Showing posts with label TOW. Show all posts
Showing posts with label TOW. Show all posts


2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။ 

ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမ‌ကောင်းအောင်ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ 

မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။

ကဲ ဘာလိုသေးလဲ.....

File Size : 1 GB

Quality : Blu ray 720P

Running Time : 2 hr 23 minute


Download Link
1080P


..... Thank For Watching ......







 


ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။

တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။

သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ 

လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ 

ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။

ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။

အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။

ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ
နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ ကဲဘာဆက်ဖြစ်မှာလဲ.....

Quality….4K HEVC | WEB-DL 1080p | 720p | 480p

File size…4.35GB | 1.8GB | 800MB | 292MB

Duration….1h 52min




Download Link

4K HEVC
480P
1080P
720P








..... Thank For Watching ......

အညွှန်း

Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterio က ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ။

အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့။

လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..

ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..

Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်

အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ

ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့...

ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်


Quality : Blu-ray 1080p,720p,480p

Genres : Action , Adventure , Fantasy

During : 2h 28 mins


Download Link
(1080)
(720)
(480)





..... Thank For Watching ......










အညွှန်း

ဆရာအူဒွန်လို့ခေါ်တဲ့ထိုင်းဆရာကြီးတယောက်က Fight Club ဆိုတဲ့သင်တန်းတခုကိုထူထောင်ခဲ့တယ်။
သူဆုံးတော့ သူ့သားက ဒီသင်တန်းကိုဆက်ပြီးဦးဆောင်ခဲ့တယ်။

အဖေဆုံးပြီးအမေနဲ့ပင်ပင်ပန်းပန်းရုန်းကန်ရတဲ့သူတို့အဖွဲ့အတွက် အတော်ဆုံး သိုင်းအဖွဲ့တွေကိုယှဉ်ပြိုင်စေပြီးနောက်ဆုံးအနိုင်ရတဲ့ အဖွဲ့ကို ဟောလီ၀ုဒ်မှာ အလုပ်လုပ်ဖို့ကမ်းလှမ်းခံရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကသူတို့အတွက်တော့ ဘုရားပေးတဲ့အခွင့်ရေးဖြစ်လာခဲ့တယ်။


ဒီကမ်းလှမ်းချက်ရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ…

တကယ်ပဲသူတို့ကို ဟောလီ၀ုဒ်ခေါ်သွားမှာလား….

street fight ပုံစံမျိုးလောင်းကစားလုပ်လေ့ရှိတဲ့ နိုင်ငံခြားသားတချို့ရဲ့ အစီအစဉ်အရသူတို့ကို လောင်းကြေးထပ်သောအခါ…….

မူရင်းထိုင်းစာဖိုင်ကို အင်္ဂလိပ်လိုပြန်ထားတဲ့အတွက် အင်္ဂလိပ်လိုပြောတဲ့အခန်းတွေမှာ စာတွေပါမလာပေမယ့်

အတိုက်အခိုက် အသတ်အပုတ်ကြည့်ချင်သူတွေအတွက်တော့ စိတ်ကြိုက်တွေ့စေမယ့်ဇာတ်ကား​​
တစ်ကားဖြစ်ကြောင်းညွှန်းပါရစေ


File size…(700MB)  

Quality…BR-Rip 720p

Duration….01:44:24



Download Link


STREAM VIDEO


..... Thank For Watching ......



အညွှန်း
ရုံတင်ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WebDLအကြည်ကို တင်ဆက်ပေးထားပါတယ်။

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။

မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။

ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ 

သွေးစုပ်ကောင်မုဆိုး ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။

ကြည့်ကြည့်လိုက်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်။


File size…1.6GB / 900MB

Quality…1080p WEB DL AAC2.0CH / 720p WEB DL

Format…mp4

Duration….1h 44m

Download Link

(1080p)
 

(720p)


STREAM VIDEO


..... Thank For Watching ......

 

Superman And Lois (2021)

ဒီတစ်ခါမှာတော့ ကလေးရောလူကြီးပါမကျန် နှစ်သက်သဘောကျကြတဲ့ Superman Series ထဲကမှ Feb 23/2021 ကထွက်ရှိထားတဲ့ Superman And Lois နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

Superman ဇာတ်ကားတွေကို လူတိုင်းနီးပါးနှစ်သက်သဘောကျကြတဲ့အတွက် အထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်။

Superman And Lois ဟာဆိုရင် ထွက်ရှိထားတာရက်ပိုင်းဘဲရှိပါသေးတယ်။

Superman ဇာတ်ကားတိုင်းက စွန့်စားမှုတွေနဲ့ပြည့်နေတဲ့အတွက် ဒီအပိုင်းမှာလည်း မတူကွဲပြားတဲ့ စွန့်စားမှုတွေ ကယ်တင်မှုတွေကိုမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း တစ်နေ့တာပင်ပန်းထားသမျှကို Superman Series လေးကြည့်ပြီး အားသစ်အင်သစ်တွေမွေးလိုက်ကြရအောင်။

ဇာတ်လမ်းအကျဉ်းလေးကတော့ 

အဓိကဇာတ်ဆောင် Superman ဖြစ်တဲ့ ကလပ်ခ်ကန့်ဟာ ခရစ်ပတွန်ဂြိုဟ်ကနေ ကမ္ဘာမြေပေါ်ကို နို့စို့အရွယ်မှာဘဲရောက်ရှိလာခဲ့ပါတယ်။ စမောဘယ်လ်မှာနေတဲ့ လယ်သမားလင်မယားနှစ်ယောက်က သူ့ကိုမွေးစားခဲ့ကြပါတယ်။ 

ခြောက်နှစ်သားအရွယ်ရောက်တော့ သူ့မှာ ထူးဆန်းတဲ့စွမ်းအားတွေရှိနေတာကို သိလိုက်ရပါတယ်။ ဒီစွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ လူသားတွေနဲ့ရောရောနှောနှောနေထိုင်နိုင်ဖို့အတွက် သူ့မွေးစားအဖေနဲ့အမေက သေချာသွန်သင်ဆုံးမပေးခဲ့ပါတယ်။ 

ကျောင်းပြီးလို့ အလုပ်စဝင်တဲ့အချိန်မှာ လူးဝစ်နဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ်။ အမွှာသားယောက်ျားလေးနှစ်ယောက်မွေးဖွားခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အထိ သူက Superman ဆိုတာကို သားတွေသိအောင်မပြောပြခဲ့ပါဘူး။

ဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်နေရတဲ့အတွက် သူ့သားတွေကိုအချိန်သိပ်မပေးနိုင်တဲ့အခါမှာတော့ သားတွေနဲ့အဆင်မပြေဖြစ်ပါတော့တယ်။ 

ကလပ်ခ်ရဲ့မွေးစားအမေသေဆုံးသွားလို့ စမောဘယ်ဘ်ကိုသူတို့မိသားစုသွားတဲ့အချိန်မှာ သူတို့မိသားစုဘာတွေဆက်ဖြစ်ကြမလဲ။ 

ကလပ်ခ်ဟာ Supermanဆိုတာကို သူ့သားတွေဘယ်လိုသိရှိသွားမလဲ။ သားနှစ်ယောက်ထဲက ဘယ်သူ့မှာသူ့လိုစွမ်းအားတွေရှိနေမလဲ။ 

နောက်ထပ် Episodes တွေလည်း ဆက်လက်တင်ပြပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦး။

Download Link

SEASON 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
EP 6
EP 7
EP 8
EP 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15 (END)


..... Thank For Watching ......
 

The Flash Season 8 (2014-2021)

အညွှန်း 

Season 7 ပီးဆုံးတဲ့အနောက် အဆက်ဖြစ်တဲ့ Flash Season 8 လာပါပြီ။

Season 7 နောက်ဆုံးမှ Flash ဟာ God Speed ကို Reverse-Flash နဲ့အတူပူးပေါင်းပြီးအနိုင်ယူခဲ့ပါတယ်။

ပြီးတော့ Reverse-Flash ထက်လည်းပိုပြီး OverPower ဖြစ်သွားတဲ့ Flash ကို မြင်ရမှာပါ။

ဒီ Season ၈ အစပိုင်းမှာလည်း Flash ရဲ့ အမြန်နှုန်းဟာ အတော်ကြီးကိုတိုးတက်လာပြီး ဗီလိန်တွေကို အလွယ်တကူ နဲ့ OverPower လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။

ဒါဟာ ကျွန်တော်တို့ အမြဲ မြင်ချင်နေတဲ့ Flash ပါပဲ
ဒါပေမယ့် Flash တစ်ယောက် Level Up သွားတဲ့နောက်ပိုင်း ဘာတွေကြုံရမလဲ?

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Season 8 မှာ ဆက်လက်စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ်။


SEASON 1 TO 7

SEASON 8

EP 1
EP 2
EP 3
EP 4
EP 5


..... Thank For Watching ......






 

Free Guy (2021)



ကဲ …… ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။
မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။

ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့
ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။

ဇာတ်လမ်းအကျဉ်းကတော့ …..

ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါ။

သူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။

ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။

သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။

အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့…

ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။

ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။

Quality….WEB-DL 1080p and 720p

File size…2.5GB and 1.3 GB

Format…mp4

Duration….1h 55min

Download Link


STREAM VIDEO


..... Thank For Watching ......
Snake Eyes: G.I. Joe Origins (2021)


အညွှန်း


G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီ။

ဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။

ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါ။

ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက်..

Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​"တော်မီ"ကို မျိုးနွယ်စုသစ္စာ​ဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ်။

သူကယ်တင်​ပေးခဲ့တဲ့"တော်မီ"က​နေတဆင့် Arashikage မျိုးနွယ်ရဲ့ သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား။

Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ...
သစ္စာ​ဖောက် "ကန်တာ"ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ...

JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ......

စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ်။

File Size : (2.0 GB) , (1.3 GB) and (480 MB)

Quality : AMZN WEB-DL (1080p 5.1,720p,480p)

Running Time : 2hr 01min

Genre : Action,Adventure,Fantasy,Sci-Fi,Thriller

Download Link


STREAM VIDEO


..... Thank For Watching ......

 

The Flash Season 7 (2014-2021)



ပြီးခဲ့တဲ့နှစ်က Covid ကြောင့် စောစောဇာတ်သိမ်းလိုက်ရတဲ့ Flash Season 6 ရဲ့အဆက်...Season 7 တော့ ဒီနှစ်မှာထွက်ရှိလာပါပြီ ....

အားလုံးသိတဲ့အတိုင်း Barry A.K.A Flash ဟာ Crisis မှာလုပ်ခဲ့တဲ့ ရွေးချယ်မှုတခုကြောင့် Speed Force သေဆုံးသွားခဲ့ပြီး.....

သူ့ဆီမှာလက်ရှိပြေးနိုင်ဖို့ Speed force ဟာလည်း အနည်းငယ်သာကျန်ပါတော့တယ်။

သူ့ရဲ့မိန်းမဖြစ်သူ အိုင်းရစ်ဟာလည်း Mirror Universe မှာပိတ်မိနေပါတယ်။Season 6 ရဲ့ Big Bad ဗီလိန်ဟာလည်း မြို့ကိုဒုက္ခပေးနေပါပြီ....

ဒီတော့ ဘယ်ရီဟာ artificial intelligence speed force ကို ထီထွင်ဖို့ကြိုးစားနေရပါတယ်.....

သူ့မှာရှိတဲ့လက်ကျန် speed force နဲ့ မြို့ကိုကယ်တင်နိုင်ပါ့မလား.....

အိုင်းရစ်ရော ပြန်လွှတ်နိုင်မလား Speed Force ကို ပြန်လည်ဖန်တီးနိုင်ပါ့မလား။

ဘယ်လိုစတေးမှုတွေ ကြုံရဦးမလဲဆိုတာကိုတော့ Season 7 မှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်.......

Download Link






Season - 6
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19 (END)


Season - 7 
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
EP 12
Ep 13
EP 14
Ep 15
EP 16
EP 17
Ep 18 (END)


..... Thank For Watching ......







 

Astro Boy (2009)

 


ဒီနေ့တော့ ပရိတ်သတ်တွေအတွက် Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ

Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။

Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ 

Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။

သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။

လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။

စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။

ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။

မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရတော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ 

ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..

ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။

အသံ သရုပ်ဆောင်တွေ အဖြစ် 
Dr. Tenma (voice of Nicolas Cage),
Toby & Astro Boy (voice of Freddie Highmore) 
တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။



Download link

..... Thank For Watching ......



Love (ft. Marriage & Divorce)(2021)


Season 1 ထွက်ပြီးသားပါ...

လောင်မြိုက်ခြင်းတွေနဲ့ ပျော်မွေ့နေတဲ့သူတွေအတွက်လို့ဆိုတာထက် ဒီလောကကြီးမှာ ဒီလိုမျိုးတွေလည်းရှိပါ့လားဆိုတဲ့အသိနဲ့ ထွင်းဖောက်သုံးသပ်တတ်တဲ့သူတွေအတွက် S2 ကိုဆက်လက်တင်ပေးလိုက်ပါတယ်...

အညွှန်းကတော့ S1ကဟာပဲထားလိုက်ပါ့မယ်...

ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး....

အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေ

သမီးရည်းစားဘဝတုန်းကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ....

ပျင်းစရာကြီးလို့မထင်လိုက်နဲ့...တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ....

တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် ...

အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ.....

Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး 

radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့

သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် အမြဲတမ်း အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေတဲ့သူလေးပါ,......

Lee Si Eun ကတော့ radio show ရဲ့အဓိကစာရေးဆရာမဖြစ်ပြီး ပြဇာတ်နဲ့ရုပ်ရှင်မေဂျာရဲ့ဌာနမှူး

Park Hye Ryoong ရဲ့ဇနီးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်....

ဒီလိုစုံတွဲသုံးတွဲရဲ့ မတူညီတဲ့ lifestyle တွေ အိမ်တွင်းရေးပြဿနာတွေကနေ ဘယ်လိုမတူညီတဲ့ ရသတွေကို

ခံစားရမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါ....

Episodes: 16

Aired: Jun 12, 2021 - Aug 1, 2021

Aired On: Saturday, Sunday


Download Link

Ep 1
EP 2
Ep 3
Ep 4
EP 5
Ep 6
Ep 7
EP 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (The END)

..... Thank For Watching ......





 

Followers

Slider

5/Teste Menu 7/slider
MM Official