Sympathy for Mr. Vengeance(2002)
ဒီကားရဲ့ ဒါရိုက်တာ Chan-wook Park ကိုမသိရင်တောင်မှ Oldboy ဆိုတဲ့ ကိုရီးယားကားကို တော့သိကြမှာပါ..အဲ့ဒီကားဟာ လက်ရာမြောက်လွန်းတဲ့ Hollywood ကတောင် ပြန်လည်ရိုက်ကူးဖြစ်ခဲ့ပါတယ်..Chan-wook Park ဆိုတာ Oldboy ဖန်တီးရှင်ဒါရိုက်တာပေါ့..
ယခုSympathy for Mr. Vengeanceဆိုတဲ့ကားကိုလည်း သူရိုက်ကူးခဲ့ပါတယ်..
ဒီကားနဲ့ အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံး ဒါရိုက်တာဆုတွေအပြင် အခြားဆု(၅)ဆုတောင်ရရှိခဲ့ပါတယ်…မင်းသားကလည်း Kang-ho Song နဲ့ Ha-kyun Shinတို့ပါပဲ….Oldboy ကြည့်ဖူးတဲ့သူတွေဆိုရင် ဒီဒါရိုက်တာကြီးရဲ့လက်ရာကိုခန့်မှန်းမိမယ်ထင်ပါတယ်..ဒီကားထဲမှာလည်း သတ်ဖြတ်ခန်းတွေက တကယ့်ကိုသွေးပျက်လောက်စရာကြီးတွေ…ဇာတ်၀င်ခန်းတိုင်းကို အပီပြင်ဆုံးရိုက်ကူးထားတယ်…မောင်နှမ(၂)ယောက်ရှိတယ်..အစ်မဖြစ်သူက ကျောက်ကပ်မလဲရင်သေရတော့မယ့်ရောဂါအခြေအနေဖြစ်နေတယ်..မောင်ဖြစ်တဲ့သူအနေနဲ့လည်း လှူလို့မရတဲ့အခြေအနေ..ဒါကြောင့် သူ့ကျောက်ကပ်ကိုကလီဇာတွေ၀ယ်တဲ့ဂိုဏ်းကိုသွားရောင်းလိုက်တယ်…ဒီနောက်ပိုင်းတော့ အခြေအနေတွေဟာ အကုန်ရှုတ်ထွေးကုန်တယ်…Spoiler မလုပ်သင့်တဲ့ကားဖို့ ကျန်တာတွေမပြောတော့ဘူး…. Action, Drama,နဲ့ Thriller ကားမျိုးတွေကိုကြိုက်နှစ်သက်ရင်တော့ တကယ့်ကိုလက်မလွှတ်သင့်ဘူး။
မှတ်ချက်…သတ်ဖြတ်ခန်းများနှင့် အခြားအခန်းများမှာ ရက်စက်ပီပြင်လွန်းသဖြင့် မိသားစုများ၊ကလေးများနှင့်အတူမကြည့်သင့်ပါကြောင်းအကြံပြုပါရစေ။
Download link
0 Comments: