Showing posts with label 2000. Show all posts
Showing posts with label 2000. Show all posts

The Cabbie (2000)

ဖီးလ်ရတဲ့ ထိုင်ဝမ် အချစ်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်။

မင်းသားက Taxi မောင်းတဲ့ လူပျိုကြီး မိန်းမ မယူတာက မရတာမဟုတ်ဘူး။ သူချစ်ရတဲ့သူကိုပဲ လက်ထပ်မယ်စိတ်ကူးထားတာမို့ အိမ်ကစေ့စပ်သမျှကို အံတုလာတဲ့ အာဂလူပျိုကြီး.....


အချစ်ဆိုတာ ပထမဆုံးအကြည့်တစ်ချက်မှာတင် ငြိတွယ်ရမယ်လို့ သူကလက်ခံထားတာ။ငြိမှငြိတွယ်သွားတော့လဲ Taxi သမားနဲ့ မလိုက်မဖက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ရဲမေမလေး...

အကြည့်တစ်ချက်မှာတင် သူ့အိမ်သူသက်ထားပဲလို့ လူပျိုကြီးက သတ်မှတ်လိုက်ပြီး ယာဉ်ထိန်းရဲမေလေးမျက်နှာကို မြင်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို နေ့တိုင်းဖောက်ဖျက် ကျူးလွန်နေပါတော့တယ်။

ယာဉ်စည်းကမ်းဖောက်လိုက် ချစ်ရသူရဲမေဆီက ခံဝန်ထိုး ဒဏ်ကြေးစာရွက်လေး ယူလိုက်နဲ့ သာယာနေပါတော့တယ်။

ဆိုတော့ကာ ဇာတ်လမ်းက ဘယ်လိုဖီးလ်ရမလဲပေါ့နော်...ဆက်လက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

ဒီဇာတ်ကားက ဒီလိုအကြောင်းချည်းသက်သက်တော့ မဟုတ်ပြန်ဘူး...

မိသားစုတစ်ခုမှာ ရှိတတ်တဲ့ ဝိဝါဒတွေ...ရယ်စရာ မောစရာတွေနဲ့ ရောယှက်ထားတာမျိုး ရိုက်ချက်အေးအေးကြီးတွေကြား ရင်ထဲ Deep ဖြစ်စေတဲ့ ခံစားချက်တွေ အုံလိုက်ဆင်းချလာမှာမျိုးကို ဖြစ်စေမှာ ဖြစ်တဲ့အတွက် ကြည့်ဖို့တိုက်တွန်း ချင်ပါတယ်။

File size…(1.1 GB) / (700 MB) / (300 MB)

Quality…BluRay 1080p /720p/ 360p

Duration….01:35:00


Download Link

..... Thank For Watching ......

 

102 Dalmatians (2000)

ChannelMyanmar မှကူးယူတင်ဆက်သည်။

Disney ကနေ Emma Stone ပါ၀င် သရုပ်ဆောင်ထားတဲ့ Cruella (2021) ဇာတ်လမ်းလည်း ထွက်လာပြီဆိုတော့.....

အရင်တုန်းက Cruella de Vil အကြောင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့ 102 Dalmatians လေးကိုလည်းပြန်ကြည့်ပြီး အတိတ်ကို ပြန်သွားကြရအောင်.....

သိပြီးသားသူတွေအတွက်ရော မသိသေးသူတွေအတွက်ပါမိတ်ဆက်ပေးရမယ်ဆိုရင်တော့ Cruella de Vil ဆိုတာချစ်စရာခွေးလေးတွေကိုမှ လိုက်ပြီး အန္တရာယ်ပေးတတ်ဒုက္ခပေးတတ်တဲ့ ဗီလိန်မကြီးပါပဲ။

ဘာသာပြန်သူအနေနဲ့ကလည်း ခွေးချစ်တတ်သူဆိုတော့Cruella ဟာ ဘာသာပြန်သူရဲ့ အမုန်းဆုံး Disney villain ပါပဲ။

နာမည်ကိုက Cruel (ရက်စက်ကြမ်းကြုတ်သော) ဆိုတဲ့ စကားလုံးကနေ ဖြစ်တည်နေတာသာ ကြည့်ပါတော့။

ဒီ 102 Dalmatians ကားလေးကတော့ 101 Dalmatians ရဲ့ sequel အဖြစ်2000 ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ကားလေးပါ။

101 Dalmatians မှာ ခွေးလေးတွေကို ဒုက္ခပေးမိလို့Cruella တစ်ယောက် ထောင်ကျသွားအပြီး နောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။

ထူးဆန်းတာက 102 Dalmatians ရောက်တဲ့အခါ Cruella တစ်ယောက် ထောင်ကနေ ခံ၀န်ချုပ်နဲ့ လွတ်လာပြီး....

ခွေးချစ်သူပါ ဖြစ်သွားရုံမက ခွေးဂေဟာတစ်ခုကိုပါ ၀ယ်ပြီး ခွေးသခင်ဖြစ်သွားတော့တာပဲသူ့ကိုယ်သူတောင် Cruella မဟုတ် Ella လို့ပြောင်းခေါ်စေလောက်အောင်အင်မတန် နူးညံ့သူကြီး ဖြစ်သွားပါတော့တယ်......

 ဒါပေမယ့် ဒီအဖြစ်က ကြာရှည်ခံပါ့မလား.....

Cruella is always cruel ဆိုတဲ့အတိုင်း သူ့ရဲ့ ပြောင်းလဲမှုဟာ စိတ်ချယုံကြည်ရပါ့မလား......

IMDb rating နည်းပေမယ့်လည်း သူ့ခေတ်သူ့အခါနဲ့ ယှဉ်ရင်Disney ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ ပြောလို့ရပါတယ်။

ခွေးချစ်တတ်သူတွေအတွက်လည်း အပန်းဖြေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

File size…(1.5 GB) and (1 Gb)

Quality….BluRay 1080p and 720p

Duration….01:43:00

Download Link


..... Thank For Watching ......

 

Phir Bhi Dil Hai Hindustani(2000)
ခေါင်းစဉ်ကို သင့်လျော်သလို ဆိုရရင်ဖြင့် “အိန္ဒိယ လူမျိုးတစ်ယောက်ရဲ့နှလုံးသားဟာ အမှန်တရားရှိနေတုန်းပါပဲ “လို့ ဖတ်ရှုခဲ့မိပါတယ်။ ဇာတ်ကားရဲ့ ဇာတ်ကွက်အရ အမှားတစ်ခုနဲ့ လူတစ်ယောက်ဟာ အမှန်ကို သိနားလည်ချိန်အတွင်း သူ့ကိုယ်သူ အိန္ဒိယသွေးရဲတုန်းပဲလို့ သိမြင်သလိုပါပဲ။

ဒီကားမှာ မင်းသားကြီး ရှာရွတ်ခမ်း ပါ၀င်ထားပြီး IMDB rating ကလည်း 6.3 အထိ ရှိနေတာကြောင့် ပေါ့ပေါ့ပါးပါး ကြည့်လိုသူတွေအတွက် အဆင်ပြေပါတယ်။

ဇာတ်လမ်းအရတော့ သတင်းထောက် ajay ဟာ အရမ်းအောင်မြင်တဲ့သူပေါ့။ အလုပ်ကို သက်စွန့်ဆံဖျားအထိ သတင်းရယူကြိုးစားပြီး သူ့ အလုပ်ဌာနကိုလည်း ဂုဏ်တက်စေသူပါ။ ၀န်ကြီး ဖြစ်သူ တွေ အထက်အရာရှိတွေနဲ့လည်း သိကျွမ်းရင်းနှီးပြီး
Media နဲ့ ပြည်သူကြား ပေါင်းကူးပေးတဲ့ အဓိက ဇာတ်ဆောင်လို့လည်း ပြောလို့ရပါတယ်။ သူဟာ ကျော်ကြားမှုကို တပ်မက်ပြီး တစ်ခါတလေ ၀န်ကြီးတွေအလိုကျ သတင်းလိမ်ပြီး ထုတ်ပြန်တတ်သူလည်း ဖြစ်ခဲ့ပါသေးတယ်။

တစ်ဖက်မှာတော့ Ajay တို့ channel ကို ယှဉ်ပြိုင်နေတဲ့ Galaxy channel ဆိုတာရှိပါတယ်။ Galaxy channel ရဲ့ အားကိုးရာကတော့ သတင်းထောက်မလေး Ria ပေါ့။

သတင်းချန်နယ်တွေ ပြိုင်လာတဲ့အခါ Ria ဟာ Ajay ကို နိုင်ဖို့ ကြိုးစားခဲ့တယ်။ သတင်းတစ်ခု သွားယူချိန်မှာ Ajay နဲ့ Ria တို့တွေ့ပြီး Ria ရဲ့အလှကို Ajay က တကယ်ကြွေသွားတာပေါ့။

ဒီ အချိန်လေးထိ ဇာတ်ကားလေးဟာ ဟာသတွေ အစုံအလင် ကြည်နူးစရာတွေနဲ့ပါ။
အဲ့ဒီနောက်
တစ်နေ့မှာ၀န်ကြီး တစ်ဦး ပြည်သူရှေ့ စကားပြောချိန်မှာပေါ့။ မမျှော်လင့်ဘဲ သေနတ်သံတစ်ချက်ကြားပြီးနောက် ၀န်ကြီးရဲ့ယောက်ဖဟာ စင်ကြမ်းပြင်ထက် လဲကျသွားခဲ့တယ်။ သေနတ်ပစ်လိုက်သူကတော့ Joshi ပါ။

ဒီလိုနဲ့ ၀န်ကြီးယောက်ဖ လည်း သေဆုံးသွားပြီး Joshi လည်း အဖမ်းခံလိုက်ရပါတော့တယ်။ ထို့နောက် ၀န်ကြီးဟာ ယောက်ဖ သေဆုံးမှုအပေါ် မှာနိုင်ငံရေး အမြတ်ထုတ်လိုက်ပါတယ်။ Joshi ကို အကြမ်းဖက်သမားအဖြစ် မီဒီယာကနေ ထုတ်လွှင့်ပြီးအခြားပြိုင်ဖက်၀န်ကြီးတွေအပေါ်၌လည်း ပြည်သူတွေ သံသယရှိလာစေအောင် ပဋိပက္ခ ဖန်တီးလိုက်ချိန်မှာတော့ ………?????
ဘာတွေ ဆက်ဖြစ်လာမလဲ ။ Joshi ကရော ဘာကြောင့် လူသတ်ရတာလဲ။ အကြမ်းဖက်သမားလား ။ Joshi က ဘယ်သူလဲ။ နိုင်ငံရေး အရှုပ်အထွေးကြား အမှန်တရားက ဘယ်မှာလဲ။ Ajay နဲ့ Ria တို့ကရော အမှန်တရားကို ဘယ်လို ရှာဖွေကြမလဲ။ မီဒီယာရဲ့ အခန်းကဏ္႑ကရော ဘယ်လိုလဲ ဆိုတာကတော့ ကြည့်ရှုခံစားလိုက်ကြပါဦး။

ဒီကားလေးကို မြင်မိတာကတော့ နိုင်ငံရေး ပျက်ယွင်းမှု နဲ့ ကောင်းမွန်လာမှုတွေဟာ စတုတ္ထမဏ္ဍိုင်တွေအပေါ် တစ်နည်းအားဖြင့် သတင်းမီဒီယာရဲ့ လမ်းကြောင်းမှန်ကန်မှုအပေါ် မူတည်ကြောင်းလမ်းညွှန်ခဲ့သလိုပါပဲ။ အရင်က မှားယွင်းနေတဲ့ Ajay အတွက်လည်း အမှန်တရားလမ်းကြောင်း ပြန်လည်ပြင်ဆင်လာတဲ့အတွက် ကောင်းမွန်တဲ့တရားဆောင်ခဲ့ပါတယ်။

ဒါ့ပြင်

ဇာတ်လမ်းတစ်ကွက်ကလည်း ဟတ်ထိစေပါတယ်။ အမှန်တရားအတွက် အိန္ဒိယပြည်သူ တွေ အလံကိုင် ေ၀့ှရမ်း လျှောက်လှမ်းချိန်မှာ ရဲသားငယ် ပြောမိတဲ့စကားလေးပါ။

“ဆရာ —- အိန္ဒိယ အလံဟာ ကျွန်တော်တို့အလံပါ။ ဒါ့ကြောင့် ဆရာ ပစ်မိန့်ပေးတာတောင် ကျွန်တော်မပစ်ဘူး။

အလံကို ကျည်ဖောက်ဖို့ ကျွန်တော် ရဲလုပ်ခဲ့တာမဟုတ်ဘူး ” တဲ့။

ပြောရမယ်ဆိုရင် သူတို့ဆိုသလိုပါပဲ။ အိန္ဒိယ မှမဟုတ်ပါဘူး။ အမှန်တရားဟာ လူသားစစ်စစ်မှာ ရှိနေစမြဲပါပဲ။ မှားပေမယ့် မှန်ရာ – မှန်ရာမှ အမှန်တရားကို ထုတ်ဖော်သတ္တိရှိနေမှု ပိုင်ဆိုင်တဲ့ Ajay ဇာတ်ရုပ်နဲ့တင် ဒီကားဟာ ကြည့်တန်ပါတယ် ပြောရမှာပါ။ အချစ် ရယ် ဟာသရယ် အမှန်တရားရယ်ကလည်း ဒီကားကို ပံ့ပိုးနေတာကြောင့် ဒီကားကြည့်ပြီးရင် အတွေးလေးတွေကျန်ခဲ့ဦးမှာပါ။ ကြည့်မယ့်စာရင်းထဲတော့ မှတ်ထားလိုက်ပါဦးလို့တော့ ပြောပါရစေဦးခင်ဗျာ။
Download link



 

Followers

Slider

5/Teste Menu 7/slider
MM Official