ဒီနေ့တော့ ပရိတ်သတ်တွေအတွက် Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ
Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။
Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။
Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။
သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။
လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။
စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။
ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။
မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရတော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။
ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..
ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။
အသံ သရုပ်ဆောင်တွေ အဖြစ်
Dr. Tenma (voice of Nicolas Cage),
Toby & Astro Boy (voice of Freddie Highmore)
တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။
0 Comments: