Showing posts with label 1996. Show all posts
Showing posts with label 1996. Show all posts

101 Dalmatians (1996)

Channelmyanmar မှကူးယူတင်ဆက်သည်။

ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့
ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီကားရဲ့ထူးခြားချက်ကို ပြောရမယ်ဆိုရင်တော့
ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာတိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ်။

ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ်။

ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့
သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ်။

ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေကိုတစ်ဝကြီးမြင်ကြရမှာပါ။

အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ
Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ

File size…(1.5 GB) and (1 Gb)

Quality….BluRay 1080p and 720p

Duration….01:43:00



Download Link


..... Thank For Watching ......

 

Maximum Risk (1996)

မင်းသားကြီးဗန်ဒိန်းလို့ပြောလိုက်တာနဲ့ 90s born တွေရဲ့အသည်းစွဲမင်းသားကြီးဆိုတာလူတိုင်းသိကြမှာပါ။

ဗန်ဒိန်း၊အာနိုး၊ရမ်ဘို တို့ဆိုတာ ကျွန်တော်တို့ကလေးဘဝရဲ့အကြိုက်နှစ်သက်ခဲ့ရဆုံး အက်ရှင်မင်းသားကြီးတွေဆိုလည်း မမှားပါဘူး။

သူတို့တွေရဲ့ဇာတ်လမ်းဇာတ်ကွက်ပီပြင်မှု၊အက်ရှင်သရုပ်ပီပြင်မှုတွေဟာ သူတို့ကာလမှာတော့ သူတို့ဟာ legend ပါပဲဗျ။ကြည့်ဖူးသူတွေလည်းပြန်လည်ကြည့်ရှုခံစားရအောင် မကြည့်ဖူးသူတွေအတွက်လည်းအသစ်ဖြစ်နေစေမယ့်
ဒီတစ်ခါရွေးချယ်ထားတဲ့ကားလေးကတော့ ၁၉၉၆ မှာထွက်ရှိခဲ့တဲ့ မင်သားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။

၁၉၉၆ ကထွက်ခဲ့တဲ့ကားသာဆိုပေမဲ့အရမ်းခေတ်ကွာတယ်လို့မခံစားရ‌စေဘဲ
အလွန်ကြည့်လို့ကောင်းတဲ့အက်ရှင်ကားကောင်းတစ်ကားဆိုလည်းဟုတ်ပါတယ်။

ဇာတ်လမ်းအကျဥ်းလေးကတော့ အယ်လိန်ဟာ အလွန်တော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူနဲ့ရုပ်ချင်းအရမ်းတူပြီး မွေးနေ့ပါတူနေတဲ့သူတစ်ယောက်မတော်တဆဖြစ်သေဆုံးတာကိုတွေ့လိုက်ရတဲ့အခါထိုသူရဲ့နောက်ကြောင်းရာဇဝင်ကဘာလဲ နယူး‌ယောက်ရဲ့ရုရှားဂိုဏ်းတွေနဲ့ဘယ်လိုပက်သက်မိသွားမလဲ
ဘယ်လိုဇာတ်ရှုပ်ဇာတ်ထွေးထဲရောက်ရှိသွားမလဲကိုဇာတ်လမ်းအဖွင့်ကစလို့အက်ရှင်ခန်းမြိုင်မြိုင်နဲ့ခံစားရဦးမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။

ဒေါင်းကြည့်ရတာနောင်တမရစေမယ့် မင်းသားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့အက်ရှင်ဇာတ်ကားဟောင်းလေးကိုလည်းကြည့်ရှုခံစားပေးလှည့်ပါဦးခင်ဗျာ။

Quality…Blu-Ray 1080p 5.1CH & 720p
Download link





 

Followers

Slider

5/Teste Menu 7/slider
MM Official