Showing posts with label Bollywood Seires. Show all posts
Showing posts with label Bollywood Seires. Show all posts

Money Heist Season 5 Part 1 (2021)


အားလုံးမျှော်နေကြတဲ့ Money Heist အတွဲ ၅ ထွက်လာပါပြီ။ အတွဲ ၅ မှာ ၁၀ ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ အပိုင်း ၁ မှာ ၅ ပိုင်း နဲ့ အပိုင်း ၂ မှာ ၅ ပိုင်း ဆိုပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်နေ့မှာ တစ်ကြိမ်၊ဒီဇင်ဘာ ၃ ရက်နေ့မှာ တစ်ကြိမ် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပိုင်းမှာဆိုရင် နိုင်ရိုဘီ အပစ်ခံရပြီး သေသွားလို့
အားလုံးဝမ်းနည်းနေကြပါတယ်။

ဒန်ဗာ ဖမ်းမိထားတဲ့ ပလာမိုကိုကယ်ပြီး ဘဏ်ကိုဝင်စီးမယ့် ဟယ်ရီကော်ပရာနဲ့ လိုက်သွားပြီး ဘဏ်ထဲကို ရောက်အောင်ပို့လိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဗိုက်ကြီးသည်မ စီအာရာ က ပရော်ဖက်ဆာရဲ့ နေရာကိုရှာတွေ့သွားတဲ့အခန်းမှာ ရပ်ထားတာပါ။

ဒီအတွဲမှာရော ပရော်ဖက်ဆာက စီအာရာနဲ့ ထိပ်တိုက်တွေ့မယ့် အနေအထားမှာ ရှိပါတယ်။

အခြေအနေတွေက ပြောင်းလဲသွားပြီးတော့ပရော်ဖက်ဆာ ဘယ်လိုလှည့်ကွက်တွေ ထုတ်သုံးဦးမလဲဆိုတာရင်ခုန်စွာနဲ့ ကြည့်လိုက်ကြပါဦး ......

File Size - 600MB

Total Episodes - 5

Quality - 720p

Duration - 1h 10min

Download Link

Coming Soon S1 To S4 Link

Season 5 (Part 1)

Ep 1
Ep 2
Ep 3
Ep 4
Ep 5


---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---



 

 

Never Have I Ever (2020-2021) 

အညွှန်း

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေမယ့်သူတွေအတွက်netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingကသူရဲဆယ်ကျော်သက်ဘဝကိုပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီးအရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်။

 အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီ​လေးက ကယ်လီဖိုးနီးယားမှာ​ကျောင်းတက်​နေတဲ့ဆယ်​ကျော်သက်အရွယ် အိန္ဒိယလူမျိုး​မ​လေး​ပေါ့ …..

အိန္ဒိယလူမျိုးဖြစ်တဲ့ဒေဗီ မိဘ​တွေက​တော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆ​တွေရှိကြတယ်ပေါ့နော်။

ဒေဗီက​တော့ အ​မေရိကန်မှာ​မွေးတဲ့သူဖြစ်လို့ သူ့မိဘ​တွေနဲ့ဆန့်ကျင့်ဖက်​ပေါ့။

ဒေဗီဟာ သူ့အ​ဖေဆုံးပြီးတဲ့​နောက်ပိုင်း​ စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်း​သေသွားခဲ့ပါတယ်။

ဒါပေမယ့် ​​နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့​ကောင်​လေး​ကြောင့်ရုတ်တရက်လမ်းပြန်​လျှောက်နိုင်ခဲ့တယ်။

သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ​ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင်ရည်းစားရ​အောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ😀😀

သူ့သူငယ်ချင်းင​ပေါမနှစ်​ယောက်နဲ့ သူတို့​ကျောင်းမှာပေါ်ပြူလာ ဖြစ်​အောင်​နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်းတလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့။

ဒေဗီရဲ့အ​မေ့စတိုင်က မြန်မာနိုင်ငံက မိဘ​တွေ​တော်​တော်များများနဲ့ဆင်နေတော့​ဒီစီးရီးတစ်ခုလုံး ခွီနေရမှာ အသေချာပါပဲ။
Download link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10(END)

Zip File - GDRIVE 

Season 2

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10(END)



..... Thank For Watching ......

 

The Family Man (2019-2021) 

Season 2 က လည်း လာတော့မှာဆိုတော့ ပြန်တင်ပေးလိုက်ပါတယ်။

Season 1 (အပိုင်း -၁ မှ ၁၀ ထိ။ စ/ဆုံး)

ဇာတ်လမ်းတွဲအညွှန်း

The Family Man စီးရီးဟာ action-comedy-drama အမျိုးအစားဖြစ်ပြီး အဓိကmain castက ရူပါမရှိ
ဗလမရှိပေမယ့် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသားဖြစ်တဲ့ Manoj Bajpayee ဖြစ်တာကြောင့် ဘောလိဝုဒ်ဖန်တွေကို ထပ်ပြီးဖမ်းစားဆွဲဆောင်သွားမယ့် စီးရီးတစ်ခုဆိုလဲမမှားပါဘူး......

ဇာတ်လမ်းအကျဥ်းကတော့ ဆရီခန့်တီဝါရီ (Manoj Bajpayee) တစ်ယောက်ဟာNIAမှာတာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်.....

သူ့ရဲ့အလုပ်ကအကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေ မဖြစ်ပွားခင်မှာ သတင်းလက်ဦးမှုရယူပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ်တားဆီးပေးရတာဖြစ်တယ်။

ဒီလိုမျိုးအလုပ်ဆိုတာလျှိုဝှက်စွာလှုပ်ရှားဖော်ထုတ်ရတာဖြစ်လို့ သူတို့ရဲ့ဘဝအမှန်ကို ဘယ်သူ့ကိုမှပြောလို့မရပါဘူး.....

နိုင်ငံကိုအကြမ်းဖက်သမားတွေရဲ့ရန်မှ ကာကွယ်ပေးရသလို သူ့မိသားစုဘေးကင်းဖို့အတွက်သူ့ရဲ့လျှို့ဝှက်အလုပ်အကြောင်းကို ဖုံးကွယ်ထားရပါသေးတယ်.....

ဒီလိုအခြေအနေတွေကြားထဲက အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လိုနှိမ်နှင်းကာကွယ်သွားမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး…

အပိုင်း(၁၀)ပိုင်းပါဝင်ပြီး ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် Seires လေးဖြစ်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Quality – WEB-DL 720p

Duration – 60Min

Genres- Action,Comedy, Drama


Download Link

SEASON 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10 (END)

Zip File - GDRIVE

SEASON 2

EP 1
EP 2
EP 3
EP 4
EP 5
EP 6
EP 7
EP 8
EP 9 (END)

..... Thank For Watching ......



 

Aspirants(2021)

ဇာတ်လမ်းတွဲအညွှန်း

အခုတခါမှာ​တော့ မကြာသေးမီကမှ ပူပူ​​နွေး​နွေး ထွက်ထားတဲ့ ခပ်မိုက်မိုက် Indian series ​လေးတစ်ခုနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။

Aspirants လို့ အမည်ရတဲ့ ဒီ Web Series ဟာ အံ့သြဖို့​ကောင်း​လောက်​အောင် Viewer (၃)သိန်းနီးပါးvoteထားပြီး IMDb..9.0ထိတောင် ရရှိထားတာ​တွေ့ရပါတယ်။

India နိုင်ငံမှာ အခက်ဆုံးနဲ့ အ​ကျော်ကြားဆုံး စာ​မေးပွဲ တစ်ခုရှိပါတယ်။ အဲ့ဒါက​တော့ အရာရှိအရည်အချင်းစစ် စာ​မေးပွဲပါ။

UPSC လို့ အတို​ကောက်​ခေါ်တဲ့ Union Public Service Commision ဟာ နှစ်စဥ် IAS အရာရှိ အရည်အချင်းစစ် စာ​မေးပွဲ​​ကို ကျင်းပပါတယ်။

ကမ္ဘာ​ပေါ်မှာ ဒုတိယအခက်ဆုံးလို့ နာမည်ကြီးတဲ့ IAS စာ​မေးပွဲ ကို ​အောင်မြင်မှသာ India မှာထိပ်တန်းအဆင့် အရာရှိ ​တွေ ဖြစ်ခွင့်ရှိပါတယ်။

Abhilash၊ Guri နဲ့ SK ဆိုတဲ့ သူငယ်ချင်း ၃​ယောက်ရဲ့ IAS စာ​မေးပွဲ ​​ဖြေဖို့အတွက်India ရဲ့ နာမည်ကြီး အရာရှိသင်တန်း​ကျောင်းမှာ ကြိုးစားကြပုံ​တွေ၊ သူတို့ဘယ်လိုအခက်အခဲတွေကိုဖြတ်သန်းနေရပုံတွေကို စိတ်ဝင်စားဖွယ်ရာတွေ့မြင်ရမှာဖြစ်ပါတယ်....

သာမန် Bollywood ဇာတ်ကား​တွေရဲ့ ပုံစံက​နေ သိသိသာသာ ကွဲထွက်​နေတဲ့ ဒီ web series ​ဟာ
အပိုင်း ၅ပိုင်း ပါရှိပြီး Imdb rating 9 ထိ ရရှိ​နေတာမို့ လုံးဝ လက်လွတ် မခံသင့်တဲ့ ဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်ပါတယ်။

Quality – 720p 

Duration – 1hr

Genre : Drama
Download Link
Ep 1
Ep 2
Ep 3
Ep 4
Ep 5 (END)


..... Thank For Watching ......

 

1962: the War in the Hills (2021)

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ 1962:War in the Hills ဆိုတဲ့အိန္ဒိယစစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို၁၉၆၂ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-တရုတ် စစ်ပွဲအကြောင်းကိုအခြေခံပြီးရိုက်ကူးတင်ပြထားတာပါ။

အိန္ဒိယစစ်သား ၁၂၅ ယောက်က တရုတ်စစ်သား ၃၀၀၀ လောက်ကိုသတ္တိရှိရှိခုခံတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

မေဂျာဆူရက်ဂ်ျဆင်းဂ်ဟာထက်မြက်ပြီးတိုင်းပြည်ကိုချစ်တဲ့စစ်သားတစ်ယောက်ဖြစ်ပြီးတော့ သူတို့ပိုင်တဲ့လာဒတ်နယ်မြေကိုတရုတ်လက်ထဲကနေ ကာကွယ်ဖို့ဦးဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့်လည်းခေတ်မီလက်နက်တွေမရှိတဲ့အိန္ဒိယအနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့တရုတ်ကိုယှဉ်နိုင်ဖို့ခက်ခဲလှပါတယ်။

နောက်ဆုံးမှာဆူရက်ဂ်ျဆင်းဂ်တစ်ယောက်နိုင်ငံပိုင်နက်ကိုကာကွယ်သွားနိုင်မလား...

တရုတ်လက်ထဲကိုပဲ အရှုံးခံလိုက်ရမလား....ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါဦး...

File Size – 700MB

Quality : 1080p WED-DL

Genre :Action, Adventure

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10 (END)

..... Thank For Watching......

 

Tandav (2021) 

Amazon Prime မှာပြသခဲ့တဲ့ အိန္ဒိယ Political Drama ဇာတ်လမ်းတွဲတစ်တွဲ ဖြစ်တဲ့ Tandav (2021) Seires လေးနဲ့ မိတ်ဆက်ပေးပါရစေ...

အညွှန်း 

ဒေ့ဗ်ကီနန်ဒန် နဲ့ ဆမားပရာတပ်ဆင်းဂ် တို့ဟာပြီးခဲ့တဲ့သက်တမ်း သုံးဆက်လောက် သောင်ပြိုကမ်းပြိုနိုင်လာခဲ့တဲ့ ဂျေအယ်လ်ဒီပါတီရဲ့ ဦးစီးဦးဆောင်သူတွေလည်းဖြစ် သားအဖတွေလဲဖြစ်ကြပါတယ်။ 

အခုလက်ရှိသက်တမ်းရွေးကောက်ပွဲမှာလည်း မဲရုံကထွက်လာတဲ့သူတွေအပေါ်မေးမြန်းမှုရလဒ်တွေအရ သူတို့ပါတီပဲ ဆက်နိုင်ဖို့လဲ အလေးသာနေတာပါ။

ဒါပေမယ့် သူတို့သားအဖ ကြားမှာကာကွယ်ရေးဝန်ကြီး ဘယ်သူကိုရွေးမလည်းဆိုတဲ့ ကိစ္စအပြင် တစ်ခြားသဘောထားကွဲလွဲမှုတွေ တေးထားတဲ့ အညှိုးတွေလဲရှိနေပါတယ်။

ဒီလိုပဲ မာလတ်ခ်ပူးဆိုတဲ့ရွာတစ်ရွာက လယ်မြေတွေကို အစိုးရကစီမံကိန်းနဲ့မလွတ်လို့ဆိုပြီးသိမ်းတဲ့အပေါ်မကျေနပ်သူတွေက လယ်ယာမြေ ပြန်ရရှိရေးဆန္ဒပြကြပါတယ်။ 

အဲ့ဒီထဲမှာ ပညာတတ်ကျောင်းသားတစ်ချို့လဲပါဝင်ပြီး အဲ့ဒီထဲက ကျောင်းသားသုံးဦးနာမည်နဲ့တကွ အဓိကရုဏ်းနှိမ်နင်းရေး.ခေါင်းဆောင်ရဲတွေဆီကို သတ်ဖို့အမိန့်ရောက်လာတဲ့အခါ..။

ဇာတ်လမ်းရဲ့အပိုင်းတစ်မှာ ပြသွားတဲ့ ဇာတ်ကွက်တွေထဲက တစ်ချို့ဖြစ်ပါတယ်။ 

နာမည်ကျော်မင်းသားကြီး SaifAli Khan (SacredGames) ခေါင်းဆောင်ပါဝင်ထားပြီး Dimple Kapadia, Mohd. Zeeshan Ayyub တို့လိုပရိသတ်နဲ့ရင်းနှီးပြီးသား နာမည်ကျော်ဇာတ်ပို့တွေများစွာပါ.ဝင်တဲ့ နိုင်ငံရေးလောကနောက်ခံ Drama, Thriller ကားတစ်ကားဖြစ်ပါတယ်။ 

အများပြည်သူမမြင်နိုင်တဲ့ ကန့်လန့်ကာနောက်ကွယ်ကဇာတ်ရှုပ်တွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ အကွက်ရွှေ့တာတွေကိုမြင်ရမှာဖြစ်ပြီး အပိုင်းတစ်ရဲ့အဆုံးသတ်မှာ ချိုးသွားတဲ့ အကွေ့ကြီးကလဲအတော်ကြမ်းလွန်းလို့ဆက်ကြည့်ကြဖို့လည်းတောင်းဆိုအပ်ပါတယ်။

အပိုင်း(၉)ပိုင်းထွက်ရှိခဲ့ပြီး အစအဆုံးအကုန်တင်ဆက်ပေးထားပါတယ်။

File Size – 500MB
Quality – WEB-DL 1080P
Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9 (END)

🅒🅞🅜🅟🅛🅔🅣🅔

 

Followers

Slider

5/Teste Menu 7/slider
MM Official