Never Have I Ever (2020-2021)
အညွှန်း
ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေမယ့်သူတွေအတွက်netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingကသူရဲဆယ်ကျော်သက်ဘဝကိုပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီးအရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်။
အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီလေးက ကယ်လီဖိုးနီးယားမှာကျောင်းတက်နေတဲ့ဆယ်ကျော်သက်အရွယ် အိန္ဒိယလူမျိုးမလေးပေါ့ …..
အိန္ဒိယလူမျိုးဖြစ်တဲ့ဒေဗီ မိဘတွေကတော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆတွေရှိကြတယ်ပေါ့နော်။
ဒေဗီကတော့ အမေရိကန်မှာမွေးတဲ့သူဖြစ်လို့ သူ့မိဘတွေနဲ့ဆန့်ကျင့်ဖက်ပေါ့။
ဒေဗီဟာ သူ့အဖေဆုံးပြီးတဲ့နောက်ပိုင်း စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်းသေသွားခဲ့ပါတယ်။
ဒါပေမယ့် နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့ကောင်လေးကြောင့်ရုတ်တရက်လမ်းပြန်လျှောက်နိုင်ခဲ့တယ်။
သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင်ရည်းစားရအောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ😀😀
သူ့သူငယ်ချင်းငပေါမနှစ်ယောက်နဲ့ သူတို့ကျောင်းမှာပေါ်ပြူလာ ဖြစ်အောင်နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်းတလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့။
ဒေဗီရဲ့အမေ့စတိုင်က မြန်မာနိုင်ငံက မိဘတွေတော်တော်များများနဲ့ဆင်နေတော့ဒီစီးရီးတစ်ခုလုံး ခွီနေရမှာ အသေချာပါပဲ။
Download link
Season 1
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10(END)
Zip File - GDRIVE
Season 2
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10(END)
..... Thank For Watching ......
0 Comments: