Mortal Kombat Legends: Battle Of The Realms (2021)



Mortal Kombat Fan​တွေ ​စောင့်​မျှော်​နေတဲ့ Animation​ကားလေးထွက်ရှိလာပါပြီ။

ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion’s Revengeရဲ့ အဆက်ဇာတ်လမ်း ဖြစ်ပါတယ်။

မရင်းနှီး​သေးတဲ့သူ​တွေအတွက် Mortal Kombat ပြိုင်ပွဲအ​ကြောင်း အကျဥ်းချုပ်​ပြောရရင်.....

Realms​ခြောက်ခုထဲက ကြီးနိုင်ငယ် ညှင်းသိမ်းပိုက်မှု​တွေကို ကာကွယ်ဖို့ Universeရဲ့ Elder Gods​တွေက​နေ စီစဥ်​ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊

ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ။

Scorpion’ Revengeမှာ​တော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စု​ကြောင့် Earth Realmဘက်ကပြန်အနိုင်ရပြီး 
ကံ​ကောင်းခဲ့တာပါ။

Scorpion’s Revengeအပြီးမှာ...

Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ​ရေဒင်၊ ဂျွန်နီ​​​ကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က ​နောက်တစ်နှစ်
ပြည့်သွားပြီဖြစ် တာ​​ကြောင့် Outworldစစ်တပ်​တွေ Earth​ပေါ် ကျူး​​ကျော်လာတာကိုထပ်မံ ရင်ဆိုင်ရပြန်ပါပြီ။

ဒီတစ်ခါမှာ​တော့ Outworldရဲ့သခင်​ရှောင်ခမ်းက Earth realmနဲ့ လူခန်းတို့အုပ်စုကို ​နောက်ဆုံးပြိုင်ပွဲ (Final Mortal Kombat) အဖြစ်ယှဥ်ပြိုင်ပြီး ဘယ်သူပိုင်ဆိုင်သင့်လဲဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ်းလှမ်းလာပါတယ်။

ဒီကမ်းလှမ်းချက်ကို လူခန်းနဲ့​ရေဒင်တို့
တ​တွေ လက်ခံလိုက်မလား။

တစ်ဖက်မှာလည်း Nether Realmရဲ့သခင် Shinnokဆီမှာ အသက်ဝိဉာဉ်​ပေးထားရတဲ့ Scorpionတစ်​ယောက် Shinnokရဲ့ ​စေခိုင်းချက်​တွေကို လိုက်​ပေးဦးမှာလား။

ငရဲသခင် Shinnokရဲ့ ​နောက်ကွယ်က တကယ့်အကြံအစည်က ဘာဖြစ်မလဲ...

Earth Realmတစ်ခုတည်းအပြင် တခြား Realm​တွေ​​ရော အ​န္တရာယ်ကင်းပါ့မလား စသဖြင့် ​မေးခွန်း​ပေါင်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ။

Mortal Kombat ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်း၊ သတ်ဖြတ်ခန်း​တွေကို ​သွေးသံရဲရဲနဲ့ အပီအပြင်ပြထားသလို ဒီဇာတ်ကားမှာဆိုရင် Game​တွေထဲက Bone broken effect​တွေပါ ပါလာလို့ ပိုပြီးသ​ဘောကျမိပါတယ်။

Animationဆို​ပေမယ့် Mortal Kombat Hardcore​တွေအတွက်​တော့ ကြည့်ရတာတန်တဲ့ ဇာတ်ကားဖြစ်မှာ အ​သေအချာပါပဲ။

Quality – 1080p, 720p, 360p Web-DL

File Size – 1.5 Gb and 900 Mb and 400 Mb

Duration – 1h 30min

Genre : Animation, Action, Adventure

Download Link

GDRIVE (1080) (Ads Link)



..... Thank For Watching ......

 

Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official