Showing posts with label 2020. Show all posts
Showing posts with label 2020. Show all posts
BLACKPINK Light Up The Sky (2020)

အညွှန်း
ချစ်စရာကောင်မလေး လေးယောက်ဖွဲ့စည်းထားတဲ့ နာမည်ကျော် K-pop Girl Groupဖြစ်တဲ့ BLACKPINK ကို အားလုံးပဲသိကြမယ်လို့ ထင်ပါတယ်။ 

မသိကြသေးရင်လည်း ဒီ Film လေးကို ကြည့်ပြီး သူတို့ ဘယ်သူလဲဆိုတာ ‌သေချာပေါက် သိသွားစေမှာပဲ ဖြစ်ပါတယ်။

Documentry Film ပုံစံမျိုးလေးဖြစ်ပြီးတော့ BLACKPINK ဖြစ်ပေါ်လာပုံ၊ 

BLACKPINK ဖြစ်ပေါ်လာဖို့ ငယ်စဉ်တည်းက ‌‌သူတို့ကြိုးစားခဲ့ပုံ၊ 

အခုထိလည်း ကြိုးစားနေဆဲ ကာလတွေကို လေးစားအားကျဖွယ် တင်ဆက်ပေးတဲ့ motivation film ပုံစံမျိုးလည်း ဖြစ်တဲ့အတွက် အားလုံးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

File Size : (1.20 GB) , (650 MB) 

Quality : NF WEB-DL (1080p 5.1,720p)

Running Time : 1h 19min

Genre : Documentary, Music

Download Link


...... Thank For Watching...... 




Never Have I Ever (2020-2021) 

အညွှန်း

ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေမယ့်သူတွေအတွက်netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingကသူရဲဆယ်ကျော်သက်ဘဝကိုပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီးအရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်။

 အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီ​လေးက ကယ်လီဖိုးနီးယားမှာ​ကျောင်းတက်​နေတဲ့ဆယ်​ကျော်သက်အရွယ် အိန္ဒိယလူမျိုး​မ​လေး​ပေါ့ …..

အိန္ဒိယလူမျိုးဖြစ်တဲ့ဒေဗီ မိဘ​တွေက​တော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆ​တွေရှိကြတယ်ပေါ့နော်။

ဒေဗီက​တော့ အ​မေရိကန်မှာ​မွေးတဲ့သူဖြစ်လို့ သူ့မိဘ​တွေနဲ့ဆန့်ကျင့်ဖက်​ပေါ့။

ဒေဗီဟာ သူ့အ​ဖေဆုံးပြီးတဲ့​နောက်ပိုင်း​ စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်း​သေသွားခဲ့ပါတယ်။

ဒါပေမယ့် ​​နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့​ကောင်​လေး​ကြောင့်ရုတ်တရက်လမ်းပြန်​လျှောက်နိုင်ခဲ့တယ်။

သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ​ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင်ရည်းစားရ​အောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ😀😀

သူ့သူငယ်ချင်းင​ပေါမနှစ်​ယောက်နဲ့ သူတို့​ကျောင်းမှာပေါ်ပြူလာ ဖြစ်​အောင်​နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်းတလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့။

ဒေဗီရဲ့အ​မေ့စတိုင်က မြန်မာနိုင်ငံက မိဘ​တွေ​တော်​တော်များများနဲ့ဆင်နေတော့​ဒီစီးရီးတစ်ခုလုံး ခွီနေရမှာ အသေချာပါပဲ။
Download link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10(END)

Zip File - GDRIVE 

Season 2

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10(END)



..... Thank For Watching ......

 

Star Girl (2020-2021)

အညွှန်း 

Christmas အကြို ညတစ်ညမှာ JSA (Justice Society of America) အဖွဲ့နဲ့ Injustice Society တို့ အပြင်းအထန် တိုက်ခိုက်ကြရင်း JSA တစ်ဖွဲ့လုံး မျိုးကန်းသွားခဲ့ပါတယ်။

အဲဒီမှာ ဒဏ်ရာရပြီး သေခါနီးဖြစ်နေတဲ့ Starman က သူ့ရဲ့sidekickဖြစ်တဲ့ Pat ကို Comis Staff ကြီး ပေးခဲ့လိုက်တယ်။

ထိုက်တန်တဲ့သူတစ်ယောက်ကာိ ပေးအပ်ခိုင်းပြီး JSA ကို ဆက်လက်ရှင်သန်အောင်ထားဖို့ မှာခဲ့တော့တယ်။

၁၀ နှစ်ကြာပြီးတဲ့နောက်မှာ Pat ရဲ့ မယားပါသမီး
Courtney Whitmore က Staff ကို မတော်တဆတွေ့သွားတွေ့သွားတဲ့အချိန်မှာ Stargirl Origin အတွက် အခြေခိုင်တဲ့ episode တစ်ခုဖြစ်လာပါတော့တယ်။

VFX တွေကလည်း တော်တော်လေး လန်းပါတယ်။
မင်းသမီးလေးလည်း အတူတူပါပဲ။

DC Fan တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းမယ့်seriesတစ်ခုပါ။
Download Link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13(END)

Season 2 Coming Soon



..... Thank For Watching ......








 

Jiu Jitsu (2020)

မင်းသားကြီး နီကိုလက်ကေ့ နဲ့ တိုနီဂျားတို့ ပါဝင်ထားတဲ့ ဂျူဂျစ်ဆု ရုပ်ရှင်ထွက်ပါပြီ။

ဂျူဂျစ်ဆု ဆိုတာ သိုင်းပညာကို သီးသန့် ရည်ညွှန်းတာမဟုတ်ဘူး ဒီ ရုပ်ရှင်မှာတော့ သီးသန့်အဓိပ္ပါယ်နဲ့ပဲ ဖြစ်ပါတယ်။

Predator ရုပ်ရှင်နဲ့ နင်ဂျာ ရုပ်ရှင်တွေကို လွမ်းတယ်ဆိုရင် ဒီကားကို ကြည့်လိုက်ပါ။

ဂြိုလ်သားတွေနဲ့ နင်ဂျာတွေ ချတဲ့ဇာတ်လမ်းပါပဲ။
ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေပါလို့ မပြောပြတော့ပါဘူး။ 

ဇာတ်လမ်း၊ ဒိုင်ယာလော့၊ အက်ရှင်၊ အထူးပြုလုပ်ချက်တွေကတော့ ဘာမှပြောစရာမရှိပါဘူး။ကြည့်ပြီးရင် သိပါလိမ့်မယ်။

Download Link


..... Thank For Watching ......
Yuukoku no Moriarty  (2020)

ရှားလော့ခ်ပရိသတ်တွေဆိုရင် ဒီဘဲအကြောင်းကိုသိကြမှာပါ။

ရှားလော့ခ်နဲ့သူတင်ကိုယ်တင်ဉာဏ်ရည်ယှဉ်ခဲ့တဲ့အပြင် နောက်ဆုံးရှားလော့ခ်ကိုပါရေတံခွန်ထဲဆွဲချပြီးဇီဝိန်ခြွေပြခဲ့တဲ့ဘဲကြီးပါ။

ရှားလော့ခ်ကိုမသိကြရင်တောင် ရှားလော့ခ်ဇာတ်လမ်း‌တွေ ကို‌80%မှီငြိမ်းထားတဲ့ မင်းသိင်္ခရဲ့
မြန်မာကျော် ဆားပုလင်းနှင်းမောင်ဝတ္ထုမှာပါတဲ့....

ဆားပုလင်းနှင်းမောင်ကိုသေနတ်နဲ့ပစ်ပြီးလုပ်ကြံခဲ့တဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုတာဟာ
မိုရီအားတီကိုမှီငြိမ်းထားတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ရှားလော့ခ်ကိုအဓိကဇာတ်ကောင်အနေနဲ့တည်ထားတဲ့ ဇာတ်လမ်းတွေပဲထွက်လေ့ရှိပေမယ့်။

ဒီဂျပန်ကာတွန်းမှာတော့ ရှားလော့ခ်ရဲ့ရန်သူတော်ကြီးမိုရီအားတီရဲ့ ဉာဏ်ကစားပုံတွေ၊ အစီအစဉ်ဆွဲပုံတွေကိုအဓိကပြထားတာတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။

Download Link

Season 1

Ep 1
EP 2
Ep 3
EP 4
Ep 5
EP 6
Ep 7
EP 8
Ep 9
EP 10
Ep 11(END)

Season 2

Ep 1
EP 2
 GDRIVE   
Ep 3
EP 4
 GDRIVE   
Ep 5
EP 6
 GDRIVE   
Ep 7
EP 8
 GDRIVE   
Ep 9
EP 10
 GDRIVE   
Ep 11
EP 12
 GDRIVE   
Ep 13 (END)


..... Thank For Watching ......

  




















Love You My Arrogance (2020)

အညွှန်း 
ကျေးရွာတွေဆီ ခရီးထွက် video တွေရိုက်ပြီး Youtube Channel ပေါ်တင်ရင်း နာမည်ရလာတဲ့ အိုက်ဆန် တစ်ယောက်။

Fanတွေ အများရှိပေမယ့် ဘယ် Fan နဲ့မှ အရောတဝင်မနေ မာနကြီးသလိုလုပ်နေတာကြောင့် လူမုန်းများလာခဲ့ပါတယ်။

သူဘယ်သူနဲ့မှ အရောတဝင်မလုပ်ရတာကတော့ သူ့မှာ ထူးခြားတဲ့အစွမ်းရှိနေလို့ပါ အဲ့ဒါကတော့ သူများတွေ စိတ်ထဲကတွေးနေတာကို ကြားနေရတာပါပဲ။

Fan တွေကြားထဲရောက်သွားရင် လူတွေအများကြီးရဲ့အတွေးတွေကို ကြားနေရပြီး ခေါင်းအရမ်းမူးတာကြောင့် အရောတဝင်မနေဖြစ်တော့တာပေါ့။

ဒီလိုနဲ့ တနေ့ သူခရီးထွက်လာတဲ့ လမ်းမှာ အန်နာဆိုတဲ့ ကောင်မလေးနဲ့ တွေခဲ့တယ်။

တစ်ခြားသူတွေ အတွေးကို အကုန်ကြားနေရတဲ့သူ အန်နာရဲ့အတွေးကိုတော့ ဘယ်လိုပဲကြိုးစားနားထောင်နားထောင် သူမကြားရပါဘူး။

အန်နာဆိုတာလည်း တက်သစ်စ စာရေးဆရာမတစ်ယောက်ကုန်ကြမ်းတွေစုဖို့အတွက် နယ်လှည့်ပြီး လူတွေအကြောင်း လေ့လာနေသူတစ်ယောက်ပေါ့။

အဲ့အချိန်မှာ အိုက်ဆန်နဲ့တွေ့ပြီး ကုန်ကြမ်းရပြီဆိုပြီး အနောက်က တကောက်ကောက် လိုက်ကပ်နေတဲ့နောက်…

သူတို့ရဲ့ ထူးဆန်းလှတဲ့ တွေ့ဆုံမှု့ကနေ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှူ့ခံစားလိုက်ပါ ။

Quality__1080p, 720p

File Size__1.8 Gb and 1Gb

Duration__01:32:00

Type__Comedy , Romance

Download Link



..... Thank For Watching ......

 

How I became a Superhero (2020)

ခုတင်ဆက်ပေးမှာကတော့ 2020 ထွက်စွမ်းအားရှင် ဇာတ်ကားလေးဖြစ်ပါတယ်

"ကြီးလာရင် လူစွမ်းကောင်းကြီး လုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်မယ်"ဆိုတဲ့ ငယ်ဘဝစကားလေးကိုတော့ လူတိုင်း မှတ်မိကြမယ် ထင်ပါရဲ့။

ဒါပေမဲ့လည်း တကယ်တမ်းကျ Superhero ဖြစ်ရတဲ့ဘဝဟာ ခက်ခဲနက်နဲတဲ့ မစ်ရှင်တစ်ခုကို ထမ်းဆောင်နေရသလိုပါပဲ။

ကြမ်းတမ်းတယ် ..... ပင်ပန်းတယ် ..... ခက်ခဲလှပါတယ် .....

ဒီဇာတ်လမ်းမှာတော့ စွမ်းအားရှင်တွေနဲ့အတူ သာမန်လူတွေက အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်။

အချိန်ကြာလာတာနဲ့အမျှ သာမန်လူတွေဟာ
စွမ်းအားရှင်တွေလိုမျိုး အစွမ်းတွေ ပိုင်ဆိုင်လာချင်ကြပါတယ်။

ဒီလိုနဲ့ သူတို့က အစွမ်းရဖို့အတွက် ဆေးတွေသုံးစွဲကြရင်း ပဲရစ်လူအဖွဲ့အစည်းအတွင်းမှာ ဘယ်လိုထိခိုက်မှုတွေရှိလာမလဲ....

ရဲအရာရှိဖြစ်တဲ့ မင်းသားမော်ရိုးဟာ ဒီအမှုအတွက် လိုက်လံစုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ....

မော်ရိုးရော ဒီအမှုကိုဖြေရှင်းနိုင်ပါ့မလား?
သူရဲ့နောက်ကြောင်းကကော ဘယ်လိုဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြပါဦးနော်

The Boys တို့ Jupiter Legacy'sတို့ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲနော်

File size…1..78 GB and 874 MB

Quality….WEB-DL 1080p and 720p

Duration….1h 37min

Download Link



..... Thank For Watching ......

 

Skater Girl (2020)

နက်ဖလစ်ရဲ့ Hindi ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။

စကိတ်စီးတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့။

ပုံမှန်ဆို ကောင်မလေး စကိတ်စီးတာ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမယ့် ဘာမှမတိုးတက်သေးတဲ့ ရှေးရိုးစွဲ ရွာတစ်ရွာကကောင်မလေးတစ်ယောက် စကိတ်ပြိုင်ပွဲဝင်ဖို့ဆိုတာတော့ အတော်ကို မဖြစ်နိုင်သလောက်ပါပဲ။

ဒီရုပ်ရှင်ကလည်း အိန္ဒိယဘက်က ရွာတွေဘက်က မိန်းကလေးတွေကို နှိမ်ချထားတာတွေဇာတ်ခွဲတာတွေကို ပြထားတာပါပဲ။ 

လန်ဒန်မြို့ကနေ အိန္ဒိယသူလေးတစ်ယောက်က
အကြောင်းတစ်ခုကြောင့် ရွာကလေးကိုရောက်လာတယ်။

သူ့ရဲ့မိတ်ဆွေဆီက စကိတ်ကို ကလေးတွေ ယူစီးရင်း အရမ်းသဘောကျသွားရင်းနဲ့ သူလည်း ကလေးတွေကိုစကိတ်စီးနိုင်အောင်နည်းမျိုးစုံနဲ့အားပေးဖြစ်သွားတယ်။

စကိတ်အားကစားကနေ ကလေးတွေကို လွတ်လပ်ခွင့်နဲ့ ဇာတ်ခွဲခြားတာတွေပျောက်အောင်ကူညီခဲ့တယ်။

သားယောကျာ်းလေးတွေအတွက် အခက်အခဲ ဒီလောက်မရှိပေမယ့် ပရီရာဆိုတဲ့ မိန်းကလေး တစ်ယောက်က စကိတ်အားကစားကို ရူးသွပ်လာတဲ့အခါ….ကဲ ထုံးစံအတိုင်း နက်ဖလစ်ကဆိုတော့ အားပေးလိုက်ကြပါဦးဗျာ...

File size…(1.5 GB) and (800 Mb)

Quality….web 1080p and 720p

Duration….01:47:00

Download Link



..... Thank For Watching ......

 

Dear Tenant (2020)

အရင်နှစ်တွေက ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ဖို့ကို ခွင့်ပြုပေးခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။ 

အခုလည်း အံ့ဩစွာနဲ့ ထိုင်ဝမ်ရဲ့အကြီးကျယ်ဆုံးဆုပေးပွဲဖြစ်တဲ့ Golden Horse Awards မှာ BL ကားဖြစ်တဲ့ဒီကားလေးက ဇကာတင်ဆု ၅ ဆုအတွက် ဆု ၄ ခုရရှိခဲ့ပါတယ်။

ဒီဇာတ်လမ်းကိုရေးသားသူကတော့ “လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်နဲ့မဆိုင်ဘဲ မိသားစုနှစ်ခုပေါင်းစပ်တာပါ။ 

ဒီကြားထဲ သားသမီးတွေပါလာရင် ပိုရှုပ်ကုန်မှာပေါ့။ ဒီလိုမျိုးရှုပ်ထွေးမှုကို လိင်တူနှစ်ယောက် လက်ထပ်တဲ့အခါ ဘယ်လိုကြုံတွေ့နိုင်မလဲဆိုတာ စိတ်ကူးရင်း ဇာတ်လမ်းရေးသားခဲ့တာပါ” လို့ဆိုခဲ့ပါတယ်။

အချစ်ဆိုတာ ချစ်နေဖို့ပဲဖြစ်ပြီး အချစ်အတွက် တာဝန်ယူမှု၊ သစ္စာစောင့်သိမှုဆိုတာ လိင်မခွဲခြားဘဲ ချစ်သူတွေအားလုံး လိုက်နာရမယ့်စည်းဆိုတာကိုလည်း အသားပေးရိုက်ပြပေးထားပါတယ်။

ကျန့်ရီ ကတော့ လွန်ခဲ့တဲ့ငါးနှစ်က သူ့ရဲ့ချစ်သူကိုဆုံးရှုံးပြီးနောက် ချစ်သူရဲ့သားနဲ့အမေကို မိသားစုသဖွယ် စောင့်ရှောက်ပေးခဲ့တဲ့သူပါ။ 

ဒါက ပုံမှန်မိန်းကလေးဆိုရင်တော့ အရမ်းလိမ္မာတဲ့ချွေးမလို့သတ်မှတ်ပြီး ယောက်ျားလေးတစ်ယောက်က သိတတ်တဲ့အခါမှာတော့ ဘာများမျှော်လင့်စရာရှိလဲဆိုတဲ့ သံသယတွေဖြစ်ပေါ်စေပါတယ်။

မကြာခင် ကျန့်ရီစောင့်ရှောက်နေတဲ့ အမေက သေဆုံးသွားခဲ့ပြီး ကျန့်ရီ က သားကို မွေးစားလိုက်ပါတယ်။ 

အမေဆုံးတာကို မယုံကြည်ဖြစ်နေတဲ့ သားငယ်က ရှန့်ဟိုင်းကနေ လိုက်လာပြီး အိမ်ကိုစစ်ဆေးတဲ့အခါ အိမ်ကို မြေးနာမည်နဲ့လုပ်ပေးထားတဲ့အပြင် အလောင်းကိုခွဲစိတ်လိုက်တော့ အမေက မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းပါ တွေ့ရတဲ့အခါ အားလုံးရဲ့ သံသယက ကျန့်ရီ အပေါ်ရောက်ရှိလာပါတော့တယ်….

ပုံမှန်မဟုတ်တဲ့ ဒီကားလေးက ဘာမှမထူးခြားဘဲ ပုံမှန်အတိုင်း ချစ်ကြပါတယ်။ ပုံမှန်အတိုင်း သံသယဝင်ကြပြီး ပုံမှန်အတိုင်း လွမ်းဆွတ်ကြပါတယ်။

အဲ… ထူးခြားတာကတော့ အချစ်ကိုချစ်နေဖို့အတွက်ပဲ နားလည်ခဲ့ကြတဲ့ လူအကြောင်းကို ရိုက်ကူးထားတာမို့ ရင်ထဲထိဉီးမယ့် Drama ကားကောင်းလေးတစ်ကား ဖြစ်နေတာပါပဲ။ ။

(⚠ နည်းနည်းလေးတော့ ခိုးကြည့်ရမယ့်အခန်းလေးပါတာမို့ မိသားစုနဲ့ကြည့်မယ်ဆို ရီမုဒ်လေးကိုင်ထားနော် ⚠)

Quality – 1080p, 720p BluRay 5.1CH

Duration – 1h 46min

Genre : Drama

Download Link



..... Thank For Watching ......


 

HOLLER (2020)

​အကယ်၍များ တစ်စုံတစ်ယောက်က
လောကကြီးမှာအရေးအကြီးဆုံးအရာကို မေးလာခဲ့ရင်ဘယ်လိုဖြေမှာလဲ???

လူအမျိုးမျိုး အဖြေအမျိုးမျိုးကွဲပြားနိုင်ပေမယ့်
ကျွန်တော်တို့ အချိုးကျတွက်လိုက်ရင် ပိုက်ဆံဆိုတဲ့ အဖြေပဲ အများဆုံးထွက်လာမှာပါ...

ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ဝယ်မရဘူးလို့ ပြောကြပေမယ့်ပိုက်ဆံမရှိလို့ မပျော်ရွှင်နိုင်ဖြစ်နေတဲ့သူတွေက ပိုများတာပဲမလား??

Blaze နဲ့ Ruth ဆိုတဲ့ မောင်နှမနှစ်ယောက်ကိုမေးလိုက်ရင်လည်း ပိုက်ဆံလို့ပဲဖြေမှာထင်တယ်။

အဖေမရှိ အမေဖြစ်သူကလည်း အချုပ်ထဲရောက်နေတဲ့ သူတို့အတွက်က ပိုက်ဆံထက် ဘာကပိုအရေးကြီးဦးမှာလဲ.....

ဒါပေမယ့် မောင်နှမနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာဗျ...

​ညီမလေးဖြစ်သူဖြည့်ထားတဲ့ကောလိပ်လျှောက်လွှာကိုတွေ့လို့ တင်ပေးလိုက်တဲ့ Blaze တစ်ယောက်။

သူ့ညီမ ကောလိပ်ဝင်ခွင့်လည်းရရော ဇွတ်ကို ကောလိပ်ပို့ချင်နေတော့တာပါပဲ။

နဂိုကမှ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ရုန်းကန်နေရတဲ့ထဲ ကောလိပ်တက်ရမှာမို့ နှစ်ယောက်သား အလုပ်ရှာရင်းနဲ့တရားမဝင်ဈေးကွက်တစ်ခုကို ရောက်သွားကြတယ်။

ဇာတ်လမ်းက အဲ့ကနေစပါတယ်.....

​ပိုက်ဆံရှာဖို့အတွက် ရုန်းကန်ရတဲ့ မောင်နှမနှစ်ယောက်ကြားက နွေးထွေးမှုတွေ တရားမဝင်ဈေးကွက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲပေါင်းများစွာနဲ့အတူ ​အဆုံးမှာတော့ Blaze နဲ့ Ruth တို့ မောင်နှမနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။

Quality – 1080p, 720p WebRip

Duration – 1h 30min

Genre : Drama

Download Link


..... Thank For Watching ......

 

Occupation: Rainfall (2020)

ဂြိုလ်သားမျိုးနွယ် နဲ့ လူသားမျိုးနွယ် အချင်းချင်းချကြပါပြီ။ အကျင့်မကောင်းတဲ့ လူသားမျိုးနွယ် နဲ့ နယ်မြေကျူးကျော်ချင်တဲ့ ဂြိုလ်သားမျိုးနွယ်တို့ တို့ တိုက်ခိုက်ကြတဲ့အခါ ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ ပရိသတ်ကြီး…

အခုဇာတ်လမ်းလေးက ၂၀၁၈ လောက်က ထွက်ခဲ့တဲ့ Occupation ကားရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းရဲ့ မူလအရသာမပျောက် သွားအောင် Home and Away နဲ့နာမည်ကျော်ခဲ့တဲ့ ဩစတြေးလျမင်းသား Dan Ewing ကပဲ အခုဒုတိယအတွဲမှာ ပြန်လည်
သရုပ်ဆောင်ခဲ့ပါတယ်။ 

ဘဲကြီးရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု နဲ့ ဇာတ်လမ်းထဲက ဂျစ်ကန်ကန်စတိုင်တွေကြောင့် ရုပ်ရှင်ချစ်ပရိသတ်ကြီးကိုထပ်ပြီးဆွဲဆောင်မှာတော့ မြင်ယောင်မိပါသေးတယ်။

ပထမပိုင်းဖြစ်တဲ့ Occupation မှာတော့ ကျူးကျော်လာသူ ဂြိုလ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ လူသားမျိုးနွယ်တွေအချင်းချင်း
မဟာမိတ်ဖွဲ့ပြီးပြင်ဆင်ခဲ့ပါတယ်။ 

မဟာမိတ်အဖွဲ့တိုက်ခိုက်ပြီး လူသားမျိုးနွယ်ထဲကို ဂြိုလ်သားတွေရောနှောပေါင်းစပ်လာတော့မှရင်ခုန်စရာကောင်းအောင် အဆုံးသတ်သွားပြီးနောက် အခု ၂၀၂၁ မှာတော့ ဒုတိယအပိုင်းထွက်ရှိလာခဲ့ပါပြီ။

ကမ္ဘာမြေပေါ်ကို ဂရေး လို့ခေါ်တဲ့ ဂြိုလ်သားအုပ်စုကြီး ဆင်းသက်လာတဲ့အချိန်ကစပြီး ကမ္ဘာကြီးမှာ သေဆုံးတဲ့သူတစ်ဖြေးဖြေးများပြားလာပါပြီ ။ 

အဲ့ဒီ ဂရေး တွေ ဘာလို့ ဒီလောက်သဲကြီးမဲကြီး ကမ္ဘာမြေပေါ်ကို ကျူးကျော်တိုက်ခိုက်ရန်လာလည်းဆိုတာ အဖြေရှာမရဖြစ်နေပါတယ်။ 

ဒီလိုသွေးစွန်းနေတဲ့အဖြစ်အပျက်တွေကို ကြည့်မနေနိုင်တဲ့ စိတ်ထားကောင်းတဲ့ ဂရေးအုပ်စုကလည်း လူသားမျိုးနွယ်နဲ့ပူးပေါင်းသွားကြပါတယ်။

ဘယ်လိုပဲပေါင်းပေါင်း လူသားကတစ်ဖွဲ့ ဂြိုလ်သားကတစ်ဖွဲ့ ဂြိုလ်သားနဲ့လူသားမဟာမိတ်ကတစ်ဖွဲ့သုံးဖွဲ့ကွဲပြီးအကွဲကွဲအပြားပြားလည်းဖြစ်လာကြရပါတယ်။

ဂရေးဂြိုလ်သားတွေ သဲကြီးမဲကြီး ကမ္ဘာမြေပေါ်မှာ တိုက်ခိုက်ရတဲ့အကြောင်းရင်း… ဂရေးဂြိုလ်သားတွေကို တားဆီးဖို့ လူသားမျိုးနွယ်တွေမဖြစ်မနေရှာဖွေနေတဲ့အရာ… 

ဂြိုလ်သားနဲ့လူသား မဟာမိတ်တည်တံ့ဖို့ လိုအပ်နေတဲ့ အရေးကြီးဆုံးအဖြေ…. အဲ့ဒါတွေအားလုံးရဲ့ သော့ချက်က ဇာတ်လမ်းခေါင်းစဉ်အတိုင်း Rainfall (ရိန်းဖော) ဖြစ်နေတဲ့အခါ…..ဇာတ်လမ်းထဲမှာအဖြေရှာလိုက်ပါဦးနော်.....

Quality – 1080p, 720p WebRip

Duration – 2h 08min

Genre : Action, Adventure, Crime

Download Link


..... Thank For Watching ......


 

Manchester United: For the Glory (2020)

မန်ချက်စတာယူနိုက်တက်လို့ဆိုလိုက်တာနဲ့
မသိသူမရှိတဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ဘောလုံးအသင်းကြီးတစ်သင်းကို အမြန်ဆုံးပြေးမြင်မိကြမှာပါပဲ။

ကမ္ဘာတစ်လွှားပရိတ်သတ်သန်းပေါင်း
၆၅၀ကျော်ရှိတဲ့ ယူနိုက်တက်ဟာ အခုလက်ရှိ
အင်္ဂလန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး
အသင်းတစ်သင်းဖြစ်သလို ကမ္ဘာ့အကောင်းဆုံး
အလပ်အသင်းတွေထဲကတစ်သင်းဖြစ်တယ်ဆိုတာ
ဘယ်သူမှငြင်းဆိုကြမယ်မထင်ပါဘူး။


မန်ချက်စတာယူနိုက်တက်ကို ၁၈၇၈ခုနှစ်မှာ
နယူတန်ဟိဒ် ဆိုတဲ့နာမည်နဲ့ စတင်တည်ထောင်ခဲ့ပြီးတော့ အသင်းသက်တမ်းဟာ နှစ်ပေါင်း ၁၄၀ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။

အသင်းသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ ကျရှုံးမှုတွေ ကြမ္မာဆိုးတွေ အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒီဇာတ်လမ်းဟာ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး နည်းပြဘတ်စ်ဘီရဲ့ နာမည်ကျော် Busby Babesအသင်းအကြောင်း မြူးနစ်လေယာဉ်ပျက်ကျမှုအဖြစ်ဆိုးအကြောင်း 

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ၉၀ခုနှစ်အသင်းအကြောင်း အသင်းရဲ့အရေးပါဆုံးကစားသမားတွေအကြောင်း 

မဟာပြိုင်ဖက်အသင်းတွေအကြောင်းနဲ့ ဖာဂူဆန်အနားယူသွားပြီနောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း

များကို အချက်အလက်များနဲ့တကွ ရှင်းလင်းတင်ပြထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်ပရိတ်သတ်များနဲ့ ယူနိုက်တက်ရဲ့သမိုင်းကို သိလိုသူများ မဖြစ်မနေကြည့်ရှုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

File size…(1.2 GB) and (800 MB)

Quality….WEB-DL 1080p and 720p 5.1CH

Duration….01:05:00

Download Link


..... Thank For Watching ......



 

Followers

Slider

5/Teste Menu 7/slider
MM Official