ဒီကားလေးကိုတော့ ကျွန်တော်တို့ M&M GP တွင် 1 & 2 ကိုပြသပေးပြီးပါပြီ။
ခုတစ်ခါတော့ 1 to 3 ထိကြည့်လို့ရပါပြီ။
အညွှန်း
#Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ
ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မူ
ငွေကြေးချမ်းသာမူတွေကိုမသိခဲ့တဲ့မင်းသားတစ်
ယောက်ရဲ့ အတ္ထုပ္ပတ္တိ )
.……………………………………………………………
.
.
.
.
.
.
. " ပီတာက ဆိတ်၇ကောင်ပေး
မယ်ဆိုလို့ကျတော်လိုက်လာတာ
ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်
အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ၃၀
ဝင်တဲ့အထိနေရမယ်ပြောတယ်။
ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို
ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ "
N!xau Toma
တောင်အာဖရိကတိုက်အစွန် နမီးဘီး
ယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်
ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေ
ရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိ
ခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲက
ကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူ
ရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူ
မျိူးစုတွေထဲက ၁၂ရာစုလူနေမူစနစ်လိုနေထိုင်
ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေး
ပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေး
ကြပြီး လယ်ယာမြေစိုက်ပျိူးမူကိုတောင်မသိရှိသ
လို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်
မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်း
မျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့
တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အ
ထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ သူတို့ယုံ့ကြည်မူ
က တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်
မူမဟုတ်ပဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့
လူမျိူးတွေပါ။
မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ
၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမူ
တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့
သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကို
ရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်
မူတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစု
ထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါ
တယ်။
အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာ
လ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Toma
ဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။
ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိ
သားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တော
ပုန်းမူမှာကြုံရင် အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်း
လေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာ
သူကြီးကသူတို့ညီကို၂ယောက်မွေးစားခဲ့ပါတယ်။
Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲ
လိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတ
ယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်
လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဥာဏ်
တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက်
အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်
သားမှာငါးမွေးမြူဖို့ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ။
ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်
ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာ
သစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါး
ပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့
ပါးပြီးအဝေးပစ်နိုင်အောင်ရွာကလူတွေကိုသူသင်
ကြားပေးနိုင်ခဲ့ပါပြီ။ သူများတွေတလလောက်
လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလို
တောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူ
တိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲ
ဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်
လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကို
လဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာ
ရင်တနှစ်လို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ်
တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့
လူမျိူးစုပါ။ နှစ်လရက် နာရီတွေကိုမသိသလို
ဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅
ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀
ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့
အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူ
ကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ
တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့
ရွာလေးပါ။
Peter Jay
………………
ပီတာကHollywood ရုပ်ရှင်လော
ကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie
Uys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမား
တယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတ
ယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရ
တာကိုဝါသနာပါသူတယောက်။ ၁၉၇၉ခုနှစ်မေ
လမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိ
ကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေ
ယဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲ
လိုက်ရာကနေ အင်ဂျင်မတော်မဆမူဖြစ်ပြီးလေ
ယာဉ်ပျက်ကျမူကြောင့်သူတို့သူငယ်ချင်းတသိုက်
ဟာကံဆိုးခဲ့ရပါတယ်။ မြို့ပြနဲ့ဆက်သွယ်မူပြတ်
သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမူဟာလဲ
သတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်း
ကြေငြာခဲ့ပါတော့တယ်။
…………………………………
ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း
Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့
အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ
အသက်ရှင်နေသေးတာကိုသ်ိခဲ့လို့ရွာကိုကယ်
လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။ ကံကောင်းတယ်
လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီ
လူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေ
ထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပ်တယ်။ပီတာ
ဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီး
Tomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက
Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မူတွေကိုသင်
ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသ
လိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရ
တာပေါ့။ ပီတာကideaတခုရသွားတယ်။ဟာသ
ကားတွေရိုက်တဲ့Hollywoodကသူ့သူငယ်ချင်း
Nic Dcနဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင်
တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ ၁၉၇၉ခုနှစ်ဒီဇင်
ဘာလမှာကံကောင်းထက်မစွာနဲ့ပဲအာဖရိကသစ်
တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့
သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။
ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကို
ပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။
ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့
ကမ်းလှမ်းမူနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇
ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေး
ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အ
တူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။
#The_Gods_Must_Be_Crazy
ဘုရားတွေရူးမလား လူတွေရူးမလား
တော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်း
တကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့
ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ်
ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uysကိုပြောတယ်
ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ်
ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလား
ပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်
အားထက်သန်မူနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမူသိပ်
မရှိခဲ့ပဲလေနေတဲ့သားကပြောလာတော့အဖေဖြစ်
သူကလက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင်
Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့်
ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။
နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို
ဆုံးဖြတ်ခဲ့ပါတယ်။ The Gods Must Be
Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ
၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာ
ရုံတင်ခဲ့ပါတယ်။၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကား
ဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထား
တဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းက
တလအတွင်းရုပ်သံသတင်းတွေ interview
တွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့အခက်အ
ခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေ
နပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်း
ကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက်
ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက်
ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။ထူး
ခြားမူကတော့ဒီကားထဲကရိုက်ကွက်တွေဟာ
Tomaသရုပ်ဆောင်နေတာမဟုတ်ပဲတကယ်
ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ ဒီကား
ဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတ
နှစ်အတွင်းရခဲ့သလိုTomaဟာလဲနိုင်ငံတကာ
ဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာ
ဒေါ်လာ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့်ဒီဒေါ်လာ
တွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲ
ဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ပီ
တာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀
နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူ
မလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေး
ခဲ့ပါတယ်။
ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။The
Gods Must Be Crazy ကအရမ်းအောင်
မြင်လို့ 2ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan
တွေကတောင်းဆိုမူတွေများလာခဲ့ပါတယ်။ ဒီအခါ
မှာတော့ The Gods Must Be Crazy 2
ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး
20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်း
ခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို၁၉၉၀
ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့
တယ်။ ရှေ့က1လိုပဲ အောင်မြင်မူများစွာရခဲ့ပြီး
ဒေါ်လာသန်း၁၅၀ကျော်အထိအမြတ်ငွေရရှိခဲ့ပါ
တယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံး
ကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေရေကား
နောက်ပါသွားမူကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက်
တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကား
ပေါ့။ ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေ
လဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်
တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။က
လေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ်
ကြုံလာရင်ကိုယ်တိုင်ကာကွယ်မူတွေ လူရိုင်းတွေ
ရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရ
သလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင်
ရစေတဲ့ကားတကားပါ။ ဒီကားအပြီးမှာတော့
Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွား
ခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိူးသေး မြို့ပြနဲ့ဝေးတဲ့နေ
ရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိ
အောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်း
မျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမူကိုချပြလိုက်
တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါတင်
မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေ
ကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရော
တောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေး
သံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့်
သူဘာမှမသိဘူး interviewတိုင်း talkshow
တိုင်းရယ်ပြတာကလွဲရင်သူဘာမှမသိမပြော
တတ်မလုပ်တတ်ခဲ့ပါဘူး။
ဒီ၂ကားအပြီးမှာတော့Tomaဟာ
Hollywood အာဖရိကတင်မကပဲဟောင်
ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရ
ပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့
ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safari
ဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင်
မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာသိန်း၁၀၀
ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက်
တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေ
ထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတ
ကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။ဒီကား
အပြီး Tomaဟာ Crazy Hong Kong
(1993) / The Gods Must Be Funny
in China (1994) / Sekai Ururun
Taizaiki ( 1996 )ကားတွေကိုထွက်ခဲ့ပြီးလူ
ရိုင်းတွေထဲအောင်မြင်မူအကြီးမားဆုံးလူသားအ
ဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သ
မိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တ
သက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။
TomaဟာSakei Ururun Taizaiki
ဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင်
ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင်
ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူ
ရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူ
ဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော်
ရရှိခဲ့ပေမယ့် ဒီစက္ကူတွေကသူ့မိသားစုအတွက်
အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေး
သူငယ်များအစာအဟာရချို့တဲ့မူFoundation
ကိုအကုန်လှူတန်းခဲ့ပါတယ်။ Tomaဟာကမ္ဘာ
ပေါ်ကလူရိုင်းတွေရဲ့နေထိုင်မူ ရိုးသားမူ တောင်
အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမူကို
ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင်
လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက်
အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ဇူလိုင်
လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျား
ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။
ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့
အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမ
ပြောတတ်ပဲ ဂဏာန်းအလုံး၂၀ထိပိုမမှတ်တတ်
ပဲ ငွေတွေနာမည်ကြီးမူတွေအောင်မြင်မူတွေကို
မသိပဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောက
မှာနာမည်တခုထားသွားခဲ့ပါတယ်။ အာဖရိက
မော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့
Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေ
ခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တ
ရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ်
သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာ
တွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်း
ဟာသအလွဲတွေနဲ့ သူ့အရိုးသားဖြူစင်တဲ့အပြူံး
ဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတ
ယောက်အဖြစ် ငွေကြေးအောင်မြင်မူတွေမရှိပဲ
ပျော်ရွှင်တဲ့လူတယောက်အဖြစ်နေခိုင်နိုင်ကြောင်း
လူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်
ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်
မှာမမေ့နိုင်စရာလူတယောက်ပါ။ သူဒေါ်လာသန်း
ချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမူတွေနဲ့
မိသားစုဘဝကိုမလဲခဲ့ဘူး။ သူအောင်မြင်မူ Star
Idol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလို
လူရုပ်ရှင်လောကမှာရော အနုပညာလောမှာပါ
တယောက်မှမရှိပါဘူး။
အညွှန်း ကို HTET WA NA FB link မှကူးယူဖော်ပြသည်။
Download link
0 Comments: