Showing posts with label Musical. Show all posts
Showing posts with label Musical. Show all posts

Whitney (2018)

၁၉၈၀နဲ့ ၁၉၉၀ကျော်ကာလတွေမှာ အမေရိကရဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကျော်ခဲ့တဲ့ ပေါ့ပ်အဆိုတော် သရုပ်ဆောင်မင်းသမီး Whitney Houstonရဲ့ကိုယ်ရေးအကြောင်း ကိုမှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။

1991 ခုနှစ်တုန်းက ကမ်ဘာ့အလှဆုံးအမျိုးသမီး ၅၀ စာရင်းကို People မဂ္ဂဇင်းကနေရွေးချယ်ပေးတဲ့အခါ
သူမလည်းပါ၀င်ခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်စဉ်တုန်းက လည်း အောင်မြင်ခဲ့ပါတယ်။

အထူးသဖြင့် မင်းသားကြီး Kevin Costner နဲ့ရိုက်ကူးခဲ့တဲ့ The bodyguard(1992)ဇာတ်ကားမှာပေါ့။

သီချင်းနဲ့ပတ်သက်ပြီးတော့လည်း ဆုပေါင်းများစွာရရှိခဲ့သလို အရောင်းရဆုံး စံချိန်တွေလည်းတင်ခဲ့ပါတယ်။

သူ့ရဲ့ငယ်ရွယ်စဉ်ဘဝကနေ သေဆုံးခဲ့တဲ့နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားခဲ့တာတွေကို သူ့ရဲ့မိသားစုဝင်တွေ သူ့ရဲ့မိတ်ဆွေတွေသူနဲ့နီးစပ်သူတွေကို တွေ့ဆုံမေးမြန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်ပြီးနောက်ပိုင်းမှာ ကြုံတွေရတဲ့အခက်အခဲတွေ၊ အမှားတစ်ခုလုပ်မိတာနဲ့ပရိတ်သတ်ဆီကဆိုးရွားတဲ့တုံ့ပြန်မှုတွေခံရပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Whitney Houstonရဲ့ သီချင်းတွေကိုလည်းအပြည့်အဝ နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။

File Size : (875 MB)

Quality : Blu-Ray 720p

Duration…02:00:00

Genre : Documentary , Biography , Music

Download Link


...... Thank For Watching...... 

 

Songwriter (2018)

အခုတင်ပေးမှာကတော့ နာမည်ကြီးအဆိုတော် Ed Sheeran ရဲ့ Divide Album ထုတ်လုပ်ခဲ့ပုံကိုDocumentary တင်ဆက်ထားတာလေးပါ။

Divide Album ဟာ 2017 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပေမယ့် ဒီDocumentary ကိုတော့ 2018 ခုနှစ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Documentary ရိုက်ကူးပေးခဲ့သူကတော့ Ed ရဲ့ အစ်ကိုဝမ်းကွဲ Murray ဖြစ်ပြီး 

နာမည်ကြီး Apple ကုမ္ပဏီကဒီ Documentary ရဲ့ World Screen Rights ကို ဝယ်ယူခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ IMDb Rating ကလည်း 7.3 ရရှိထားပြန်ပါတယ်။

Documentary အစမှာတော့ Justin Bieber ရဲ့ နာမည်ကြီး Love Yourself သီချင်းကို ရေးစပ်သီဆိုနေတာနဲ့ အစပြုလာခဲ့ပြီး

Divide Album မှာ ပါဝင်တဲ့ သီချင်း 14 ပုဒ်အကြောင်းကိုတစ်ပိုင်းတစ်စဆက်လက်တင်ဆက်သွားကာာမည်ကြီးသီချင်းတွေဖြစ်တဲ့ Shape Of You, Perfect, Galway Girl တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

Ed သီချင်းရေးတဲ့အခါမှာ သူလေးစားအားကျရတဲ့ အနုပညာရှင်တွေဆီကအကြံဉာဏ်ယူလေ့ရှိတာကိုလည်း ဖော်ပြထားပြီး 

Foy Vance, Amy Wedge, Benny Blanco,John McDaid, Ryan Tedder, Julia Michaels နှင့် Mathew Sheeran တို့လည်းပါဝင်အားဖြည့်ကူညီထားတာကြောင့် Ed ရဲ့ နှစ်လိုဖွယ် အပြုအမူလေးတွေနဲ့ 

သီချင်းတွေအပေါ်ထားတဲ့သူ့ရဲ့ခံယူချက်စိတ်ထားတွေကို သိချင်တယ်ဆိုရင်တော့ Songwriter ဆိုတဲ့ ဒီ Documentary ကို ကြည့်ရှုလိုက်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်…

File Size : (960 MB)

Quality : WEB-DL 720p,

Duration…01:24:00

Genre : Documentary, Music

Dowload Link


...... Thank For Watching...... 


BLACKPINK Light Up The Sky (2020)

အညွှန်း
ချစ်စရာကောင်မလေး လေးယောက်ဖွဲ့စည်းထားတဲ့ နာမည်ကျော် K-pop Girl Groupဖြစ်တဲ့ BLACKPINK ကို အားလုံးပဲသိကြမယ်လို့ ထင်ပါတယ်။ 

မသိကြသေးရင်လည်း ဒီ Film လေးကို ကြည့်ပြီး သူတို့ ဘယ်သူလဲဆိုတာ ‌သေချာပေါက် သိသွားစေမှာပဲ ဖြစ်ပါတယ်။

Documentry Film ပုံစံမျိုးလေးဖြစ်ပြီးတော့ BLACKPINK ဖြစ်ပေါ်လာပုံ၊ 

BLACKPINK ဖြစ်ပေါ်လာဖို့ ငယ်စဉ်တည်းက ‌‌သူတို့ကြိုးစားခဲ့ပုံ၊ 

အခုထိလည်း ကြိုးစားနေဆဲ ကာလတွေကို လေးစားအားကျဖွယ် တင်ဆက်ပေးတဲ့ motivation film ပုံစံမျိုးလည်း ဖြစ်တဲ့အတွက် အားလုံးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

File Size : (1.20 GB) , (650 MB) 

Quality : NF WEB-DL (1080p 5.1,720p)

Running Time : 1h 19min

Genre : Documentary, Music

Download Link


...... Thank For Watching...... 




Billie Eilish : The World’s a Little Blurry (2021)

Billie Eilish fan တွေအတွက် Billie ကတော့ လက်ဆောင်အကြီးကြီး ပေးလိုက်ပြန်ပါပြီ။ 

Biography , Documentary ,Music အမျိုးအစားဖြစ်ပြီး Billie တစ်ယောက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်အောင် ကြိုးစားခဲပုံတွေ၊သူ့ရဲ့ Debut Album ဖြစ်တဲ့ When We All Fall Asleep, Where Do We Go? ဖြစ်မြောက်အောင် ကြိုးစားမှုနဲ့ နောက်ကွယ်က ဇာတ်လမ်းတွေအပြင်Billie နဲ့ သူ့ရဲ့ မိသားစုရဲ့အကြောင်းကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ဒီ Doc ဟာ Billie နဲ့ သူ့ရဲ့ ပရိသတ်တွေ ပိုပြီး နီးကပ်ရင်းနှီးသွားအောင် ဖော်ဆောင်ပေးမယ့် film လေးတစ်ခုဘဲလို့ဆိုရမှာပါ။

File Size : 2 GB

Quality : 1080p WEB Dl

Duration : 2h 20min 
Download Link

...... Thank For Watching...... 

 

Avicii: True Stories (2017)

EDM ကို ပေါ်ပင်ဂီတ၊ အပေါစားဂီတတစ်ခုလို့မြင်နေကြတဲ့ မြန်မာဂီတချစ်ပရိသတ်တွေအတွက် ပကာသနအကင်းဆုံးနဲ့ ဘ၀ကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့ပြီး
စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ ကမ္ဘာကျော် DJ တစ်ယောက်ဖြစ်တဲ့ Avicii အကြောင်း ရိုက်ကူးထားတဲ့ Avicii: True Stories ဆိုတဲ့ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

စတော့ဟုမ်းမြို့က ချာတိတ်လေးတစ်ယောက်ဟာ အသက် ၁၇ နှစ်အရွယ်မှာ FL Studios ဆိုတဲ့ Software လေးတစ်ခုကနေ အစပြုပြီး House Music နဲ့ Dance Music လောကမှာ အအောင်မြင်ဆုံးလူငယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

သူ့ရဲ့အသက်အရွယ်နဲ့ သူဖန်တီးခဲ့တဲ့ သီချင်းတွေဟာ မိုးနဲ့မြေလိုကွာခြားပြီး လူငယ်ပရိသတ်တွေရဲ့ ရင်ထဲကို Levels, Wake Me Up, The Nights စတဲ့ သီချင်းတွေကို အရောက်ပို့ပေးခဲ့သူပါ။ 

နာမည်ကျော် DJ သမားတွေဖြစ်တဲ့ Laidback Luke, David Guetta လိုလူမျိုးတွေကပါ သူ့ကို ပါရမီရှိပြီး ရိုးရှင်းတဲ့ DJ သမားလို့ ချီးကျူးခဲ့ရတဲ့အထိ သူ့ရဲ့ ဂုဏ်သတင်းက ကျော်ကြားခဲ့သလို အနုပညာသက်တမ်း ၇ နှစ်လောက်အတွင်းမှာ ပွဲပေါင်း ၈၀၀ ကျော်ဖျော်ဖြေခဲ့သူလဲဖြစ်ပါတယ်။

Avicii ရဲ့ဘ၀ဟာ ပရိသတ်တော်တော်များများအတွက်တော့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ Avicii ဟာ ကျန်းမာရေးအခြေအနေဆိုးတွေနဲ့ ရုန်းကန်နေရတာကိုတော့ သူနဲ့ရင်းနှီးတဲ့လူနည်းစုကသာ သိရှိခဲ့တာပါ။ 

လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပွဲပေါင်းများစွာကို မမောမပန်းပဲဖျော်ဖြေနိုင်ဖို့၊အလုပ်ကို အာရုံသေချာ
စိုက်နိုင်ဖို့အတွက် အရက်သေစာကို ကုထုံးတစ်ခုအဖြစ်အသုံးပြုခဲ့တဲ့ Avicii ဟာ သိပ်မကြာခင်မှာပဲ အရက်အလွန်အကျွံ သောက်ခြင်းရဲ့အကျိုးဆက်အဖြစ် ပန်ကရိယ ရောင်ရမ်းလာခဲ့ပါတယ်။

ဒီဝေဒနာတွေ ကြောင့် ရှိုးပွဲတွေလဲ ဖျက်ခဲ့ရတဲ့အပြင် အလုပ်တွေပါလစ်ဟင်းလာတဲ့အတွက် စိတ်ဓာတ်တွေကျခဲ့သလို အကိုက်အခဲပျောက်ဆေးဒဏ်တွေကြောင့် ပြန်လည်သက်သာဖို့ အတော်လေးအချိန်ယူခဲ့ရပါတယ်။

ဒါပေမယ့် သူဟာ ဆေးရုံတစ်ခါဆင်းတိုင်း အနားယူဖို့ထက် ပရိသတ်အတွက် သီချင်းအသစ်တွေဖန်တီးဖို့၊ ဖျော်ဖြေပွဲတွေလုပ်ဖို့သာ တာဆူခဲ့ပြီး ဒီဒဏ်တွေက သူ့ကိုတဖြေးဖြေးနှိပ်စက်လာတာကို  လျစ်လျူရှု့နေခဲ့ပါတယ်။

ဒီရုပ်ရှင်မှာဆိုရင် ၂၀၁၆ ခုနှစ်က သူ အနားယူပြီလို့ တရား၀င်မကြေငြာခင် နောက်ဆုံးဖျော်ဖြေခဲ့တဲ့ပွဲအထိ မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။ 

သူ့ရဲ့ဘ၀ အတက်အကျတွေ သီချင်းဖန်တီးမှုတွေအကုန်ပါ၀င်ပြီး Avicii ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သိလာစေရမယ်လို့ အာမခံရဲတဲ့ရုပ်ရှင်တစ်ကားပါ။

အခုဆိုရင်တော့ အားလုံးသိထားတဲ့အတိုင်းပဲ Avicii ကတော့ အကြွေစောတဲ့ပန်းကောင်းတစ်ပွင့်ဖြစ်ခဲ့ပါပြီ။ သူ့ရဲ့ စိုးရိမ်စိတ်တွေ၊ ဝေဒနာတွေ ကို မခံနိုင်တော့တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်ဆိုပြီး တရား၀င်ကြေငြာချက်လဲထွက်လာခဲ့ပါပြီ။ 

သူ ကွယ်လွန်သွားပေမယ့် သူ့ရဲ့ Levels နဲ့ Wake Me Up ကတော့ ပရိသတ်တွေရဲ့နှုတ်ဖျားမှာ စွဲနေဆဲဖြစ်ပါတယ်။ EDM သမားတွေဆို အမြင်စောင်းတတ်တဲ့၊ အထင်သေးတတ်တဲ့လူတွေအတွက်လဲ ဒီကားကိုကြည့်ပြီးရင် သူတို့ရဲ့ဘ၀ကို နားလည်လာမှာသေချာပါတယ်။

ဒီလိုအနုပညာရှင်ကောင်းတွေ ဆက်ပြီးပေါ်ထွက်လာဖို့မျှော်လင့်ရင်း ကောင်းရာသုဂတိလားပါစေ Avicii လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ဆွီဒင်စကားပြောတစ်ချို့ဟာ English စာဖိုင်မှာမပါ၀င်တဲ့အတွက် ချန်ထားခဲ့ရပါကြောင်းအသိပေးလိုပါတယ်။

File Size : (750 MB)

Quality : WEBRip 720p

Running Time : 1hr 37min

Genre : Documentary
Download Link

...... Thank For Watching...... 

 

Katy Perry Part of Me(2012)

ဒီဇာတ်ကားလေးကတော့ အခုချိန်မှာ ကမ္ဘာကျော်ဖြစ်နေပေမဲ့ အရင်က ဒုက္ခမျိုးစုံ ကို ခံစားခဲ့ရတဲ့ အဆိုတော်မလေး Katy Perry ရဲ့အကြောင်းကို ဖွဲ့နွဲ ရိုက်ကူးထားတာဖြစ်ပါတယ်။

ငယ်ငယ်က Katy ဟာ pop music ကိုအရမ်းနှစ်ခြိုက်သူ တစ်ဦးပါ ဒါပေမဲ့ မိဘတွေက သင်းအုပ် တွေဖြစ်ခဲ့တော့ ဓမ္မတေး တွေသာနားထောင်ရ/ဆိုခဲ့ရပါတယ် ဒါ့အပြင် သူမရဲ့ ပထမဆုံး Album ကိုလည်း Katy Hudson ဟူသောအမည်ဖြင့် သူမမိဘတွေကြောင့်ဓမ္မတေး ဖြင့်သာ ထုတ်ခွင့်ရခဲ့ပြီး အရှုံးပေါ်ခဲ့ပါတယ်။

Recordings Label တော်တော်များများကလည်းသူမနဲ့စာချုပ်ချုပ်ဆိုဖို့ ပယ်ချခံခဲ့ရပါတယ်။ အဲ့ဒီအခြေအနေ တွေကနေ ကျော်လွားနိုင်လာတော့pop star တစ်ယောက်ဖြစ်လာချိန် ၂၀၁၀ ခုနှစ်မှာ comedy movie actor ဖြစ်တဲ့ Russell Brand နဲ့ လက်ထပ်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်မှာ Katy ရဲ့ California Dreams World Tour လုပ်နေတုန်း သူမယောက်ျား ရဲ့ ရုတ်တရက် လမ်းခွဲခြင်းကိုပါခဲခဲ့ရပါတယ်။

သူမအဲ့ဒီလို အခြေအနေတွေကနေ ဘယ်လိုမျိုး အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် အဆိုတော်မလေး ဖြစ်လာသလဲဆိုတာကို လေ့လာ အတုယူ မှတ်သားဖွယ်ရာ ကြည့်ရှုကြရမှာဖြစ်ပါတယ် ဇာတ်လမ်းအမျိုးအစားကတော့ Long Music Video/Documatry အမျိုးအစားဖြစ်ပါတယ် Director တွေကတော့ နာမည်ကျော် တွေဖြစ်ကြတဲ့ Jane Lipsitz နှင့် Dan Cutforth တို့ပဲဖြစ်ပါတယ်။
Download link


...... Thank For Watching...... 

 

The Box (2021)

“မျက်လုံးတွေကိုမှိတ်လိုက်ပါအဆုံးအစမရှိ ကျယ်ပြောနက်ရှိုင်းတဲ့ကမ္ဘာကြီးကမင်းရှေ့မှာ ရှိနေလိမ့်မယ်”

အမြင်အာရုံကွယ်ပျောက်နေတဲ့မိန်းကလေးတစ်ယောက်က စင်ကြောက်နေတဲ့အဆိုတော်ပေါက်စလေးကို ပြောခဲ့တဲ့စကားပါ။

ဒီကားလေးက အကြွေးပတ်လည်ဝိုင်းနေတဲ့ ပရိုဂျူဆာတစ်ယောက်ရယ်လူတွေမမြင်တဲ့နေရာမှာပဲ သီချင်းဆိုရဲတဲ့ကောင်လေးတစ်ယောက်ရယ်ရဲ့musical journey တစ်ခုကိုရိုက်ပြထားတာပါ။

ကောင်လေးနေရာမှာတော့ Exo ထဲက Chanyeol ပါဝင်သရုပ်ဆောင်ထားတယ်သူတို့နှစ်ယောက် မထင်မှတ်ပဲတွေ့ဆုံရင်းစာချုပ်အသေးစားလေးတစ်ခု ချုပ်ခဲ့ကြတယ်။

အဲ့ဒီစာချုပ်အတိုင်း လူရှေ့မှာဆိုဖို့ train ပေးတယ်ပေါ့ဗျာ။Musical ကားဆိုတော့တစ်ကားလုံး သီချင်းလေးတွေနဲ့ပဲငြိမ့်ငြိမ့်ညောင်းညောင်းလေးသွားမှာပါ​။

အဆိုပိုင်းရော သရုပ်ဆောင်ပိုင်းပါတော်တဲ့Chanyeol ရဲ့သီချင်းတွေကို သူ့မျက်နှာလေးကြည့်ပြီးနားထောင်နေရတာနဲ့တင်ဒီကားကတော်တော်လေးကိုတန်နေပါပြီလို့ကြည့်ရှူလိုက်ကြပါဦးလို့......

Quality:  WEB-DL 5.1CH 1080P and 720P 

Size: 2 GB and 1 GB

Genre: Drama, Music,Musical

Download Link


..... Thank For Watching ......
 

Taylor Swift: Miss Americana (2020)

အားလုံး မျှော်လင့်နေကြတဲ့ ၂၀၂၀ ထဲမှာလောလောလတ်လတ် ထွက်ရှိထားတဲ့ အမေရိကန်ပေါ့ပ် နဲ့ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ် ရဲ့မှတ်တမ်းရုပ်ရှင် Miss Americana ကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီရုပ်ရှင်လေးဟာ တေလာဆွစ်က သူ့ရဲ့ဘဝအစိတ်အပိုင်းလေးတွေကို ခင်ဗျားတို့ဘေးနားမှာ ထိုင်ပြောနေတဲ့ အတိုင်း ကြည့်ရှုခံစားရမှာပါ။တေလာဆွစ်နဲ့အတူတူ ခင်ဗျားအပြင်ထွက်မယ်။သူနဲ့အတူတူ ရှိုးပွဲတွေလိုက်မယ်။သူနဲ့အတူ ဝမ်းသာစရာရှိရင် ဝမ်းသာလိုက်မယ် ဝမ်းနည်းစရာရှိရင်ဝမ်းနည်းမယ်။သူ့သီချင်းတွေ နားထောင်ရင်း သူနဲ့အတူတူ ကြီးပြင်းခဲ့ကြတဲ့ အတိုင်းပေါ့။

ကန်းထရီးသီချင်းတွေကိုဆိုတတ်တဲ့ ဆယ်ကျော်သက်ကောင်မလေးဟာအခုဆိုရင် အသက် ၃၀ နားကိုချဉ်းကပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ။

ဒီအသက်အရွယ်အထိ သူဘယ်လို အားတင်းခဲ့ရတယ် ဘယ်လိုရဲရင့်ခဲ့ရတယ်ဘယ်လိုရင့်ကျက်ခဲ့ရတယ်ဆိုတာတွေကို ၁နာရီနဲ့ ၂၅ မိနစ်ကြာတဲ့ ဒီမှတ်တမ်းရုပ်ရှင်လေးထဲမှာခင်ဗျားတို့ မသိသေးတာတွေရော ခင်ဗျားတို့သိပြီးသားကိစ္စတွေရဲ့ အသေးစိတ်တွေကိုရောသူ့ရဲ့အချစ်ရေး မိသားစုအကြောင်းတွေရယ် သူ့ရဲ့ ဂီတဘဝနဲ့တသီးပုဂ္ဂလဘဝ အကျိုးသက်ရောက်မှုတွေကို သူ့သီချင်းလေးတွေ နားထောင်ရင်း ရှူမြင်ခံစားရမှာဖြစ်ပါတယ်။

File Size : (700 MB)

Quality : WEB-DL 720p

Running Time : 1hr 25min

Genre : Documentary
Download Link

...... Thank For Watching...... 

 

Travis Scott: Look Mom I Can Fly (2019)

Travis Scott ဆိုတာဒီနေ့ခေတ် Hip-Hop ရေစီးကြောင်း တစ်လျှောက်မှာအအောင်မြင်ဆုံး.Rapper တွေထဲကတစ်ယောက်ဆိုရင်မမှားပါဘူး။ 

၂၀၂၀ ခုနှစ်ထဲမှာပဲ Nike,PS5,Fornite,McDonald တို့နဲ့ Collabပေါင်းများစွာလုပ်ထားပြီး သန်းချီချမ်းသာနေပေမယ့်။Low Profile ပဲနေတတ်တဲ့လူပါ။ ဒီလိုအောင်မြင်မှုရအောင် Astroworld ဆိုတဲ့အယ်ဘမ်တစ်ချပ်က သူ့ရဲ့ Career ကို Next level‌အထိဆွဲတင်ပေးခဲ့တာပါ။ 

Astroworldဆိုတာ Travis အတွက်တော့ အယ်ဘမ်တစ်ချပ်ဆိုတာထက် Childhood memoriesတွေနဲ့အတူငယ်ငယ်က ဟူစတင်မြို့မှာ ဖျက် သိမ်းခဲ့တဲ့ ပွဲတော်တစ်ခုကို Inspirationယူထားတဲ့ Masterpiece တစ်ခုပါ။

ဒီ Documentry မှာ အဲ့ဒီ Astroworld albumကို ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာတွေ… စတိတ်စင်နောက်ကွယ်က ဖြစ်ရပ်တွေ အင်တာဗျူးတွေ၊ ငယ်ဘ၀ footage videoတွေကို တစ်၀ကြီးကြည့်ရမှာပါ။ 

သင်က La Flame fanတစ်ယောက်ဆိုရင်လည်း Astroworld ထဲကသီချင်းတွေကို Live show ဖျော်‌ဖြေတဲ့ အခန်းတွေ အများကြီးနားထောင်ကြည့်ရှုရမှာပါ။

Fan မဟုတ်လည်း ဒီ Documentaryကိုကြည့်ပြီးသူ့သီချင်းတွေ နားထောင်ကြည့်ဖို့အကြံပေးချင်ပါတယ်။ Travis စကားအတိုင်းပြောရရင် It’s Lit ပေါ့။

File Size: 1.5 GB and (739 MB)

Quality – 1080p, 720p WebRip

Duration – 1h 24min
Dowload Link

...... Thank For Watching...... 



 

Ariana Grande: Excuse Me, I Love You (2020)

မနေ့ကမှ ပူနွေးနွေးထွက်ရှိထားတဲ့ နာမည်ကျော်အမေရိကန်ပေါ့ပ်အဆိုတော်မလေး Ariana Grande ရဲ့ documentary လေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဒီ Documentary မှာတော့ 2019 တုန်းကကျင်းပခဲ့တဲ့ Ariana ရဲ့ ရှိုးပေါင်း ၁၀၁ပွဲ နယ်လှည့်ဖျော်ဖြေခဲ့တဲ့ Sweetener World Tour အကြောင်းကို ရိုက်​ကူးထားတာပါ။ မြို့ပေါင်းများစွာမှာဖျော်ဖြေခဲ့တဲ့ အလန်းစား performance တွေ၊ရီဟာဇယ်တွေ၊ ဖျော်ဖြေပွဲ နောက်ကွယ်က backstage ပြင်ဆင်မှုတွေ၊ အဖွဲ့သားတွေ သူငယ်ချင်းတွေ စနောက်ပျော်ရွှင်နေတာလေးတွေကိုပါ
ကြည့်ရှုကြရမှာပါ။

Arianaရဲ့ နာမည်ကျော်သီချင်းတွေဖြစ်တဲ့ Side To Side, Thank you next, No tears left to cry, Break free အစရှိတဲ့သီချင်းတွေရဲ့ performance တွေကိုတစ်ဝကြီးကြည့်ရှုရမှာဆိုတော့ ကိုဗစ်ကာလမှာ ပွဲငတ်နေတဲ့ကိုယ်တွေလို ပရိသတ်တွေအတွက်တော့ရှယ်ပါ​ပဲ။​

ဒါ့အပြင် ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ဂန္တဝင်ခရစ္စမတ်သီချင်း “All I want for Christmas is you”ကို သီဆိုခဲ့တဲ့ အဆိုကျော်ကြီးMariah Carey တစ်ယောက် Ariana ကို collab လုပ်ဖို့ကမ်းလှမ်းခဲ့တဲ့ပုံရိပ်လေးတွေပါ ပါလို့ ခရစ္စမတ်အငွေ့အသက်လေးတွေလည်းအနည်းငယ်ခံစားမိကြမယ်ထင်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။ 

File Size - 1.7 GB and (847 MB)

Quality – 1080p, 720p WebRip 5.1CH

Duration – 1h 37min
Download Link

...... Thank For Watching......


 

Taylor Swift : Folklore The Long Pond Studio Sessions (2020)


လတ်တလော ပူပူနွေးနွေးမှာ Grammy nomination 6 ခုတောင် ၀င်ခဲ့တဲ့Taylor Swift, Artist of the Decade ရဲ့folklore studio sessions လေး ရပါပြီနော်

ဒီ film လေးထဲမှာ folklore မှာပါ၀င်တဲ့ သီချင်း 17 ပုဒ်ကို ဘယ်သီချင်းက ဘာအကြောင်းဘာကြောင့် ရေးခဲ့သလဲ ဆိုတာတွေကို ရှင်းပြရင်း discussion လေးလုပ်လိုက် သီချင်းလေးဆိုလိုက်နဲ့ ရိုက်ကူးထားပါတယ်။

Track 17 ပုဒ်ကို အစဉ်လိုက် သီဆိုထားပြီး တကယ်ကို နားထောင်လို့ ကောင်းတဲ့အပြင်ဒီver ကိုတောင် ပိုကြိုက်သွားနိုင်လောက်ပါတယ်။IMDb ကလည်း 9.2 တောင် ရရှိထားပါတယ်Swiftie တွေအတွက်တော့ Home Stay မှာ တကယ်ကို အပန်းပြေစေမယ့် film လေးတစ်ပုဒ်ပါ။

သီချင်းတွေကို အတတ်နိုင်ဆုံး ကြိုးစား ဘာသာပြန်ထားပါတယ်သိကြတဲ့အတိုင်း Folklore album ထဲက သီချင်းစာသားတွေက usage တွေမြင့်တဲ့အတွက်အမှားပါသွားခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။

Download link

...... Thank For Watching...... 

 

Shawn Mendes:In Wonder(2020)

မ​နေ့ကမှ Netflix မှာ ပူပူ​လော​လောထွက်ရှိထားတဲ့ Documentary Movie လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။

Shawn Mendes ဆိုတဲ့နာမည်ကို မသိသူမရှိ​လောက်ပါဘူး။ သူဟာအဆိုပညာရပ်မှာ​ရော သီချင်း​ရေးစပ်တဲ့​နေရာမှာပါသူမတူ​အောင်ထူးချွန်လှတဲ့​ကောင်​လေးတစ်​ယောက်ဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီးသီချင်း​တွေဖြစ်တဲ့ “Treat You Better,Stitches,If I Can’t Have You,Señorita” အစရှိတဲ့သီချင်း​တွေဟာလည်း ကမ္ဘာတစ်၀န်းမှာ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့သီချင်း​တွေဖြစ်ပါတယ်။ 

World Tour ပေါင်းများစွာကိုလည်းအောင်​အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။Shawn ဟာ အခုဆိုရင် အစဥ်အလာကြီးမားတဲ့ ဆုတံဆိပ်​ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားပါပြီ။

သူဒီလို​အောင်မြင်တဲ့အဆို​တော်တစ်​ယောက်ဖြစ်လာဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့သူ့ဘ၀အ​ကြောင်း သူ့မိသားစုအ​ကြောင်းသူ့သူငယ်ချင်း​တွေအ​ကြောင်း ပြီး​တော့ သူ့ရဲ့ Relationship အ​ကြောင်း ထပ်ပြီး​တော့ အဆို​တော်ဘ၀မှာသူရင်ဆိုင်​နေရတဲ့ အခက်အခဲ​တွေအ​ကြောင်းကို စုံစုံလင်လင်ချပြသွားခဲ့ပါတယ်။

ဒီအ​ကြောင်း​တွေကိုချပြရာမှာ Documentary Movie ဆိုတဲ့အတိုင်း ဟိတ်ဟန်​လုံးဝမရှိဘဲ အရှိကိုအရှိအတိုင်း သဘာ၀ကျကျဖော်ပြခဲ့တာဟာ တော်​တော်ကို​လေးစားဖို့ ကောင်းပါတယ်။ 

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်​နေပြီဖြစ်တဲ့ Shawn ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။အရမ်း​​ကောင်းလွန်းတာမို့ ထွေ​ထွေထူးထူးညွှန်းမ​နေချင်​တော့ပါဘူး အချိန်​ပေးကြည့်ရတာတန်လွန်းတဲ့Documentary Movie လေးတစ်ပုဒ်လို့ပဲ နိဂုံးချုပ်ညွှန်းဆိုလိုက်ပါမယ်။

File Size - 1.5 GB and (722 MB)

Quality – 1080p, 720p WebRip

Duration – 1h 23min
Download link

...... Thank For Watching...... 

 

Taylor Swift: Reputation Stadium Tour (2018)

Taylor Swift ဟာ 2016 လောက်တုန်းက Social Media ပေါ်မှာလူသန်းပေါင်းများစွာရဲ့ အပုပ်ချပြောဆိုခံခဲ့ရပြီး” မြွေမ ” ဆိုတဲ့နာမည်နဲ့ ပြိုလဲအောင် ထိုးသတ်ခံခဲ့ရတယ် ..ခံစားရတာတွေကို မြိုသိပ်ရင်း 2017 မှာ ‘ Reputation ‘ ဆိုတဲ့ အခွေအသစ်နဲ့လူတွေရှေ့ ပြန်ရောက်လာခဲ့ပါတယ်။

ဒီအခွေဟာ 2016 တုန်း က Cyber Bully လုပ်ခံခဲ့ရတဲ့အကြောင်းနဲ့သူမချစ်​ရတဲ့ ချစ်သူကောင်လေးအကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။Taylor Swift က Cyber Bully လုပ်ခံရတာက​နေ တစ်​ဆင့်စိတ်ဓာတ်ခွန်အားတွေရနိုင်တယ်ဆိုတာကိုRepution Album & Reputation Stadium Tour နဲ့ သက်သေပြခဲ့ပါတယ်။

Tour ရဲ့ Stage အပြင်အဆင်ဟာ ခမ်းနားလှပပြီး Visual တွေလည်း အရမ်းမိုက်ပါတယ်။ပေ 110 မြင်တဲ့ Stage ရဲ့ Floor & Wall ကို Screen အဖြစ် တွေ့မြင်ရမှာဖြစ်ပြီးတော့ ..Tour Oufit ပိုင်းမှာလည်း Stage အပြင်​အဆင်​နဲ့ လိုက်​ဖက်​​အောင်​ ဝတ်​ဆင်​သွားပါတယ်​။

Dancer တွေနဲ့တွဲဖက်ပြီး ပရိတ်​သတ်​​တွေ မပျင်းရ​အောင်​လဲ ဖျော်​​ဖြေသွားပါတယ်​..” မြွေမ ” လို့အခေါ်ခံခဲ့ရတာကြောင့် Tour ရဲ့ Theme ကို Snake တွေနဲ့ပြင်ဆင်ထားပြီးGiant Cobra မြွေကြီးအပြင် Visual နဲ့ Stage Design တွေမှာပါမြွေတွေကို သုံးထားတာဖြစ်ပါတယ်။

နာမည်ကြီး Magazine တွေရဲ့ ချီးကျူးမှုကိုရရှိထားပြီးလူကြိုက်များ ရေပန်းစားနေတဲ့ ” Reputation Stadium Tour ” Movie ဟာလူတိုင်းကြည့်သင့်တဲ့ Tour Movie တစ်ခုပါ။

File Size : ( 1.1 GB)

Quality :Web DL 720p

Running Time :2hr 05 min
Download Link

...... Thank For Watching...... 

 

Followers

Slider

5/Teste Menu 7/slider
MM Official