Showing posts with label 2010. Show all posts
Showing posts with label 2010. Show all posts



အညွှန်း

ဆရာအူဒွန်လို့ခေါ်တဲ့ထိုင်းဆရာကြီးတယောက်က Fight Club ဆိုတဲ့သင်တန်းတခုကိုထူထောင်ခဲ့တယ်။
သူဆုံးတော့ သူ့သားက ဒီသင်တန်းကိုဆက်ပြီးဦးဆောင်ခဲ့တယ်။

အဖေဆုံးပြီးအမေနဲ့ပင်ပင်ပန်းပန်းရုန်းကန်ရတဲ့သူတို့အဖွဲ့အတွက် အတော်ဆုံး သိုင်းအဖွဲ့တွေကိုယှဉ်ပြိုင်စေပြီးနောက်ဆုံးအနိုင်ရတဲ့ အဖွဲ့ကို ဟောလီ၀ုဒ်မှာ အလုပ်လုပ်ဖို့ကမ်းလှမ်းခံရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကသူတို့အတွက်တော့ ဘုရားပေးတဲ့အခွင့်ရေးဖြစ်လာခဲ့တယ်။


ဒီကမ်းလှမ်းချက်ရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ…

တကယ်ပဲသူတို့ကို ဟောလီ၀ုဒ်ခေါ်သွားမှာလား….

street fight ပုံစံမျိုးလောင်းကစားလုပ်လေ့ရှိတဲ့ နိုင်ငံခြားသားတချို့ရဲ့ အစီအစဉ်အရသူတို့ကို လောင်းကြေးထပ်သောအခါ…….

မူရင်းထိုင်းစာဖိုင်ကို အင်္ဂလိပ်လိုပြန်ထားတဲ့အတွက် အင်္ဂလိပ်လိုပြောတဲ့အခန်းတွေမှာ စာတွေပါမလာပေမယ့်

အတိုက်အခိုက် အသတ်အပုတ်ကြည့်ချင်သူတွေအတွက်တော့ စိတ်ကြိုက်တွေ့စေမယ့်ဇာတ်ကား​​
တစ်ကားဖြစ်ကြောင်းညွှန်းပါရစေ


File size…(700MB)  

Quality…BR-Rip 720p

Duration….01:44:24



Download Link


STREAM VIDEO


..... Thank For Watching ......
Running Man (2010-2021)



Running Man ဆိုတာကတော့ ……တောင်ကိုရီးယားနိုင်ငံမှာသာမက ဥရောပနိုင်ငံများပါမကျန်လူသိများတဲ့ ရ
သစုံလင် Reality Show အစီအစဥ်တစ်ခုဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့ Hollywood အနုပညာရှင်တွေ၊ ကိုရီယားနာမည်ကြီး အဆိုတော်၊သရုပ်ဆောင်များစွာနှင့်အတူနာမည်ကြီးအထင်ကရနေရာတွေမှာ မစ်ရှင်တွေပြီးမြောက်အောင် ယှဥ်ပြိုင်ကြရမှာပါ။


ယူဂျယ်ဆော့၊ဂျီဆော့ဂျင်၊ကင်ဂျုံးဂု၊ဂန်ဂယ်ရီ၊ဆောင်းဂျီဟို၊ဟားဟား၊လီဂွမ်ဆူ၊ဆောင်းဂျွန်ကီ၊လစ်ဇီ တို့နှင့် ပွဲထွက်ရိုက်ကူးခဲ့ပါတယ်။

ထို့နောက် ရိုက်ကူးရေးအပိုင်း (၄၀) ကျော်လောက်မှာ ဆောင်းဂျွန်ကီ နှင့် လစ်ဇီတို့မပါဝင်တော့ပဲ ကျန်အဖွဲ့ဝင် (၇)ဦးဖြင့်ဆက်လက် ရိုက်ကူးရာ (Running Forever) “7012” ဆိူပြီးကျော်ကြားခဲ့ပါတယ်…

အပိုင်း(၃၂၄) ပြီးနောက် ဂယ်ရီထွက်သွားပြီးနောက်အပိုင်း(၃၄၆) တွင် ဂျင်ဆိုမင်းနှင့် ယောင်းဆယ်ဂျန်းတို့နှင့် ယနေ့ချိန်ထိဆက်လက်ရိုက်ကူးလျက်ရှိပါတယ်…

MM OFFICAL အနေနဲ့ကတော့ လက်ရှိ အပိုင်း ၅၄၅ ကနေ စပြီး အပိုင်း ၁ ထိ ပြန် UPDATE တင်ဆက်ပေးသွားပါမယ်။

အပတ်စဉ် တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာမို့ Running Man ပရိတ်သတ်များ စောင့်မျှော်ကြပါဦးဗျာ

File Size – 1GB

Quality – 1080P

Download Link

Ep 530 – GDRIVE

Ep 531 – GDRIVE

Ep 532 – GDRIVE

Ep 533 – GDRIVE

Ep 534 – GDRIVE

Ep 535 – GDRIVE

Ep 536 – GDRIVE

Ep 537 – GDRIVE

Ep 538 – GDRIVE

Ep 539 – GDRIVE

Ep 540 – GDRIVE

Ep 541 – GDRIVE

Ep 542 – GDRIVE

Ep 543 – GDRIVE

Ep 544 – GDRIVE

Ep 545 – GDRIVE

Ep 546  – GDRIVE

Ep 547 – GDRIVE

Ep 548 – GDRIVE

Ep 549 – GDRIVE

Ep 550 – GDRIVE

Ep 551 – GDRIVE

Ep 552 – GDRIVE

Ep 553 – GDRIVE

Ep 554 – GDRIVE (720) / GDRIVE (1080)

Ep 555 – GDRIVE(720) / GDRIVE (1080)

Ep 556 – GDRIVE (720) / GDRIVE (1080)




Ep 560 – GDRIVE

Ep 561 – GDRIVE

Ep 562 – GDRIVE

Ep 563 – GDRIVE


Ep 565

Ep 566

Ep 567


GDRIVE (1080) Ads Link

Ep 568


GDRIVE (1080) Ads Link

Ep 569


GDRIVE (1080) Ads Link

Ep 570 (720)




---Ⓣⓞ ⓑⓔ ⓒⓞⓝⓘⓣⓘⓝⓖ---



 

Tees Maar Khan (2010)

Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။

မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး
အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။

ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ 

ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။

ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ 

ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ
ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက်
လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။

တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။
'' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။

ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။

File size…(2.2 GB)

Quality….WEB-DL 720p 5.1CH

Duration….02:15:00

Download Link



..... Thank For Watching ......

 

Colourful (2010)

ဒီတစ်ခါ ပရိတ်သတ်ကြီးကို အလွန်စွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့anime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Otaku တွေဆိုရင်တော့ ဒီကားလေးကို အကြိမ်ကြိမ်အခါခါကြည့်ဖူးကြမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပါဘဲ။

ဘ၀ရဲ့အနှစ်သာရကိုဖော်ညွှန်းပေးထားတဲ့ဇာတ်ကားလေးမို့ ဒီလိုကာလကြီးမှာ မဖြစ်မနေကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ဘယ်လိုဇာတ်လမ်းလေးလဲဆိုရင်.....

မာကိုတိုဟာ သာမန်အလယ်တန်းကျောင်းသားလေးဆိုပေမဲ့ အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာတွေကိုအလူးအလဲခံစားနေရတဲ့ကောင်လေးတစ်ယောက်ပါ။

မိသားစုအရေးမှာဖြစ်ဖြစ် အချစ်ရေးမှာဖြစ်ဖြစ်
ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ်အနှုတ်လက္ခဏာပြနေတဲ့ ကောင်လေးပေါ့။

ဒီလိုနဲ့တစ်နေ့မှာတော့ လုံးဝယုံချင်စရာမကောင်းတဲ့အဖြစ်အပျက်ကြီးကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတယ်။

ဖြစ်ချင်တော့ သေဆုံးတော့မယ့် မာကိုတို နေရာမှာ
ဆိုးရွားသောပြစ်မှုကိုကျူးလွန်ခဲ့တဲ့အတွက်ပြန်လည်မွေးဖွားခွင့်မရှိတော့တဲ့တခြားဝိညာဥ်တစ်ခုကို အစားထိုးဖို့ဘုရားသခင်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဒါပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိနေပါတယ်။

အဲ့ဒီစမ်းသပ်ချက်ကိုအောင်မြင်ရင်ပြန်လည်မွေးဖွားခွင့်ရမှာဖြစ်ပြီးတော့ ၆လအတွင်း မအောင်မြင်ရင်တော့ လူ့ခန္ဓာကိုယ်မှ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင် မာကိုတိုဟာ
အပြီးတိုင်သေဆုံးသွားမှာဖြစ်ပါတယ်။

အဲ့ဒီတော့ စမ်းသပ်ချက်ဆိုတာ ဘာကိုစမ်းသပ်မှာလဲ....

မာကိုတိုရဲ့ ဝိညာဥ်ကရော ဘယ်ရောက်သွားမှာလဲ...


မာကိုတိုမသေဆုံးမှီက မြင်ခဲ့ရတဲ့အဖြစ်အပျက်ဆိုတာကရော ဘာဖြစ်မလဲ...

စတဲ့စတဲ့ မေးခွန်းပေါင်းများစွာကိုအစားထိုးဝိညာဥ်လေးနဲ့အတူ အဖြေရှာရမှာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးဖို့လည်းကောင်းတယ် အဲ့လိုပဲ ဝမ်းနည်းဖို့လည်းကောင်းနေတယ်။

ဇာတ်လမ်းပြီးတာနဲ့ လောကကြီးကိုကြည့်တဲ့အမြင်က တမျိုးတဖုံပြောင်းလဲသွားမှာပါ။

တကယ့်ကိုအချိန်ပေးကြည့်ရတာနဲ့ ထိုက်တန်လွန်းလှတဲ့ anime ဇာတ်ကားကောင်းလေး တစ်ကားလို့ပဲပြောချင်ပါတယ်။

File Size : 2.22Gb and 1.3Gb

Quality : 1080p HEVC Flac and 720p

Duration : 2h 6min

Download Link


..... Thank For Watching ......

 

Easy A (2010)

ဘဝမှာ ကောလဟာလကြောင့် အချောင်နာမည်ကြီးနေတတ်တာမျိုးကြုံရတတ်ပါတယ်။

ကောင်းတဲ့ဖက်ကနာမည်ကြီးတာတော့ ရှားတတ်ပါတယ်။များသောအားဖြင့် မကောင်းတဲ့ဖက်မှာနာမည်ကြီးနေတာမျိုးပေါ့..

ဘာလို့လဲဆို လူတစ်ယောက် ကိုယ့်ထက်နိမ့်ကျသွားတယ်ဆိုပြီး မြိန်ရည်ရှက်ရည် နှိမ်ချင်ကြလို့ပါပဲ..

ဂွေးတိုလေး...စနှိုက်ကြော်..ကက...စောက်ပေါလေး...ရုပ်ဆိုးမ...သွားခေါကောင်..ထိပ်ပြောင်....ငမွဲလေးတို့ စသည်ဖြင့်ပေါ့...

မိမိရဲ့ ဖြစ်တည်မှုကို တခြားသူတွေက ကြည့်ပြီး အပုပ်ချဆုံးဖြတ်နေကြတာ ခံရခက်ပါတယ်...

မိမိမှာရှိတဲ့ မကောင်းမှုလေးတစ်စက်က စောက်မှုကြီးဖြစ်နေတတ်ပြီး မိမိရဲ့ကောင်းမှုအလုံးစုံကိုကျ မမြင်ချင်ယောင်ဆောင် စောက်စိကန်းနေတတ်သော လူ့အသိုင်းအဝိုင်းပေတည်း။

ဒီလိုလူ့အသိုင်းအဝိုင်းရဲ့ အကျင့်ဆိုးတွေအကြောင်းကို ဒီဇာတ်ကားမှာ သရော်ထားပါတယ်...

ဇာတ်ကားအဆုံးသတ်မှာပြောသွားတဲ့စကားလေးက ထိမိလွန်းပါတယ်။

" ကျွန်မရဲ့ အပျိုစင်ဘဝကို သူ့ကိုပေးရင် ပေးတော့မှာ..ဘယ်တော့လဲဆိုတာတော့ မသိဘူး

နောက်၅မိနစ် နေရင်လည်း ဖြစ်သွားနိုင်တယ်

ဒါမှမဟုတ် နောက် ၆လ ဒါမှမဟုတ် မင်္ဂလာဦးညကျရင်ပေါ့ ..

ဒါပေမယ့် အံ့သြစရာ ကောင်းတာက အဲဒါ...ရှင်တို့အလုပ် မဟုတ်လို့ပဲ။ "

ဒီဇာတ်ကားဟာ မင်းသမီး Emma Stone ရဲ့ မှတ်တိုင်လိုဖြစ်နေခဲ့ပြီး Budget $8 million သာကုန်ကျခဲ့ပေမယ့် Box Office မှာ $75 million ရရှိတဲ့အထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တာပါ။

Teen School ဇာတ်ကားတွေထဲမှာတော့ Rating မြင့် ရသစုံဇာတ်ကားလေးဖြစ်ပါတယ်။

File size…(1.9 GB) and (1.1 GB)

Quality….BluRay 1080p and 720p 5.1CH

Duration….01:32:00
Download Link


..... Thank For Watching ......

 

         ✩⋆Knigh And Day (2010)✩⋆
အညွှန်း
Tom Cruise နဲ့ Cameron Diaz တို့ပါဝင်ထားတဲ့ဇာတ်ကားလေးပါ…နှစ်ယောက်လုံးကဝါရင့်တွေပီပီ ဇာတ်ကား
တစ်လျှောက်လုံး ကြည့်ရှု သူအပေါင်းကို စိတ်ပါဝင်စားအောင် ဘယ်လိုဆွဲခေါ်သွားမလဲပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် Action ကားကိုကြည့်မယ်ဆိုရင်
အလိုက်ဖက်ဆုံးဇာတ်ကားပါလို့ညွှန်းချင်ပါတယ်။
                   ⋆Download link⋆
                    GDRIVE / MEGA
✩⋆Animals United(2010)✩⋆
အညွှန်း
တိရစ္ဆန်လေးတွေဟာ လူတွေနဲ့ဝေးရာမှာနေပြီးအေးဆေးပျော်ရွှင်စွာဖြတ်သန်းနေကြတယ်…ဘယ်လောက်ပဲဝေးအောင်နေနေနေရာဒေသအမြဲချဲ့ထွင်နေတဲ့လူတွေကြောင့် တနည်းမဟုတ်တနည်းသူတုိ့အနားရောက်လာတာပါပဲ…ကမ္ဘာကြီးပူနွေးလာလို့ ရေခဲတွေအရေပျော်ကုန်တဲ့အပြင် လူအချို့ရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့်
တောမီးတွေလည်းလောင်ကုန်လို့ သူတို့လေးတွေအတွေ ရေရှား အစားအသောက်ရှားဒုက္ခနဲ့ရင်ဆိုင်လာကြရတယ်…ဒီလိုခုက္ခရောက်နေတဲ့သူတို့တွေဟာ သုခဘုံဆိုတဲ့ အစားအသောက်လည်းပေါ လူတွေနဲ့ကင်းတဲ့နေရာလည်းဖြစ်အေးလည်းအေးချမ်းတဲ့နေရာလေးကိုစုပေါင်းရှာဖွေကြတယ်… သုခဘုံဆိုတာတကယ်ရှိလား…တကယ်ပဲလူတွေနဲ့ကင်းပြီး ဒုက္ခတွေနဲ့ကင်းဝေးမှာလား….ဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး…
                ⋆Download link⋆
                      GDRIVE

ကိုရီးယား နာမည်ကြီး သရုပ်ဆောင်

Rain ပါဝင်သရုပ်ဆောင်ထားတဲ့

Ninja Assassin ကို CM Fan ေတြ

ဘာသာပြန်ကောင်းကောင်း နဲ့ ကြည့်ချင်တယ်

ပူဆာထားလို့ တင်ဆက်ပေးလိုက်ပါတယ်…

ဇတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို

အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို

သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်း တစ်ခုမှာ

ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ

အစကတော့ ဒီ အသင်းအဖွဲ့ က မိဘမဲ့ ကလေးတွေကို

စောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့

ငရဲခန်း တစ်ခု အဖြစ် သိလာတဲ့ နောက် ထွက်ပြေးဖို့

ကြံရွယ်ကြရင် မိသွားတဲ့သူတွေကို

နှိပ်စက်အပြစ်ပေးတက်ပါတယ်

ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေ

ထွက်ပြေးခဲ့ပါတယ် ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး

ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး

အဖွဲ့ပေါ် သစ္စာဖောက်သူတွေ နဲ့ ထွက်ပြေးသူတွေကို

သတ်ဖြတ်ကြပါတယ်…

သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီး ပါဝင်လို့

နှလုံးအားနည်းသူတွေ မကြည့်သင်ပါ။
Download Link

အညွှန်း
လောင်းကစားလုပ်ရင်း အကြွေးတွေဝိုင်းနေတဲ့ လူတစ်ယောက်၊ မိန်းမက တောင်ကိုရီးယားကို အလုပ်သွားလုပ်ပြီး ပိုက်ဆံရရင် ပို့မယ်လို့ ကတိပေးသွားရှာတယ်၊ သူ အလုပ်ပြုတ်သွားချိန်မှာ လုံးဝဒုက္ခရောက်လေပြီ။ လူဆိုးဂိုဏ်းခေါင်းဆောင်က ပြောတယ် တောင်ကိုရီးယားကို သွားပြီး စီးပွားရေးသမားတစ်ယောက်ကို သတ်ပေးရင် ဒေါ်လာ ၁ သောင်းရမယ်တဲ့။ သူလည်း ကြံရာမရနဲ့ သတ်ဖို့သွားပြီး စီးပွားရေးသမားဆိုတာကို လေ့လာကြည့်ရင်း မထင်မှတ်ထားတဲ့ အံ့သြတုန်လှုပ်စရာတွေကြုံလာရတဲ့အခါ… သူ့မိန်းမကိုလည်း ပြန်လိုက်ရှာရင်း ဒုက္ခပင်လည်ဝေလို့ ဒီအရှုပ်ထုတ်ကြီးထဲက လွတ်အောင်ရုန်းနိုင်မလားဆိုတာဇာတ်ကားထဲမှာကြည့်ရမှာပါ။
Download link

ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး – မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ – နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် – ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ – ဘာရယ်တော့ မဟုတ်ဘူး – သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ – ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် – မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် –လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ဖန်တီးပြီး ခိုးဝင်တူးဖော်ကြသတဲ့ – အဲ့ထက် ပိုအံ့သြဖို့ ကောင်းတာက အိပ်မက် ဖြစ်ရပ် တစ်ခုထဲမှာပဲ နောက် အိပ်မက် တစ်ခုရှိရာ – ( Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ) ဆက်ကူးသွားကြတာ –  Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတယ်ဆိုတာ မြန်မာလို နားလည်လွယ်အောင် ပြောရရင် အိပ်မက်တစ်ခုထဲမှာပဲ နောက်အိပ်မက်တစ်ခု ဆက်မက်ကြတာမျိုးပေါ့ – Dream state တစ်ခုကနေ နောက် Dream state တစ်ခုဆီ ကူးတဲ့ အချိန်မှာလည်း နောက် Dream state တစ်ခုဆီ ကူးသွားတဲ့ လူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ခေါ်ဖို့ လူတစ်ယောက်ဆီ ချန်ခဲ့ရတယ် – လက်ရှိ Dream state မှာ ထိန်းမထားနိုင်တဲ့ အခြေအနေ တစ်ခုခု ရှိလာရင် နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state ရှိရာဆီ ပြန်ရောက်လာဖို့ ကျန်ခဲ့တဲ့ သူက အားလုံးကို kick လုပ်ရတယ် – ( kick လုပ်တယ် ဆို နောက် Dream state တစ်ခုဆီ ဆင်းသွားတဲ့ သူတွေကို လက်ရှိ Dream state ကို ပြန်ခေါ်တော့မယ်လို့ အသိပေးတာမျိုးပေါ့ ) နောက်ပြီး အဲလို kick လုပ်တော့မယ် ဆိုတာကိုလည်း နောက် Dream state တစ်ခုမှာ ရောက်နေတဲ့ သူတွေကို လက်ရှိ Dream state မှာ ကျန်ရစ်ခဲ့တဲ့ သူက Music ဖွင့်ပြီး အသိပေးရတယ် – အဲမှာ ချွင်းချက် ရှိသွားတာက Dream state သုံးဆင့် ရှိတယ် ဆိုရင် ပထမဆုံး Dream state မှာ ကျန်ခဲ့တဲ့ သူက kick လုပ်လို့ မရဘူး – အဆင့်တစ်ဆင့်ချင်းမှာ ပြန်ခေါ်ဖို့ ကျန်ခဲ့တဲ့ သူတွေက နောက်ဆုံး အဆင့်မှာ ရောက်နေတဲ့ သူတွေအားလုံးကို သက်ဆိုင်ရာ Dream state ဆီ ပြန်ရောက်လာအောင် ခေါ်ပြီးမှ kick ရတယ် –ကားထဲမှာ လီယိုနာဒို က Dream state တစ်ခုကို ဖွဲ့စည်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ပေါ့ – သူက အိပ်မက်ကို ဖန်တီးတယ် – အိပ်မက်ထဲက ဇာတ်ကောင်တွေကို ဖန်တီးတယ် – ဒါပေမယ့် အဲ့ဒီ့ အိပ်မက်ကို အကွက်ချဖို့ကိုကျတော့ Architect တစ်ယောက် သပ်သပ်ထပ်ပါတယ် – သူ့လောက်နီးပါးတော်တဲ့ ကောင်မလေးတစ်ယောက်ပေါ့ – ဇာတ်ကားထဲက ဒီအောက်က နေရာမှာ လီယိုနာဒိုက Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို ရှင်းပြနေတာ –
လီယိုနာဒို က ဒီ Dream state တစ်ခု ဖွဲ့စည်းတဲ့သဘောတရားကို သူ့ ဇနီးကိုရင်းပြီး လေ့လာခဲ့တာ – ရလာဒ်ကတော့ ဆိုးသွားတယ် – သူ့မိန်းမက Dream state နဲ့ Reality ကို ကွဲကွဲခြားခြား မသိတော့ဘူး – Dream state နဲ့ Reality ကို ခွဲခြားနိုင်တဲ့ totem ဆိုတာလေးကို သူ့မိန်းမကို လီယိုနာဒို က ပေးထားပေမယ့် သူ့ဇနီးက အဲတာလေးကို သော့ခေတ် သိမ်းထားလိုက်ပြီး Dream state နဲ့ Reality ရဲ့ ကွာခြားချက်ကို မစမ်းဖြစ်ခဲ့ဘူး – အဲ့မှာ သူတို့ နှစ်ယောက်လုံး Dream state ကို Reality နဲ့ အထင်မှားသွားတယ် – ( totem ဆိုတာလေးက သူ့ကို လှည့်လိုက်ရင် Dream state ထဲမှာဆို Gravity မရှိလို့ ဘယ်တော့မှ လဲ မသွားဘူး – လက်တွေ့ဘဝမှာ လှည့်လိုက်ရင် လဲတယ် – အဲတာလေးကိုလှည့်ပြီး သူတို့က ငါတို့ Dream state မှာလား Reality မှာလား ဆိုတာ ခဲြွခားကြတာ ) သူ့မိန်းမက Dream state ကိုပဲ Reality ထင်နေတာ – ဒါကို နောက်ပိုင်း လီယိုနာဒို က totem လေးလိုက်ရှာ ပြန်စစ်ကြည့်ပြီး သိသွားတော့ ငါတို့ ရောက်နေတာ Dream state ဆိုပြီး သူ့မိန်းမကို ပြောပြ – လက်တွေ့ဘဝကို ပြန်ခေါ်တော့မှ သူတို့နှစ်ယောက်လုံး Dream state ကနေ ပြန်ထွက်လာကြတယ် – ဒါပေမယ့် ခက်သွားတာ လီယိုနာဒို က Dream state နဲ့ Reality ကို ခွဲခြား သိပေမယ့် သူ့ဇနီးက လက်တွေ့ဘဝကို ရောက်နေတာတောင် သူ့ကိုယ်ကိုယ်သူ Dream state ဘဝမှာပဲ ရှိနေသေးတယ် ထင်ပြီး သူ့ကလေးတွေဆီ ပြန်ချင်တဲ့ ဇောနဲ့ လက်တွေ့ဘဝကို ပြန်မယ် ဆိုပြီး တိုက်ပေါ်က ခုန်ချပြီး သေသွားတယ် –
ဒီကားက ပထမစကြည့်ရင် တော်တော်ရှုပ်မယ် – ဘာလို့လည်း ဆို ကိုယ်နေ့တိုင်း ဖြတ်သန်းကြုံတွေ့နေရတဲ့ အတွေးအခေါ် မျိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လို့ – ဒါပေမယ့် သူဖော်ပြချင်တဲ့ သဘောတရားကို သိရင် တော်တော်ကြိုက်သွား လိမ့်မယ်။ သြော် နောက်တစ်ချက် ရှိသေးတယ် – အဲတာကတော့ ကားထဲမှာ လီယိုနာဒို ပြောသွားတဲ့ စကား –” In a dream your mind functions more quickly, therefore time seems to feel more slow. ”ဆိုလိုတာက ကျွန်တော်တို့တွေ အိပ်မက် မက်ကြတဲ့ အခြေအနေ တစ်ခုမှာ စိတ်ရဲ့ လှုပ်ရှားမှုက ပိုပြီး မြန်ဆန်တယ် – ဥပမာ ရန်ကုန်ကနေ ကျိုင်းတုံ သွားမယ် – အပြင်မှာဆို လေယာဉ်နဲ့ သွားရင်တောင် တစ်နာရီခွဲလောက် အချိန်ပေးရင် ပေးရမယ် – အိပ်မက်ထဲမှာကျတော့ seconds ပိုင်းအတွင်း ရောက်နိုင်တယ် – ဒါကြောင့်မို့ In a dream your mind functions more quickly လို့ သူက ပြောတာ – အဲလို mind functions က ပိုမြန်သွားတော့ ဘာထူးခြား သွားလဲ ဆိုရင် real world မှာ ၅ မိနစ်ရတဲ့ အချိန် တစ်ခုက dream state ထဲကို ရောက်သွားရင် တစ်နာရီလောက် ပို အချိန်ရသွားတာနဲ့တူသွားတယ် – ဒါကိုပဲ Five minutes in the real world gives you an hour in the dream. ဆိုပြီး ပြောသွားတာ – ဒီ သဘောတရားကို ဒီဇာတ်ကားက အပြည့်အဝ အသုံးချသွားတယ် – ဒါကို မချိတ်ဆက်မိရင်ပဲ ဖြစ်ဖြစ် အပေါ်မှာ ဖော်ပြခဲ့တာတွေကို နားမလည်ခဲ့ရင် ဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အနှစ်သာရကို ဘယ်လိုမှ သဘောမပေါက်နိုင်ဘူး –နောက်ဆုံး ပြောချင်တာကတော့ Inception ဇာတ်ကားဟာ တော်တော်ကောင်းပါတယ် –  ကြည့်စေချင်ပါတယ် – သာမန်နဲ့ မတူတဲ့ အတွေးအခေါ်သစ်ထဲ ကို ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်း တစ်ခုကို ခံစားကြည့်ကြပါဦး –
ရုပ်ရှင်အညွှန်းကို
( techsectors.blogspot.com မှကူးယူဖော်ပြပါသည်။)

Download link

MEGA

Followers

Slider

5/Teste Menu 7/slider
MM Official