Showing posts with label 2019. Show all posts
Showing posts with label 2019. Show all posts
Escape Room (2019)

အညွှန်း 

Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊ အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။

အခုရုပ်ရှင် escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့ သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့....

တကယ်တမ်းတော့ မလွတ်ရင် တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက်...

Player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။

Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။

သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီးအချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။

Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။Plot လည်း မရှိသလောက်။ 

ရုပ်ရှင်ကားတစ်ကားအနေနဲ့ quality ကြီးတွေမပါဝင်ခဲ့ပေမဲ့ တစ်ကားလုံးနီးပါး မရပ်မနားနဲ့entertain လုပ်ပေးသွားနိုင်တဲ့ကားတစ်ကားတော့ ဖြစ်ပါတယ်။

သူ့ဇာတ်လမ်းအရသာ ကလည်း အရမ်းကြီး အံ့သြစရာကောင်းလောက်တဲ့ revealation တွေမပါ။

Plot twist ကြီးတွေမပါပေမဲ့ suspense ဖြစ်စရာလေးတွေ တော်တော်များတယ်။

ဒီလိုကားမျိုးမှာ သေချာမြင်ရမှာကတော့ လူတွေအကြောင်းပဲပေါ့။

လူတွေက ရှေ့မှာဘယ်လိုနေနေ သေရေးရှင်ရေး၊မိနစ်ပိုင်းအတွင်း ကိုယ် သို့မဟုတ် ဘေးလူတွေ သေကုန်နိုင်တယ် ဆိုတဲ့အခြေအနေမျိုးရောက်လာတဲ့အခါ ပေါ်ထွက်လာတဲ့ သူတို့ရဲ့ အတွင်းစိတ်တွေ၊

သူတို့ရဲ့ ကြောက်လန့်မှုတွေ မြင်ရတယ်။

ဒီထက်အများကြီးပိုပြနိုင်ရင်တော့ ပိုကောင်းမယ်။

Room ထဲမှာ လာဆော့ကြတဲ့ ဇာတ်ကောင်တွေက random stranger တွေမဟုတ်ဘဲသေချာရွေးထားတဲ့ selection ဆိုတဲ့အကွက်ကလည်း မဆိုးဘူး။

နည်းနည်း overkill ဖြစ်နေသလိုဆိုပေမဲ့ပေါ့။ 

အခန်းထဲမှာ clue တွေရှာရတဲ့ဟာတွေ ၊ ထောင်ချောက်ဆင်တာမျိုးတွေလည်း လုပ်ထားတာ မဆိုးဘူး။ပြီးပြီးရောဆိုတာထက် တော်တော်လေး creative ဖြစ်တဲ့အကွက်လေးတွေ တွေ့ရတယ်။

တချို့အကွက်တွေကျတော့လည်း cheat လုပ်သလိုအကွက်တွေဖြစ်နေတတ်သလိုplot မဖြစ်ဖြစ်အောင်ကြီး အရမ်းလုပ်ပြထားသလိုမျိုးတွေ တွေ့ရတယ်။

သေကြတဲ့အခန်းတွေဆိုလည်း brutal ဖြစ်ပေမဲ့ မကြည့်ရဲလောက်အောင်သွေးထွက်သံယိုတွေ လုပ်မထားဘူး။

အေးဆေးကြည့်လို့ရတယ်။Escape room က လန်ထွက်နေတဲ့ကားကြီးပါလို့ပြောလို့မရဘူးဆိုပေမဲ့ အချိန်ပေးကြည့်ရတန်တယ်။

ပျင်းရတာမျိုးမရှိဘဲ ပြီးတဲ့အထိ ကြည့်ဖြစ်သွားအောင် ဆွဲဆောင်ထားနိုင်တယ်။

ကားကြီးတွေပင်ပင်ပန်းပန်းမကြည့်ချင်ပဲနည်းနည်းပေါ့ပေါ့ပါးပါးနဲ့rutal suspense ကားမျိုးကြည့်ချင်တယ်ဆို အဆင်ပြေပါလိမ့်မယ်။

ကြည့်ပြီးသားသူတွေ အတွက်ကတော့ အထူးပြောစရာမလိုဘူးထင်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

File Size : (998 MB) 

Quality : BluRay 720p

Running Time : 1 hr 39 

Genre : Action ,Adventure , Drama

Download Link

..... Thank For Watching ......







Kingdom (2019-2021)

ဒီဇာတ်လမ်းတွဲဟာ အွန်လိုင်းကောမစ်တစ်ခုဖြစ်တဲ့ “The Kingdom of the Gods” ကို အခြေခံပြီး ရိုက်ကူးထားတာပါ။

အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ 

ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်း...

အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။

သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။

အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာ အပိုင်း ၆ပိုင်း နဲ့ အက်ရှင် ကြမ်းကြမ်းလေးတွေကို အတွဲ ၁ မှာကြည့်ရှု့ရမှာပါ။....

အတွဲ ၂ မှာလည်းအပိုင်း ၆ ပိုင်းပါဝင်ပြီး တစ်ချို့ဇာတ်ကောင်တွေဖျောက်ပြီး တချို့ဇာတ်ကောင်တွေကို ​ရှေ့တန်းတင်လာတဲ့အပြောင်းအလဲတွေနဲ့အတူ ဇာတ်ရှိန်ကတဖြေးဖြေးမြင့်လာတာတွေ့ရမှာပါ။

ဒီဖုတ်ကောင်တွေရဲ့ပြသနာကလွယ်လွယ်ဖြေရှင်းဖို့မလွယ်သလို နန်းတွင်းကချုပ်ကိုင်မှုတွေလည်းရှိနေပေမယ့်...

ဒီရောဂါပိုးရဲ့ဆင့်ကဲပြောင်းလဲလာမှုသဘောသဘာဝတွေကို ရိပ်မိလာတဲ့အခြေအနေရောက်လာပြီဖြစ်တဲ့အတွက် ဘာဆက်ဖြစ်မယ်ဆိုတာ ရင်ခုန်စရာကြည့်ရှု့ရမှာပါ....

Download Link

Season 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6 (END)

Zip File - GDRIVE

Season 2

Ep 1
Ep 2
Ep 3
Ep 4
 Ep 5
Ep 6(END)

Zip File -GDRIVE


..... Thank For Watching ......

Voice 3 (2019) 

ဒီတစ်ခေါက် Season 3 မှာတော့ Season 2 တုန်းက မပြီးပြတ်သေးတဲ့အမှုကို ဆက်လက် အဖြေရှာကြမှာပဲဖြစ်ပါတယ်။

အလွန်ကောင်းမွန်တဲ့ အကြားအာရုံရှိပေမယ့် ဦးနှောက်အာရုံကြောဝေဒနာတစ်မျိုး ခံစားနေရတဲ့ စင်တာမှူး Kang Gwon Ju ၊

နားလည်ရခက်တဲ့ အဖွဲ့မှူး Do Kang Woo နဲ့ Golden Time ကအဖွဲ့သားတို့ဟာ 112 call center ကို

တိုင်ကြားလာတဲ့ ရာဇ၀တ်မှုခင်းတွေကို တက်ညီလက်ညီနဲ့ လိုက်လံဖော်ထုတ်ဖြေရှင်းပေးသွားကြမှာပါ။

Season 3 မှာ နောက်ထပ်ပါ၀င်လာတဲ့ အမှုတစ်ခုကတော့ Doctor Fabre ဆိုတဲ့ Dark Web တစ်ခုရဲ့
အဓိကကြိုးကိုင်တဲ့သူကိုရှာဖွေရမှာဖြစ်ပါတယ်။ 

အဲ့ဒီအဓိကကြိုးကိုင်သူဟာ Do Kang Woo ရဲ့ အတိတ်ကို ဘာလို့အဲ့‌လောက်ထိသိနေရတာလဲ ဘာလို့အမြဲတမ်း နှောင့်ယှက်ပေးနေရတာလဲ‌ဆိုတာကို ဒီ season မှာ သိရှိရမှာပါ။

သဲထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေနဲ့ အမှုအခင်းဇာတ်လမ်းတွဲကြိုက်သူတွေ မဖြစ်မ‌နေကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

Quality – WEB-DL 720p

Duration – 60Min

Genres- Crime,Adventure,Thriller, Drama

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (END)


..... Thank For Watching ......






 

The Family Man (2019-2021) 

Season 2 က လည်း လာတော့မှာဆိုတော့ ပြန်တင်ပေးလိုက်ပါတယ်။

Season 1 (အပိုင်း -၁ မှ ၁၀ ထိ။ စ/ဆုံး)

ဇာတ်လမ်းတွဲအညွှန်း

The Family Man စီးရီးဟာ action-comedy-drama အမျိုးအစားဖြစ်ပြီး အဓိကmain castက ရူပါမရှိ
ဗလမရှိပေမယ့် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသားဖြစ်တဲ့ Manoj Bajpayee ဖြစ်တာကြောင့် ဘောလိဝုဒ်ဖန်တွေကို ထပ်ပြီးဖမ်းစားဆွဲဆောင်သွားမယ့် စီးရီးတစ်ခုဆိုလဲမမှားပါဘူး......

ဇာတ်လမ်းအကျဥ်းကတော့ ဆရီခန့်တီဝါရီ (Manoj Bajpayee) တစ်ယောက်ဟာNIAမှာတာဝန်ထမ်းဆောင်နေတဲ့သူတစ်ယောက်.....

သူ့ရဲ့အလုပ်ကအကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေ မဖြစ်ပွားခင်မှာ သတင်းလက်ဦးမှုရယူပြီးတော့ အကြမ်းဖက်လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ်တားဆီးပေးရတာဖြစ်တယ်။

ဒီလိုမျိုးအလုပ်ဆိုတာလျှိုဝှက်စွာလှုပ်ရှားဖော်ထုတ်ရတာဖြစ်လို့ သူတို့ရဲ့ဘဝအမှန်ကို ဘယ်သူ့ကိုမှပြောလို့မရပါဘူး.....

နိုင်ငံကိုအကြမ်းဖက်သမားတွေရဲ့ရန်မှ ကာကွယ်ပေးရသလို သူ့မိသားစုဘေးကင်းဖို့အတွက်သူ့ရဲ့လျှို့ဝှက်အလုပ်အကြောင်းကို ဖုံးကွယ်ထားရပါသေးတယ်.....

ဒီလိုအခြေအနေတွေကြားထဲက အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်လိုနှိမ်နှင်းကာကွယ်သွားမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး…

အပိုင်း(၁၀)ပိုင်းပါဝင်ပြီး ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် Seires လေးဖြစ်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Quality – WEB-DL 720p

Duration – 60Min

Genres- Action,Comedy, Drama


Download Link

SEASON 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10 (END)

Zip File - GDRIVE

SEASON 2

EP 1
EP 2
EP 3
EP 4
EP 5
EP 6
EP 7
EP 8
EP 9 (END)

..... Thank For Watching ......



 

Konosuba!: God's Blessing on This Wonderful World! Movie (2019)

2016ခုနှစ်မှာ အတွဲနှစ်ခုနဲ့ထွက်ခဲ့ပြီးအတော်လေး ရယ်ရတာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့ခဲ့တဲ့Konosubaစီးရီးဟာ 2019ခုနှစ်မှာ ရုပ်ရှင်တခုအနေနဲ့ထွက်လာခဲ့ပါပြီ။ 

ရုပ်ရှင်မှာလဲ လုံး၀ဇာတ်ရှိန်ကျသွားတာမျိုးမရှိပဲ
သူ့ဇာတ်လမ်းနဲ့သူရယ်နေရတာကိုတွေ့ရဦးမှာပါ။

ဒီရုပ်ရှင်မှာတော့ ကာဇူမနဲ့သူရဲ့အလွဲချော်နိုင်ဆုံး အဖွဲ့ကို Crimson Demonမျိုးနွယ်စုရွာကyunyunက ဘာတွေအားကိုးပြီးလဲ မသိ သူတို့ရွာကို မိစ္ဆာဘုရင်တိုက်ခိုက်မှုမှာ ကယ်တင်ဖို့ အားကိုးတကြီးခေါ်လိုက်ပါတယ်။

ကာဇုမတို့ အဲ့ဒီရွာမှာ မိစ္ဆာဘုရင်နဲ့သွားရောက်တိုက်ခိုင်းရင်း ခရီးသွားလမ်းမှာရောရွာရောက်တဲ့အချိန်မှာရော မိစ္ဆာဘုရင်နဲ့တိုက်ခိုက်တဲ့ထိ တလျှောက်လုံးအခွီတွနဲ့ချည်းပဲ ကြည့်ရမှာမလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွန်းပါရစေ...

FIle Size : 1.26GB and 692MB

Duration : 1h30min

Quality : 1080p and 720p

Download Link


..... Thank For Watching ......

 

London Sweeties (2019) 

ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါးကြည့်ဖို့ ထိုင်းအချစ်ဟာသကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

နိုင်ငံခြားသားတစ်စု လန်ဒန်မြို့ကြီးမှာ ဘာသာစကားသိပ်မတတ်သော်လည်း သူတို့ရဲ့ခံစားချက်များကို ဆက်သွယ်မျှဝေဖို့ အကောင်းဆုံးမှာ အချစ်‌မေတ္တာဆိုတာကို သိရှိသွားကြပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်

အဲ့ဒီအထဲမှာမှ ခါးတို့ရင်‌‌ယောင်တတ်တဲ့ ထိုင်းမလေးတစ်ယောက် လန်ဒန်မြို့ကြီးကိုတက်သွားတဲ့အခါ.....Oh My Goat!!!!😳

File Size - 1.7 GB

Quality - Webdl 1080p FHD

Running Time : 1h 33m

Download Link

..... Thank For Watching ......

 

Tazza 3 : One Eyed Jack (2019)

လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။

ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲ့ ဇာတ်ကောင်သက်ထွေးရဲ့ “အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ” ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။

အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်…

ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌ လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီး

ကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ…။

“ကျွန်တော်ဘာလို့ ဖဲသမားဖြစ်နေရသလဲ ဟုတ်လား?

ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရောသူတောင်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လို့မရဘူးလေ”
– Do Il-Chul



Download Link

..... Thank For Watching ......


 

Peanut Butter Falcon (2019)

ဒီတစ်ခါတော့ ပရိတ်သတ်တွေ အတွက်
Drama ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..... 

ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်(Dakota Johnsonလေး) 

ဇာတ်လမ်းကတော့ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်‌ပေးမယ့် မိသားစုမရှိတာကြောင့်အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။

ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့‌အကြမ်းဗတမ်းအကုန်ရတဲ့တောသားကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။

နောက်တော့ ဇက်ခ်သွားမယ့်နေရာကတိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့်သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။

ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)ကလိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။

အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာအခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကိုညိမ့်ညိမ့်ညောင်းညောင်း‌ဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။

Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ 

File Size : ( 908 MB)

Quality : WEB-DL 720p

Running Time : 1 hr 37 min

Genre : Adventure , Comedy , Drama 
Download Link


..... Thank For Watching ......

 

Touchdown Kiss (2019)

ချိုရိ(ဝ်) ဆိုတဲ့ cheerleader အကကို ကရတာအရမ်းကြိုက်တဲ့ကောင်မလေးကသူ့အမေက မကစေချင်လို့ ကျောင်းပြောင်းဖြစ်တာကိုခံခဲ့ရပါတယ်။

ပြီးတော့ သူ့အမေက သူငယ်ချင်းဖြစ်တဲ့ မစ်ခရဂ့်ရဲ့ပန်းချီအသင်းကို ဝင်ခိုင်းခဲ့တယ်။

ချိုရိ (ဝ်)တက်တဲ့ ကျောင်းက ရွှေ ငွေ ကြေး တံဆိပ်တွေနဲ့ ခွဲခြားတယ်။ရွှေရတဲ့သူက ငွေ ကြေးရတဲ့ လူတွေကိုအနိုင်ကျင့်လို့ရတယ်ပေါ့။

ချိုရိ(ဝ်)က ကျောင်းစစချင်းတက်တဲ့ရက်မှာပဲခွင်တင်းဆိုတဲ့ဘတ်စကတ်ဘောခေါင်းဆောင်ကောင်လေးအနိုင်ကျင့်တာခံလိုက်ရတယ်။

ကျောင်းစဝင်တဲ့သူကကြေးတံဆိပ်ရပြီးခွင်တင်းက ရွှေရထားတဲ့သူဆိုတော့ ဘာမှလုပ်မရခဲ့ဘူး။

တိုက်ဆိုင်တာက ချိုရိ(ဝ်)ပြောင်းလာတဲ့ကျောင်းကလည်းcheerleader ရှာနေတော့ အမေမသိအောင်ခိုးဝင်ခဲ့ပါတယ်။

ချိုရိ(ဝ်)တစ်ယောက် သူ့ရဲ့အိမ်မက်ဖြစ်တဲ့cheerleader အကကို သူ့အမေလက်ခံအောင်ကနိုင်ပါ့မလား......

သူ့ရဲ့ရန်သူကောင်လေးနဲ့ရောအဆင်ပြေသွားမလား.......

ကျောင်းအသစ်ကအရည်အချင်းရှိသူတွေပဲ ရတဲ့ရွှေတံဆိပ်ကိုရော ရအောင်ယူနိုင်မလား...

ဘယ်လိုတွေဆက်ဖြစ်လာမလဲ သိချင်ရင်တော့.....
Touchdown kissဇာတ်ကားမှာ ကြည့်ရှုပေးကြပါ.....

ချိုရိ(ဝ်) အဖြစ် Neena Nitchana Phrommaem
ခွင်တင်း အဖြစ် Mean Phiravich Attachitsataporn တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။

File Size – 1.6 GB

Quality : Web-DL 1080P

Duration: 1 hr. 55 min.

Download Link

..... Thank For Watching ......

 

The Seer (2019)

ဒီဇာတ်လမ်းကတော့ ၂၀၁၉ ခုနှစ်က ထုတ်လွှင့်ခဲ့ဖူးတဲ့ ထိုင်းဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

အရင်ခေတ်က မြို့တည်နန်းတည်တဲ့အချိန်မှာ အာဏာမြဲဖို့အရေး လူတွေကို စတေးကြတဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မဟာကထင် ဆိုတဲ့ နာမည်ကြီးဗေဒင်ဆရာက မိုင်းတွင်း ပြိုကျမှုတစ်ခုကို ကြိုတင်သိမြင်ပြီး ကယ်ဆယ်ရာကနေ စပါတယ်။

သူက ကြိုတင် သတိပေးပေမယ့်လည်း ကယ်ဆယ်ရေးခေါင်းဆောင်က လက်မခံတဲ့အတွက် ကယ်ဆယ်ရေးခေါင်းဆောင် သေဆုံးခဲ့ရပါတယ်။

ဒီကိစ္စတွေ ပြီးတဲ့နောက်မှာ မဟာကထင်ရဲ့နာမည်ဟာ ကြီးသထက် ကြီးလာခဲ့ပါတော့တယ်။

ထိုင်းနိုင်ရဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာပဲ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒီလူသတ်မှုရဲ့ထူးဆန်းတဲ့ ပုံစံကနေ ယဇ်ပူဇော်တာကို မဟာကထင်တစ်ယောက် သတိထားမိခဲ့ပါတယ်။

မြို့တည်နန်းတည်တဲ့အချိန်မှာ လူကိုသတ်ပြီး ဓာတ်ကြီးလေးပါးကို ပူဇော်တဲ့ပုံစံမျိုး ဖြစ်နေခဲ့တာပါ။

ဒီပုံစံဟာ မဟာကထင် ငယ်စဉ်က ဓားပြတိုက်ခံလိုက်ရပြီး ဓားပြတွေလက်ထဲ ပါသွားခဲ့တဲ့ မဟာကထင်ရဲ့အဘိုး ရေးသားခဲ့တဲ့ မြို့နက္ခတ် ပြင်ဆင်ရေး ပေလွှာထဲက ပုံစံနဲ့ တူနေခဲ့တဲ့အချိန်မှာတော့ ….

ဒီအဖြစ်အပျက်ကြီးကို တားဆီးဖို့ မဟာကထင်တစ်ယောက် ကြိုးပမ်းပါတော့တယ်။
ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကတော့ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။

File Size : 600MB

Quality : 1080P

Episodes: 24

Aired: Aug 26, 2019 – Nov 12, 2019

Duration: 60 min
Download Link
Ep 1
Ep 2


---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---

 

Exit (2019)

ပရိတ်သတ်တွေအတွက် ဒီတစ်ခါ Exit ဆိုတဲ့ကိုရီးယား ရုပ်ရှင်ဇတ်လမ်း ကို ရုပ်ထွက်အကြည်နဲ့တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းပုံစံကတော့…ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစတောင်တက်သမားဟောင်း ကနေ ဇာတ်လမ်းစရမှာပဲ

အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက်အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီးအိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ 😀

ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီးအိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ….  

တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ်ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ်။

အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ အူဂျူ ဆိုတဲ့ ယောင်နမ် နဲ့ အရင်ကတောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော ပျော်ရမယ် မကြံရသေးပါဘူး…

ယောင်နမ်တို့ ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်…

ယောင်နမ် နှင့် မိသားစု အားလုံး အထဲမှာ ပိတ်မိနေပြီးမိသားစု တွေကို ဘေးကင်းရာ ပို့ဖို့ နဲ့ အသက်ဆက်ရှင်ဖို့စီစဉ်ရသော အခါ…..

ဒီရုပ်ရှင်ကားဟာ စ လယ် ဆုံး အသက်ရှုဖို့ မေ့ရလောက်တဲ့အထိအခန်းတွေ ပါဝင်ပြီး ကြည့်ရှုသူကို စိတ်အကျေနပ်ဆုံး ပေးစွမ်းနိုင်မှာပါ 

File Size : 1.5 GB and 2.4 GB

Quality : HEVC 1080p

Running Time :1h 44m

Download Link


..... Thank For Watching ......





 

Melting Me Softly (2019)

Cryonics ဆိုတဲ့ သိပ္ပံ နည်းလမ်း ကတော့ ခန္ဓာကိုယ်ကိုအအေးလွန်အောင် လုပ်ပြီး အေးခဲ ထိန်းသိမ်းထားတာပါ။ဒါကို( Cryonic Suspension ) လို့ခေါ်ပါ တယ်။

incurable လူနာတွေကို အအေးလွန် ထိန်းသိမ်းထားပြီးနောက် ပြန်လည်နိုးထလာတဲ့အချိန်မှာ ပိုမိုကောင်းမွန်အောင် ကုသနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါကို
လုပ်ဆောင်နေကြတာပါ။

ဒီဇာတ်လမ်းလေးမှာတော့ 

အများနဲ့ မတူတာတွေ အမြဲလုပ်တတ်တဲ့ သူများမလုပ်တာတွေကိုမှလုပ်တတ်တဲ့ ရုပ်သံလွှင့်ရုံရဲ့ PD မာဒုံချန်းက
ပရိုဂရမ်အသစ်ရိုက်ကူးရေးအတွက် cryonic experiment လုပ်နေတဲ့ ပရော်ဖက်ဆာဟွမ်ရဲ့ စမ်းသပ်မှုမှာ သူကိုယ်တိုင်ပါ၀င်စမ်းသပ်ခံပြီး ၂၄ နာရီကြာ ရိုက်ကူးရေးပြုလုပ်မှာပါဖြစ်ပါတယ်။

သူနဲ့အတူပါ၀င် စမ်းသပ်ခံဖို့အတွက် သူ့ရဲ့ ခက်ခဲတဲ့ show တိုင်းမှာ ပါ၀င်ရိုက်ကူးခံခဲ့တဲ့ ဂိုမီရမ်ကိုလည်း သူက စည်းရုံးခဲ့ပါတယ်။

ဂိုမီရမ်က လည်း ပါ၀င်စမ်းသပ်ဖို့လက်ခံခဲ့ပြီး ၂၄ နာရီမ
ပြည့်မှာ စမ်းသပ်မှု ပြသနာတက်ခဲ့ပါတယ်။

ပရော်ဖက်ဆာနဲ့အတူတူ သူတို့ ၂ ယောက်လည်း နှစ်၂၀ကြာ ပျောက်ဆုံးသွားခဲ့ပြီးမှ မအိုမင်းပဲ ၂၀၁၉ ခုနှစ်မှာပြန်လည်နိုးထလာကြပါတယ်။

အနှစ် ၂၀ ကြာမှ နိုးလာတဲ့ သူတို့ ၂ ယောက် ဘယ်လို အလွဲလေးတွေလုက်မလဲဆိုတာတွေကိုလည်း ဟာသအနေနဲ့
 ကြည့်ရှုရမှာပါ....

ပြီးတော့ စမ်းသပ်မှုမှာ ဖြစ်ခဲ့တဲ့ပြဿနာကို သူတို့ ဘယ်လိုစုံစမ်းကြမလဲ ဘာလို့ နှစ်၂၀ကြာ ပျောက်ဆုံးသွားခဲ့လဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်နော်.....

Download Link
============

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (END)


..... Thank For Watching ......




 

Savage State (2019)

၂၀၁၉ ကထွက်ရှိခဲ့တဲ့ ဒီကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။

အမေရိကန် ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာတဲ့အချိန်မှာ ပြင်သစ်ကလာတဲ့ အခြေချနေထိုင်သူ မိသားစုတစ်စုက
သူတို့ မီဆိုရီက အိမ်ကို စွန့်ခွာ ထွက်ပြေးပြီးတော့ ပဲရစ်ကို ပြန်ဖို့အတွက် ဖြစ်လာပါတော့တယ်။

သူတို့ကို အတူ ခေါ်ဆောင်ပေးသွားမယ့်သူကတော့ ကြေးစားတစ်ယောက်ပဲ ဖြစ်ပါတယ်။သူတို့ သွားတဲ့လာတဲ့လမ်းတလျှောက်မှာ ကြုံရတဲ့ အခက်အခဲ‌တွေ၊
ဘေးဒုက္ခတွေနဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းတချို့ကို တောလမ်းခရီးသွားလာရင်းနဲ့ ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

ကောင်းဘွိုင်ကားကို ကြိုက်နှစ်သက်သူများ အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

ဒရာမာ အနည်းငယ် ပါတဲ့အတွက် အက်ရှင်ကို ထိုင်ကြည့်နေရုံ မဟုတ်ဘဲ အချစ်ဇာတ်လမ်းနဲ့ မိသားစုဇာတ်လမ်းကိုပါ တစိမ့်စိမ့်နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

File Size – 2.1 GB

Quality – 1080p, 720p WebRip

Duration – 1h 58min

Genre : Drama, Western

Download Link


..... Thank For Watching......


 

Godzilla - King Of The Monsters (2019)

ဂေါ်ဇီလာရုပ်ရှင်တော်တော်များများကို ကျွန်တော်တို့ကြည့်ဖူးကြပါတယ်။

ကြည့်လိုက်တိုင်းလည်း လူသားတွေရဲ့ပြဿနာရှာမှု့တွေကိုဂေါ်ဇီလာကပဲလိုက်ဖြေရှင်းတိုက်ခိုက်ပေးနေရတာပါ။

ပြောရမယ်ဆိုရင် လူသားတွေကတိုက်တန်ကြီးတွေကိုမုန်းတယ်။ဒါပေမယ့် တကယ်တမ်းပြဿနာတက်လာခဲ့ရင်လည်း အဲဒီတိုက်တန်တွေရဲ့ဘုရင်ကြီးကပဲ ထွက်လာရတာပါပဲ။

အဲချိန်ကျမှ ဟေးခနဲ ဝါးခနဲ အသံတွေနဲ့ပျော်နေကြတာလည်းလူသားတွေပါပဲ။ဒီကားမှာလည်း နဂိုထဲကပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့Ghidorah (ခေါင်းသုံးလုံးနဂါး) ကိုထွက်လာအောင်သွားလုပ်လို့ဘုရင်ကြီးကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီးထွက်ကယ်ရပြန်ပါတယ်။အသေချကြပါတယ်။

အကောင်ကြီးတွေချတာကြည့်ပြီး ကြက်သီးလည်းထတယ်။အကောင်းဆုံးကတော့ ဂေါ်ဇီလာရဲ့ theme song ပြန်ပါလာပါတယ်။အဲ့အသံကိုကြားတဲ့ချိန်ပျော်တယ်ဆိုတာထက် မိုက်တယ်ကွာလို့တောင် ပြောမိတယ်။

ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေတဲ့ Epic Battle တစ်ခုကိုခံစားပြီးပါပြီ။End Game က Final Scene ပါ။နောက် Epic Battle တစ်ခုကိုပြောပါဆိုရင်တော့ဒီကားထဲက Godzilla နဲ့ Ghidorah (ခေါင်းသုံးလုံးနဂါး) တို့ရဲ့တိုက်ပွဲပါပဲ။တကယ်လည်းမိုက်တယ် ။အသေချတယ်။

ကြည့်ရတဲ့လူအဖို့ ဂေါ်ကြီးနိုင်ပါစေ။ …ဂေါ်ကြီးထိသွားရင်လည်း ဟာခနဲဖြစ်ပြီးရင်ခုန်ပြီးကြည့်နေရတာပါ။ဒီကားက တိုက်တန်ကြီးတွေချတာကိုကြည့်တာနဲ့တင်လုံး၀တန်နေပြီဖြစ်တဲ့ ကားလို့တောင်ပြောလို့ရပါတယ်။

ဒါကြောင့် ဒီကားရဲ့ ဇာတ်လမ်းအကြောင်းကိုအားလုံးလည်းနားလည်အောင် အနည်းငယ်တင်ဆက်ပေးပါရစေယ

ဒီရုပ်ရှင်ကတော့ ၂၀၁၄ ဂေါ်ဇီလာကားရဲ့ အဆက်ဖြစ်ပြီး ဇာတ်လမ်းသဘောအရတော့ ဂေါ်ဇီလာနဲ့ တိုက်တန်အချို့တိုက်ပွဲအပြီးမှာ မိုနာ့ခ် အဖွဲ့ကြီးဟာအခြားသော တိုက်တန်တွေကို ရှာဖွေထိန်းသိမ်းနေကြပါတယ်။

ဒေါက်တာ အမ်မာကတော့ တိုက်တန်တွေကို အမိန့်ပေးနိုင်မယ့်အော်ကာလို့ ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။အဲဒီစက်ကနေ ဂီဒီုရာနိုးထလာပြီး အခြားတိုက်တန်တွေရဲ့ ဘုရင်နေရာအတွက်ဂေါ်ဇီလာနဲ့ အားပြိုင်မှုတွေ ဖြစ်လာပါတော့တဲ့အခါမှာ...ကဲကြည့်သာကြည့်လိာက်ပါတော့ဗျာ...

File Size : (2.9 GB) and (1.3 GB)

Quality : HEVC 1080p 5.1 and BluRay 720p

Running Time : 2 hr 12 min
Download Link

..... Thank For Watching......

 

Followers

Slider

5/Teste Menu 7/slider
MM Official