HOLLER (2020)
အကယ်၍များ တစ်စုံတစ်ယောက်က
လောကကြီးမှာအရေးအကြီးဆုံးအရာကို မေးလာခဲ့ရင်ဘယ်လိုဖြေမှာလဲ???
လူအမျိုးမျိုး အဖြေအမျိုးမျိုးကွဲပြားနိုင်ပေမယ့်
ကျွန်တော်တို့ အချိုးကျတွက်လိုက်ရင် ပိုက်ဆံဆိုတဲ့ အဖြေပဲ အများဆုံးထွက်လာမှာပါ...
ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ဝယ်မရဘူးလို့ ပြောကြပေမယ့်ပိုက်ဆံမရှိလို့ မပျော်ရွှင်နိုင်ဖြစ်နေတဲ့သူတွေက ပိုများတာပဲမလား??
Blaze နဲ့ Ruth ဆိုတဲ့ မောင်နှမနှစ်ယောက်ကိုမေးလိုက်ရင်လည်း ပိုက်ဆံလို့ပဲဖြေမှာထင်တယ်။
အဖေမရှိ အမေဖြစ်သူကလည်း အချုပ်ထဲရောက်နေတဲ့ သူတို့အတွက်က ပိုက်ဆံထက် ဘာကပိုအရေးကြီးဦးမှာလဲ.....
ဒါပေမယ့် မောင်နှမနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာဗျ...
ညီမလေးဖြစ်သူဖြည့်ထားတဲ့ကောလိပ်လျှောက်လွှာကိုတွေ့လို့ တင်ပေးလိုက်တဲ့ Blaze တစ်ယောက်။
သူ့ညီမ ကောလိပ်ဝင်ခွင့်လည်းရရော ဇွတ်ကို ကောလိပ်ပို့ချင်နေတော့တာပါပဲ။
နဂိုကမှ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ရုန်းကန်နေရတဲ့ထဲ ကောလိပ်တက်ရမှာမို့ နှစ်ယောက်သား အလုပ်ရှာရင်းနဲ့တရားမဝင်ဈေးကွက်တစ်ခုကို ရောက်သွားကြတယ်။
ဇာတ်လမ်းက အဲ့ကနေစပါတယ်.....
ပိုက်ဆံရှာဖို့အတွက် ရုန်းကန်ရတဲ့ မောင်နှမနှစ်ယောက်ကြားက နွေးထွေးမှုတွေ တရားမဝင်ဈေးကွက်မှာ ကြုံတွေ့ရတဲ့ အခက်အခဲပေါင်းများစွာနဲ့အတူ အဆုံးမှာတော့ Blaze နဲ့ Ruth တို့ မောင်နှမနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။
Quality – 1080p, 720p WebRip
Duration – 1h 30min
Genre : Drama
Download Link
..... Thank For Watching ......


0 Comments: