Terrifier (2016)
ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။
ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတို Terrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။
အဓိကဇာတ်ကောင် Art the clown ဟာ အရင်က All hallows' eve ဇာတ်လမ်း နဲ့ The 9th circle ဇာတ်လမ်းတိုတို့မှာလည်းပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။
တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာပီဇာဆိုင်ကိုသွားကြပါတယ်။
ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီးတယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။
တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။
တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။
ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်းလှည့်ကြည့်လိုက်တဲ့အခါ...
ဘာဆက်ဖြစ်လာမှာလည်း....သိချင်နေကြရင်တော့ ဒီTerrifier(2016) ဇာတ်ကားလေးထဲမှာ စိတ်လှုပ်ရှား ဖွယ်ကြည့်ရမှာ ဖြစ်ပါတယ်........
Quality : 1080p Blu-Ray
File Size : 1.8 GB
Duration : 1h 22min
Download Link
...... Thank For Watching......
0 Comments: