Peanut Butter Falcon (2019)
ဒီတစ်ခါတော့ ပရိတ်သတ်တွေ အတွက်
Drama ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.....
ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ်(Dakota Johnsonလေး)
ဇာတ်လမ်းကတော့ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်ပေးမယ့် မိသားစုမရှိတာကြောင့်အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။
ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက်အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့အကြမ်းဗတမ်းအကုန်ရတဲ့တောသားကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။
နောက်တော့ ဇက်ခ်သွားမယ့်နေရာကတိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့်သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။
ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)ကလိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။
အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာအခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကိုညိမ့်ညိမ့်ညောင်းညောင်းဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။
Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။
File Size : ( 908 MB)
Quality : WEB-DL 720p
Running Time : 1 hr 37 min
Genre : Adventure , Comedy , Drama
Download Link
..... Thank For Watching ......
0 Comments: