Showing posts with label 2018. Show all posts
Showing posts with label 2018. Show all posts

Whitney (2018)

၁၉၈၀နဲ့ ၁၉၉၀ကျော်ကာလတွေမှာ အမေရိကရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကျော်ခဲ့တဲ့ ပေါ့ပ်အဆိုတော် သရုပ်ဆောင်မင်းသမီး Whitney Houstonရဲ့ကိုယ်ရေးအကြောင်း ကိုမှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။

1991 ခုနှစ်တုန်းက ကမ်ဘာ့အလှဆုံးအမျိုးသမီး ၅၀ စာရင်းကို People မဂ္ဂဇင်းကနေရွေးချယ်ပေးတဲ့အခါ
သူမလည်းပါ၀င်ခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်စဉ်တုန်းက လည်း အောင်မြင်ခဲ့ပါတယ်။

အထူးသဖြင့် မင်းသားကြီး Kevin Costner နဲ့ရိုက်ကူးခဲ့တဲ့ The bodyguard(1992)ဇာတ်ကားမှာပေါ့။

သီချင်းနဲ့ပတ်သက်ပြီးတော့လည်း ဆုပေါင်းများစွာရရှိခဲ့သလို အရောင်းရဆုံး စံချိန်တွေလည်းတင်ခဲ့ပါတယ်။

သူ့ရဲ့ငယ်ရွယ်စဉ်ဘဝကနေ သေဆုံးခဲ့တဲ့နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားခဲ့တာတွေကို သူ့ရဲ့မိသားစုဝင်တွေ သူ့ရဲ့မိတ်ဆွေတွေသူနဲ့နီးစပ်သူတွေကို တွေ့ဆုံမေးမြန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်ပြီးနောက်ပိုင်းမှာ ကြုံတွေရတဲ့အခက်အခဲတွေ၊ အမှားတစ်ခုလုပ်မိတာနဲ့ပရိတ်သတ်ဆီကဆိုးရွားတဲ့တုံ့ပြန်မှုတွေခံရပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Whitney Houstonရဲ့ သီချင်းတွေကိုလည်းအပြည့်အဝ နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

File Size : (875 MB)

Quality : Blu-Ray 720p

Duration…02:00:00

Genre : Documentary , Biography , Music

Download Link


...... Thank For Watching...... 

 

Songwriter (2018)

အခုတင်ပေးမှာကတော့ နာမည်ကြီးအဆိုတော် Ed Sheeran ရဲ့ Divide Album ထုတ်လုပ်ခဲ့ပုံကိုDocumentary တင်ဆက်ထားတာလေးပါ။

Divide Album ဟာ 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပေမယ့် ဒီDocumentary ကိုတော့ 2018 ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Documentary ရိုက်ကူးပေးခဲ့သူကတော့ Ed ရဲ့ အစ်ကိုဝမ်းကွဲ Murray ဖြစ်ပြီး 

နာမည်ကြီး Apple ကုမ္ပဏီကဒီ Documentary ရဲ့ World Screen Rights ကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ IMDb Rating ကလည်း 7.3 ရရှိထားပြန်ပါတယ်။

Documentary အစမှာတော့ Justin Bieber ရဲ့ နာမည်ကြီး Love Yourself သီချင်းကို ရေးစပ်သီဆိုနေတာနဲ့ အစပြုလာခဲ့ပြီး

Divide Album မှာ ပါဝင်တဲ့ သီချင်း 14 ပုဒ်အကြောင်းကိုတစ်ပိုင်းတစ်စဆက်လက်တင်ဆက်သွားကာာမည်ကြီးသီချင်းတွေဖြစ်တဲ့ Shape Of You, Perfect, Galway Girl တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

Ed သီချင်းရေးတဲ့အခါမှာ သူလေးစားအားကျရတဲ့ အနုပညာရှင်တွေဆီကအကြံဉာဏ်ယူလေ့ရှိတာကိုလည်း ဖော်ပြထားပြီး 

Foy Vance, Amy Wedge, Benny Blanco,John McDaid, Ryan Tedder, Julia Michaels နှင့် Mathew Sheeran တို့လည်းပါဝင်အားဖြည့်ကူညီထားတာကြောင့် Ed ရဲ့ နှစ်လိုဖွယ် အပြုအမူလေးတွေနဲ့ 

သီချင်းတွေအပေါ်ထားတဲ့သူ့ရဲ့ခံယူချက်စိတ်ထားတွေကို သိချင်တယ်ဆိုရင်တော့ Songwriter ဆိုတဲ့ ဒီ Documentary ကို ကြည့်ရှုလိုက်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်…

File Size : (960 MB)

Quality : WEB-DL 720p,

Duration…01:24:00

Genre : Documentary, Music

Dowload Link


...... Thank For Watching...... 


Bird Box (2018)

ကမ္ဘာကြီးမှာဒုက္ခတွေ အလိုရမက်လောဘ
သားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ... 

Kingmans:The Secret Serviceထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ် Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့.........

ဒါပေမယ့်အခုဇာတ်ကားမှာ တော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါ.......

သူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ...... 

ဇာတ်လမ်းအကျဉ်းကတော့ 

အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့။လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ်။

 စိတ်တွေ လွတ်ထွက်ကုန်တယ်တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့ မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြ
တာပေါ့......

လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ်.......

အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့။ ဒီတော့ဇာတ်လမ်းက survivalဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့ Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ....

ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲ
ကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါလို့.....

ဒီကားလေးက rating သိပ် မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ်....

နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့. ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိပါတယ်...

ဇာတ်လမ်း နဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်
ထူးထူးခြားခြားကြီးမရှိဘူး ......

ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ။ အဲ့လိုထူးခြားအောင်လဲ မင်းသမီးကြီး Sandra Bullockကဆွဲခေါ်ပေးသွားတာပါ။

ကလေးသရုပ်ဆောင်နှစ်ယောက်ကလဲလျှမ်းလျှမ်းတောက်ပဲမင်းသမီးကြီးကို The Blind Side တို့Gravity တို့မှာကတည်းကကြွေတာ.....

အခုဒီကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်
ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survivalဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်းစားပေးနိုင်တယ်....

ဒီကားက thriller နဲ့ dramatype လို့ပြောထားပေမယ့် thriller ကိုတော့ သိပ်မခံစားရဘူး drama ဘက်ပိုအလေးသာတယ်လို့ ထင်မိတယ်။

အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်သူက drama တွေအရိုက်များတယ်ဆိုတော့
thriller ဖြစ်စေမယ့် scene တွေမှာသမားရိုး
ကျဆန်နေတယ်။

ဒီ Bird Box လေးဟာ 2014 ကအမေရီကန်စာရေးဆရာ Josh Malermanရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့ movie ရဲ့ပေးချင်တဲ့ message က စာအုပ်နဲ့ထပ်တူထပ်မျှပါပဲ....

demon ကောင်တွေ ဘာညာတွေက အဓိကမဟုတ်ဘူးပေါ့။သင်သာ survival အခြေနေရောက်ရင်
ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီးသွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲ.......

ဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင်စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာအရောနှောလေးပေါင်းပြီးEnd of the Worldဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့မမှားပါဘူး....

File Size : 1.8GB

Quality : 1080P

Running Time : 2h 4m
Download Link

..... Thank For Watching ......

 

In Family We Trust (2018)

အညွှန်း 
ဒီတစ်ခါ ပရိသတ်ကြီးကို ၂၀၁၈ ခုနှစ်တုန်းက နာမည်ကြီးပြီး ထုတ်လွှင့်ခဲ့တဲ့အပိုင်းတိုင်း Twitterမှာ trend ဖြစ်တဲ့အထိ ပေါက်ခဲ့တဲ့ ထိုင်းဇာတ်လမ်းတွဲတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

မိသားစုဝင်တွေကြား ရင်းနှီးချစ်ခင်ပြီးစည်းလုံးကြတဲ့ဂျီရအနန်မိသားစုဟာ အဖိုးဖြစ်သူ သေဆုံးပြီးနောက်မှာတော့စည်းလုံးမှုတွေ စတင်ပြိုကွဲစေဖို့ အကြောင်းဖန်လာပါတယ်။

အိမ်ထောင်ဦးစီးအဖိုး​ဖြစ်သူဟာ သူသေဆုံးပြီးနောက် အမွေတွေခွဲဝေနိုင်ဖို့အတွက် သေတမ်းစာချန်ထားခဲ့ပေမယ့်မညီမျှမှုတွေကြောင့် သား၊သမီးတွေကြား အငြင်းပွားစရာ အဖုအထစ်တွေရှိလာခဲ့ပါတယ်။

အမွေခွဲဝေပြီး မကြာခင်မှာပဲ သားကြီးလည်း ရုတ်တရက်အသတ်ခံရလိုက်ရပါတယ်။

​မိသားစုဝင်အကြား တရားခံဖြစ်နိုင်ခြေရှိသူတွေနဲ့ သက်သေတွေလည်းအဖျောက်ခံလိုက်ရတဲ့အခါမှာတော့ တကယ့်တရားခံကိုရှာရင်း မိသားစုဝင်အချင်းချင်းကြားအထင်လွဲမှုတွေ၊ အတ္တတွေ၊သံသယတွေ၊ယုံကြည်မှုနဲ့ချစ်ခင်မှုတွေ တဖြည်းဖြည်းယိုယွင်းလာရာကနေ သွေးနီးပေမဲ့သွေးမစည်းနိုင်ကြတော့တဲ့အခါ …..

တကယ့်တရားခံအစစ်ကိုရောရှာတွေ့ပါ့မလား…
တကယ့်လူသတ်တရားခံအစစ်ကဘယ်သူလဲ?

ဘာကြောင့်သတ်ရတာလဲ ဆိုတာကို သိချင်စိတ်တဖွဖွနဲ့အချစ်၊ အမုန်း၊ စိတ်လှုပ်ရှားစရာ ရသမျိုးစုံပါအောင်ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပြီးဖြစ်ရပ်မှန်တစ်ချို့တွေပါ ပါဝင်တဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။

Native Title: เลือดข้นคนจาง

Also Known As: Blood Isn't Always Thicker Than Water , Leaut Kon Khon Jaang , Luead Khon Kon Jang

Genres: Mystery, Drama, Family

Episodes: 18

Duration: 60 min.

Quality: 1080p

Size: 1 GB

Aired: Sep 14, 2018 - Nov 10, 2018

Aired On: Friday, Saturday
In Family We Trust (2018)
Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18 (END)



..... Thank For Watching ......

 

NOTA (2018)

အညွန်း 

ဝန်ကြီးချုပ်ကြီး ဗာစူဒေ့ဟာ ပြည်သူလူထုက အားပေးထောက်ခံတဲ့ ပါတီခေါင်းဆောင်တစ်ယောက်ပါ။

တစ်နေ့မှာ သူ့ရဲ့ အဂတိလိုက်စားမှုများပေါ်လာခဲ့ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။

လက်ရှိရာထူးကနေနှုတ်ထွက်မှဖြစ်တော့မယ့် အခြေအနေမှာ ဗာစူဒေ့ဟာ သားဖြစ်သူ ဗာရွန်ကို သူ့ရဲ့ ဝန်ကြီးချုပ်နေရာမှာ ယာယီခန့်အပ်ဖို့ အစီစဉ်ရေးဆွဲခဲ့ပါတယ်။

သူ့အဖေရဲ့အမှုကိစ္စတွေပြီးတဲ့ထိ ယာယီဝန်ကြီးချုပ်အနေနဲ့ နေပေးရမယ့် ဗာရွန်ဟာ ဗီဒီယိုဂိမ်းဒီဇိုင်းရေးဆွဲသူတစ်ယောက်ပါ။

မိမိဝါသနာနဲ့ ဝင်ရမယ့် ရာထူးနေရာ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံရေးအသိပညာလုံးဝမရှိတဲ့ ဗာရွန်တစ်ယောက် သူ့အဖေပြန်လာမယ့်အချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဘယ်လိုဆက်ထိန်းသွားမှာလဲ?

စီစဉ်ထားတဲ့အတိုင်းကိစ္စတွေက မဖြစ်မြောက်လာတဲ့အခါ ဗာရွန်တစ်ယောက် နိုင်ငံရေးကိစ္စတွေမှာ ဟန်ပြမဟုတ်ဘဲ ကိုယ်တိုင် ပါဝင်လာခဲ့ရပါတော့တယ်။

နိုင်ငံရေးကမရိုးရှင်းတဲ့အပြင် ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဗာရွန်သိရှိလာတဲ့အချိန်မှာတော့ …..ဘာဆက်ဖြစ်မလဲသိချင်ရင် ဇာတ်လမ်းလေးကို ကိုယ်တိုင်ဆက်လက်ခံစားကြည့်လိုက်ပါ။

ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအခြေအနေတွေကိုတိတိကျကျရိုက်ကူးပြထားတာကတော့ ဒီကားရဲ့ အဓိကအားသာချက်ပါပဲ။

ဒါကြောင့် လှည့်ကွက်ပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ အက်ရှင်ကားတွေကို သဘောကျတဲ့ကြည့်ရှုသူတွေအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြဖို့ အကြံပြုပေးလိုက်ပါတယ်နော်။

Quality :1080p WEB-HD AVC DD 5.2 and 720p

File Size : 2 Gb and 1.3 Gb

Duration : 2h 25mins


Download Link

..... Thank For Watching ......

 

The Gifted Season 1 (2018)

အညွှန်း 

ရိထာဝိထယာခွန် လို့အမည်ရတဲ့ထိုင်းနိုင်ငံရဲ့ထိပ်တန်းကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ ထူးချွန်အခန်း တစ်ခန်းရှိပါတယ်။

ပဝါရတ် ‌ဟာဒီကျောင်းရဲ့အမှတ်နဲ့အခန်းခွဲတဲ့စနစ်အရ ဘိတ်ချေးခန်းမှာသာ စာသင်ရတဲ့ဝေလေလေကျောင်းသားတစ်ယောက်ပေါ့။

သူ့သူငယ်ချင်း နတ်ခ်ကတော့ စာတော်ပြီးသူအားကျရတဲ့သူတစ်ယောက်ပါ။ထူးချွန်အခန်းဝင်ဖို့အတွက် သူငယ်ချင်းဖြစ်သူကဆွဲခေါ်ပေမဲ့သူကတော့ အေးဆေးပါပဲ။

စာမေးပွဲရလဒ်ထွက်ပြီးတဲ့နောက် မမျှော်လင့်ပဲ ပဝါရတ်တစ်ယောက် ထူးချွန်အခန်းဝင်သွားပါတယ်။

ထူးချွန်အခန်းထဲကကျောင်းသားတွေမှာ မတူညီတဲ့ထူးချွန်မှုစွမ်းရည်အသီးသီးကိုပိုင်ဆိုင်ထားကြပါတယ်။

အဲဒီ့တော့ပဝါရတ်က သူ့မှာစွမ်းရည်ရှိကြောင်း မယုံနိုင်ခဲ့ပါဘူး။ 

တစ်နေ့သူ့စွမ်းရည်အကြောင်းသိသွားချိန်မှာတော့ …..

ကျောင်းရဲ့ရှုပ်ထွေးလှတဲ့ဇာတ်လမ်းများနဲ့အတူ ကျောင်းအုပ်ကြီးရဲ့တရားမမျှတတဲ့နည်း‌လမ်းတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ
စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ သဘာဝလွန်ထိုင်းဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ပါတယ်

Native name-นักเรียนพลังกิฟต์

Genres – Thriller,School,Supernatural,

Episode – 13

File size…500MB

Quality…. 1080p

Duration…. 45min

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13 (END)

..... Thank For Watching ......




 

Kung Fu League ( 2018 )

သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့လုံး၀ အကြိုက်တွေ့မယ့်Kung Fu League ( 2018 ) ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။


တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန်
၀င်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man )ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက်ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ။

ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်

ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်ကဆရာကြီးလေးယောက်အကြောင်း သိုင်း Comicဆွဲထားတာပေါ့။

သူတစ်ဖက်သတ်ကြိုက်နေတဲ့ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကိုလိုချင်တာရော ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီးစိတ်ကူးထားခဲ့သူတစ်ယောက်ပါ။

ဒါပေမယ့်သူ့ရဲ့အတွေးတွေဟာ လွဲမှားခဲ့ရပါတယ်။ သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်...

ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်းသိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့...

ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲသူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကိုအချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့………….ဆက်လက်ခံစားကြည့်ရှုပါ....

File Size —(810 MB)

Quality — Web—DL 720p

Running Time — 1h 43m

Download Link

..... Thank For Watching......

 


Princess Dayareese (2018)

အညွှန်း 
ဒီဇာတ်လမ်းလေးမှာတော့ Movie name ထဲက အတိုင်း ဒိုင်ယာနာရိစ်ဆိုတဲ့ ကောင်မလေးကတော့ အဓိက ဇာတ်ကောင်ပေါ့။သူ့မှာမိဘတွေမရှိတော့ဘူး သူ့အဖေဘက်က မိသားစုကချမ်းသာတယ်။သူ့အဖေဆုံးတော့ သူ့အဖိုးက သားမိနှစ်ယောက်ကို အိမ်ပေါ်ကနှင်လိုက်တယ်။

နောက်တော့ သူ့အမေကလည်း ဆုံးပါးသွားပြီး အဒေါ်ရဲ့မိသားစုနဲ့အတူတူနေတယ်။အဲ့အဒေါ်မှာ သားတွေလည်းရှိတယ်။သူတို့နဲ့အတူပေါင်းပြီး မင်းသမီးက ဖိလစ်ပိုင်ကိုအလည်အပတ်လာတဲ့ နိုင်ငံခြားတွေကို လိမ်စားတဲ့သဘောမျိုးပေါ့အဲ့လိုနဲ့ပိုက်ဆံရှာတယ်။

သူတို့ဘဝက အဆင်မပြေလှတော့ ပိုက်ဆံအများကြီးလိုချင်ကြတယ်။တစ်နေ့တော့ သူနဲ့ရုပ်ချင်းဆင်တဲ့ အော်ရို့ဆိုတဲ့တိုင်းပြည်က မင်းသမီးတစ်ပါးက သူ့ကိုပြန်ပေးဆွဲပြီး အဲ့မင်းသမီးကသူ့ချစ်သူကို ရှာချင်တာကြောင့်ရက်၄၀အတွင်း သူ့နေရာမှာ ခဏအစားဝင်ပေးဖို့ ငွေနဲ့အပေးအယူလုပ်တယ်။

မင်းသားနာမည်ကတော့ ခေးလပ် သူက video မှတ်တမ်းရိုက်တဲ့သူပေါ့။မင်းသားကလည်း အော်ရို့တိုင်းပြည်မှာ
documentary တစ်ခုရိုက်ဖို့သွားရင်း မင်းသားနဲ့မင်းသမီး ဘယ်လိုဆုံတွေ့ကြမလဲ....

သူတို့နှစ်ယောက်ကြားက အချစ်ကိုဘယ်လိုပေါ်လွင်အောင်ပြထားမလဲ....

ပြီးတော့…အဒေါ်မိသားစုနဲ့မင်းသမီးကြားက မိသားစုသံယောဇဉ်လေးတွေကိုလည်း နွေးနွေးထွေးထွေးမြင်တွေ့ရမဲ့အပြင် Background music လေးတွေလည်း တကယ်ကောင်းလို့ ခံစား ကြည့်ရှုပေးကြပါဦးနော်..

File size…1.7GB

Quality…. 1080pWEB-DL

Duration….1hr 55min
Download Link


...... Thank For Watching...... 



 

Higher Power (2018)

အညွန်း
ဂျိုးဆက် စတက်မန်းဆိုတဲ့ လူတစ်ယောက်ဟာ ဇနီးသည်သေဆုံးအပြီး စိတ်ဓာတ်တွေကျပြီး ဆေးတွေသုံးလို့…သမီးနှစ်ယောက်ကိုထားခဲ့ကာ ထွက်သွားခဲ့ပါတယ်။

ကျန်ခဲ့တဲ့သမီးနှစ်ယောက်မှာ တစ်ယောက်က သူနာပြုကျောင်းကိုတက်နေပြီး အငယ်မကတော့ ဆေးသမားဖြစ်နေခဲ့တယ်။ဒီလိုနဲ့နှစ်တွေကြာလာတော့ ဂျိုးဟာအမှားတွေပြန်ပြင်ဆင်ပြီး ဆေးဖြတ်တဲ့အဖွဲ့ကိုဝင်ပြီး တစ်နှစ်အကြာ ဆေးပြတ်အပြီး အမှားတွေပြန်လည်ပြင်ဆင်ဖို့ သမီးကြီးကိုသွားတွေ့တဲ့အခါ...

သမီးရဲ့အမုန်းတရားတွေနဲ့ပဲရင်ဆိုင်တွေ့ပြီးပြန်လာရပါတယ်။သူတို့မိသားစုကို စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်။ဒီအဖွဲ့အစည်းဟာ အဲ့ဒီနေ့မှာ ဂျိုးကိုဖမ်းခေါ်ကာပြန်ပေးဆွဲသွားပြီးသမီးတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကာ ခိုင်းစေတာတွေလုပ်ပေးရပါတော့တယ်။

ဒီခိုင်းစေမှုတွေထဲမှာ ဂျိုးဟာစမ်းသပ်ခံပစ်မှတ်တစ်ခုဖြစ်နေခဲ့တဲ့အတွက် သူဟာ ထူးခြားတဲ့စွမ်းအင်တွေရလာပြီးတဲ့နောက်…သူ့သမီးတွေကို ပြန်လည်ကယ်တင်နိုင်မလား..၂၀၁၈ မေလထဲမှာထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံကားတစ်ကားဖြစ်တဲ့အတွက် သိပ္ပံကားကြိုက်နှစ်သက်တဲ့သူတွေကြည့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ် 

  
File Size : (755 MB)

Quality : WEB-DL 720p

Running Time : 1hr 30min

Genre : Action, Sci-Fi, Thriller
Download Link

...... Thank For Watching...... 

 

ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။

ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်၀ယ်၀ယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။

ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။

တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။

အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါComdeyဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Download link


 

K.G.F: Chapter 1 (2018)

အညွှန်း

၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ “El Dorado- အယ်လ်ဒိုရာဒို”စာအုပ်ကို
အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး
ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို
မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။

မျက်မှောက်ခေတ်ကို ရောက်တော့
ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီးဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့ပါတော့တယ်။

“ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု…”ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် – ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။

ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက်
အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကိုလက်စဖျောက်ပစ်ပြီးရွှေကြောကို အပိုင်စီးလိုက်တာပဲ…။

အဲ့ဒီနောက်မှာ ဒီနေရာကို တပ်မက်နေတဲ့သူတွေလက်ကနေ ကာကွယ်ဖို့ ၉၉နှစ်တာ လုပ်ကိုင်ခွင့် စာချုပ်နဲ့အတူ
နာရာချီထုံးကျောက်တူးဖော်ရေးကုမ္ပဏီဆိုပြီး သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုကို ကောက်ထူထောင်ပြီး ခံတပ်ကြီးတစ်ခုကို အခိုင်အမာ ဆောက်တည်တယ်။

အင်အားကြီးလာတဲ့ ဆူရိယဗာဒန်ဟာ ပတ်ဝန်းကျင်ဒေသတွေမှာရှိတဲ့လူတွေကို သူ့ခံတပ်အတွင်းကို အတင်းအဓမ္မခေါ်ယူပြီး မညှာမတာ အလုပ်စေခိုင်းတော့တယ်။ လုံခြုံရေးသုံးဆင့်ကာရံထားတဲ့ ခံတပ်ကြီးအတွင်းကို ရောက်ရှိသွားသူတွေဟာ ပြန်လမ်းမရှိတော့ဘူး။

အဲ့ဒီလုံခြုံရေးသုံးဆင့်ဆိုတာက 

၁ – အခိုင်အမာတည်ဆောက်ထားတဲ့ ဧရာမတံတိုင်းကြီး ၊

၂ – ဧရာမတံခါးကြီး နဲ့ ၊ 

၃ – အဲ့ဒီနှစ်ခုကို စောင့်ရှောက်ပေးမယ့်
ရက်စက်ကြမ်းကြုတ်လွန်းသူ လူမိုက်ခေါင်းဆောင် ဗားနာရမ် တို့ ဖြစ်တယ်။
လက်ရှိအချိန်မှာ သူဟာ နာမကျန်းဖြစ်ပြီးတော့ အိပ်ယာထဲ လဲနေတယ်။သူ့အရိုက်အရာကို ဆက်ခံဖို့ သားကြီးဖြစ်တဲ့ ဂါရူးဒါးကို ခေါင်းကိုင်ဖခင်ကြီးမှာတာဝန်ပေးထားတယ်။

ကိုလာရွှေလုပ်ကွက်ရဲ့အိုးစားဖက် ငါးယောက်ရှိတယ်။

၁ – ဘာဂါ့ဗ်ရဲ့သား ကာမဲလ်
(ကိုလာရွှေလုပ်ကွက်က ထွက်လာသမျှ ရွှေတွေကိုသန့်စင်ပေးတဲ့သူ)

၂ – ရာဂျန်ဒရာဒီစိုင်း
(ဘန်ဂလောမှာနေရင်း
ကိုလာရွှေတွေကို စျေးကွက်ကို ဖြန့်ပေးတဲ့သူ)

၃ – အင်ဒရူး
(ရေလမ်းကုန်သွယ်ရေးအတွက်
အနောက်ကမ်းရိုးတမ်းကို ချုပ်ကိုင်ထားတဲ့သူ)

၄ – ဂုရုပန်ဒရန်း
(ဆူရိယဗာဒန်ကြောင့် နိုင်ငံရေးသမား ဖြစ်လာတဲ့သူ)

၅ – အာဒီးရာ
(ဆူရိယဗာဒန်ရဲ့ ညီအရင်း)ဒီ၅ယောက်ကို အုပ်ချုပ်ပြီး ၊ ဒီ၅ယောက်ရဲ့ အကူအညီနဲ့ကိုလာရွှေလုပ်ကွက်ကို လည်ပတ်နေတာ….။

“ရော့ကီ့အကြောင်း”

ရော့ကီဟာ ဘုံဘေမြို့မှာနေထိုင်တယ်။
ငယ်ကလည်းက ဇရှိတယ် ၊ လက်ရဲတယ်။ရည်မှန်းချက် ကြီးမားတယ်။
သွားလေသူ မိခင်ပေးခဲ့တဲ့ ဘ၀ခွန်အားတွေကြောင့် အမြင့်ဆုံးကို ရောက်ချင်နေတဲ့သူ။ငယ်ငယ်ကတည်းက လက်ယဉ်တာကြောင့် ဘုံဘေရှက်တီဆိုသူ လူမိုက်ကြီးရဲ့လက်သပ်မွေးခြင်းကို ခံရတဲ့သူ။


ရှက်တီ့မှာ ကြုံလာသမျှ ဘေးရန်တွေ ၊
ရှက်တီ့လုပ်ငန်းတွေကိုစွမ်းစွမ်းတမံလုပ်ကိုင်ပေးရင်း သူမတူတဲ့သူ့အစွမ်းအစကြောင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်မကြည်တာကို ခံရတဲ့သူ။သူ့အစွမ်းအစကို ရှက်တီက အသိအမှတ်မပြုပေမယ့်ရှက်တီ့အထက်က အကောင်ကြီးတစ်ကောင်ဖြစ်တဲ့ နံပါတ် ၃ အိုးစားဖက် အင်ဒရူးကရော့ကီ့အကြောင်းကို ကြားပြီး လာကမ်းလှမ်းတယ်။ကမ်းလှမ်းတဲ့အလုပ်တစ်ခုအလုပ်က လုံခြုံရေးအပြည့်ယူထားပြီးဘန်ဂလောမြို့ကို လာမယ့်လူတစ်ယောက်ကို အပြတ်ရှင်းပေးရမှာ…။


ဒီတော့ သူဟာ ဘုံဘေကနေ ဘန်ဂလောကို ခရီးထွက်လာခဲ့ပြီးသူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ပါတယ်။အပိုင်း၂အတွက်ဆိုရင်တော့ ဇာတ်ဆောင် အသစ်တွေ မြင်ရတော့မှာပါ။ ရာမီကာစိမ်းဆိုတဲ့ လူထုဩဘာသံနဲ့အတူ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသူနဲ့ ဆူရီးယားဗာဒန်ရဲ့ ညီ၊ ဂါရူးဒါးရဲ့ ဦးလေးဖြစ်တဲ့
အားဒီးယားပါ။

အပိုင်း၁မှာတော့ သူတို့အကြောင်း အနည်းငယ်မျှသာပါဝင်ခဲ့ပြီး အပိုင်း၂မှာတော့ ရော့ကီရဲ့အဓိကပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။မကြာခင်ထွက်လာတော့မယ့် အပိုင်း၂ကို စောင့်စားရင်းအပိုင်း၁ကို အရင်ကထက် ပိုလန်းတဲ့ အရည်အသွေး၊
ပိုကောင်းတဲ့မြန်မာမှု၊ မူရင်းအသံတို့နဲ့အတူပြန်လည် ခံစားလိုက်ကြရအောင်ဗျာ။ 

 File Size :(1.20 GB )
Quality : WEB-DL 720p
Download link

 

Project Gutenberg ( 2018 )


နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 %ကျိန်းသေနေတဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့

လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …
အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်။ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်။

ကံကြမ္မာလှည့်ကွက်တွေကြောင့်
၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်။

ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြုပန်းချီပညာရှင်တစ်ယောက်…

ရဲစခန်းကဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကို ကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲ
ကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်။

ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေ
အစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်။

ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီးစောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။

Quality : Bluray 1080p 5.1 CH ( HEVC )
Download link

 

ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Beautiful Days ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးမှာ မင်းသမီးကြီး Lee Na-Young က အဓိကပါဝင် သရုပ်ဆောင်ထားပြီးမင်းသားကတော့ Search/The tale of nokdu စတဲ့ ဇာတ်ကားတွေမှာ ပါဝင် သရုပ်ထားတဲ့ မင်းသား Jang Dong-Yoon ပါမြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ လူတွေရဲ့ ဘဝကို ရိုက်ကူးပြသထားပါတယ်ဇာတ်လမ်းအကျဉ်းမြောက်ကိုရီးယား အမျိုးသမီး ခိုလှုံသူတစ်ယောက်ဟာ တရုတ်ဘက်မှာ ကိုရီးယားအမျိုးသားတစ်ယောက်နဲ့ အခြေကျပြီး မိသားစုဘဝတည်ထောင်ခဲ့ပါတယ်ဒါပေမယ့် တစ်ရက်မှာတော့ ယောက်ျားနဲ့ သားကို ထားခဲ့ပြီး ထွက်သွားခဲ့ပါတယ်ကျန်ခဲ့တဲ့ သားဖြစ်သူဟာ သူမကို နာကျည်းနေခဲ့တာပေါ့ဒီလိုနဲ့ တစ်နေ့ သူတို့တွေ ပြန်တွေ့ကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲ...?

Download link

 

ဒီကား​လေးဟာ ဟောင်​​ကောင်​ဇာတ်​ကား​ကောင်းလေးတစ်​ကားဖြစ်​ပါတယ်​။1970ဝန်းကျင်​​လောက်​က​​အောင်​မြင်​​ကျော်​ကြားပြီး အသက်​ကြီးသည်​အထိလက်​တွဲမဖြုတ်​ခဲ့ကြတဲ့ ​ရော့ဂီတအဖွဲ့ Wynnersအ​ကြောင်း တင်​ဆက်​​ဖော်​ပြထားတာပါ…သူတို့ရဲ့​အောင်​မြင်​​ကျော်​ကြားမှုဆီ​လျှောက်​လှမ်းရာလမ်းဟာပန်းခင်းသောလမ်းမဟုတ်​ခဲ့ပါဘူး​ကျောင်းသားဘဝက သူတို့တိုက်​ခန်းမှာသီချင်းလေ့ကျင့်ရင်းပတ်​ဝန်းကျင်​ရဲ့အပြစ်​တင်​မှု​တွေကိုခံယူခဲ့ရပါတယ်​..
မိဘ​တွေရဲ့နားမလည်​​ပေးမှု​တွေ..အခက်​အခဲ​ပေါင်းများစွာကိုဘယ်​လို​တွေရင်​ဆိုင်​​ဖြေရှင်းကြမလဲ…သူတို့​တွေ​အောင်​မြင်​မှုရချိန်​မှာဘယ်​လိုပြသနာ​တွေကိုထပ်​ပြီးကြုံ​တွေ့ရမှာလဲ..ဆိုတာ​တွေကို ကြည့်ရှုရမှာဖြစ်​ပါတယ်​….ဂီတလမ်းခရီးရဲ့ကြမ်းတမ်းမှု​တွေအခက်​အခဲပြဿနာမျိုးစုံ​တွေကို ​တွေ့မြင်​ရမှာဖြစ်​ပြီးရင်​ထဲထိ​စေတဲ့ဇာတ်​ကားတစ်​ကားဖြစ်​လို့ ကြည့်ဖို့တိုက်တွန်းပါရစေ။
Download link

 

အခုတင်ဆက်ပေးမယ့်ကားလေးကတော့ မှော်သိုင်းကားတစ်ကားပါဒီကားက တရုတ်သိုင်းကားတွေကိုကြိုက်တဲ့သူတွေအတွက်ကတော့သဘောကျမယ့်ကားမျိူးပါဇာတ်လမ်းရဲ့အစမှာတော့ယွမ်ခေတ်ရဲ့၁၂နှစ်မြောက်မှာအုပ်စိုးတဲ့ကျောက်ဘုရင်လက်ထက်မှာမိစာၦဂိုဏ်းတွေက ပြည်သူတွေညင်းပန်း
နိုပ်စက်တာကိုနှိမ်နှင်းဖို့အတွက်ကျောက်ဘုရင်က မိစာၦနိုမ်နင်းရေးအဖွဲကိုစေခိုင်းခဲ့တယ်မိစ္ဆာ
နှိမ်နင်းရေးအဖွဲခေါင်းဆောင်ဘကျန်းချန်းကစစ်မှုးရှောင်ကျန်းကို ယိုကျုံးကိုလျိုဝှက်ပြီးတိုက်ခိုက်စေတဲ့အခါအဲကိုသွားတိုက်တဲ့လမ်းတစ်လျှောက်မှာ ဘာတွေဖြစ်မှာလဲလျိူဝှက်တိုက်ဖို့လွှတ်လိုက်တဲ့ ၄ယောက်ကရောဘယ်လိုမျိူးလဲတိုက်ပွဲပြီးပြန်လာတဲ့လမ်းတစ်လျှောက် ဘယ်လိုမျိူးတွေကြုံရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့်ကားမျိူးပါသိုင်းကားဆိုပေမယ့် နောက်ပိုင်းမှာ drama နည်းနည်းလေးထည့်ပြီးရိုက်ထားတော့ စိတ်ဝင်စားစရာကောင်းတဲ့ကားမျိူးမို့ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ
Download link

 

The Professor(2019)

အညွှန်း

ရစ်ချက်မင်းမှာ အဆင့်(၄)ရှိတဲ့ ကင်ဆာဖြစ်နေပြီ….ရောဂါကအတော်လေးပျံနှံနေပြီ…မင်းရဲ့ကျောင်းကိုလည်းအသိပေးသင့်သလိုမိန်းမနဲ့သမီးကိုလည်း အသိပေးသင့်နေပြီ….အမြန်ဆုံးလည်းကုသသင့်နေပြီ”
” ကျုပ်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ”
“ကုသရင် ၁နှစ်ပေါ့ ကံကောင်းလွန်းနေရင် တစ်နှစ်ခွဲ…
မကုသရင်တော့ ၆လပေါ့…”
ရစ်ချစ်တစ်ယောက်ဟာ ဆရာ၀န်ရဲ့ စိတ်မကောင်းပါဘူးဆိုတဲ့နှစ်သိမ့်စကားကိုလောလောလတ်လတ်ကြားလိုက်ရဲ့ သတင်းစကားကြားမှာပင် အတတ်နိုင်ဆုံးပြန်ပြုံးပြလိုက်တယ်။ဒီအပြုံးတွေဟာ ဘယ်လောက်တောင်အသက်မဲ့နေလိုက်မလဲ​အနည်းငယ်သာကျန်ရှိတော့ သူ့ဘ၀သက်တမ်းကိုတွေးရင်း
ရစ်ချက်တစ်ယောက်ရဲ့ခြေလှမ်းတွေ …
ကောင်းကင်ကိုမော့ကြည့်တဲ့သူ့မျက်လုံးတွေ…လူတစ်ချို့ရဲ့ ရယ်မောသံတွေကိုကြားရတဲ့သူ့နားတွေ…အားလုံးဟာ သူ့အတွက်အဓိပ္ပါယ်မဲ့နေသလိုပင်…ဒီကားမှာသရုပ်ဆောင်ထားတဲ့မင်းသားကြီး Johnny Depp ကိုတော့အထွေအထူးမိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး…သူဟာ ကောလိပ်ကပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်…တခြားဇာတ်ကားတွေလို ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းမှုတွေကိုသူတော်စင်တစ်ပါးလိုလုပ်…ဘ၀ရဲ့တန်ဘိုးဆိုတာဘာညာဆိုပြီးကောင်းပြီးရင်းကောင်းတဲ့ ဇာတ်ဟန်မဟုတ်ဘူး…ပထမတစ်ခန်းမှာတင်သူ့ဘ၀လက်ကျန်ချိန်ဟာ အနည်းငယ်ပဲသိပြီးတဲ့နောက်သူလုပ်သွားတာတွေက တကယ့်ကိုစိတ်၀င်စားစရာကောင်းတယ်..သူ့ရဲ့သရုပ်ဆောင်ဟန်ကြောင့်ပဲ ဒီဇာတ်ကားဟာ ပိုရုပ်လုံးကြွလာတယ်လို့တောင်ပြောရမယ်ထင်တယ်။ကိုင်းခံစားကြည့်လိုက်ပါဦး….ခင်ဗျားတို့ရဲ့အကောင်းဆုံးသော ဇာတ်ကားစာရင်းထဲမှာ ဒီကားကိုကြည့်ပြီးရင်
ဒီကားအပါအ၀င်ပဲဆိုပြီးထည့်ဖြစ်သွားလိမ့်မယ်လို့လည်းထင်မြင်မိပါတယ်။
Download link

 

၂၀၁၅ တုန်းက ထွက်ရှိခဲ့ တဲ့ Monster Hunt ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ချစ်စရာမိစ္ဆာကောင်လေး ဝူဘရဲ့ စွန့်စားခန်းဇာတ်လမ်းကို ဆက်လက်ရှုစားရမှာ ဖြစ်ပါ တယ်။
အရင်ဇာတ်လမ်းရဲ့ အဆုံး သတ်မှာ မိစ္ဆာကောင်လေး ဝူဘ ဟာ သူ့ဘဝခရီးရှေ့ဆက်ဖို့ သူ့ရဲ့ လူသား မိဘနှစ်ပါးဖြစ်တဲ့ ထျန်၊ လန်တို့နဲ့ လမ်းခွဲခဲ့ပါတယ်။ မိစ္ဆာ လောကမှာလည်း မိစ္ဆာဘုရင်ကြီး သေဆုံးအပြီးမှာ သူ့နေရာဆက်ခံ ဖို့ အချင်းချင်း သတ်ကြဖြတ်ကြနဲ့ လောကမငြိမ်းချမ်းခဲ့ပါဘူး။တကယ်တော့ ဝူဘလေးဟာ သူ့မိဘတွေနဲ့ လမ်းခွဲခဲ့ပေမယ့် အရင်တုန်းက အတူရှိနေချိန်တွေ ကို တစ်ချိန်လုံး သတိရနေခဲ့တာ ပါ။ အဲဒါနဲ့ နောက်ဆုံးမှာတော့ ထိုင်သတိရနေမယ့်အစား ပြန် လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ပြီး စွန့်စား ခန်းခရီးနှင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ ဝူဘဟာ နွေ၊ မိုး ဆောင်းရာသီတွေ ဖြတ်သန်းခရီး နှင်ခဲ့ရင်း တစ်ရက်မှာတော့ ကိုယ် ဖျောက်နိုင်စွမ်းရှိတဲ့ သူ့လိုမျိုးပုံစံ တူ မိစ္ဆာကြီးတစ်ကောင်နဲ့ ဆုံခဲ့ ပါတယ်။ အဲဒီမိစ္ဆာကြီးဟာလည်း သဘောကောင်းသူဖြစ်တာမို့ နောက်ပိုင်းမှာ ဝူဘနဲ့ မိတ်ဆွေ ဖြစ်သွားပါတယ်။
ဝူဘဟာ မိစ္ဆာဘုရင် အ လောင်းအလျာလေးဖြစ်တာမို့ အ ပြတ်ရှင်းချင်သူတွေက ပိုက်စိပ် တိုက်လိုက်ရှာနေတဲ့အတွက် ပုန်းလျှိုးကွယ်လျှိုးပဲ နေနေခဲ့ရပါ တယ်။
ဝူဘဟာ လိုက်ဖမ်းသူတွေ လက်က လွတ်အောင် ပြေးရှောင် ကာ မိဘတွေကို လိုက်ရှာရင်း ကလိမ်ကကျစ်လောင်းကစား သမားတူနဲ့ ဆုံခဲ့ပါတယ်။ အကြွေး တွေပိနေတဲ့တူဟာ မိစ္ဆာကောင် အသေးလေးရဲ့ အကူအညီနဲ့ လောင်းကစားဝိုင်းတွေမှာ လိုက် လိမ်ပြီး ကစားနေသူပါ။
ဝူဘနဲ့ မိတ်ဆွေ မိစ္ဆာကြီးက ဝူဘကို ကူညီကယ်ဆယ်ရင်း တူဆီကိုခေါ်သွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဝူဘဟာ တူနဲ့အတူ လိုက်သွား ရင်း မိဘတွေကို ရှာပုံတော် ဆက် ဖွင့်ခဲ့ပါတယ်။လမ်းခရီးမှာ ဝူဘကို အသေ ရရ၊ အရှင်ရရ လိုချင်နေတဲ့ မိစ္ဆာ တွေနဲ့ ထိပ်တိုက်တိုးတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ဝူဘ ကကော သူတွေ့ချင်လွန်းတဲ့အဖေနဲ့ အမေကို ရှာတွေ့ပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားစရာ ဇာတ်ကောင်တွေ၊ ဇာတ်ကွက် တွေနဲ့အတူ ဆက်ကြည့်လိုက်ဦး နော်။ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Tony Leung, Bai Baihe, Jing Boran, Li Yuchun, Tony Yang, Huang Lei တို့ပဲ ဖြစ်ပါတယ်။
Download link
 

ဒိတ်ဒိတ်ကြဲမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Blake Lively နဲ့ Anna Kendrick တို့ တက်ညီလက်ညီသရုပ်ဆောင်ထားတဲ့ Comedy/Mystery ကားလေးပါဇာတ်လမ်းနာမည်ကသာ A Simple Favor ဖြစ်နေပေမယ့် တစ်ကားလုံး Twist တွေ Turn တွေနဲ့မို့ ကြည့်ရတာတန်စေရမယ်လို့အာမခံပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ စတက်ဖနီက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မုဆိုးမဖြစ်ပြီး သားလေးမိုင်းစ်ကိုတစ်ကိုယ်တည်း ပျိုးထောင်နေသူလေးပါကျောင်းကိစ္စဆိုလည်း ဘယ်နေရာမဆိုတက်ကြွလွန်းလို့ တခြားကလေးမိဘတွေကတောင် အမြင်ကတ်ရသူအမ်မလီကတော့ အထက်တန်းကျကျ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ အရေးပါအရာရောက်သူ အနေအထိုင် အပြောအဆိုကအစခေတ်ရှေ့ပြေးသလောက် သားဖြစ်သူနစ်ကီ့ကို အလုပ်ကိစ္စတွေကြောင့် အာရုံသိပ်မစိုက်နိုင်သူစရိုက်မတူတဲ့သူတို့နှစ်ယောက် ကလေးတွေကိုအကြောင်းပြုပြီး ခင်မင်သွားကြပါတော့တယ်။တစ်ရက်တော့ အလုပ်ကိစ္စကြောင့် နစ်ကီ့ကိုကြိုပေးဖို့ စတက်ဖနီကိုအကူအညီတောင်းပြီး အမ်မလီတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါမှာတော့အချစ်ဆုံးသူငယ်ချင်းအမ်မလီကို စတက်ဖနီကိုယ်တိုင်ရှာပုံတော်ဖွင့်ရာမှ…ဒါရိုက်တာ Paul Feig ကရိုက်ကူးထားပြီး Crazy Rich Asians က မင်းသားချော Henry Golding လည်းပါဝင်အားဖြည့်ထားပါတယ်။

Download link

 

Followers

Slider

5/Teste Menu 7/slider
MM Official