500 Days Of Summer (2009)

500 Days of Summer (2009)
အညွှန်း 

ဒီကားရဲ့ ဇာတ်လမ်းအကျဉ်းကို လူတွေ နားလည်အောင်ရှင်းပြဖို့ အတော်ခက်ပါတယ်။ရက်စွဲတွေဟာ ရှေ့ရောက်လိုက် နောက်ရောက်လိုက်ဖြစ်ပြီး
ဇာတ်လမ်းသွားမှာ စီးမျောနိုင်ဖို့ တော်တော် သည်းခံ အာရုံစိုက်ရဖို့ရှိပါတယ်။ 

ကျွန်တော်သဘောကျမိတဲ့ IMDB က plot summary လေးနဲ့ပဲ စချင်ပါတယ်။
‘An offbeat romantic comedy about a woman who doesn’t believe true love exists, and the young man who falls for her’
အချစ်စစ် ဆိုတာ တည်ရှိတယ်လို့ မယုံကြည်တဲ့ ကောင်မလေးတစ်ယောက်နဲ့ သူ့ကိုမှ ကြွေသွားတဲ့ လူငယ်လေးတစ်ယောက်အကြောင်း တမူထူးတဲ့ အချစ်ဟာသဇာတ်လမ်း.။
.
Tom ဆိုတဲ့ ကောင်လေးဟာ ဗိသုကာပညာသင်ယူခဲ့ပေမယ့် တကယ်တမ်း သူ အသက်မွေးနေတာ ပိုစ့်ကဒ်တွေမှာ စာတန်းလေးတွေ ရေးတဲ့သူတစ်ယောက်အဖြစ်ပါ။
( သူ့ကို စိတ်ကူးယဉ်တတ်တဲ့ ကောင်လေးတစ်ယောက်အဖြစ်သိသာစေတယ်)
အဲ့ဒီပိုစ့်ကဒ်လေးတွေကို ဖြန့်ချိတဲ့ ကုမ္ပဏီမှာ ဆမ်းမား ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘော့စ်ရဲ့ လက်ထောက်အဖြစ် စသိခွင့်ရခဲ့တယ်။

လုပ်ငန်းခွင်ချင်းတူတော့ ဓာတ်လှေကားမှာ ကြုံတယ်။ မိတ္တူကူးရင်း ကြုံတယ်။ ဆမ်းမား နဲ့ တစ်စစ ပိုရင်းနှီးလာခဲ့တယ်။ ဆမ်းမားဟာ ဘာကိုမှ အလေးအနက်မရှိဘူး။

သူလုပ်သမျှ ကိစ္စတွေဟာ အပျင်းပြေ လောက်ပဲသဘောထားတတ်တာရယ်။ သူ့အပေါ် ဆမ်းမားရဲ့ လိုက်လျောမှုတွေမှာ သာယာပြီး သူတို့ နှစ်ယောက်ဟာ ချစ်သူပါလို့ သူ့ဘက်က တစ်ဖက်သတ် တွေးထင်လာတော့တဲ့အထိပဲ။
.
တကယ်တမ်းတော့ ဆမ်းမားက သူ့အပေါ်လဲ လမ်းမှာတွေ့ခဲ့တဲ့ သစ်ပင် တစ်ပင် လောက်ပဲသဘောထားခဲ့တာ။ သူတို့ နှစ်ယောက်ဆက်ဆံရေးကို သမီးရည်းစားလို အတည်မယူချင်ဘူး။ အလေးအနက်လဲ ဖြစ်မလာစေချင်ဘူး။ 

အဲ့ဒီလို အမျိုးသမီးကိုမှ အသေအလဲကြွေကျ မြေခသွားတဲ့ စိတ်ကူးယဉ်လွန်းတဲ့ ကောင်လေးတစ်ယောက် ဆမ်းမား ရဲ့ လက်တွေ့ဆန်လွန်းတဲ့ ဒဿနတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ..။
.
ဆမ်းမားဟာ သူ့ကို အကြိမ်ကြိမ်အသည်းကွဲစေခဲ့တယ်။ သူတောင်းဆိုတဲ့ Dinner date, Movie date လေးတွေကို မသိမသာငြင်းရင်း အများပြည်သူရှေ့ သူလှမ်းတွဲလိုက်တဲ့ လက်ကို ရှောင်ဖယ်ရင်း။ 

တစ်ခါတစ်လေဆို ငါအရမ်းပင်ပန်းနေပြီဆိုပြီး ဗြောင်ကျကျ ပလစ်သွားတာတွေနဲ့။ အကြိမ်ပေါင်းများစွာ သူပြိုလဲနေခဲ့ရတာ သူ့ကိုယ်သူ ပြန်မမြင်နိုင်ခဲ့ဘူး။

နွေရာသီ ပူအိုက်လွန်းလှတာကို မမြင်ပဲ တစ်ခါတစ်လေ တိုက်ခတ်သွားတဲ့ လေပြေညှင်းလေးတွေကိုမှ ဆမ်းမားပါပဲလို့ ဒုက္ခတရားမှာ ကြည်နူးမှုကိုပဲ ကွက်ရှာတွေ့ပြီး..။

အဲ့ဒီရံဖန်ရံခါမှ ရတတ်တဲ့ လေညှင်းလေးကို ဆမ်းမားလို့ သူ ဆုပ်ကိုင်ထားခဲ့တယ်..။
.
Joseph Gordon-Levitt (Tom) ဟာ အရင်တုန်းက ဖြတ်လျှောက်သာသာဇာတ် မင်းသားသူငယ်ချင်း ဒါမှမဟုတ် ဇာတ်ပို့နေရာတွေကနေ ဒီကားနောက်ပိုင်းမှာ တော်တော်ပေါက်ပြီး နာမည်ရလာတာ သတိထားမိတယ်။ 

သူ့ သရုပ်ဆောင်နိုင်စွမ်းကိုလဲ အပြည့်၀ဆုံးပြနိုင်ခဲ့လို့ထင်ပါတယ်။ Zooey ကိုတော့ ဒီကားမှာ စတွေ့ဖူးပြီး new girl မှာ season တစ်ခုစာကြည့်ဖြစ်ပါတယ်။

ဒီကားမှာတော့ Tom လိုရိုးရိုးအေးအေးလေး တစ်ယောက်ကြွေကျသွားနိုင်လောက်တဲ့ ချစ်စရာ ကောင်မလေးတစ်ယောက်အဖြစ် ပုံဖော်နိုင်ခဲ့တယ်။ တကယ်တမ်းတော့ သူ့ဇာတ်ရုပ်က ဗီလိန်လို့ပြောရမယ်။

ဒါပေမယ့် ပရိသတ်တွေ သူ့ကို မမုန်းခဲ့ဘူးထင်တာပဲ။ အနည်းဆုံးတော့ သူဟာ Tom ကို ဘယ်တုန်းကမှ ရည်ရွယ်ချက်ရှိရှိ ရက်စက်ခဲ့တာ မဟုတ်ဘူး။ သူ့ စိတ်ခံစားချက် စီးမျောရာအတိုင်းသွားနေခဲ့တာ။
.ဒီဇာတ်ကားကို အတော်များများသိကြလောက်တယ်။ 

ဇာတ်လမ်းမကြည့်ဖူးရင်တောင် အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ quotes တွေ meme တွေရှိတယ်။ တစ်ချို့တွေက ဇာတ်ကားမှာ မပါပါဘူး။

ဒါပေမယ့် မကြည့်ရသေးဘူးဆိုရင် ကြည့်ကို ကြည်သင့်တယ်လို့ ညွှန်းချင်တာပါပဲ။
အညွှန်း ကို MMsubtitles4u မှကူးယူ
ဖော်ပြသည်။
Download link

..... Thank For Watching ......



Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official