Showing posts with label 2006. Show all posts
Showing posts with label 2006. Show all posts

Tazza The High Rollers (2006)

Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံး ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ....

ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။

Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီးလုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။

ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။

အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။

Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်ဝက်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။

ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်လို့ ပြောရမယ်ဗျ...

File size…(2.6 GB) and (1.6 GB)

Quality….BluRay 1080p and 720p 5.1CH

Duration….02:19:00

Download Link


..... Thank For Watching ......


 

She's The Man (2006)

ဒီဇာတ်ကားကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်။

ပရိတ်သတ်တွေ ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာ အတော်လေးအကြိုက်တွေ့မယ့်ဇာတ်ကားလေးပါ။

ဆယ်ကျော်သက်တွေရဲ့ ခံယူချက် ယုံကြည်ချက်တွေကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ပုံဖော်ထားနိုင်ပြီး ဟာသလေးတွေဖန်တီးထားတာလဲ ထိမိပါတယ်။

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်အူမြူးစွာ ကြည့်ရှုခံစားရမှာပါ။

File size…(2.3 GB) and (1.2 GB)

Quality….HDTV Rip 1080p and 720p

Duration….01:45:00
 

Download Link



..... Thank For Watching ......

 

Last Train to Auschwitz (2006)

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာခေါင်းဆောင်တဲ့ နာဇီဟာ ဂျူး၆သန်းကို သုတ်သင်ခဲ့တာ လူတိုင်းအသိဖြစ်မယ်လို့ထင်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဂျာမန်အစိုးရဲ့ ဂျူးသုတ်သင်ရေးတစိတ်တပိုင်းဖြစ်တဲ့ “ဘာလင်မြို့ပေါ်က ဂျူးတွေကို နှင်ထုတ်၊ Auschwitzမြို့အထိ ရထားနဲ့ပို့လိုက်တဲ့အကြောင်း”ကို ရှုစားရမှာပါ။

၁၉၄၃ ဧပြီလ ညတစ်ညမှာတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိနေတဲ့ ဂျူးလူမျိုးလက်ကျန်တိုင်း(ဆင်းရဲ ချမ်းသာမရွေး)ကို နာဇီလျှို့ဝှက်ရဲတပ်ဖွဲ့ကနေ အိမ်တိုင်ရာရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခဲ့တဲ့ ဂျူးလူမျိုးတွေကိုလည်း ဘာလင်-ဂူနဗိုင်လ် ဘူတာကတစ်ဆင့် ပို့မယ့်နေရာမပြောပြဘဲ ရထားပေါ်တင်လိုက်ပါတယ်။ ရထားပေါ်မှာလည်း ဂျူးလူမျိုးတွေဟာ တိရစ္ဆာန်တွေလိုဆက်ဆံခံခဲ့ရတယ်။

ပြီးတော့ အစာရေစာကျွေးတာမခံခဲ့ရသလို စိတ်ကူးပေါက်ရင် သေနတ်အပစ်ခံရတာမျိုး ကြုံခဲ့ရတယ်။​ဇာတ်လမ်းတင်ဆက်ပုံကတော့ realistic တော်တော်လေး ဖြစ်တာကြောင့် ဗဟုသုတတော်တော်ရနိုင်သလို နာဇီစနစ်ဆိုးကိုလည်း မျက်ဝါးဝါးထင်ထင် မြင်တွေ့နိုင်မဲ့ ဇာတ်ကား တစ်ကားဆိုလည်း မမှားပါဘူး.....

File Size: 820MB

Duration: 2h 5m

Quality: 640P
Download Link

...... Thank For Watching...... 

 

Followers

Slider

5/Teste Menu 7/slider
MM Official