မြန်မာကားတွေအကြိမ်ကြိမ်ပြန်ရိုက်ထားတဲ့ ထိုင်းရဲ့မူရင်း ဇာတ်ကားပါ :3ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦးအလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်းတစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှစိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်း
ရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှလူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ်လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့၀င်တစ်ဦးက အားလုံးရှေ့မှာပဲစမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။နောက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေး၀ယ်အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ်ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့၀င်တွေတစ်ယောက်ပြီးတစ်ယောက်ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါအဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကိုဘယ်လိုဖော်ထုတ်ပြီး အဖွဲ့၀င်တွေကို ဘယ်လိုကာကွယ် မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပါ
Download link
0 Comments: