Anegan (2015)

အညွှန်း
အိန္ဒိယသည်းထိတ်ရင်ဖို ချစ်ဇာတ်လမ်းသစ်လေးအကြောင်း ပြောပြချင်ပါတယ်။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးထားတာ ဖြစ်ပြီး ကမ္ဘာသိ မြန်မာ့အလှအပ တွေရှိရာ ပုဂံ၊ အင်းလေး၊ ဦးပိန် တံတား စတဲ့နေရာတွေကို လှလှ ပပရိုက်ကူးပြထားတာတွေ့ရမှာပါ။ ၁၉၆၂ ခုနှစ်များဆီက မြန်မာနိုင်ငံမြင်ကွင်းနဲ့အတူ တမီလ်လူမျိုး အလုပ်သမားမူနာရု နာဟာ လူချမ်းသာမြန်မာစစ်ဗိုလ်ချုပ်ရဲ့သမီး ဆုမုဒြာနဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ချားရဟတ်မတော်တဆမှုကို ကူညီကယ်ဆယ်ရင်း ချစ်သူတွေဖြစ်သွားကြပါတယ်။ ဆုမုဒြာရဲ့အဖေကလုံးဝသဘောမတူပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုမုဒြာရဲ့အဖေဟာ မြန်မာပြည်ထဲက တမီလ်ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ခွင့်ရုပ်သိမ်းလိုက်တာကြောင့် ပဋိပက္ခတွေဖြစ်ပြီး တမီလ်အလုပ်သမားတွေ မြန်မာနိုင်ငံကထွက်ပြေးခဲ့ရပါ တယ်။ဆုမုဒြာဟာ သူ့ချစ်သူ မူနာရုနာနဲ့အတူ သင်္ဘောပေါ်အတူ လိုက်ပြေးသွားခဲ့ပေမယ့် အိမ်က လိုက်ဖမ်းတာကြောင့် ရေထဲကို ခုန်ဆင်းပြီး ထွက်ပြေးဖို့ကြံရာမှာ မူနာရုနာ သေနတ်မှန်ပြီး သေဆုံးခဲ့တာကြောင့် ဆုမုဒြာလည်း သေအတူသစ္စာထားကာ ရေထဲခုန်ချခဲ့ပါတယ်။လက်ရှိအခြေအနေ ဇာတ်ကွက်မှာတော့ ဆုမုဒြာဟာ မက်ဟူမီသာဆိုတဲ့မိန်းကလေးအဖြစ်နဲ့ နောက်တစ်ဘဝဖြစ်နေခဲ့ပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာရက်ဟီကာနဲ့ နှစ်သိမ့်ဆွေးနွေးဆေးကုသနေသူ တစ်ယောက်ပဲဖြစ်ပါတယ်။ မက်ဟူရဲ့ ဂိမ်းကုမ္ပဏီကဝန်ထမ်းတချို့ကို လည်း အရင်ဘဝလူတွေလို့ မက်ဟူကမှတ်မိနေခဲ့ပြီး မူနာရုနာကလည်း အက်ရှ်ဝင်ဆိုတဲ့ ပရိုဂရမ်မာတစ်ယောက်အနေနဲ့ရှိနေခဲ့ပါတယ်။ဘဝတွေအဆက်ဆက် ပြောင်းသွားပေမယ့် ချစ်သူနှစ်ဦးရဲ့ခိုင်မြဲတဲ့သစ္စာနဲ့ ရပ်တည်မှုကို ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်တာ ပိုပြီးအရသာရှိပါတယ်။ နောက်ပြီး ဒီဇာတ်လမ်းက မြန်မာနိုင်ငံနဲ့ဆက်နွှယ်တဲ့ပုံရိပ်တွေ၊ ယဉ်ကျေးမှုတွေကို တစ်ပုံ တစ်ပင်ရိုက်ပြာထားတာမို့ အသေအချာကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ထားသူတွေကတော့ ဒါနုရှ်၊ အမီရာဒက်စ်တာ၊ ကာသစ်၊ အစ်ရှ်ဝါရာဒီဗန်စသူတို့ပဲ ဖြစ်ပါတယ်။
Download link
Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official