Sonu Ke Titu Ki Sweety (2018)

ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။

ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်၀ယ်၀ယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။

ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။

တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။

အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါComdeyဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Download link


 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official