Shawn Mendes : In Wonder(2020)

Shawn Mendes:In Wonder(2020)

မ​နေ့ကမှ Netflix မှာ ပူပူ​လော​လောထွက်ရှိထားတဲ့ Documentary Movie လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။

Shawn Mendes ဆိုတဲ့နာမည်ကို မသိသူမရှိ​လောက်ပါဘူး။ သူဟာအဆိုပညာရပ်မှာ​ရော သီချင်း​ရေးစပ်တဲ့​နေရာမှာပါသူမတူ​အောင်ထူးချွန်လှတဲ့​ကောင်​လေးတစ်​ယောက်ဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီးသီချင်း​တွေဖြစ်တဲ့ “Treat You Better,Stitches,If I Can’t Have You,Señorita” အစရှိတဲ့သီချင်း​တွေဟာလည်း ကမ္ဘာတစ်၀န်းမှာ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့သီချင်း​တွေဖြစ်ပါတယ်။ 

World Tour ပေါင်းများစွာကိုလည်းအောင်​အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။Shawn ဟာ အခုဆိုရင် အစဥ်အလာကြီးမားတဲ့ ဆုတံဆိပ်​ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားပါပြီ။

သူဒီလို​အောင်မြင်တဲ့အဆို​တော်တစ်​ယောက်ဖြစ်လာဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့သူ့ဘ၀အ​ကြောင်း သူ့မိသားစုအ​ကြောင်းသူ့သူငယ်ချင်း​တွေအ​ကြောင်း ပြီး​တော့ သူ့ရဲ့ Relationship အ​ကြောင်း ထပ်ပြီး​တော့ အဆို​တော်ဘ၀မှာသူရင်ဆိုင်​နေရတဲ့ အခက်အခဲ​တွေအ​ကြောင်းကို စုံစုံလင်လင်ချပြသွားခဲ့ပါတယ်။

ဒီအ​ကြောင်း​တွေကိုချပြရာမှာ Documentary Movie ဆိုတဲ့အတိုင်း ဟိတ်ဟန်​လုံးဝမရှိဘဲ အရှိကိုအရှိအတိုင်း သဘာ၀ကျကျဖော်ပြခဲ့တာဟာ တော်​တော်ကို​လေးစားဖို့ ကောင်းပါတယ်။ 

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်​နေပြီဖြစ်တဲ့ Shawn ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။အရမ်း​​ကောင်းလွန်းတာမို့ ထွေ​ထွေထူးထူးညွှန်းမ​နေချင်​တော့ပါဘူး အချိန်​ပေးကြည့်ရတာတန်လွန်းတဲ့Documentary Movie လေးတစ်ပုဒ်လို့ပဲ နိဂုံးချုပ်ညွှန်းဆိုလိုက်ပါမယ်။

File Size - 1.5 GB and (722 MB)

Quality – 1080p, 720p WebRip

Duration – 1h 23min
Download link

...... Thank For Watching...... 

 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official