Showing posts with label 2009. Show all posts
Showing posts with label 2009. Show all posts

District 13 (2004) & District 13: Ultimatum (2009)


ပြင်သစ်ကားကောင်းလေးတွေရဲ့ နိုင်ငံတကာကိုထိုးဖောက်မှုတွေဟာ ၂၁ ရာစုအစဦးပိုင်းနှစ်တွေတည်းက စလာခဲ့တယ်ဆိုတာအကုန်လုံးလည်းသိကြမယ်ထင်တယ်။

အခုနောက်ဆုံးထွက်ထားတဲ့ Asphalt Racing လိုကားကောင်း‌လေးတွေထိထွက်နိုင်နေပြီဆိုရင်လည်းမမှားပါဘူး။

ဒီလိုကားကောင်းတွေထဲမှာ ၂၀၀၄ ကထွက်ခဲ့တဲ့ District B13 ဆိုတဲ့ ဒီဇာတ်ကားကလဲ ရှေ့ဆုံးကပါပါတယ်။

ဟောလိဝုဒ်ရဲ့ ကောင်းပါတယ်ဆိုတဲ့အက်ရှင်ကားကောင်းတွေနဲ့တန်းတူထားထားကြတဲ့ အက်ရှင်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့....

လီတိုဟာ ဥပဒေမရှိ ရဲစခန်းမရှိ ကျောင်းတွေမရှိတဲ့ လူဆိုးနယ်မြေလို့သတ်မှတ်ထားတဲ့ နယ်မြေ ၁၃ မှာမွေးလာတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းကောင်လေးတစ်ယောက်ပါ။

ဇကလဲမသေးသလို လက်ဇောင်းလဲထက်ပါတယ်။

အဲဒီဒေသရဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကိုဖမ်းပြီး ရဲလက် အပ်ခဲ့တာတောင် ရဲကပြန်လွှတ်ပေးတဲ့အပြင် သူ့ညီမပါထိုးကျွေးခံခဲ့ရတာမို့ ရဲရောလူဆိုးတွေကိုပါ အမှုန့်ချေချင်နေတဲ့ကောင်လေးတစ်ယောက်ပါ။

သူတို့နယ်မြေ ၁၃ မှာ လူဆိုးတွေရော ရဲတွေရော ခြေရှုပ်ပြီး အမှုကပတ်ပွေနေကြတာပါ။

ဒီထဲမှာ ဒေမီယံဆိုတဲ့ ဖိုက်တာရဲတစ်ယောက်ကတော့ မတူပါဘူး။သူက တရားဓမ္မဖက်ကနေတဲ့ ဖိုက်တာရဲပါ။

လူ ၂ သန်း‌လောက်ကို မျက်စိတစ်မှိတ်အတွင်း သေသွားနိုင်တဲ့ လူဆိုးဂိုဏ်းလက်ထဲရောက်နေတဲ့နျူဗုံးတစ်လုံးကို နယ်မြေ ၁၃ ထဲမှာ ဒေမီယံကို သွားဖြုတ်ဖို့ တာဝန်စေခိုင်းခံရတဲ့အခါ...

ဖိုက်တာရဲနဲ့ လီတိုလို ဇရှိတဲ့ကောင်လေးတို့ ဖိုက်တာနယ်မြေ ဖိုက်တာလူဆိုးတွေကြား နျူဗုံးကို ဘယ်လိုသွားဖြုတ်မလဲဆိုတာရယ်..

ဒီနျူဗုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာတွေလဲဆိုတာကို District 13 (2004) ဆက်လက်ကြည့်ရှုရမှာပါ။

District 13: Ultimatum ကတော့ ၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးရဲ့အဆက်​​ဖြစ်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။ 

ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။ 

ဒုတိယမြောက်ကား‌လေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။ 

ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်က‌နေပဲ ဆက်ထားပါတယ်။

လီတိုတို့ရဲ့ အမဲရောင်နယ်မြေ‌လေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး နယ််မြေကောင်းကောင်း‌‌လေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့ အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာ‌လွင့်ပျောက်သွားပြီး လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။ 

ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့‌နယ်မြေလေးကို ဖြိုဖျက်ပြီးသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့ ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါ...

ဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊ လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ...

လီတိုတို့နယ်မြေရဲ့ ဂိုဏ်း‌တွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်း‌လေးတစ်ကားပါ။ 

ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။


District 13 (2004) 

File size…(1.5 GB) / (800 MB)

Quality…BluRay 1080p /720p

Duration….01:25:00

Download Link


District 13: Ultimatum (2009)

File size…(1.9 GB) / (1 GB) / (500 MB)

Quality…BluRay 1080p /720p/ 360p

Duration….01:46:00

Download Link



..... Thank For Watching ......




 

G-Force (2009) 

ပရိသတ်ကြီးကို စိတ်၀င်စားဖို့ကောင်းပြီး အပန်းလည်းပြေစေမယ့် comedy/family film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပူးလေးတွေကို ချစ်တတ်သူဆိုရင်လည်း ဒီကားလေးကို လက်မလွှတ်သင့်ပါဘူးနော်😍😍

ဇာတ်လမ်းအကျဉ်းလေးကတော့

ဒါ၀င်၊ အောရက်စ်၊ ဘလက်စတာနဲ့ စပါ့ကယ်လ်တို့ဟာ စနစ်တကျ လေ့ကျင့်ပေးထားတဲ့ ပူးလေးတွေပဲဖြစ်ပါတယ်။ သူတို့ကို ထိန်းကျောင်းပေးသူကတော့ ဘန်ပေါ့။

သူတို့အဖွဲ့ကို G-Force လို့ခေါ်ပြီး သူတို့ဟာ အစိုးရဘက်က လိုက်နေတဲ့အမှုကြီးတစ်ခုမှာ ပါ၀င်အားဖြည့်စုံစမ်းရတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ စုံစမ်းမှုမှာ အလွဲလေးဖြစ်သွားပြီး အစိုးရက G-Forceကို ထပ်ပြီးမထောက်ပံ
လွတ်အောင်ပြေးပြီး ဆိုလာရုံမက ဒါ၀င်တို့ကိုပါ ထိန်းချုပ်ဖို့ကြိုးစားပါတော့တယ်...

ဒီလိုနဲ့ ဒါ၀င်တို့ လေးကောင်လည်း ရန်သူတွေလက်က လွတ်အောင်ပြေးပြီး သူတို့ စုံစမ်းခဲ့တဲ့ အမှုက မမှားကြောင်း သက်သေပြန်ပြဖို့ ကြိုးစားကြပါတော့တယ် ….

အစိုးရကရော ဘာအမှုကို လိုက်နေတာလဲ
G-Force အဖွဲ့ကရော သူတို့မှန်ကန်ကြောင်း ဘယ်လိုလဲ သက်သေတွေပြကြဦးမှာလဲ …..

ဟာသလေးတွေနှောပြီး စိတ်၀င်စားဖို့ကောင်းတာမလို့ ကြည့်ရှူကြဖို့တိုက်တွန်းလိုက်ရပါတယ်  

File Size :1.5GB

Quality : 1080p Blu-Ray 5.1CH 

Duartion : 1h 28mins
Dowload Link

...... Thank For Watching...... 

 

ဒီတစ်ခါတော့ တောင်းဆိုထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။

ဒီဇာတ်ကားလေးဟာ တစ်ချိန်က Superheroes ရုပ်ရှင်တွေထဲမှာ Epic အဖြစ်ဆုံး အကောင်းဆုံးဇာတ်ကားအဖြစ် သတ်မှတ်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။

ဒါရိုက်တာ Zack Snyder ရိုက်ကူးခဲ့ပြီးတော့ Zack ကိုယ်တိုင်က သူ့ဘ၀မှာ ဂုဏ်ယူခဲ့ရတဲ့ ဇာတ်ကားတွေထဲက တစ်ခု အပါအ၀င်ပါလို့ ပြောကြားခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။

Imdb Rating 7.6 ရရှိထားပြီး ဆုပေါင်းများစွာလည်းရထားသေးပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့နဲ့ အပြိုင် Altarnate Reality တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲ့ Reality မှာ Superheroes တွေ တကယ်ရှိပြီး သူတို့က နိုင်ငံရေး လူမှု့ရေးတွေမှာ ပါ၀င်ပတ်သတ်မှု့တွေရှိနေပါတယ်။

ဇာတ်လမ်းကတော့ အနားယူနေတဲ့ စူပါဟီးရိုးတစ်ယောက်အသတ်ခံလိုက်ရတာကနေစတော့တာပါပဲ။အသတ်ခံရသူက ကျွမ်းကျင်တဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်နေပေမဲ့ရက်ရက်စက်စက် အသတ်ခံလိုက်ရတာပါ။ အဲ့မှာပဲ ကျန်တဲ့ စူပါဟီးရိုးတွေက ပြန်စုပေါင်းပြီး ဒီ လက်စားလိုက်ချေနေတဲ့သူက ဘယ်သူလဲ ဆိုတာ ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။

သူတို့တွေ ဒီလို ဖော်ထုတ်ရာမှာ တဖြည်းဖြည်းနဲ့ ပိုပို နက်နဲလာတဲ့ ဇာတ်ကွက်ကို စိတ်၀င်တစားကြည့်ရမှာပဲ ဖြစ်တယ်။စိတ်၀င်စားစရာကောင်းလှတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင်တော်ရုံစူပါဟီးရိုး ကားတွေကို မကြိုက်တဲ့သူတွေတောင် ဒီကားတော့ ကြိုက်နှစ်သက်ကြတာဖြစ်လို့လက်လွတ်မခံပဲကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါတယ်။DC ရဲ့ Deep ဖြစ်တဲ့ Epic တွေထဲက တစ်ကားပေါ့ဗျာ။ 
Download Link

Thank For Watching 

 

Tum Mile(2009)

အညွှန်း
Emraan Hashmi နဲ့ Soha Ali Khan တို့ရဲ့ Romance/Drama ဇာတ်ကားလေး တစ်ကား ဖြစ်ပါတယ်။မိုးလေဝသ စောင့်ကြည့်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးက မိုးသက်လေပြင်း ကျတော့မယ့် အရိပ်အကဲတွေ့တဲ့အတွက်ကြောင့် လေယာဥ်ကွင်းကို အကြောင်းကြားဖို့ လုပ်ပါတယ်။ဒါပေမယ့် တစ်ခြားဝန်ထမ်းတွေက အကြောင်းကြားရင်လဲ ဘာမှ ထူးမှာမဟုတ်ကြောင်း ပြောတာကြောင့် ဒီအတိုင်းပဲထားလိုက်ပါတယ်။
လေယာဥ်ထဲမှာ မွန်ဘိုင်းကိုပြန်ကြမယ့် အက်ရှေးနဲ့ စန်ဂျနာ တို့ ပါလာပါတယ်။
အက်ရှေးနဲ့ စန်ဂျနာက လွန်ခဲ့တဲ့ ၆ နှစ်က ချစ်သူတွေဖြစ်ခဲ့ကြပြီးအကြောင်းအမျိုးမျိုးကြောင့် ပြတ်စဲသွားတဲ့ ချစ်သူဟောင်းတွေပါ...သူတို့ရဲ့အချစ် ဇာတ်လမ်း အသစ်တဖန် ပြန်လည် စတင်လာမှာလား။ဘာကြောင့်ကွဲကွာ သွားခဲ့ကြတာလဲ။မုန်တိုင်း ဒဏ်ကနေ ဘယ်လို ရှောင်ထွက်ကြမှာလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ပြောကြားရင်းတင်ဆက်ပေးလိုက်ရပါတယ်။
Download link

 

Drag Me to Hell (2009)
အညွှန်း

ကျိန်စာတိုက်တယ် ပြုစားတယ်ဆိုတဲ့စကားက မြန်မာ့အသိုင်းအဝိုင်းမှာ နားလည်ရခက်တဲ့ စကားမျိုးမဟုတ်ပါဘူး အမေရိကန် supernatural horror ရုပ်ရှင်ရိုက်ကူးရေးကနေ ဒါရိုက်တာ Sam Raimiရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ—အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်က ဇနီးမောင်နှံဆီက ဂျစ်ပစီငွေ လည်ဆွဲပျောက်ဆုံးပြီးထဲကမကောင်းဆိုးဝါးအသံတွေကိုကြားခဲ့ရတယ်ဒီအသံတွေက ဒီမှာတင်ရပ်သွားလားဆိုတော့၊ဘယ်ရပ်လိမ့်မလဲ ကလေးကိုမြေအောက်ငရဲထိဆွဲခေါ်သွားခဲ့ရာကနေ…သမိုင်းစခဲ့တယ်အခုလက်ရှိခေတ်မှာတော့ လော့အိန်ဂျလိစ့် က ဘဏ်တခုမှာအစပျိုးပြန်လည်အသက်ဝင်လာခဲ့ပါတယ် ကျိန်စာတခု ရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ညဖက်တယောက်ထဲ မကြည့်သင့်တဲ့ကားမျိုးဖြစ်ပြီးတော့ညဘက်
ကြည့်မယ်ဆိုရင် ၃-၄ယောက်လောက်စုကြည့်ရမယ့်ကားကောင်းတကားဖြစ်တယ်လို့ပဲ ညွှန်းပါရစေ။
Download link

 

The Taking of Pelham 1 2 3(2009)

(အလန်းစားကားမို့ Blu-Ray 1080p 5.1CH ပါပြုလုပ်ပေးထားပါတယ်…)
နယူးယောက်မြို့မှာ လူသုံးအများဆုံး သယ်ယူပို့ရေးလမ်းကြောင်းမြေအောက်ရထားစနစ်ပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒီလိုရထားတွေဟာ အချိန်တိကျတဲ့အပြင် ကားစီးပြီးသွားတာထက်တောင် လိုရာခရီးကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်။ 
ဒီဇာတ်ကားထဲမှာတော့ ဝေါ်တာ ဂါဘာ ဟာ ဒီလိုမျိုး မြေအောက်ရထားတွေကို အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့အတွက်….ထိန်းချုပ်ရေးစင်တာကနေ ညွှန်ကြားချက်တွေပေးရတဲ့သူဖြစ်ပါတယ်။တစ်ရက်မှာတော့ Pelham 123 ဆိုတဲ့ ရထားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အနုကြမ်း၀င်စီးပြီး ရထားပေါ်ကခရီးသွားတွေကို ဓားစာခံအနေနဲ့ဖမ်းထားတဲ့အခါ …. ဂါဘာ လည်း ဒီအကြမ်းဖက်အဖွဲ့နဲ့ ညှိနှိုင်းရာကနေ ဒေါ်လာ ၁၀ သန်း နဲ့ ၁ နာရီအတွင်းလဲဖို့ ကမ်းလှမ်းလာပါတော့တယ်…. ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး ၂ ဦးဖြစ်တဲ့ Denzel Washington နဲ့ John Travolta တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့အပြင်… ဒါရိုက်တာ Tony Scott ကိုယ်တိုင် US ဒေါ်လာ သန်း ၁၁၀ ကျော် သုံးစွဲပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက် ပရိတ်သတ်များ ခံစားကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
Download link

 


M-Sub Movie – Myanmar Subtitle Movies & Series Free Download Website


Blu-ray 1080p9 (2009)
 9 (2009)
9.9.2009 . . . 9 ရက် 9 လ 2009 ခုနှစ်နေ့မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ Animation ဇာတ်ကားလေးကို ဒီနေ့အတွက် တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးဟာ . Animation ကြိုက်တဲ့ ပရိတ်သက်ကြီးအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ်ဆိုတာ ရဲရဲကြီးပြောချင် ပါတယ်။ ဇာတ်လမ်းရဲ့အကြောင်းအရာ အကျဉ်းကိုမပြောပြတာက ကောင်းလွန်းတဲ့အတွက် ပရိတ်သက်ကြီးကို spoiler အဖြစ်မခံဘဲ ကိုယ်တိုင်ခံစားကြည့်ရှုစေချင်လို့ပါ။ ဒါရိုက်တာ Shane Acker ဖန်တီးထားပြီး အသံပိုင်းဆိုင်ရာ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းရဲ့ အနှစ်သာရထဲကတစ်ခုအပါအဝင်ပါဘဲ။ဒီဇာတ်ကားလေးရဲ့နာမည်ပေးထားတာက 9 . ဇာတ်ကောင်အကောင်လေးတွေအရေအတွက်က 9 .ထုတ်လုတ်တဲ့ Date ကလည်း 9.9.09 . ထူးခြားမှုလေးတွေနဲ့ပြည့်နှက်နေတဲ့ 9 Animation ကားလေးမို့တင်ဆက်ပေးလိုက်ပါတယ်။
                   Download link
                       GDRIVE
500 Days of Summer (2009)
အညွှန်း 

ဒီကားရဲ့ ဇာတ်လမ်းအကျဉ်းကို လူတွေ နားလည်အောင်ရှင်းပြဖို့ အတော်ခက်ပါတယ်။ရက်စွဲတွေဟာ ရှေ့ရောက်လိုက် နောက်ရောက်လိုက်ဖြစ်ပြီး
ဇာတ်လမ်းသွားမှာ စီးမျောနိုင်ဖို့ တော်တော် သည်းခံ အာရုံစိုက်ရဖို့ရှိပါတယ်။ 

ကျွန်တော်သဘောကျမိတဲ့ IMDB က plot summary လေးနဲ့ပဲ စချင်ပါတယ်။
‘An offbeat romantic comedy about a woman who doesn’t believe true love exists, and the young man who falls for her’
အချစ်စစ် ဆိုတာ တည်ရှိတယ်လို့ မယုံကြည်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ့ကိုမှ ကြွေသွားတဲ့ လူငယ်လေးတစ်ယောက်အကြောင်း တမူထူးတဲ့ အချစ်ဟာသဇာတ်လမ်း.။
.
Tom ဆိုတဲ့ ကောင်လေးဟာ ဗိသုကာပညာသင်ယူခဲ့ပေမယ့် တကယ်တမ်း သူ အသက်မွေးနေတာ ပိုစ့်ကဒ်တွေမှာ စာတန်းလေးတွေ ရေးတဲ့သူတစ်ယောက်အဖြစ်ပါ။
( သူ့ကို စိတ်ကူးယဉ်တတ်တဲ့ ကောင်လေးတစ်ယောက်အဖြစ်သိသာစေတယ်)
အဲ့ဒီပိုစ့်ကဒ်လေးတွေကို ဖြန့်ချိတဲ့ ကုမ္ပဏီမှာ ဆမ်းမား ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘော့စ်ရဲ့ လက်ထောက်အဖြစ် စသိခွင့်ရခဲ့တယ်။

လုပ်ငန်းခွင်ချင်းတူတော့ ဓာတ်လှေကားမှာ ကြုံတယ်။ မိတ္တူကူးရင်း ကြုံတယ်။ ဆမ်းမား နဲ့ တစ်စစ ပိုရင်းနှီးလာခဲ့တယ်။ ဆမ်းမားဟာ ဘာကိုမှ အလေးအနက်မရှိဘူး။

သူလုပ်သမျှ ကိစ္စတွေဟာ အပျင်းပြေ လောက်ပဲသဘောထားတတ်တာရယ်။ သူ့အပေါ် ဆမ်းမားရဲ့ လိုက်လျောမှုတွေမှာ သာယာပြီး သူတို့ နှစ်ယောက်ဟာ ချစ်သူပါလို့ သူ့ဘက်က တစ်ဖက်သတ် တွေးထင်လာတော့တဲ့အထိပဲ။
.
တကယ်တမ်းတော့ ဆမ်းမားက သူ့အပေါ်လဲ လမ်းမှာတွေ့ခဲ့တဲ့ သစ်ပင် တစ်ပင် လောက်ပဲသဘောထားခဲ့တာ။ သူတို့ နှစ်ယောက်ဆက်ဆံရေးကို သမီးရည်းစားလို အတည်မယူချင်ဘူး။ အလေးအနက်လဲ ဖြစ်မလာစေချင်ဘူး။ 

အဲ့ဒီလို အမျိုးသမီးကိုမှ အသေအလဲကြွေကျ မြေခသွားတဲ့ စိတ်ကူးယဉ်လွန်းတဲ့ ကောင်လေးတစ်ယောက် ဆမ်းမား ရဲ့ လက်တွေ့ဆန်လွန်းတဲ့ ဒဿနတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ..။
.
ဆမ်းမားဟာ သူ့ကို အကြိမ်ကြိမ်အသည်းကွဲစေခဲ့တယ်။ သူတောင်းဆိုတဲ့ Dinner date, Movie date လေးတွေကို မသိမသာငြင်းရင်း အများပြည်သူရှေ့ သူလှမ်းတွဲလိုက်တဲ့ လက်ကို ရှောင်ဖယ်ရင်း။ 

တစ်ခါတစ်လေဆို ငါအရမ်းပင်ပန်းနေပြီဆိုပြီး ဗြောင်ကျကျ ပလစ်သွားတာတွေနဲ့။ အကြိမ်ပေါင်းများစွာ သူပြိုလဲနေခဲ့ရတာ သူ့ကိုယ်သူ ပြန်မမြင်နိုင်ခဲ့ဘူး။

နွေရာသီ ပူအိုက်လွန်းလှတာကို မမြင်ပဲ တစ်ခါတစ်လေ တိုက်ခတ်သွားတဲ့ လေပြေညှင်းလေးတွေကိုမှ ဆမ်းမားပါပဲလို့ ဒုက္ခတရားမှာ ကြည်နူးမှုကိုပဲ ကွက်ရှာတွေ့ပြီး..။

အဲ့ဒီရံဖန်ရံခါမှ ရတတ်တဲ့ လေညှင်းလေးကို ဆမ်းမားလို့ သူ ဆုပ်ကိုင်ထားခဲ့တယ်..။
.
Joseph Gordon-Levitt (Tom) ဟာ အရင်တုန်းက ဖြတ်လျှောက်သာသာဇာတ် မင်းသားသူငယ်ချင်း ဒါမှမဟုတ် ဇာတ်ပို့နေရာတွေကနေ ဒီကားနောက်ပိုင်းမှာ တော်တော်ပေါက်ပြီး နာမည်ရလာတာ သတိထားမိတယ်။ 

သူ့ သရုပ်ဆောင်နိုင်စွမ်းကိုလဲ အပြည့်၀ဆုံးပြနိုင်ခဲ့လို့ထင်ပါတယ်။ Zooey ကိုတော့ ဒီကားမှာ စတွေ့ဖူးပြီး new girl မှာ season တစ်ခုစာကြည့်ဖြစ်ပါတယ်။

ဒီကားမှာတော့ Tom လိုရိုးရိုးအေးအေးလေး တစ်ယောက်ကြွေကျသွားနိုင်လောက်တဲ့ ချစ်စရာ ကောင်မလေးတစ်ယောက်အဖြစ် ပုံဖော်နိုင်ခဲ့တယ်။ တကယ်တမ်းတော့ သူ့ဇာတ်ရုပ်က ဗီလိန်လို့ပြောရမယ်။

ဒါပေမယ့် ပရိသတ်တွေ သူ့ကို မမုန်းခဲ့ဘူးထင်တာပဲ။ အနည်းဆုံးတော့ သူဟာ Tom ကို ဘယ်တုန်းကမှ ရည်ရွယ်ချက်ရှိရှိ ရက်စက်ခဲ့တာ မဟုတ်ဘူး။ သူ့ စိတ်ခံစားချက် စီးမျောရာအတိုင်းသွားနေခဲ့တာ။
.ဒီဇာတ်ကားကို အတော်များများသိကြလောက်တယ်။ 

ဇာတ်လမ်းမကြည့်ဖူးရင်တောင် အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ quotes တွေ meme တွေရှိတယ်။ တစ်ချို့တွေက ဇာတ်ကားမှာ မပါပါဘူး။

ဒါပေမယ့် မကြည့်ရသေးဘူးဆိုရင် ကြည့်ကို ကြည်သင့်တယ်လို့ ညွှန်းချင်တာပါပဲ။
အညွှန်း ကို MMsubtitles4u မှကူးယူ
ဖော်ပြသည်။
Download link

..... Thank For Watching ......



Ninja (2009)
ကဲ အခုတခါတော့ ကောင်မလေး ချောချောလေးတွေပါတဲ့ နင်ဂျာကား

လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒုတိယ ကားကိုတော့ တင်ပေး

ပြီးသားမို့ ကျိခြင်သပဆို ကွကို ဆိုက်ထဲမှာရှာကြည့်လိုက်ပါ

ဇာတ်လမ်း အကျဉ်းလေးကတော့ ကတ်ဆီ နဲ့ မာဇဆူကာ တို့ဟာ ဂျပန်က

ဆရာတယောက်ဆီမှာ နင်ဂျစ်စု ကိုဆည်းပူးနေကြတဲ့ သူတွေပါ

သူတို့ ဆရာဆီမှာ သမိုင်းဝင် ကျဉ်ခံအင်္ကျီနဲ့လက်နက်များရှိပါတယ်

မာဇဆူကာဟာယှဉ်ပြိုင်တိုင်း ကတ်ဆီကို မြဲတမ်းရှုံးနိမ့်ရသူပါ

တစ်နေ့မှာတော့ မာဇဆူကာက သစ္စာဖောက်သွားတဲ့အခါမှာတော့

ကဲပရိတ်သတ်ကြီးကပဲဆက်ကြည့်လိုက်ကြတော့ဗျ
Download link

Followers

Slider

5/Teste Menu 7/slider
MM Official