The Professor(2019)
အညွှန်း
ရစ်ချက်မင်းမှာ အဆင့်(၄)ရှိတဲ့ ကင်ဆာဖြစ်နေပြီ….ရောဂါကအတော်လေးပျံနှံနေပြီ…မင်းရဲ့ကျောင်းကိုလည်းအသိပေးသင့်သလိုမိန်းမနဲ့သမီးကိုလည်း အသိပေးသင့်နေပြီ….အမြန်ဆုံးလည်းကုသသင့်နေပြီ”
” ကျုပ်မှာ အချိန်ဘယ်လောက်ကျန်သေးလဲ”
“ကုသရင် ၁နှစ်ပေါ့ ကံကောင်းလွန်းနေရင် တစ်နှစ်ခွဲ…
မကုသရင်တော့ ၆လပေါ့…”
ရစ်ချစ်တစ်ယောက်ဟာ ဆရာ၀န်ရဲ့ စိတ်မကောင်းပါဘူးဆိုတဲ့နှစ်သိမ့်စကားကိုလောလောလတ်လတ်ကြားလိုက်ရဲ့ သတင်းစကားကြားမှာပင် အတတ်နိုင်ဆုံးပြန်ပြုံးပြလိုက်တယ်။ဒီအပြုံးတွေဟာ ဘယ်လောက်တောင်အသက်မဲ့နေလိုက်မလဲအနည်းငယ်သာကျန်ရှိတော့ သူ့ဘ၀သက်တမ်းကိုတွေးရင်း
ရစ်ချက်တစ်ယောက်ရဲ့ခြေလှမ်းတွေ …
ကောင်းကင်ကိုမော့ကြည့်တဲ့သူ့မျက်လုံးတွေ…လူတစ်ချို့ရဲ့ ရယ်မောသံတွေကိုကြားရတဲ့သူ့နားတွေ…အားလုံးဟာ သူ့အတွက်အဓိပ္ပါယ်မဲ့နေသလိုပင်…ဒီကားမှာသရုပ်ဆောင်ထားတဲ့မင်းသားကြီး Johnny Depp ကိုတော့အထွေအထူးမိတ်ဆက်ပေးစရာလိုတော့မယ် မထင်ပါဘူး…သူဟာ ကောလိပ်ကပရော်ဖက်ဆာတစ်ယောက်ဖြစ်ပါတယ်…တခြားဇာတ်ကားတွေလို ကျန်ရှိတဲ့သက်တမ်းမှာ ကောင်းမှုတွေကိုသူတော်စင်တစ်ပါးလိုလုပ်…ဘ၀ရဲ့တန်ဘိုးဆိုတာဘာညာဆိုပြီးကောင်းပြီးရင်းကောင်းတဲ့ ဇာတ်ဟန်မဟုတ်ဘူး…ပထမတစ်ခန်းမှာတင်သူ့ဘ၀လက်ကျန်ချိန်ဟာ အနည်းငယ်ပဲသိပြီးတဲ့နောက်သူလုပ်သွားတာတွေက တကယ့်ကိုစိတ်၀င်စားစရာကောင်းတယ်..သူ့ရဲ့သရုပ်ဆောင်ဟန်ကြောင့်ပဲ ဒီဇာတ်ကားဟာ ပိုရုပ်လုံးကြွလာတယ်လို့တောင်ပြောရမယ်ထင်တယ်။ကိုင်းခံစားကြည့်လိုက်ပါဦး….ခင်ဗျားတို့ရဲ့အကောင်းဆုံးသော ဇာတ်ကားစာရင်းထဲမှာ ဒီကားကိုကြည့်ပြီးရင်
ဒီကားအပါအ၀င်ပဲဆိုပြီးထည့်ဖြစ်သွားလိမ့်မယ်လို့လည်းထင်မြင်မိပါတယ်။
Download link
0 Comments: