102 Dalmatians (2000)

102 Dalmatians (2000)

ChannelMyanmar မှကူးယူတင်ဆက်သည်။

Disney ကနေ Emma Stone ပါ၀င် သရုပ်ဆောင်ထားတဲ့ Cruella (2021) ဇာတ်လမ်းလည်း ထွက်လာပြီဆိုတော့.....

အရင်တုန်းက Cruella de Vil အကြောင်းတွေထဲကတစ်ပုဒ်ဖြစ်တဲ့ 102 Dalmatians လေးကိုလည်းပြန်ကြည့်ပြီး အတိတ်ကို ပြန်သွားကြရအောင်.....

သိပြီးသားသူတွေအတွက်ရော မသိသေးသူတွေအတွက်ပါမိတ်ဆက်ပေးရမယ်ဆိုရင်တော့ Cruella de Vil ဆိုတာချစ်စရာခွေးလေးတွေကိုမှ လိုက်ပြီး အန္တရာယ်ပေးတတ်ဒုက္ခပေးတတ်တဲ့ ဗီလိန်မကြီးပါပဲ။

ဘာသာပြန်သူအနေနဲ့ကလည်း ခွေးချစ်တတ်သူဆိုတော့Cruella ဟာ ဘာသာပြန်သူရဲ့ အမုန်းဆုံး Disney villain ပါပဲ။

နာမည်ကိုက Cruel (ရက်စက်ကြမ်းကြုတ်သော) ဆိုတဲ့ စကားလုံးကနေ ဖြစ်တည်နေတာသာ ကြည့်ပါတော့။

ဒီ 102 Dalmatians ကားလေးကတော့ 101 Dalmatians ရဲ့ sequel အဖြစ်2000 ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ကားလေးပါ။

101 Dalmatians မှာ ခွေးလေးတွေကို ဒုက္ခပေးမိလို့Cruella တစ်ယောက် ထောင်ကျသွားအပြီး နောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။

ထူးဆန်းတာက 102 Dalmatians ရောက်တဲ့အခါ Cruella တစ်ယောက် ထောင်ကနေ ခံ၀န်ချုပ်နဲ့ လွတ်လာပြီး....

ခွေးချစ်သူပါ ဖြစ်သွားရုံမက ခွေးဂေဟာတစ်ခုကိုပါ ၀ယ်ပြီး ခွေးသခင်ဖြစ်သွားတော့တာပဲသူ့ကိုယ်သူတောင် Cruella မဟုတ် Ella လို့ပြောင်းခေါ်စေလောက်အောင်အင်မတန် နူးညံ့သူကြီး ဖြစ်သွားပါတော့တယ်......

 ဒါပေမယ့် ဒီအဖြစ်က ကြာရှည်ခံပါ့မလား.....

Cruella is always cruel ဆိုတဲ့အတိုင်း သူ့ရဲ့ ပြောင်းလဲမှုဟာ စိတ်ချယုံကြည်ရပါ့မလား......

IMDb rating နည်းပေမယ့်လည်း သူ့ခေတ်သူ့အခါနဲ့ ယှဉ်ရင်Disney ရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ ပြောလို့ရပါတယ်။

ခွေးချစ်တတ်သူတွေအတွက်လည်း အပန်းဖြေကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

File size…(1.5 GB) and (1 Gb)

Quality….BluRay 1080p and 720p

Duration….01:43:00

Download Link


..... Thank For Watching ......

 

Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official