်တွေရဲ့အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့ကေစီ ကို အေသီနာက လာရောက်ကယ်တင်ခဲ့ပြီး သိပ္ပံမြို့ကိုသွားဖို့ပို့ဆောင်နိုင်တဲ့လူဆီ ရောက်အောင်ပို့ခဲ့ပါတယ်။အဲ့ဒီကို ပို့ဆောင်မယ့်လူကတော့ တစ်ခြားလူမဟုတ်ဘဲ အသက်ခပ်ကြီးကြီးအနေအထားဖြစ်နေတဲ့ ဖရန့်ဝေါ်ကာ နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက ဖရန့်ဝေါ်ကာ ဟာအသက်အရွယ်ကြီးလာခဲ့ပြီး အေသီနာ ဟာ တွေ့စကအတိုင်းကလေးအရွယ်ပဲရှိနေခဲ့တာကတော့ သူမဟာ Program ကောင်းကောင်းနဲ့အသက်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်နေခဲ့တဲ့အတွက် ကလေးအတိုင်းဖြစ်နေခဲ့တာပါပဲ။ကေစီ ၊ ဝေါ်ကာ နဲ့ အေသီနာ တို့ သိပ္ပံမြို့ကို ပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာ တော့ ဘာတွေဖြစ်ပျက်ခဲ့လဲ . အနာဂတ်ကိုဘယ်လိုကယ်တင်ခဲ့သလဲ .နောက်ပြီး ထူဆန်းတဲ့ သိပ္ပံပစ္စည်းတွေနဲ့ ဖြစ်ပျက်ခဲ့သမျှတွေကိုအပြည့်အဝသိချင်ကြတယ်ဆိုရင်တော့ ဒီကားလေးကို Download ဆွဲပြီးကိုယ်တိုင်သာခံစားကြည့်ရှုလိုက်ကြပါ။ ပြောပြချင်တာက ဇာတ်လမ်းတစ်ခုလုံးစိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားစွာကြည့်ရှုရမယ့်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး . . . မိမိကိုယ်တိုင် စိတ်ကူးရင်ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။                                                                 
Download link

 

 

 PointBreak(2015)

Point Break ဟာ ၁၉၉၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားဟောင်းကို သရုပ်ဆောင်တွေ ပြောင်းလဲပြီး 3D နည်းပညာနဲ့ ပြန်လည်ဆန်းသစ်လိုက်တဲ့ ရုံတင်ကားကြီးပါ။ ၁၉၉၁ ခုနှစ်တုန်းက ဇာတ်ကားကို ပါ၀င်သရုပ်ဆောင်ခဲ့ကြသူတွေက ကွယ်လွန်သွားပြီဖြစ်တဲ့ ပက်ထရစ်ဆွေဇီ(Ghost ကားမှာ ဒမ်မီမိုးနဲ့ အတွဲညီခဲ့သူကြီးပေါ့)နဲ့ ကီနူးရိဗ်(Matrix ရဲ့ဆရာသမားပေါ့)တို့ပါပဲ။ အဲဒီတုန်းကလည်း အမေရိကန်ဒေါ်လာ ၂၅ သန်းသာ ထုတ်လုပ်ရေးစရိတ်ကုန်ကျခဲ့တဲ့ Point Break ဟာ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၅ သန်း ပြန်ရတဲ့အထိကို အောင်ပွဲခံခဲ့တာပါ။ အခုဇာတ်ကားကလည်း ထုတ်လုပ်ရေးစရိတ် အမေရိကန်ဒေါ်လာ ၁၀၅ သန်းသာ ကုန်ကျပြီး ပြန်လည်ရရရှိတဲ့၀င်ငွေက ပေါင် ၁၃၁ သန်း ကျော်လွန်သွားခဲ့ပါပြီ။ အက်ဒ်ဂါရာမီရက်ဇ်နဲ့ လုခ်ဘရေစီတို့ကလည်း အကောင်းဆုံးသရုပ်ဆောင်ထားကြပါတယ်။ ၁၉၉၁ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားရဲ့ဇာတ်ကျောရိုးကို ခေတ်နဲ့ညီအောင် ပြင်ဆင်ထားတာကလည်း ဘ၀င်ခိုက်စရာပါပဲ။ ရုံတင်ကားကြီးဆိုကတည်းက ဇာတ်အိမ်မာတာကို သဘောပေါက်ပြီး ဖြစ်မှာပါ။ ဒါကြောင့်လည်း ဇာတ်လမ်းအမြည်းတွေ ဘာတွေ လိုလိမ့်မယ် မထင်မိပါဘူး။ အားပါးတရ ခံစားလိုက်ကြပါဦး။


Download link

အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၅ က ထွက်ခဲ့တဲ့ The Accidental Detective ဆိုတဲ့ စုံထောက် ဟာသဇာတ်မြူးလေးပါ။2018 မှာလည်း Part 2 အနေနဲ့ထွက်ရှိခဲ့ပါသေးတယ်။ Part 2 ကြည့်ချင်သူတွေအတွက်လည်းlink လေးချပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကို နည်းနည်းမိတ်ဆက်ပေးချင်ပါတယ်နော်ငယ်ငယ်တည်းက အတူကြီးပြင်းလာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိပါတယ်တစ်ယောက်ကတော့ ရဲသင်တန်းကျောင်းကို တက်ခွင့်ရပြီး စုံထောက်အဖြစ်လုပ်ကိုင်ခွင့်ရခဲ့ပေမယ့် နောက်တစ်ယောက်ကတော့ သူ့ခြေထောက်ကြောင့် ဆေးစစ်ချက်ကျခဲ့လို့ စုံထောက်ဖြစ်ခွင့်မရခဲ့ရှာပါဘူးသူက စုံထောက်အလုပ်ကို အရမ်းဝါသနာပါလွန်းလို့ အလုပ်ပျက်အကိုင်ပျက် မိန်းမ အဆူအဆဲခံပြီး သူ့သူငယ်ချင်းတို့ရဲစခန်းကို အမြဲသွားပြီး ပေကပ်နေလေ့ရှိပါတယ်
သူ့သူငယ်ချင်းဂျွန်စုရဲ့ တွဲဖက်စီနီယာကတော့ Legendary ကြီး နိုတေးဆူပါ
ဒေးမန်ရဲ့ ဝါသနာ စုံထောက်အရည်အချင်းတွေက နိုတေးဆူအသိအမှတ်မပြုလို့မရအောင်ထိ ဖြစ်နေခဲ့ပေမယ့် သူ့ခမျာ စုံထောက်ဖြစ်ခွင့်မရခဲ့ပါဘူးတနေ့မှာတော့ လူသတ်မှုတစ်ခုမှာ ဂျွန်စုကို ချောက်တွန်းခံရတဲ့အခါ တတ်သိပညာမနေသာ သူငယ်ချင်းထိ ဓားကြည့်ဆိုတဲ့ ဒေးမန်တစ်ယောက် နိုတေးဆူနောက်ကို အတင်းလိုက်ကပ်ပြီး အမှုမှန်ပေါ်အောင် ကြိုးစားရပါတော့တယ်ဒီအခါ သူ့စုံထောက်စကေးတွေက သူငယ်ချင်းကို ကယ်တင်ဖို့ လုပ်နိုင်ပါ့မလားဆိုတာတော့ ပရိသတ်တွေ ကြည့်ကြည့်ကြပါဇာတ်လမ်းမြှုပ်ကွက်အဆန်းလေးတွေနဲ့ အတူ နိုတေးဆူနဲ့ ဒေးမန် နှစ်ယောက်သား ဘယ်လို ဟာသတွေ ဖြစ်ကြလဲ ဆိုတာကိုလည်း မပျင်းရဘဲ တွေ့မြင်ရမှာပါနှစ်ယောက်စလုံးက အတွဲညီတာ တစ်ခုရှိနေပါသေးတယ်အဲဒါတော့ မိန်းမကြောက်ကြတာပါသူတို့နှစ်ယောက် မိန်းမတွေကို ဘယ်လိုကြောက်ရလဲဆိုတာတော့ ကြည့်ပြီး ခွီလိုက်ကြပါဦး ။
                 Download link
                       GDRIVE

              Deep Trap (2015)
Deep Trap ဇာတ်ကားဟာဆိုရင်
Director : Hyeong-jin Kwon ရိုက်ကူးထားတဲ့
Crime,Horror,Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင် အဓိကသရုပ်ဆောင်များအနေနဲ့
မင်းသားကြီး Ma Dong-Seok, Jo Han-sun,Kim Min-Kyung, Ji An တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားကတော့ So-yeon နဲ့ Joon-sik ဆိုတဲ့
ညားခါစလင်မယားနှစ်ယောက် အကြောင်းကနေစပြီး
ဇာတ်လမ်းဖော်ရိုက်ကူးထားသောဇာတ်ကားဖြစ်ပါတယ်။
So-yeonဆိုတဲ့ကောင်မလေးက သားလျောပြဿနာကြောင့်
ကိုယ်ဝန်မရနိုင်ဖူးလို့ထင်တာကြောင့် ဆရာဝန်ဆီသွားပြခဲ့ပါတယ်။
ဆရာဝန်က စိတ်ရှင်းအောင်နေပြီး သေချာကြိုးစားရင်ရနိုင်ပါတယ်
ဆိုသောကြောင့် သူတို့လင်မယားနှစ်ယောက်
အင်တာနက်မှရှာတွေ့သော ကျွန်းတစ်ကျွန်းပေါ်က
စားသောက်ဆိုင်ကို စိတ်အပန်းဖြေရန်သွားခဲ့ပါတယ်။
သူတို့သွားတည်းခိုမယ့် စားသောက်ဆိုင်ကလင်မယားနှစ်ယောက်က
သဘောကောင်းပေမယ့် အနည်းငယ်ထူးဆန်းနေကြပါတယ်။
ထိုညမှာ အရက်အရမ်းမူးနေတာကြောင့် ပြန်မရဘဲ
ထိုနေရာတွင်သာအိပ်ခဲ့ရပါတယ်။
ထိုစားသောက်ဆိုင်ပိုင်ရှင်ကြီးက
Joon-sik ကို သူ့မိန်းမအလှပဂေးနဲ့ အိပ်ချင်အိပ်ဆိုပြိး
သဘောကောင်းနေတာကြောင့် Joon-sik မထိန်းနိုင်ဘဲ
အိပ်မိသွားခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်သွားမလဲ…..
စားသောက်ဆိုင်ပိုင်ရှင်ကြီးရဲ့တစ်ကယ့်ပုံစံအမှန်ကဘာလဲ….
နောက်နေ့ညတွင် စားသောက်ဆိုင်ရှင်ကြီးက
လူသတ်ကောင်ဆိုတာ မထင်မှတ်ဘဲ သိလိုက်ရပြီးနောက်
သူတို့လင်မယား ထိုကျွန်းပေါ်မှ
ဘယ်လို လွတ်မြောက်အောင်လုပ်လဲဆိုတာကတော့
ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့…။ဒီဇာတ်ကားဟာဆိုရင် 18+ဆန်ဆန် အခန်းတွေလည်းပါပြီး
စိတ်လှုပ်ရှားရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမယ့်
ကိုရီးယားဇာတ်ကားတစ်ကားဖြစ်ပါတယ်။
               Download link
               MEGA / GDRIVE

Followers

Slider

5/Teste Menu 7/slider
MM Official