12 Years A Slave [2013]

ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်းမတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။


အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်းငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီးပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။

ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲအကျော်ကြားဆုံးကတော့ “Gone With the Wind ”လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့၁၉ရာစုရဲ့အရောင်းရဆုံစာအုပ်” Uncle Tom’s Cabeint” အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ယခုကားရဲ့ မူလဘူတ ” 12yearsAslave”ဆိုတဲ့ စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီးနှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်းမကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalveကတော့ Biography တစ်ပုဒ်ပါတဲ့။


ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့

ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။

ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက်

မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့

12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။

ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့…ဟိုအရင်များဆီတုန်းက….အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာSolomon Northupဆိုတဲ့

လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်ကသူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။

မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲအောက်ဆုံးဘဝငရဲကိုထိုးဆင်းသွားရတဲ့Solomonဟာ

အသိညဏ်အရည်အချင်းတွေကိုအသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။


မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ခွဲခြားမှု…အရက်စက်ဆုံးလူသားတွေရဲ့ လူမဆန်မှုတွေဖြစ်ပေမဲ့ဒီအဖြစ်အပျက်က ဒီကမ္ဘာမှာ တကယ်ဖြစ်ခဲ့ပါတယ်။တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ရက်စက်ပေမဲ့လည်း

တစ်ခါတလေတော့လည်း မျှော်လင့်တတ်ကြရပါတယ်။Dialougeတွေထဲ သူမပြောပြခဲ့ပေမဲ့အရက်စက်ဆုံး လူလူချင်း ညှည်းပန်းမှုတွေအောက်မှာ

မရှင်သန်ရပေမဲ့ ရှင်ကျန်ဝံ့စေခဲ့တဲ့ အိမ်ကလေးဆီမျှော်လင့်ချက်ဝေဝါးဝါးလေးကို သူမစွန့်မလွှတ်ရှိနေခဲ့တာပါပဲ။ ဒီမျှော်လင့်ချက်ကလေးဘယ်ရွေ့ဘယ်မျှအထိရှင်သန်နေမလဲဆိုတာကိုတော့

ကိုယ်တိုင်ပဲ ကရုဏာသက်ရင်း ခံစားသက်ဝင်ကြည့်ကြပါ။

ဇာတ်ကြောင်းကပဲ ကောင်းတာလားဆိုတော့မဟုတ်သေးပါဘူး။ သရုပ်ဆောင်တွေပဲကြည့်ပါ

Bard Pitt … Micheal Fasssbender

Beneditch Cumberbatchတို့လည်း

တစ်ထောင့်တစ်နေရာက ပါဝင်ထားပါတယ်။

Producerတွေထဲ Brad Pittလည်းပါပါတယ်တဲ့။

Best Motion Picture of Year

Best Performance By Actressနဲ့

Best Writing အစရှိတဲ့ Oscarဆု သုံးခုကိုဆွတ်ခူးခဲ့တဲ့အပြင် တခြား ၂၃၈ဆုရထားပါတယ်။ ဒါ့အပြင်Hans Zimmerရဲ့ Scoreတွေကိုလည်း နားထောင်ကြရဦးမှာပါ။

Download link

GDRIVE

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official